လားရှိုးအရှေ့ဘက်သံလွင်မြစ်အနီး မြန်မာအစိုးရ စစ်တပ် နည်းဗျူဟာအခြေစိုက်တပ်စခန်းသစ်တည်ဆောက်ရန် ရာနှင့်ချီသောကျေးရွာသားများကို အတင်းအဓမ္မခိုင်းစေခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက်

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ်

လားရှိုးအရှေ့ဘက်သံလွင်မြစ်အနီး မြန်မာအစိုးရ စစ်တပ် နည်းဗျူဟာအခြေစိုက်တပ်စခန်းသစ်တည်ဆောက်ရန် ရာနှင့်ချီသောကျေးရွာသားများကို အတင်းအဓမ္မခိုင်းစေခဲ့

2019 အောက်တိုဘာလမှစ၍ နည်းဗျူဟာစစ်ဆင်ရေးအခြေစိုက်စခန်းသစ်တည်ဆောက်ရန်အတွက် သစ်နှင့်ဝါးစီ စဥ် ပေးရန်နှင့် ဆောက်လုပ်ပေးရန် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်၊ မိုင်းကျက်ကျေးရွာအုပ်စုရှိကျေးရွာ (11) ရွာမှရွာ သားများကိုမြန်မာအစိုးရစစ်တပ်မှအတင်းအဓမ္မခိုင်းစေခဲ့သည်။ ကျေးလက်ရွာသားများရဲ့တောင်ယာခြံနှင့်သစ်တော မြေ များကျုသိမ်းယူသည်။

အဆိုပါအခြေစိုက်စခန်းပတ်လည်ခြံစည်းရိုးခတ်ရန်နှင့်သစ်နှင့်ဝါးခုတ်ရန် တလတွင် ၆ ရက်အထိ လုပ်ခိုင်းသည်။ တပ်စ ခန်းသို့ အရောက်ပို့ပေးရန်ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု (500)ခန့်ရှိရာအိမ်‌ထောင်တခုမှ ရွာသားတစ်ဦးစီကို အ တင်းခိုင်းစေခဲ့သည်။

ဒီဇင်ဘာလတွင်၎င်းတို့သည် မြန်မာအစိုးရစစ်တပ်အခြေစိုက်စခန်းအနီးရှိ မန်ပန်ပြည်သူ့စစ်အတွက် မြေယာရှင်းလင်းရေး နှင့် စစ်တန်းလျားသစ်များဆောက်လုပ်ရန်လည်း 4 ရက်ကြာအတင်းခိုင်းစေခဲ့သည်။

အခြေစိုက်စခန်းသစ်သည် သံလွင်မြစ်အနီး လားရှိုးမြို့၏အရှေ့ဘက်ကီလိုမီတာ (60)ခန့် အကွာ တောင်တန်းများ အတွင်း တွင်တည်ရှိပြီး၊ စစ်ဆင်ရေးစစ်ဌာနချုပ် (11) ၏လက်အောက်တွင် အင်အား 300-400ရှိတပ်ရင်းဖြစ်ပြီးယင်းတို့သည် ခြေမြန်တပ်ရင်း (ခမရ) 362၊ 365 နှင့် 366 တို့ အလဲအလည်လုပ်ပြီး တစ်ခါတစ်ရံ ခြေလျင်တပ်မ(11) နှင့် (88)လည်းအလဲအလည်အခြေစိုက်လျက်ရှိသည်။

2019 သြဂုတ်လ၌လားရှိုးတဝိုက်တွင်မဟာမိတ်ညီနောင်အဖွဲ့သွားလာလှုပ်ရှားပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့၍၎င်းအဖွဲ့ကိုကာ ကွယ်ရန်မူဆယ်-လားရှိုး- မန္တလေးလမ်းနှင့်သိန္နီ-ကွန်လုံ-ချင်းရွှေဟော်လမ်းဖြစ်တဲ့တရုတ်နယ်စပ်ဆက်သွယ် နေသည့် အဓိက ကုန်သွယ်လမ်းကြောင်းနှစ်ခုကိုကာကွယ်ရန်အခြေစိုက်တပ်စခန်းကိုရည်ရွယ်တည်ဆောက်ခဲ့သည်။

တောင်ထူထပ်သောအထက်သံလွင်မြစ်၏အနောက်ဘက်ကမ်းကိုလုံခြုံရေးပေးသောအားဖြင့်၎င်းအခြေစိုက်တပ်သည်၎င်းမြစ်ပေါ်ရှိတရုတ်နိုင်ငံသို့လျှပ်စစ်စွမ်းအင်တင်ပို့ရန်အတွက် ဆောက်လုပ်ရန်အစီအစဥ်ရှိသော ကွန်လုံနှင့်နောင်ဖာ ရေကာတာ တို့ကိုလည်းလုံခြုံရေးပေးနိုင်ရန်ဖြစ်သည်။ ဤအစီအစဥ်ကိုဒေသခံလူမှုအသိုင်းအဝိုင်းကပြင်းထန်စွာ ဆန် ကျင်နေသည်။

မကြာသေးမီကမြန်မာအစိုးရ ကအတင်းအဓမ္မလုပ်အားပေးစေခိုင်းမှု ကိုလက်မခံနိုင်ဟုဆိုပြီး အမျိုးသားတိုင်ကြား မှုယန္တ ရား တစ်ခုကို ဖွဲ့စည်းခဲ့ခြင်းသည် အခုအစိုးရစစ်တပ် လုပ်ရပ်ကအဓိပ္ပါယ်မဲ့စေခဲ့ပါသည်။

အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအသေးစိတ်

2019 အောက်တိုဘာလတွင် မြန်မာစစ်တပ်သည် အရင်စ ခန်း၏ အနောက်ဘက်မီတာ (300) ခန့်တွင်ရှိသော မိုင်းကျက် ၏ တောင်ဘက်တွင် စစ်ဆင်ရေးအခြေစိုက်တပ်စ ခန်းသစ် တစ်ခုကို စတင်တည်ဆောက်ခဲ့သည်။ မြန်မာအစိုးရစစ် တပ် စ ခန်း နေရာ သစ်သည် ယခင်က မန်ပန်အစိုးရ ပြည်သူ့စစ်က သိမ်းယူအခြေစိုက်ခဲ့ပြီးယခုယင်းပြည်သူ့စစ်သည် အ နောက် ဘက် မီတာ (500) ခန့်တွင် အခြေစိုက်စခန်းသစ်သို့ ပြောင်း ရွှေ့ခဲ့သည်။

မိုင်းကျက်ကျေးရွာအုပ်စုအတွင်း မြန်မာ့အစိုးရအခြေစိုက်တပ်စခန်းသစ်

အောက်တိုဘာပထမအပတ်တွင် အစိုးရစစ်တပ် ခမရ (366) မှ တပ်သားများသည် တပ်စခန်းသစ်အတွက် ၎င်းပတ်ပတ် လည်တွင် ကတုတ်ကျင်းများဆောက်လုပ်ဖို့ သစ်လုံးများပေး ရန် မိုင်းကျက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးမှ တဆင့် ကျေးရွာ ၁၁ ရွာလုံးကို အမိန့်ပေးခဲ့သည်။တစ်ရွာလျှင် သစ်လုံး 25 လုံး (အနည်းဆုံး 5 လက်မ အချင်းနှင့် အနည်းဆုံး 7ပေ အ ရှည်) ရှိရမည်။ ကျေးရွာတစ်ရွာမှခေါင်းဆောင်တစ်ဦးစီသည် သစ်လုံးများခုတ်ရန်နှင့် အဆိုပါစခန်းသို့အရောက်ပို့ပေးရန် တစ် အိမ်လျှင်တစ်ဦးလုပ်အားပေးသွားကြရန်ခြေလျင်ဖြင့်သော်လည်းကောင်း၊ ယာဥ်ဖြင့်သော်လည်းကောင်း ခေါ်ခဲ့သည်။

လုပ်အားပေးအတင်းဓမ္မစေခိုင်းခံရသည့်လူပေါင်း(500) ခန့်သည် ဝမ်နားပုံမှ ရွာသား (80)ဦး၊ ဝမ်ကတ်မှ 75 ဦး၊ ဝမ်လုံမှ 78 ဦး၊ ဝမ်နောင်အော့မှ 80 ဦး၊ ဝမ်ပိန်းခန်မှ 15 ဦး၊ ဝမ်ဟိုလိန်းမှ 35 ဦး၊ ဝမ်နမ့်လင်းခန်မှ 35 ဦး၊ ဝမ်နားယီးမှ 28 ဦး၊ ဝမ်ပိန်းဆိုင်းမှ 30 ဦး၊ ဝမ်ဟိုခိုင်းမှ 30 ဦးနှင့် ဝမ်ကွန်ကျိုင်းမှ 10 ဦးတို့ဖြစ်သည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျေးရွာတစ်ရွာချင်းစီကို ၎င်းအခြေစိုက်စခန်းသစ်ပတ်လည်ခြံစည်းရုံးခတ်ရန် သစ်လုံးနှင့် ဝါးလုံး တိုင်များ (အရှည် 2.5 မီတာ) စီစဥ်ဆောင်ရွက်ပေးရန် အမိန့်ထုတ်ခဲ့သည်။ အိမ်ခြေ (50)ကျော်ရှိ ကျေးရွာများသည် 25 တိုင်နှင့် အိမ်ခြေ(50)အောက်ရှိ ကျေးရွာများသည် 15 တိုင်ပေးခဲ့ရသည်။ တစ်ဖန်ကျေးရွာတစ်ရွာစီမှ အိမ်တစ်အိမ် စီလျှင်သစ်၊ ဝါးသွားခုတ်စေပြီး ရွာအကြီးအကဲရဲ့အိမ်သို့ သယ်ယူပို့ဆောင်စေခဲ့ရသည်။သူတို့လိုအပ်သော ပမာဏ ကို ကောက်ယူပြီးနောက် ရွာသားများသည် ၎င်းသစ်လုံးကို စစ်တပ်သို့ ခြေလျင်ထမ်းပို့ဖြင့်ဖြစ်စေ၊ ထော်လာကျီဖြင့်ဖြစ်စေ သယ်ယူ ပို့ဆောင်ပေးခဲ့ရသည်။ထို့နောက် ၎င်းတို့အား အခြေစိုက်စခန်းသစ်ပတ်လည်တွင် ခြံစည်းရိုးများစိုက်ထူရန် ရွာ သားတစ်ဦးလျှင် အတွင်းနှင့် အပြင်ခြံစည်းရိုးသတ်မှတ်ပေးပြီး အတင်းအကျပ်ခိုင်းစေခဲ့သည်။ ကျေးရွာတစ်ရွာစီအား ၎င်း တို့ ပြီး မြောက်အောင်ဆောင်ရွက်ပေးရန် တိကျသောခြံစည်းရိုးအလျားလိုက်သတ်မှတ်ထားခဲ့သည်။နံနက် 8 နာရီအချိန် တွင်စတင်အလုပ်လုပ်ခဲ့ကြပြီးညနေ 4 နာရီအချိန်မှသာအလုပ်နားခွင့်ရသည်။ရွာသားအများစုမှာ ခြံစည်းရိုးပြီး မြောက် အောင် အချိန်သုံးရက်ကြာအလုပ်လုပ်ခဲ့သည်။ ထိုသို့ သွား၍လုပ်ဆောင်ပေးခြင်းသည် ရွာသားအတွက် မြန်မာ့စစ်တပ်မှ စာ ရေစာပေးခြင်းမရှိပါ။

မြန်မာအစိုးရစစ်တပ်ရဲ့ လုပ်အားအတင်းအဓမ္မစေခိုင်းခံရသည့် ရွာသားများ

နိုဝင်ဘာ ၉ ရက်မှ စ၍ တပ်စခန်းသစ်၏မြောက်ဘက်နှင့် တောင်ဘက် လမ်း မကြီးပေါ်တွင် မြန်မာအစိုးရစစ်တပ်မှ တပ်သား က ကင်းစောင့် နေ ကြသည်။ ကင်းစောင့်တပ်ကို မိုင်းကျက်ရွာအဝင် စျေးအနီးတွင် တစ်ဖွဲ့၊ အဆိုပါကျေးရွာမှ မီတာ 500 အကွာ တောင်ဘက်သို့ ဦးတည်နေသော လမ်းပေါ်တလျှောက်တွင် တစ်ဖွဲ့ကင်းစောင့်ချထားသည်။၎င်းကင်း စောင့် အဖွဲ့သည် နံနက် 6 နာရီမှ ညနေ 4 နာရီအထိ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာသောကားများအားလုံးကို တားဆီးခဲ့ပြီး ယာဉ် မောင်း သူများကို မေးမြန်းခြင်း၊ ၎င်းတို့၏ယာဥ်များကို ရှာဖွေစစ်ဆေးခဲ့သည်မှာ ယနေ့ချိန်ထိ ဆက်လက် ပြုလုပ် နေပါသည်။

နိုဝင်ဘာလ 29 ရက်နေ့ရက်တွင် တဖန် ထိုကျေးရွာအားလုံးအား ယခင်ပ မာဏအတိုင်း သစ်လုံးနှင့်ဝါးလုံးကို စီစဥ်ပြီးပေးပို့ရန်နှင့် တဖန် ရွာ သား (500) ခန့်အား စစ်တပ်ခြံစည်းရိုးစိုက်ထူပေးရန် အမိန့်ဆင့်ခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာအစိုးစစ်တပ်က ရွာသူကြီးအား အခြေစိုက်စခန်း ပတ်လည်ရှိ တောင်ယာနှင့် သစ်တော မြေများသိမ်းယူမည်ဟုအကြောင်းကြားခဲ့သည်။ ကောက်ပဲသီးနှံများကို သွားရိတ်သိမ်းယူရန် အကြောင်းကြားခဲ့ပြီးနောက် ပိုင်း ၎င်းတောင်ယာမြေဧရိယာအနီးအနားသို့ သွားလာခွင့်ပိတ်ပင်ခဲ့သည်။ ယခင်က ဤခြံမြေတွင် မြေပဲ၊ ပြောင်းနှင့် ဟင်း သီးဟင်းရွက်များ စိုက်ပျိုးခဲ့ကြပြီး ထင်းနှင့် အခြားသစ်တောထွက်ပစ္စည်းများကို ရယူအသုံးပြုခဲ့ကြသည်။ရွာသူရွာသားများ သည် ထိုအမိန့်ကို မဖီဆန် ရဲကြပါ။

ဒီဇင်ဘာလ 14 ရက်နေ့တွင် ကျေးရွာများအားလုံးကို တပ်စခန်းအတွက် ခြံစည်းရိုးဆောက်လုပ်ဖို့ သစ်နှင့်ဝါး များစီစဥ် ပေးရန်အမိန့်ထုတ်ပြီး ထပ်မံ၍ ယင်းတို့ဆောင်လုပ်ခြင်းသည် ရွာသား(500)ခန့်အား 3 ရက်ကြာစေခဲ့သည်။

ဒီဇင်ဘာလ 22 ရက်နေ့တွင် မန်ပန်အစိုးရပြည်သူ့စစ်ကရွာသားများအား မြန်မာစစ်တပ်အခြေစိုက်စခန်း သစ်၏အနောက် ဘက် အရပ်တွင် မြေရှင်းလင်းရန်နှင့် စခန်းသစ်ဆောက်လုပ်ရန်အမိန့်ပေးခဲ့သည်။ ကျေးရွာတစ်ရွာလျှင် အဆိုပါမြန်မာ အစိုးရစစ်တပ်တောင်းဆိုသော ပမာဏသကဲ့သို့ သစ်နှင့်ဝါးလုံးတိုင်ကို စီစဥ်ဆောင်ရွက်ပေးခဲ့ရပြီး တစ်အိမ်လျှင်တစ်ဦး အဆိုပါသစ်နှင့်ဝါးလုံးတိုင်တွေကို မန်ပန်စခန်းသို့ ပို့ပေးခဲ့ရသည့်အပြင် စခန်းသစ်ဆောက်လုပ်ရန်အတွက် မြေရှင်းလင်း ရာတွင်လည်း အချိန်နှစ်ရက်ကြာပြီး ထိုသစ်သားနှင့်ဝါးဖြင့်တန်းလျားများကို ဆောက်လုပ်ခဲ့ရသည်။ပြည်သူ့စစ်မှ ၎င်းတို့ အား မည်သည့်အစာရေစာမပေးခဲ့ပါ။

ဒီဇင်ဘာလ 23 ရက်နေ့တွင်မြန်မာအစိုးရစစ်တပ်နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်တို့အကြား မိုင်း ကျက် အနောက်ဘက်တောင်ကုန်းတွေကြားမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ 27 ရက်နေ့ မွန်းလွဲ (1)နာရီအ ချိန်တွင် စခန်းအသစ်မှ မြန်မာ့အစိုးရစစ်တပ်မှ မော်တာဖြင့် ပစ်ခတ်၍ အဆိုပါကျေးရွာ၏မြောက်ဘက်တွင် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ရွာသားများအား အလှန့်တကြားဖြစ်စေခဲ့သည်။

ဤနှစ် ဖေဖော်ဝါရီလ 6 ရက်နေ့က ကျေးရွာတစ်ရွာစီအား သစ်သားတိုင် (15 မှ 25)တိုင် မြန်မာ့အစိုးရစစ်တပ်စခန်းသစ်သို့ နောက်တဖန်စီစဥ်ဆောင်ရွက်ပေးရန် အမိန့်ပေးခဲ့ပြီး အဆိုပါနေရာသို့ ပို့ပေးစေခဲ့သည်။ သို့သော် ယခင်ကလို တစ်စုံ တစ် ခု ဆောက်လုပ်ခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီလ 9 ရက်နေ့တွင် ရွာတစ်ရွာစီအား သစ်သားတိုင် 15 ခု မှ 25 ခု ထပ်ခိုင်းပြီး မြန်မာအစိုးရစစ် တပ်အခြေစိုက် စခန်းသစ်သို့ ပို့ဆောင်ရန်ထပ်မံအမိန့်ပေးခဲ့သည်။

ဆက်သွယ်မေးမြန်းရန်

စိုင်းဟော်ရှဲန်                   +66 94-728-6696        (ရှမ်း အင်္ဂလိပ်)

စိုင်းတင်းဟန်                  +66 93- 297-7754          (ရှမ်း မြန်မာ)

PDF files: >>  Shan Burmese English

ထုတ်ပြန်ချက်