ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ထုတ်ပြန်ကြေငြာချက် ( စာအမှတ် ၇ /၂၀၁၆ )
ရက်စွဲ – ၁၂ ရက်နေ့ အောက်တိုဘာလ ၂၀၁၆
တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်တပ်နှင့် တိုက်ပွဲများဖြစ်စေရန် လှုံ့ဆော်နေသောမြန်မာစစ်တပ် သည် ပြည်သူလူထုနေထိုင်ရာ ဒေသကို ပစ်ခတ်ခြင်းကြောင့် မိုင်းကိုင် မြို ့နယ်ထဲတွင် ဒေသခံရွာသူရွာသား ၂၀၀၀ ထွက်ပြေးသိမ်းရှောင်နေရ။
မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းကိုင်မြို့နယ် ထဲရှိ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသော ရှမ်းပြည််ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့်တိုက်ပွဲဖြစ်စေရန် ဖန်တီးခြင်းကို ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှ ပြစ်တင်ရှုတ်ချလိုက်သည်။ တိုက်ပွဲအတွင်း ဒေသခံ ရွာသူရွာသားများ နေသည့် ဧရိယာထဲ သို့ပစ်ခတ်လိုက်ခြင်းကြောင့် ဒေသခံ ရွာသူရွာသား ၂၀၀၀ ကျော် သည် ၂၀၁၆ အောက်တိုဘာလစတွင် ထွက်ပြေးသိမ်းရှောင်နေရသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ရပ်စောက်မြို ့နယ် နောင်ဝိုးမှ မြန်မာစစ်တပ်် တပ်ရင်း ခလရ ၂၉၂ မှ အင်အား ၄၀ ခန့် သည် မိုင်းကိုင်မြို့နယ် ၏ မြောက်ဘက် ၂၅ မိုင်ခန့် အကွာရှိ ပန်ပွိုင်းရွာထဲသို့ အကြောင်းကြားခြင်းမရှိဘဲ RCSS/SSA ၏ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးစင်တာသို့ ရောက်ရှိလာခဲ့ပြီး ထိ်န်းချူပ်ထားသော ဘိန်းသုံးစွဲသူ ၂၄ ယောက် ကို လွတ်ပေးလိုက်သည်။ ထိုချိန်တွင် တပ်စွဲလျက်ရှိသည့် RCSS/SSA အဖွဲ ့ သည်လာရောက်ဖြေရှင်းရာ မွန်းလွဲပိုင်း ၄ နာရီအချိန် ကနေ ညနေ ၇ နာရီ ၃၀မိနစ် ထိ တိုက်ပွဲဖြစ်သည်။
နောက်တစ်နေ့တွင် လဲချားမြို့နယ် နားပွဲ အခြေစိုက် သည့် မြန်မာစစ်တပ် အင်အား ၂၀၀ ခန့်ကို စစ်အင်အားထပ်ဖြည့်လိုက်သဖြင့် ပန်ပွဲ၏အရှေ့နောက် ပိုင်း တစ်မိုင် အကွာ ရှိကုန်းဆာ ရွာတွင် RCSS/SSA နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနယ်မြေပေါ်တွင် မြန်မာစစ် ရဟတ်ယာဉ်၂ စီးပျံသန်း ခဲ့သည်။ ပန်ပွိုင်းရွာသူရွာသား ၇၀၀ ကျော်ထွက်ပြေးတိမ်း ရှောင်ကြပြီး ထိုထဲတွင် ကိုယ်ဝန်ဆောင် ၁၅ ယောက်ပါဝင်သည်။ ပန်ပွိုင်းနားတစ်လျောက်ရှိ နားလိွုင်၊ ဝမ်မုန်၊ ဟိုဆစ် နှင့် ကုန်းဆာ စသည့်ရွာသူရွာသားများ စုစုပေါင်း ၂၀၀ ခန့်သည် ပန်ပွ်ိုင်း၏ အရှေ့ဘက် တစ်မိုင်ခွဲ ရှိ တုံလောရွာရှိ မွေတော်တောင်ကျောင်းနှင့် မွေတော်မြောက်ကျောင်း သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ တိုက်ပွဲပြန့်မှာ စိုးရိမ်သောတုံလောနယ်ခံ ဖြစ်သည့် ရွာသူရွာသားပေါင်း ၁၀၀၀ ခန့်သည်လည်း ညအချိန်တွင် အိမ်ထဲတွင် မအိပ် ရဲသဖြင့် ကျောင်းပေါ်သို့ လာအိပ်ခဲ့ကြသည်။
အောက်တိုဘာလ ၃ ရက်နေ့တွင် ခလရ ၂၉၂ သည် RCSS မှထိန်သိမ်းထားသောမူးယစ်ဆေးသုံးစွဲသူ ၂၄ ယောက် နှင့် မူယစ်ဆေးသုံးသူကို စောင့်ကြပ်သော ရွာသား ၂ ယောက်ကိုလည်း မြောက်ဘက် ၂၀ မိုင်ခန့်ရှိသော နမ့်လန် အခြေစိုက် ခမရ ၅၀၅ သို့ ခေါ်ဆောင်သွားသည်။ ထိန်းသိမ်းထားသည့် လူများတွင် အမျိုးသမီး ၆ ယောက်ပါရှိုပြီး စစ်သားများနှင့် အတူ ကြားညှပ်ခေါ်ဆောင်သွားသည်။ RCSS/SSA ၏ တိုက်ခိုက်ခြင်းမှကာကွယ်ရန် လူသားဒိုင်းအဖြစ် အသုံးပြု ခြင်းဖြစ်သည်။ မြန်မာစစ်တပ်များက ပန်ပွိုင်ရွာထဲသို့ မော်တာဗုံးဖြင့် ပစ်ခတ်လိုက်သဖြင့် အိမ်နှင့် ကားများ ထိခိုက်ပျက်ဆီးခဲ့ရသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် မိုးဗြဲမြို့မှ အစိုးရတပ်သား ၁၈၀ ခန့်သည်တုံလောဘက်သို့ ထပ်ရောက်လာသဖြင့် စစ်ပြေးရှောင်နေသော ရွာသူရွာသားများမှာ နေရပ်ပြန်ဖို့ ကြောက်လန့် နေရသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးသွားသော ဆေးစွဲသူအားလုံး ကိုပြန်လည်လွတ်ပေး သော်လည်း ဟင်းချက်သမားနှစ်ယောက်ဖြစ်သည့် စိုင်းကျော်လူ အသက် ၁၈ နှင့် စိုင်းအောင်မြင့် အသက် ၄၀ သည် နမ့်လန်အခြေစိုက် ခလရ ၅၀၅ ၌ ထိန်းသိမ်းထားစဲဖြစ်သည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် ပန်ပွိုင်း၊ တုန်လော ရပ်မိရပ်ဖ၊ SNLD ၏ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် နှင့် နမ့်လန် အုပ်ချုပ်ရေးမှုး အပါအဝင် နမ့်လန်အခြေစိုက် ခလရ ၂၄၃ သို့ သွားရောက်ပြီး ထိုဟင်းချက်သမားနှစ်ယောက် ကို ပြန်လည်လွတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဗျူဟာမှုးက အထက်အမိန့်မရ သရွေ့ပြန်လည်လွတ် ပေးခွင့် မရှိဟုဆိုသည်။ သူတို့မိသားစုတွေအားလုံးသည် သူတို့ နှစ်ဦးပြန်လည်လွတ်လာခြင်းမရှိသည့်အတွက် ပူပန်နေကြရသည်။
လူ့အဖွဲ့အစည်းကောင်းမွန်ရေးအတွက် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး စင်တာတွင်ထဲတွင် ထမင်းဟင်းချက်တာ ဝန်ထမ်းဆောင်နေသည် ့အပြစ်မဲ့ရွာသား ၂ ဦးကို ချက်ချင်း ပြန်လွတ်ရန်၊ အင်အားဖြည့်တင်းထားသည့် အစိုးရတပ်သားများကိုထိုရွာဖက်မှ ချက်ချင်းပြန်လည်ထွက်ခွာရန် နှင့် တိုက်ပွဲဖြစ်အောင်လှုံ့ဆော်ဖန်တီးသော ဗျုဟာကို ဖျက်သိမ်းရန် ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှ တိုက်တွန်းအပ် ပါသည်။
ပန်ပွိုင်းရွာတွင်းရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာ ၏ အကြောင်း
ပန်ပွိုင်းရွာတွင်းရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစင်တာသည် RCSS/SSA ထံမှ ဒေသခံပြည်သူလူထုများ၏ တောင်းဆိုချက်အရ ဖွင့်လှစ်ခဲ့သည်။ ဤသို့တောင်းဆိုခြင်းမှာ မိုင်းကိုင်မြို့နယ် နှင့် နမ့်လန်မြို့နယ်တွင်းရှိ ဆေးသုံးစွဲမှုတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြား လာသောကြောင့် တောင်းဆိုခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော ဆေးစွဲသမားများကိုု မူးရစ်ဆေးတိုက်ဖျက်ရေး စင်တာတွင် ၅လ ကနေ ၆ လအ ထိထိန်းသိမ်းပြုပြင်ပေးပြီး ပြန်လည်လွတ်ပေးသည်။ ( ယာမ) ဆေးပြားသည် ဈေးချိုသထက်ချိုပြီး အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် လူငယ်ပိုင်း အသက်ဆယ်ကျော် ကအစသုံးစွဲနေုခြင်းဖြစ်သည်။ ယာမ ၏ ဈေးနုန်းသည် တစ်ပြားကို ၁၅၀ ကျပ်သာရှိတော့သည်။
ဂျွန်လ ၉ ရက်နေ့ ၂၀၁၆ တွင် ခလရ ၂၉၂ တပ်မှုး၏ သားဖြစ်သူ ထွန်းထွွန်းဝင်းသည် ယာမဆေး ၂၂ ပြားနှင့် အတူ RCSS/SSA ဂိတ်တွင်ဖမ်းဆီးမိသောကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာတွင်ဖမ်း ဆီးထားခြင်း ဖြစ်သည်။ သို့သော် စက်တင်ဘာလ ၂၂ ရက်နေ့ ၂၀၁၆ တွင် ထိုထိန်းသိမ်းရေးစခန်းက နေဖောက် ထွက်သွားသည်။ ထို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့ ၂၀၁၆ တွင် ခလရ ၂၉၂ သည် မူးယစ်ဆေးဝါးတို်က်ဖျက်ရေးစင်တာတွင် တိုက်ပွဲစတင်ဖြစ်ပွားရသည့် အကြောင်းအရင်းဖြစ်သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသော မူးရစ်ဆေးသုံးစွဲသူ၏ စရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
စဉ်။ | အမည် | အသက် | နေရပ်လိပ်စာ |
၁။ | အိုက်စိုင်း | ၃၅ | သီပေါမြို့၊ နမ့်လန်ကျေးရွာ တောင်ပိုင်းရပ်ကွက် |
၂။ | ဦးလောကံ | ၄၇ | သီပေါမြို့ ၊ နမ့်လန်ကျေးရွာ တောင်ပိုင်းရပ်ကွက် |
၃။ | ဒေါ်နန်ကူ | ၄၃ | သီပေါမြို့၊ နမ့်လန်ကျေးရွာ ကျူတောရပ်ကွက် |
၄။ | ဒေါ်လှခင် | ၅၃ | သီပေါမြို့ ၊ နမ့်လန်ကျေးရွာ စက်ရုံရပ်ကွက် |
၅။ | စိုင်းညွန့် | ၄၇ | သီပေါမြို့ ၊ မန်လီကျေးရွာအုပ်စု ခိုဟတ်ရွာ |
၆။ | ဖိုးဆာ | ၄၇ | သီပေါမြို့ ၊ မန်လီကျေးရွာအုပ်စု ခိုဟတ်ရွာ |
၇။ | စိုင်းမောင် | ၄၃ | သီပေါမြို့ ၊ မန်လီကျေးရွာအုပ်စု |
၈။ | ဒေါ်နန်းဟွမ် | ၅၀ | သီပေါမြို ့ ၊ မန်လီကျေးရွာအုပ်စု |
၉။ | ဒေါ်အေးလန် | ၂၉ | သီပေါမြို ့ ၊ မန်လီကျေးရွာအုပ်စု |
၁၀။ | ဒေါ်နန်းလီ | ၃၀ | သီပေါမြို ့ ၊ မန်လီကျေးရွာအုပ်စု |
၁၁။ | ဒေါ်အေးလန် | ၃၀ | သီပေါမြို ့ ၊ မန်လီကျေးရွာအုပ်စု |
၁၂။ | စိုင်းလန် | ၂၈ | သီပေါမြို ့ ဝမ်စိမ်းကျေးရွာအုပ်စု နမ့်ဆောင်ကူးရွာ |
၁၃။ | လုံးစန်ဒ | ၅၀ | သီပေါမြို ့ ဝမ်စိမ်းကျေးရွာအုပ်စု ကုန်းဆာရွာ |
၁၄။ | လှရွှေ | ၂၁ | မိုင်းခေးမြို ့နယ် မန်ပန်ရွာ |
၁၅။ | အိုက်စိုင်း | ၅၀ | မိုင်းကိုင်မြို ့နယ် ရပ်ကွက် ( ၄ ) |
၁၆။ | လုံးညို | ၅၁ | မိုင်းကိုင်မြို ့နယ် ဟိုခဲရွာ |
၁၇။ | စိုင်းမိန်း | ၂၃ | မိုင်းကိုင်မြို ့နယ် ရပ်ကွက် ( ၃ ) |
၁၈။ | စိုင်းနောင့် | ၃၄ | မိုင်းကိုင်မြို ့နယ် ခဲအိုဝေ့ရွာ |
၁၉။ | အိုက်ပူးကျင် | ၃၆ | မို်င်းကို်င်မြို ့ နယ် ပန်ကေတု ကျေးရွာအုပ်စု နမ့်မကင်ရွာ |
၂၀။ | အိုက်အော | ၄၄ | မိုင်းကိုင်မြို ့နယ် ပန်ကေတ ကျေးရွာအုပ်စုဝမ်ခူးကျေးရွာ |
၂၁။ | အိုက်လူ | ၁၈ | မိုင်းကိုင်မြို ့နယ် တုံလောကျေးရွာအုပ်စု လုကံရွာ |
၂၂။ | ဦးစံစော | ၅၁ | မိုင်းကိုင်မြို ့နယ် ပန်ကိွုင်ရွာ |
၂၃။ | မြင့်ဝင်း | ၁၉ | နောင်ချိုမြို ့ နောင်လုံ ကျေးရွာ အုပ်စု သာစည်ကျေးရွာ |
၂၄။ | စိုင်းလင်း | ၃၁ | ရပ်စောက်မြို ့ အင်တောမြို ့နယ် နမ့်ကူရွာ |
တုံလောရှိ စစ်ဘေးရှောင်စရင်း ( အောက်တိုဘာ ၁၁ ရက် ၂၀၁၆ )
အောက်တိုဘာ ၂၀၁၆ ရှိတုံလောတွင် ထွက်ပြေးသိမ်းရှောင်နေသော ရွာသူရွာသားများစာရင်း
ရွာအမည် | ၅ နှစ်အောက် | အသက် ၅- ၁၇နှစ် | အသက် ၁၈- ၄၉ နှစ် | အသက် ၅၀ နှင့် အထက် | စုစုပေါင်း
ကျား ၊ မ |
ကျား ၊ မ | ကျား ၊ မ | ကျား ၊ မ | ကျား ၊ မ | ||
ပန်ပွိုင်းရွာ | ၆၃ ၊ ၇၆ | ၇၀ ၊ ၆၃ | ၁၈၃ ၊ ၁၉၆ | ၅၀ ၊ ၆၇ | ၇၆၈ |
ကုန်းဆာ | ၁၃ ၊ ၁၂ | ၃၆ ၊ ၄၇ | ၅၃ ၊ ၇၅ | ၁၆ ၊ ၂၁ | ၂၇၃ |
| ၁၀၄၁ |
ဆက်သွယ်ရန် –
စိုင်းဟော်ရှဲန် + ၆၆း (၀) ၆၂-၉၄၁-၉၆၀၀ ( Shan / English )ယိင်းလွန့်လှိုင်း + ၆၆း (၀) ၆၃-၈၃၈-၉၀၂၉ ( Burmese / English )
PDF >>