သီပေါမြို့မှ လူမှုအသင်းအဖွဲ့များနှင့် ရပ်ရွာပြည်သူများ နမ္မတူမြစ်ပေါ်ရေကာတာများအား ပြင်းပြင်းထန်ထန် ကန့်ကွက်

သီပေါမြို့မှ လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူများ သတင်းထုတ်ပြန်ချက်

၈.သြဂုတ်လ.၂၀၁၈

သီပေါမြို့မှ လူမှုအသင်းအဖွဲ့များနှင့် ရပ်ရွာပြည်သူများ နမ္မတူမြစ်ပေါ်ရေကာတာများအား ပြင်းပြင်းထန်ထန် ကန့်ကွက်

သဘာဝပတ်ဝန်းကျင်နှင့် လူမှုအအကျိုးသက်ရောက်မှုကို ထိခိုက်ပျက်ပြားစေသည့် နမ္မတူမြစ် (သို့) မြစ်ငယ်မြစ် ပေါ် ရေကာတာများဆောက်လုပ်ခြင်းမှ ရပ်တန့်ရန် ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် လူထုအခြေပြု အသင်းအဖွဲ့ ၁၁ ဖွဲ့ ရပ်ရွာကိုယ်စားလှယ် ၃၇ ရွာမှ စုဝေးခဲ့ကြသည်။

ယနေ့ ၈.သြဂုတ်လ.၂၀၁၈ တွင် သီပေါမြို့နယ်မှ ပရဟိတလူမှုအသင်းအဖွဲ့များနှင့် ရပ်ရွာပြည်သူလူထုကိုယ်စား လှယ်များ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ် ရေကာတာဆောက်လုပ်ခြင်းကြောင့် တာလုံကျေးရွာ ရေလွှမ်းသွားမည့်ကိစ္စနှင့် ပတ်သက်ပြီး သီပေါမြို့ ချမ်းသာဂါဒင်းခန်းမတွင် တွေ့ဆုံဆွေးနွေးရာ၌ ၎င်းစီမံကိန်းမှ ရပ်ရွာလူထုအသိုက်အဝိုင်းနှင့် သဘာဝဂေဟစနစ်များ ထိခိုက် ပျက်စီးမည်ကို လက်မခံနိုင်ပေ။ ၎င်းမှ ရရှိလာမည့် အကျိုးအမြတ်များလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများတွင်သာ အကျိုးရှိစေမည်။

“ကျမတို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒီ ၂ နှစ် ၃ နှစ်အတွင်း ရေကြီးရေလျှံ များလာတာဟာ သဘာဝ အရင်း အမြစ်တွေ ဆုံးရှုံးခဲ့ကြောင့် ဘေးအန္တရာယ်ကို ကျရောက်ခဲ့တယ်။ ကျမတို့ သဘာဝပတ်ဝန်းကျင်ကို ခြိမ်း ခြောက်မှုအောက်မှာရောက်နေတယ်။ နမ္မတူမြစ်ပေါ် ရေကာတာများတည် ဆောက်ခြင်းဟာ ကျမတို့ သ ဘာဝ ပတ်ဝန်းကျင်နှင့် ရပ်ရွာလူမှုအသိုက်အဝိုင်းများ အတွက် ထိခိုက်ပျက်စီးစေတယ်။ ဆိုတော့ ရေကာတာ တည်ဆောက်ရေး အားလုံးကို ရပ်ဆိုင်းမှ ရမယ်” ဟု ၎င်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး နန်းလှိုင်းလှိုင်း ဆိုပါတယ်။

၂၀၁၀ ခုနှစ်တွင် နမ္မတူမြစ်ပေါ်၌ ကျောက်ဆည်မြို့နယ် မန္တလေးတိုင်းဒေသတွင် ရဲရွာရေကာတာ တည် ဆောက်ပြီးစီးခဲ့ပြီး ၎င်းမြစ်ပေါ်တွင် နောက်ထက် ရေကာတာ ၄ ခုတည်ဆောက်ရန်အစီစဉ်ရှိသည်။ မန္တလေး တိုင်းဒေသ ၁ ခု နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းတွင် ၃ ခုဖြစ်သည်။

ကျောက်မဲခရိုင်တွင် တည်ဆောက်လျက်ရှိသော အထက်ရဲရွာရေကာတာသည် တိုးတက်မှုရှိပြီး ပါဝင်ပတ်သက် သည့် နိုင်ငံများမှာ တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့် ဂျပန် ကုမ္ပဏီများ ပါဝင်သည်။ ၎င်းစီမံကိန်းပြီးစီးပါက တာလုံကျေးရွာမှ နေထိုင်သော လူဦးရေ ၆၅၃၊ ကဗ္ဗလာဥယျာဉ်ခြံမြေ ၆၃၇ ဧက၊ လယ်မြေ ၁၄၀ ဧက၊ ရေတွက်၍မရနိုင်သော တောင်ယာစိုက် ခင်းများ၊ စေတီးပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ ရေအောက်သို့ နှစ်မြှုပ်သွားမည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် ကျောက်မဲမြို့နယ်၌ တည်ဆောက်လျက်ရှိသော အထက်ရဲရွာရေကာတာသည် ဆောက်လုပ်ရေးအားနည်းချက်များကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းစီမံကိန်းနှင့် လောလောလတ်လတ် ဘေးဒုက္ခရောက်နေသော လာအိုနိုင်ငံသည် နမ္မတူမြစ်ပေါ်၌ ရေကာတာများအတွက် ကျိုးပဲ့မည်ကို စုုိးရိမ်ရ သည်။ အလယ်ရဲရွာရေကာတာစီမံကိန်းသည် နော်ဝေးနိုင်ငံမှ ရင်းနှီးမြုပ်နှံသည်။ ၎င်းစီမံကိန်းသည်လည်း ငလျင်ကြောနှင့် နီးစပ်သည်။

အများပြည်သူ အသိပညာပေးစည်းရုံးသည့် လူထုအခြေပြုအဖွဲ့အစည်း
• ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်
• ရှမ်းလူငယ်ကွန်ယက်
• ရှမ်းလူငယ်အင်အားစည်းလုံးမှုအဖွဲ့
• ဝမ်းမော
• ရှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအသင်း
• ဘိုးတော်ကျောင်းပရဟိတ
• အမျိုးသမီးစွမ်းဆောင်ရှင်ကွန်ယက်
• ရွှေသီပေါ (အမျိုးသမီးအဖွဲ့)
• ဇာတ်စုလူငယ်အဖွဲ့
• သီပေါအမျိုးသမီးကွန်ယက်
• ရပ်ရွာပြည်သူလူထုကျေးရွာ ကိုယ်စားလှယ် (၃၇) ရွာ

ဆက်သွယ်ရန်
နန်းလောဝ်ခမ်း +၉၅ (၀) ၉ ၂၆၂၁၀၈၀၆၂
နန်းခင်မာအေး +၉၅ (၀) ၉ ၇၈၁၁၆၉၃၁၆
စိုင်းထေး +၉၅ (၀) ၉ ၄၄၄၉၉၇၇၃၈
ကိုဖုန်းကျော် +၉၅ (၀) ၉ ၄၅၇၈၉၈၃၁၈
စိုင်းဖုန်းမြင့် (ခ) ထမ်းအိုက် +၉၅ (၀) ၉ ၉၇၁၈၇၉၉၈၂

PDF files: Shan Burmese English

ထုတ်ပြန်ချက်