ရာနှင့်ချီသောကွန်ဟိန်းရွာသားများကသံလွင်မြစ်နှင့်သမိုင်းဝင်ဟိုလိန်းစေတီပုထိုးတော်အတွက်ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

ကွန်ဟိန်းရွာသားတို့၏ သတင်းထုတ်ပြန်ချက်

မတ်လ ၅ ရက်နေ့   ၂၀၂၀ ခုနှစ်

ရာနှင့်ချီသောကွန်ဟိန်းရွာသားများကသံလွင်မြစ်နှင့်သမိုင်းဝင်ဟိုလိန်းစေတီပုထိုးတော်အတွက်ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်းကွန်ဟိန်းမြို့နယ်ရှိ ရာပေါင်းများစွာသောရွာသူရွာသားများသည် သံလွင်မြစ်ကမ်းတွင် ဆုတောင်းပွဲ အခမ်း အနားတစ်ရပ်ပြုလုပ်ပြီ ၎င်းမြစ်အား ထာဝရလွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက်နှင့် လူသိများသော မွေတော် ဟိုလိန်း စေတီပုထိုးရှိရာနေတွင် ကောင်းမှုကုသိုလ်ပြုလုပ်၍ အဆိုပါဘုရားစေတီအား ရေရှည်တည်မြဲစေရန်အတွက်လည်း ဆုတောင်း ပွဲကို သိုက်မြိုက်စွာ ကျင်းပကြသည်။ ဤသည်မှာမတ်လ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ (International Day of Action for Rivers) အဖြစ် အသိအမှတ်ပြုရန် ဖြစ်သည်။

ဟိုပန်၊ ဖန်လန်း၊ ကျိုင်းလွန်း၊ ဝမ်တုံ၊ ဆိုင်မိန်း၊ ဝိန်းဖွေး၊ ဝမ်ပန်၊ ဝမ်လောနှင့် ဝမ်ဖိုင်အစရှိသော ကျေးရွာအုပ်စုတို့ မှ လူ ငယ်များ၊ တောင်သူလယ်သမားများနှင့်သံဃာတော်များအပါအ၀င် ဒေသခံရွာသူရွာသား ၄၀၀ ခန့်သည် ယနေ့တွင် တာ ကော် တံတားမြောက်ပိုင်းရှိ တာဟိုကော် တွင် သဘာဝပတ်ဝန်းကျင်နှင့် မြစ်များကို ကာကွယ်ရန် နဖူးစည်းစာန်များနှင့် ပိုစ တာပါ ဝါးဖောင်မျောရန် အတူစုရုံးကြသည်။

ထို့နောက် ၎င်းဖွဲ့သည် လွန်ခဲ့သော နှစ်ပေါင်း (၇၀၀) ကျော်ကတည်ထားခဲ့သော မြောက်ဘက်အရပ်တွင်ရှိ ရှေးဟောင်း ဟိုလိန်း စေတီတော်ဘုရားဆီသို့ စက်လှေဖြင့် ဦးတည်ထွက်ခွာမည်ဖြစ်၍ မတ်လတွင် ကျရောက် သော ရှမ်းရိုးရာပြက္ခဒိန်ရဲ့ တပေါင်းလပြည့်နေ့ရောက်တိုင်း ၎င်းစေတီပုထိုးတော်ရှိရာတံခါးသည် အလို အလျောက်ဖွင့်ပိတ်တော်မူသည့် ဖူးမြော်ကြည် ညိုကြရသောအံ့ဖွယ်တစ်ရပ်ကြောင့် ကျော်ကြားခဲ့သည်။ အဆိုပါ အဖွဲ့သည် ထိုစေတီပုထိုးတော်တွင် ကောင်းမှုကုသိုလ် ပြု ပြီး ၎င်းစေတီဘုရာအား တည်မြဲစေခြင်းအတွက် ဆုတောင်းပေးမည့်အပြင် ဤအခမ်းအနားသို့ တက်ရောက်လာမည့် နိုင်ငံ တစ်ဝန်းရှိထောင်ပေါင်းများစွာသော ဘုရားဖူးများသို့ လက်ကမ်းစာစောင်များဖြန့်ဝေသွားမည်ဖြစ်သည်။

သံလွင်မြစ်ပေါ် စီစဉ်ထားသည့် မိုင်းတုံရေလှောင်တံမံသည် ကွန်ဟိန်းမြို့နယ်၏ကြီးမာကျယ်ပြန့်သည့် ဧရိယာ အား ရေနစ် မြုပ်စေ မည့်အပြင် ကွန်ဟိန် (ခေါ်) ကျွန်းတစ်ထောင် အမည်တွင်သည့် နမ့်ပန်မြစ်လက်တက်တွင်း များပြားစွာရှိသော ကျွန်းတို့ အပါအဝင် ရေလွမ်းစေမည်ဖြစ်သည်။ မိုင်းပျဥ်းမြို့နယ်တွင်ရှိ ရှေ့ဟောင်းသမိုင်းဝင် ဟိုလိန်းစေတီပုထိုးတော် ကိုလည်း ရေအောက်နစ်မြုပ်စေမည် ဖြစ်သည်။

“ကျနော်တို့ ချစ်မြတ်နိုးရတဲ့သံလွင်မြစ်ကို ထာဝရလွတ်လပ်စွာ စီးဆင်းနိုင်ဖို့နဲ့ ကျနော်တို့ရဲ့ မြေယာ၊ အသက်မွေး ဝမ်း ကျောင်းနှင့် ယဥ်ကျေးမှုအမွေအနှစ်များ ဆက်လက်ပြီး ပြည့်ဝစေဖို့ ကျနော်တို့ စုရုံးနေကြတာပါ” ဟု ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သူ နန်းစိန်ခမ်းက ပြောသည်။

မိုင်းတုံရေကာတာသည် မြန်မာအစိုးရ၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး (Electricity Generating Authority of Thailand) နှင့်တရုတ်နိုင်ငံ၏ (Three Gorges Corporation)တို့၏ ပူးတွဲစီမံကိန်း တစ်ခုဖြစ်သည်။ ၎င်းရေကာတာသည် ၇,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် စီစဉ်ထားပြီး အများစုမှာ အိမ်နီးချင်း နိုင်ငံများသို့ ပို့ရန်ဖြစ်သည်။

“အစိုးရအနေနဲ့ ငါတို့ရဲ့ အဖိုးတန်မြစ်တွေကို ရောင်းစားနေတာ ရပ်တန့်ရမယ်။ ဒီလိုရာသီဥတု အကျပ်အတည်း ဖြစ်နေတဲ့ ကာလမှာ ကျွန်ုပ်တို့ သဘာဝသယံဇာတ တွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားသင့်တယ်” လို့ အခမ်းအနားစီစဉ်သော လူ ငယ်တစ်ဦးက ပြောသည်။

ဆက်သွယ်မေးမြန်းရန်

စိုင်းအောင်ကျော်ဦး                       +95 942 837 5113       (မြန်မာ)

စိုင်းထွန်းအောင်                          +95 978 175 2576      (မြန်မာ)

နန်းလှယဥ်                               +95 925 319 0536       (ရှမ်း)

နန်းစိန်ခမ်း                                 +95 944 447 0883       (ရှမ်း)

စိုင်းခေးဆိုင်                                +95 926 436 2973       (မြန်မာ၊ အင်္ဂလိပ်)

နန်းချမ်တောင်း                           +66 816 036 655         (ထိုင်း၊ အင်္ဂလိပ်)

စိုင်းဟော်ရှဲန်                               +66 947 286 696         (ရှမ်း၊ အင်္ဂလိပ်)

PDF files: >> Shan Burmese Thai English

ထုတ်ပြန်ချက်