အထက်ရဲရွာရေကာတာစီမံကိန်းအတွက် နေပြည်တော်မှဘက်ဂျက်သစ်များ အတည်ပြုခဲ့သည်ကို သီပေါ မြို့နယ်ပြည်သူလူထုများဆန့်ကျင်ခြင်း တွေ့ဆုံပွဲ

သီပေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ ပူးပေါင်းထုတ်ပြန်ချက်

အောက်တိုဘာလ ၊ ၁၂ရက် ၊ ၂၀၁၈ ခုနှစ်

အထက်ရဲရွာရေကာတာစီမံကိန်းအတွက် နေပြည်တော်မှဘက်ဂျက်သစ်များ အတည်ပြုခဲ့သည်ကို သီပေါ မြို့နယ်ပြည်သူလူထုများဆန့်ကျင်ခြင်း တွေ့ဆုံပွဲ

            ယနေ့ ၁၂ ၊ ၁၀ ၊ ၂၀၁၈ သီပေါမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု အယောက် (၁၀ဝဝ)ခန့်သည် နမ္မတူမြစ်ပေါ်ရေကာတာတည်ဆောက်မှုကို ဆန့်ကျင် ကန့်ကွက်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မကြာသေးခင်က နေပြည်တော်လွှတ်တော်မှ ဆောက်လုပ်ရေး ဘက်ဂျက်ငွေများ အတည်ပြုခဲ့ပြီးဖြစ်သော အထက်ရဲရွာရေကာတာ တည်ဆောက်မှုကိုရပ်တန့်ပေးပါရန် တောင်းဆိုခဲ့ကြသည်။

သီပေါမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်သည့် တွေဆုံဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်အချို့တက်ရောက်ခဲ့ကြသည့်အပြင် အထက်ရဲရွာရေကာတာနှင့် ပတ်သက်၍ ပြည် သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော၊ ရေကာတာစီမံကိန်းဘက်ဂျက်ငွေများ အတည်ပြုခဲ့သည်ကို ဆန့်ကျင်ငြင်းဆိုခဲ့သော သီပေါမြို့နယ် SNLD ကိုယ်စားလှယ်ဦးစိုင်းသန့်စင်လည်း တက်ရောက်ခဲ့ပါသည်။ ဦးစိုင်းသန့်စင်က ရေကာတာတည်ဆောက်မှုကြောင့်ထိခိုက်ပျက်စီးမည့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများကိုလည်းကောင်း၊ ရေကာတာခိုင်ခံ့မှုကိုလည်း စိုးရိမ်ရကြောင်းကို မကြာသေးခင်က ရေကာတာပြိုကျမှုကြောင့် သီပေါမြို့နမ္မတူမြစ် အနီးတဝိုက်တွင် ရေကြီးခဲ့ရသည်ကို ဓာတ်ပုံများနှင့်တကွ တင်ပြခဲ့ပါသည်။

၁၁ ၊ ၉ ၊ ၂၀၁၈ တွင် ရေကာတာတည်ဆောက်မှုအတွက် ဘက်ဂျက် ၃ဘီလီယံ (အမေရိကန် ဒေါ်လာ ၂သန်းခန့်) ကို အတည်ပြုရန် SNLD လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး အပါအဝင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဒေသခံပြည်သူလူထုများ၏ စိုးရိမ်ပူပန်မှုကိုလျစ်လျူရှုသောထောက်ခံမဲ ၅၀၁ မဲ ရရှိ၍ ကန့်ကွက်မဲ ၂၈ မဲသာရရှိခဲ့ပါသည်။

ရေကာတာဆောက်လုပ်မှုပြီးစီးပါက လူဦးရေ ၆၃၅ ဦးနေထိုင်သော တာလုံရွာနှစ်ရွာအပြင် သစ်သီး ဥယျာဉ်ခြံ ၆၃၇ ဧက ၊ လယ်ယာမြေ ၁၄၀ ဧက ၊ မရေမတွက်နိုင်သော တောင်ယာစိုက်ခင်းများ ၊ ဘုရား စေတီပုထိုးများ ၊ ဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများ အားလုံးရေလွှမ်းမိုးခံရမည်ဖြစ်သောကြောင့် ဒေသခံပြည်သူလူထုများပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြပါသည်။ ၄င်းရေကာတာကို ၂၀ဝ၈ ခုနှစ် ယခင်စစ်အစိုးရလက်ထက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှသာ ပြည်သူလူထုအားတရားဝင်အသိပေးကြေညာခဲ့ပါသည်။

တာလုံဒေသခံတစ်ဦးဖြစ်သည့် နန်းလောဝ်ခမ်းမှ “ကျွန်မတို့က ဒီရေကာတာဆောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆန်.ကျင်ကန့်ကွက်တဲ့အတွက် အခုလိုလွှတ်တော်က ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ သဘာဝ သယံဇာတတွေ အားလုံးဗဟိုထိန်းချုပ်မှုအောက်မှာရှိနေခြင်းကလည်း ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပဋိပက္ခတွေဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်။ တကယ်လို့ အစိုးရက တိုင်းရင်းသား ပြည်နယ်တွေရဲ့ သဘာဝသယံဇာတတွေကို ဆက်လက်အမြတ်ထုတ်ပြီး ပြည်သူလူထုတွေရဲ့ဆန္ဒတွေကို ဆက်လက်ဆန့်ကျင်နေမယ်ဆိုရင် ဒီပြဿနာ ပဋိပက္ခတွေက ဘယ်တော့မှပြီးဆုံးတော့မှာ မဟုတ်ဘူး ” ဟု ပြောကြားခဲ့သည်။

လွှတ်တော်မဲခွဲဆုံးဖြတ်သည့်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးထွန်းနိုင်မှ အထက်ရဲရွာရေကာတာနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့သည်။ ဦးထွန်းနိုင်မှ လျှပ်စစ်ဓာတ်အား လိုအပ်သည်ကိုသာပြောဆိုခဲ့ပြီး အသစ်ထပ်မံတည်ဆောက် မည့်ရေကာတာစီမံကိန်း (၅၀) ခု၏ တစ်စိတ်တစ်ဒေသ အဖြစ်ပါဝင်ခြင်း ရှိသည် ၊ မရှိသည်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပါ။ အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများသို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်သာဖြစ်သည်။

ဦးထွန်းနိုင်သည် အထက်ရဲရွာရေကာတာတည်ဆောက်မှုနှင့် ပတ်သက်ဆက်နွယ်မှုရှိနေသော ဥရောပအင်ဂျင်နီယာကုမ္ပဏီများ၏ အမည်ကို ပြောကြားခဲ့ပါသည်။ အဓိကအားဖြင့်ရေကာတာတည် ဆောက်မှုအပေါ် ပိုမိုစိတ်အားထက်သန်ယုံကြည်မှု ရှိလာစေရန်သာ ဖြစ်သည်။ ယင်းကုမ္ပဏီ များမှာ Germany နိုင်ငံမှ Lahmeyer ၊ SwitcherLand မှ Stukey SA နှင့် French မှ joint venture IPGRB များ ပင်ဖြစ်သည်။

သို့သော် ဦးထွန်းနိုင်သည် Lahmeyer ကုမ္ပဏီအား Tractebel ENGIE ၏ကုမ္ပဏီခွဲ တစ်ခုဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပါ။ Tractebel ENGIE လာအိုနိုင်ငံတွင် ဂျူလိုင်လ၌ ကျိုးပျက်ပေါက်ကွဲခဲ့သော ရေကာတာကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ယင်းပေါက်ကွဲမှုတွင် လူပေါင်းရာနှင့်ချီသေဆုံးပြီး လူပေါင်းထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဒေသခံပြည်သူလူထုများ၏နမ္မတူမြစ်ပေါ် တည်ဆောက်မည့်ရေကာတာဆန့်ကျင်မှုအပေါ် နိုင်ငံခြားကုမ္ပဏီများက လျစ်လျူရှုခဲ့သည့်အပြင် နော်ဝေးအစိုးရပိုင်သည့်SN Power ကုမ္ပဏီသည် လျှပ်စစ်ဓာတ် 700 MW ထွက်ရှိမည့် အလယ်ရဲရွာရေကာတာကို နောင်ချိုမြို့တွင် ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ ဘေးအန္တရာယ်ပဋိပက္ခများရှိသော်လည်း နမ္မတူမြစ်သည် ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် အဓိကမြစ်တစ်ခုဖြစ်ကြောင်းကိုလည်း ထပ်မံအားပေး အားမြှောက်ပြုခဲ့သည်။

“စစ်ပွဲဇုန်တွေကြားထဲမှာရှိနေတဲ့မြန်မာနိုင်ငံမှာ ရေကာတာမြှင့်တင်ရင်းနှီးမြှုပ်နှံခြင်းကို ရပ်တန့်ပေးဖို့ ပြည်ပနိုင်ငံတွေကို တိုက်တွန်းတောင်းဆိုချင်ပါတယ်။အခုလို ရင်းနှီးမြှုပ်နှံတာက ပဋိပက္ခတွေ ပိုမိုဖြစ်ပွားစေတဲ့အပြင် ငြိမ်းချမ်းရေးရှာဖွေရာမှာလဲ အားအင်တွေပိုမိုပြီးတော့ ယုတ်လျော့လာစေနိုင်ပါ တယ်” ဟု ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစန်းစန်းအေး မှပြောကြားခဲ့သည်။

ဆက်သွယ်ရန်

နန်းလောဝ်ခမ်း                  +၉၅ ဝ၉၂၆၂၁၀၈၀၆၂

စိုင်းထမ်းအိုက်                   +၉၅ ဝ၉၉၇၁၈၇၉၉၈၂

နန်းစန်းစန်းအေး               +၉၅ ဝ၉၇၈၄၂၉၁၂၉၉

PDF Files: >>>> Shan Burmese English

ထုတ်ပြန်ချက်