ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ နောက်ဆုံးသတင်း
စက်တင်ဘာလ ၈ ရက်နေ့ ၂၀၁၆
ရှမ်းပြည်နယ်အလယ်ပိုင်းတွင် SSPP/SSA အခြေစိုက်သည့် ဗျူဟာ တောင်ကုန်း ကို အစိုးရတပ်မတော်၏ နောက်ဆုံးတိုက်ခိုက်မှု က စစ်ပွဲကြီးဖြစ် ခါ အိုးအိမ်မဲ့များ များပြားလာမည်ကို စိုးရိမ်ရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) တပ်စခန်းရှိရာ တန့်ယန်းမြို ့နယ်ကို မကြာသေးမှီ အချိန်က အစိုးရတပ်မတော်၏ ထိုးစစ်ဆင်မှုကို ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ထိုတိုက်ပွဲအတွင်း ရွာသူ၊ ရွာသားပေါင်း ၁၀၀ ခန့် သည် သူတို့၏အိုးအိမ်များ စွန့်လွတ်ပြီး လုံခြုံရာနေရာသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ မကြာမီ ဖြစ်လာမည့် စစ်ပွဲကြီးကြောင့် တိမ်းရှောင် ပြောင်းရွှေ့ရသူများပိုများ ပြားလာမည်ကို စိုးရိမ်ဖွယ် ပူပန်နေကြရသည်။
ဩဂုတ်လ ၂၈ ရက်နေ့ ၂၀၁၆ တွင် အစိုးရတပ်မတော်သည် SSPP/SSA ထိန်းချုပ်ရာနေမြေဖြစ်သော လိွုင်စေး တောင်တန်းကို စတင်ထိုးစစ်ဆင်ခဲ့သည်။ ထိုတောင်တန်းသည် တစ်ခုသော ရှမ်းပြည်နယ်အလယ်ပိုင်း ကို ကြည့်ရှုနိုင်သည့် အမြင့်ဆုံးတောင်တခုလည်း ဖြစ်ရုံမက ထိုနေရာကနေ သံလွင်အနောက် ဘက်ပိုင်းရှိ ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ နယ်မြေကို တိုက်ရိုက်မြင်ရသည်။ သံလွင် အရှေ့ပိုင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် သံလွင်မြစ်ကို ကိုဖြတ်ကူးသည့်နေရာများကိုပါ အထက်စီးမှ မြင်နိုင်သည်။ ထိုတောင်တန်းသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အတွက်လွန်စွာ အရေးပါ သည့်အပြင် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အတွက်လည်း အရေးပါသောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ကြလိမ့်မည့်။
အစိုးရစစ်တပ်သည် တောင်ပေါ်သို့ထိုးစစ်မတိုင်ခင် တရက်အလိုတွင် ဒေသခံရွာသူ၊ ရွာသားများကို အကြောင်းကြားသည်။ ထိုကြောင့် ကြိုတင် စီစဉ်ထားသည့် စစ်ပွဲ ဖြစ်ပေသည်။ဩဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်း ၄း၁၅ မိနစ် တွင် တန့်ယန်း အခြေစိုက် ခမရ ၅၂၃ ဖြစ်သော အစိုုးရတပ်မတော် ၊ အထူးတိုက်ခို်က်ရေးုပြည်သူ့စစ် အဖွဲ့နှင့် မိုင်းကောင်းအခြေစိုက်ခလရ ၃၃ တို့ ပါဝင်သည့် ၇၅ ဦးခန့်သည် SSPP/SSA အခြေစိုက်တပ်ရှိရာ တောင်ပေါ်သို့ တက်ရောက်ခဲ့ သည်။ အစိုးရတပ်မတော် ခမရ ၁၄၇ က တောင်ခြေတွင်တပ်စွဲပြီး SSPP/SSA ရှိရာသို့ မော်တာဗုံး အလုံး၂၀ခန့် ဖြင့် ပစ်သည်။
ထိုညတွင် အစိုးရတပ်မတော်ကို SSPP/SSA မှ တွန်းလှန်လိုက်သော်လည်း ထိုတိုက်ပွဲ၏ ဗုံးသံများကြောင့်ဒေသခံရွာသူရွာသားများ ထိတ်လန့်ကြောက်ရံွ့၍ထွက်ပြေးသိမ်းရှောင် ကြရသည်။ ဝမ်လိွုင်လင်ရွာနှင့် ခိုတုမ်းရွာကနေ မိုင်းကောင်းမြို့ထဲသို့ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ နှင့် မိန်းခလေးများအပါအဝင် ရှမ်းလူမျိုးများနှင့် လီဆူး လူမျိုး၁၀၀ခန့် ရှိသည်။လီဆူးရွာသူ၊ ရွာသားများ မိုင်းကောင်းမြို ့ဈေးအနီး တစ်နေရာတွင် စခန်းချပြီးနေထိုင်ကာ စစ်ဘေးရှောင်သောရှမ်းရွာသူ၊ ရွာသားများ သည် မို်းကောင်းမြို ့ထဲရှိ အမျိုုးအိမ်များတွင် နေထိုင်လျက်ရှိသည်။ ထိုနေရာ၌ ၂ ရက်နေ ခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားကြောင်းသေချာသည့်ထိ စောင့်ကြည့််မည်။
၂၀၁၃ ခုနှစ်က အစိုးရတပ်မတော်သည် ဤနယ်မြေတွင် SSPP/SSA ကိုပြင်း ထန် စွာထိုးစစ် ဆင်ခဲ့ဘူးသည်။ ထိုသို့ထပ် ဖြစ်မည်ကို ဒေသခံရွာသားတို့ ခုချိန်ထိ ကြောက်ရွံ ့နေသည်။ ထိုအချိ်န်တွင် အစိုးရ တပ်မှ ထောင်ဂဏန်းရှိသော တပ်အင်အားများကိုဖြန့်ကျဲခြင်း၊ ရွာသားများကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊၊လူသားဒိုင်းအဖြစ်အသုံးပြုခြင်း နှင့် ဒေသခံရွာသူရွာသား များရှိရာ နေရာသို့ ပစ်ခတ်ခြင်းတို့ကြောင့် တအာင်း လူမျိုး၊ ရှမ်းလူမျိုးနှင့် ဝ လူမျိုး ရွာသူရွာသားပေါင်း၂၀၀၀ ကျော်တို့ တန့်ယန်းမြို ့ထဲသို့ ထွက်ပြေးသိမ်းရှောင်ကြရသည်။
(http://www.shanhumanrights.org/index.php?option=com_content&view= article&id=171:august-2009&catid=35:2009&Itemid=77 တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်) ထို့ချိန်နောက် ပို်င်း အစိုးရတပ်မတော်သည် ထိုနယ်မြေထဲတွင် အရင်တုန်းကထက် အင်အားတိုးချခဲ့သည်။ တပ်အင်အား ၁၀၀၀ ကျော် နှင့် စခန်းသစ် ၁၅ စခန်းကို လွိုင်စေး တောင်ခြေတစ်ဝိုက်ကိုတပ်ဖြန့်ခဲ့ခြင်း နှင့် ဒီနှစ် ဧပြီလအ တွင်းတွင် တောင်ပေါ်ရှိ SSPP/SSA ကိုဆုတ််ခွာဖို့ အမိန့်ပေးလိုက်သည်။
ဤဒေသသည် မြန်မာနို်င်ငံ ဗဟိုအစိုးရ၏ အဓိကအရေးကြီးသောစီပွားရေးဖြစ်သည့် တန့်ယန်း မြို ့၏ မြောက်ဘက်ရှိ သံလွင်မြစ်အပေါ် ပြုလုပ်ရန်ရာထားသော နောင်ဖ ရေအားလျှပ်စစ် စီမံကိန်းတည်ရှိ သည်။ ထိုရေကာတာကို နိုဝင်ဘာ၂၀၁၅ တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲ ၌ ဤဒေသမှအနိုင်ရပါတီဖြစ် သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ ့ချုပ် အပါအဝင်ရှမ်းနိုင်ငံရေးပါတီများနှင့်် အဓိကရှမ်းလက်နက်ကိုင်များ က ဆန့်ကျင်ကြသော်လည်း ရေကာတာကို ဆက်လက်လုပ်ဆောင်နေသည်။ ဖြစ်ပြီး အများပြည်သူ က အစိုးရတပ်မတော်အခြေချ ခြင်းးကိုလက်ခံခြင်းမရှိချေ။ နောင်ဖ ရေကာတာကို လုံခြုံရန် အတွက် သံလွင်မြစ်ကြောင်းတစ်လျောက်တွင်အချေချ လျက်ရှိသော SSPP/SSA ကို အစိုးရတပ်မတော်က တိုက်ခိုက်ရှင်းလင်းနေခြင်း ဖြစ်သည်။
အစိုးရတပ်မတော်မ၏ ကြီးမားသော ထိုးစစ်ကြောင့် ထောင်ချီသော စစ်ဘေးရှောင်များဖြစ်လာ ခြင်း နှင့် လူမဆန်စွာနှိပ်စက် သတ်ဖြတ်ခြင်းဖြစ်လာမည်ကို ကျနော်တို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်သည် လွန်စွာစိုးရိမ် နေသည်။ အကယ်၍ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အပါအဝင် တိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်မည်ဆိုပါက ကြီးမားသော အိုးမဲ့အိမ်မဲ့ဖြစ်လာခြင်း နှင့် စစ်ရှောင်များပိုမိုတိုးပွားလာ ခြင်းဖြစ် လာလိမ့်မည်။
အစိုးရစစ်တပ် ထိုးစစ်ဆင်မှုကို ရပ်တန့်ရေး၊ ရှမ်းပြည်နယ်အတွင်း ထိုးစစ်ကြီးများဖြစ်ပွါး မှုကိုုတားဆီးရေးအတွက် အရေးယူဆောင်ရွက်ပေးရန် ကျနော်တို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် မှ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ လေးနက်စွာ တိုက်တွန်း ပါသည်။
ဆက်သွယ်ရန်လိပ်စာ ။
Sai Hor Hseng +66: (0) 62- 941-9600 (English, Shan)
Ying Lawn Lieng +66: (0) 63-838-9029 (English, Burmese)