ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အစိုးရစစ်တပ်က ရွာဥက္ကဌ နှင့် သားအားဖမ်းဆီး၊ အတင်းအဓမ္မ လမ်းပြခိုင်းစေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

အေပြီလ ၁၃ ရက်၊ ၂၀၂၀ ခုနှစ်

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အစိုးရစစ်တပ်က ရွာဥက္ကဌ နှင့် သားအားဖမ်းဆီး၊ အတင်းအဓမ္မ လမ်း ပြ ခိုင်းစေ

မတ်လ 25၊ 2020 ရက်နေ့ မနက် 8:20 နာရီ အချိန်တွင် ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ မိုင်း ဆတ်စစ်ဆင်‌ရေးဌာနချုပ် စကခ-14 ဖြစ်သည့် မိုင်းတုံမြို့နယ် ခြေမြန်တပ်ရင်း ခမရ-519၊ ခလရ-၂၂၅၊ ခလရ-၂၇၇ တို့မှ စုစုပေါင်းအင်အား 35 ယောက်ခန့်ရှိ အစိုးရစစ်တပ်က ရှမ်းပြည်တောင်ပိုင်း မိုင်းတုံ မြို့ နယ် အရှေ့တောင်ဘက်တွင် တည်ရှိသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် ၏ ကောင်းဟိုနမ့် တပ်စခန်းကို တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွါးပြီး မကြာမှီ မနက် 9.00 နာရီ အချိန်ခန့်တွင် အစိုးရတပ် ခမရ-519 မှ တပ်သားများက တောင် ပေါ်မှ ဆင်းလာပြီး အိမ်ခြေ ၃၅ အိမ်ခန့်ရှိ အနီးအနားရွာ ဖြစ်သည့် ဖိုင်ခေးကျေးရွာအုပ်စုဝင် ဝမ်မိုင်းအိတ် ရွာထဲ ဝင်လာပြီး ဥက္ကဌ လုံးနန္ဒိယ (၅၅ နှစ်) အား ရှမ်းစစ်သားများ အကြောင်းကို စစ်ဆေးမေးမြန်းသည်။ ရွာ သူကြီးကိုလည်း စားနှပ်ရိက္ခာများ ထောက်ပံ့ကြောင်း စွပ်စွဲပါသည်။ စစ်သားများက လုံးနန္ဒိယ နှင့် ၎င်း၏ သား စိုင်းပီး (၂၅ နှစ်) ကိုပါ တိုက်ပွဲဖြစ်ပွါးရာ နေရာသို့ ခေါ်ဆောင်သွားသည်။ စိုင်းပီးကိုတော့ ပြန်လွတ် ပေး လိုက်ပြီး လုံးနန္ဒိယ အားရှမ်းစစ်သားများကိုရှာဖွေရန် လမ်းပြအဖြစ် တောထဲသို့ ခေါ်ဆောင်သွားသည်။ ရွာ သူ ကြီးသည် ၎င်းတို့စစ်သားများနှင့် တောထဲတွင်၂-ညတာ အတူနေရပြီး မတ်လ ၂၈-ရက်နေ့မှ ပြန်လွတ် ပေးလိုက်သည်။ သို့သော်လည်းပဲ အေပြီလဆန်း ရက်တွေအထိ ရွာသူကြီးက စစ်သားများကို ဟိုပန်ရွာ နှင့် နားပါကောင်ရွာများသို့ နေ့စဥ်ရက်ဆက် လိုက်လံပို့ဆောင်ပေးရသေးသည်။

အစိုးရ စစ်သားများက ရွာသူကြီး/ဥက္ကဌ အား NCA လက်မှတ်ထိုးထားသည့် ရှမ်းစစ်သားများကို စားနှပ်ရိက္ခာ မပေးရန် ချိန်းခြောက်သည်။ “၎င်းတို့ ရှမ်းစစ်သားများဟာ ထိုင်းနယ်စပ် မိုင်းထားဒေသ မှာပဲနေရမယ်၊ ဒီမှာမနေရဘူး။ သူတို့ ဒီနေရာကိုထပ်လာရင် အချိန်ီ သတင်းပို့ရမယ်။ ပြောတဲ့အတိုင်း မလုပ်ရင်ရှမ်းစစ် သားများကို စားနှပ်ရိက္ခာ ပေးရင် ဥက္ကဌ ရဲ့တာဝန်ပဲနော်…”။

တိုက်ပွဲများအပြီး ၂-၃ ရက်အကြာ မိုင်းတုံတပ်ရင်းမှ ဗျူဟာမှူး ဗိုလ်ကြီး အောင်သိုက်သည် အင်အား 300 ခန့် ရှိ တပ်သားများကို ဦးဆောင်ပြီး မိုင်းအိတ်ရွာ နားတဝိုက်သို့ ရှမ်းစစ်သားများကို ရှာဖွေရန် စစ် ကြောင်း ချီပါသည်။ မိုင်းအိတ်ရွာနား တဝိုက်တွင် ပန်ကင်း၊ ဟိုပန်၊ နားပါကောင်၊ မယ်ကင်း၊ မောက်စလီ၊ ဟွေဆိုင်းလိုင် ကျေးရွာများ ပါဝင်ပါသည်။ အစိုးရတပ်သားများက အုပ်စုငယ်များဖွဲ့ပြီး လမ်းခွလမ်းဆုံတ လျှောက်တွင် ချထားသည်။ ယနေ့ထိ အစိုးရတပ်များ ချထားဆဲဖြစ်သည်။

အေပြီလ 9 မှ 11 ရက်အတွင်း၌လည်း မိုင်းတုံမြို့နယ် အရှေ့တောင်ဘက်ပိုင်း လွိုင်နောက်ကျေးရွာ တ ရှောက်တွင် နေထိုင်ကြသောရွာသားများအား အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေ သော တောတွင်းနေရာများသို့ မသွားကြရန် သတိပေးအကြောင်းကြားထားသည်။

မိုင်းကိုင်မြို့နယ် လွိုင်တွန်းတပ်စခန်းရှိ အစိုးရတပ် စကခ-17 သည် အတင်းအဓမ္မ စေခိုင်းမှုများ ကျူး လွန်ဆဲ

အေပြီလ 5၊ 2020 ရက်နေ့ မနက် 7.30 နာရီ၊ အစိုးရစစ်တပ် စကခ-17 လက်အောက်ခံ အင်အား 50 ခန့်ရှိ တပ် သားများက စစ်သုံးထရပ်ကား 4-စီး၊ သဲ တင်ကား 1-စီး နှင့် ကျေးသီး မှ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေး ရွာ အုပ်စုရှိ ဝမ်လုံစံ သို့ စားနှပ်ရိက္ခာ နှင့် ရောက်လာပါသည်။

လွိုင်တွန်းတပ်စခန်းမှ အစိုးရတပ်က ဝမ်လုံစံ ရွာသားများအား ကား 6-စီးဖြင့် ၎င်းတို့ တပ်စခန်းသို့ စား နှပ်ရိက္ခာများ မနက် 10.30 နာရီ အချိန်တွင် သယ်ဆောင်ပို့ပေးရန် စေခိုင်းခဲ့သည်။ ရွာသား 6-ယောက်ကို ခေါ်ပြီးစားနှပ်ရိက္ခာများ ၎င်းတို့ ကားပေါ်သို့တင်စေကာ တောင်ပေါ်သို့ မောင်းနှင်စေပါသည်။ ရွာသား 6-ယောက် မှာ လုံးနေ၊ လုံးနန္ဒော၊ လုံးထေး၊ လုံးယန္န၊ လုံးကုဏ္ဍလ နှင့် လုံးသြ တို့ဖြစ်ကြသည်။

၎င်းနောက် ကျေးသီးတပ်ရင်းမှ အစိုးရတပ်သားများသည် ပန်ကေတု ဘက်သို့ ကားဖြင့် ဦးတည် ထွက်ခွါ သွားပါသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66 94-728-6696                            (Shan, English)

စိုင်းရွက်လွင်                   +66: 97-173-1530                          (Shan, Burmese)

PDF files: >> Shan Burmese English 

ထုတ်ပြန်ချက်