အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့တွင် သီပေါမြို့ရှိ နမ္မမြစ်အတွက် ကျေးရွာအုပ်စု လေးခုမှ ဒေသခံများစုစည်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့

ရှမ်းပြည်မြစ်ချောင်းများကွန်ယက်၏ ထုတ်ပြန်ကြေညာချက်

မတ်လ ၁၄ ရက် ၂၀၂၃

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့တွင် သီပေါမြို့ရှိ နမ္မမြစ်အတွက် ကျေးရွာအုပ်စုလေးခုမှ ဒေသခံများစုစည်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့အထိမ်းအမှတ်အဖြစ် ယနေ့တွင်တွင်သီပေါမြို့ရှိ ကျေးရွာအုပ်စုလေးခုမှ ဒေသခံများသည် နမ္မမြစ်နံဘေးတွင်စုစည်းခဲ့ကြသည်။

ယနေ့တွင် နမ့်မ၊နားနွဲ့၊မောက်တောင်းနှင့်မိုင်းကျစ်ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများသည် ”မြစ်များသည် တစ်စုံတစ်ဦးတစ်ဖွဲ့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ရောင်းရန်မဟုတ်” ”ကမ္ဘာတည် သရွေ့ရှမ်းပြည်ကမြစ်တွေလွတ်လပ်စွာစီးဆင်းနိုင်ပါစေ” အစရှိသည့်ရှမ်းမြန်မာ နှစ်ဘာသာပါရှိသော ဆိုင်းဘုတ်များကိုကိုင်ကာ နမ္မမြစ်နံဘေးတွင်စု၀ေးခဲ့ကြသည်။

အဆိုပါစု၀ေးမှုတွင် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အထိမ်းအမှတ် သမိုင်းကြောင်းနှင့်  နမ္မတူမြစ်နှင့် သံလွင်မြစ်အပါအ၀င် ရှမ်းပြည်အတွင်းရှိမြစ်များမှပေါ်ကာတာများ၏အကြောင်းတို့ကို ဟောပြော ခဲ့ ကျ ပါသည်။

၂၀၁၉ ခုနစ် သြဂုတ်လ ၁၄ရက်နေ့တွင် ရန်ကုန်အခြေစိုက် UNIENGERY Co. Ltd နှင့် ရှမ်းပြည် နယ်အစိုးရတို့သည် နမ္မမြစ်ပေါ်တွင် ၂၅ မီဂါ၀ပ်အားရှိ ရေကာတာတည်ဆောက်ရေးဖြစ်နိုင်ချေကို လေ့လာရန် နားလည်မှုစာချွန်လွာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

၂၀၁၉ အောက်တိုဘာတွင် ရေကာတာတည်ဆောက်မှုအတွက်စည်းရုံးရန် လာရောက်သော UNIENERGY ကုမ္ပဏီမှတာ၀န်ရှိသူသည် နမ္မဒေသခံများ၏ပိတ်ဆို့တားဆီးခြင်းကိုခံခဲ့ရသည်။

နမ္မဒေသခံပြည်သူများသည် စစ်ကောင်စီနှင့်နီးစပ်ပြီး အာဏာသိမ်းမှုနောက်ပိုင်းတွင် ကျေးရွာ၏ ရေ၀ေရေလဲ ဒေသအထိ ကျောက်မီးသွေးတူးဖော်မှုတိုးချဲ့လာသော မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီ၏ ကြီးမားသော ကျောက်မီးသွေးတူးဖော်မှုကြောင့် ထိခိုက်ခံစားနေရဆဲဖြစ်သည်။

ဆက်သွယ်ရန်

စိုင်းခေးဟန်                     ရှမ်း၊ မြန်မာ                        +95 966-736-474

စိုင်းဇင်                                မြန်မာ                         +66: 82 868 8482

စိုင်းဟော်ရှဲန်                      အင်္ဂလိပ်                           +66: 94-728-6696

 

PDF ဖိုင်ယူရန် >>>  Shan Burmese English

ထုတ်ပြန်ချက်