ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်တွင် အပြစ်မဲ့ပြည်သူတဦး ကို အစိုးရစစ်တပ်က ဖမ်းဆီးရိုက်နှက်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်

နေ့စွဲ။ ။ ၄ ၊ ၄ ၊ ၂၀၁၉

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်တွင် အပြစ်မဲ့ပြည်သူတဦး ကို အစိုးရစစ်တပ်က ဖမ်းဆီးရိုက်နှက်

၂၅၊ ၃၊ ၂၀၁၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ မိုင်းပန်တွင်ဆိုင်ကယ်စီးနင်းလာသော ပြည်သူတဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးပြီး သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်သည်။

ထိုနေ့ ည ၈း၃၀ အချိန်တွင် လုံးကျော့၊ (အသက်-၄၄နှစ်ရှိ) သည် သူ၏အမျိုးများရှိရာ ကျိုင်းတောင်းသို့ သွားရောက် လည်ပတ်ရန် ဆိုင်ကယ်ဖြင့် စီးနင်းသွားခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် စဝ် ကောလီကျောင်း အသွားလမ်း ဟိုခိုမြစ်ဖြတ်ကူးသည့် တံတားထိပ်တွင် မိုင်းပန်အခြေစိုက် အစိုးရစစ် တပ် (ခမရ-၅၂၀)တပ်ရင်းမှ စစ်ဆေးရေးဂိတ်များ ချထားသည့် အင်အား၂ဝခန့်ရှိစစ်သားတို့က အပြစ်မဲ့လုံး ကျော့ကို တားဆီးပြီး ဥပဒေနှင့်မလွတ်ကင်းသည့် ဆက်စပ်ပစ္စည်းများ ပါမပါစစ်ဆေးသည်။ ဘာမျှမတွေ့ ရှိသဖြင့် “ရှမ်းစစ်သားလား”ဟု စတင်မေးမြန်းခဲ့ကြောင်း၊

လုံးကျော့သည် “မိမိသည် ရှမ်းစစ်သားမဟုတ်ပါကြောင်း ရှမ်းပြည်သူတဦးသာဖြစ်ကြောင်း” ဖြေကြားခဲ့ ပါ သော်လည်း အစိုးရစစ်တပ်၏ စစ်သားများက သေနတ်ဒင်ဖြင့် လုံးကျော့၏ပုခုံးအား ပြင်းထန်စွာ ထု ထောင်းခဲ့ကြောင်း၊ ၄င်းနောက် လုံးကျော့အား အမှုစစ်ဆေးရန်ဟုဆိုပြီး မိုင်းပန်မြို့ရဲစခန်းသို့ လွှဲအပ် ခဲ့ ရသည်။ လုံးကျော့သည်လည်း ကိုယ့်ကိုယ်ကို ဘာအမှုဖြင့် အဖမ်းခံခဲ့ရကြောင်းကို မသိခဲ့ပါ။

၄င်းနောက် ရဲတပ်ဖွဲ့က လုံးကျော့အား”မိုင်းပန်မြို့တွင် မည်သူနှင့် သိကျွမ်းသလဲ့” ဟုစတင်မေး မြန်းခဲ့ ကြောင်း၊ လုံကျော့က”ကုန်းကျန်းရွာက ရွာဥက္ကဋ္ဌကြီး လုံးကျော်နှင့် သိကျွမ်းပါသည်”ဟုဖြေကြားခဲ့ကြောင်း၊ ၄င်းနောက် ရဲတပ်ဖွဲ့များကကုန်းကျန်းရွာဥက္ကဌကြီးဆီသို့ ဖုန်းဖြင့်လှမ်းဆက်သွယ်ပြီး”လုံးကျော့ကို သိသ လား” ဟု မေးမြန်းခဲ့ကြောင်း၊ ရွာဥက္ကဌက”ဖမ်းဆီးခံထားရသော လုံးကျော့သည် အရပ်သားပြည်သူတဦး ဟုတ်မှန်ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့ဝင် မဟုတ်ပါကြောင်း” ထောက်ခံပြောဆိုခဲ့သည်ဟု သိရသည်။ ၁၁း၃ဝ ည အချိန်တွင် ကုန်းကျန်းကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့သွားရောက်ပြီး ဖမ်းဆီခံထား ရ သူ လုံးကျော့အား အားမခံပေးပြီး ပြန်လည်ခေါ်ယူလာခဲ့ရကြောင်းသိရသည်။

လုံးကျော့သည် ကျိုင်းတောင်းမြို့နယ် ဝမ်တုန်ဟုန်းကျေးရွာ၊ ရပ်ကွက်(၅) နေ လုံးသောန+ပါဆာ တို့၏ သားဖြစ်ပြီး၊ မိုင်းပန်သို့ ကြက်သွန်စိုက်လယ်သူရင်းငှါးအဖြစ် သွားရောက်လုပ်နေကိုင်ပြီး ကျိုင်းတောင်း မြို့ ရှိ မိဘဆွေမျိုးထံသို့ ပြန်လေ့ရှိရာ၊ ယခုလည်း ကျိုင်းတောင်းသို့အပြန် ဟိုခိုမြစ်ကူးတံတားထိပ်တွင် အ စိုးရစစ် ၏ မတရားစွပ်စွဲပြီး ဖမ်းဆီးရိုက်နှိက်ခြင်းကို ခံရခဲ့ရသည်၊

အစိုးရစစ်တပ်(ခမရ-၅၂၀)တပ်ရင်းသည် မိုင်းပန်မြို့နယ်တွင် အခြေစိုက်ထားပြီး (စကခ-စစ်ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ် အမှတ်(၁၇) မိုင်းပန်မြို့ နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာန ချုပ် (ရလခ) ခိုလမ်မြို့ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် အစိုးရစစ်တပ်အပါအဝင် ပြည်သူ့စစ်အဖွဲ့များနှင့်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCAလက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) စသည့်လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိကြသည်။ အစိုးရစစ်တပ်ဘက်မှ လေးလတာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းတွင် အစိုးရစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု များ ပြန်လည်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ကိုယ်စားလှယ်များက ပဋိပက္ခရှောင်ရှား ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်းရေးအဖွဲ့ (NRPC) နှင့် အစိုးရစစ်တပ် ညှိနှိုင်းရေးအဖွဲ့ကို ၁၁-၁၂၊ မတ်လ၊ ၂၀၁၉ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66: 62- 941-9600       (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 173-1530      (ရှမ်း၊ မြန်မာ)

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်