မြန်မာအစိုးရစစ်တပ်က မြေပြင်နှင့် ဝေဟင်မှ ဗျူဟာကုန်းကို တိုက်ခိုက်သဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ ရွာသား(၁)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရပြီး (၇၀၀)ဦး နေရပ်စွန့်ခွာ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်

၂၀ ရက် မတ်လ ၂၀၁၉ ခုနှစ်

မြန်မာအစိုးရစစ်တပ်က မြေပြင်နှင့် ဝေဟင်မှ ဗျူဟာကုန်းကို တိုက်ခိုက်သဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ ရွာသား(၁)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရပြီး (၇၀၀)ဦး နေရပ်စွန့်ခွာ

9-10 မတ်လ 2019 နေ့ရက်အတောအတွင်း၌ အစိုးရစစ်တပ်အင်အား(၄၀၀)ကျော်နှင့် ရဟတ်ယာဉ်(2)စီးဖြင့် သီပေါမြို့နယ်တောင်ပိုင်း လွိုင်ပန်ခါးတောင်တွင်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည် တပ်မတော် (SSPP/SSA) ကို မဟာဗျူဟာစစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရွာသား (၁) ဦးသေ။ (၂) ဦး ဒဏ်ရာရခဲ့ပြီး (၇၀၀)ဦးခန့် နေရပ်မှ စွန့်ခွာခဲ့ရပါသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ စာတစ်စောင်ပို့ဆောင်ရန် ရွာသား (၂)ဦးကို အဓမ္မစေခိုင်းသဖြင့် အသက်(၆ရ)နှစ်ရှိသော ရွားသားတစ်ဦး မတ်လ(၉)ရက်နေ့တွင် လမ်းခရီး၌ မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီးသေဆုံးခဲ့သည် ။ ကျန်ရှိအသက်(၅ဝ)နှစ်ရွာသားတစ်ဦးသည်လည်း ထိုမိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ပါသည်။ မတ်လ(၁ဝ)ရက်နေ့တွင် ရဟတ်ယာဉ်မှ ပစ်လိုက်သောဒုံးကျည်ကြောင့် အိမ်ထဲ၌ ချက်ပြုတ်နေသော အသက်(၅ဝ)နှစ်ရှိ အမျိုးသမီးတစ်ဦးဒဏ်ရာ ရခဲ့ပါသည်။

ထိုတိုက်ပွဲကြောင့် ဝမ်ပန်ခါးရွာမှ နေထိုင်သူနှင့် ၄င်းရွာချင်းဆက် မိုင်းတုံကျေးရွာအုပ်စုအတွင်း ကျေးရွာ (၉) ရွာမှ လူ(၇၀၀)ဦးသည် ကျေးသီးမြို့ရှိ ဒေသခံဘုန်းကြီးကျောင်း(၂)ကျောင်းတွင် သွားရောက်ခိုလှုံနေခဲ့ကြရပါသည်။

ပန်ခါးတောင်သည် အလွန်မြင့်မားပြီး သီပေါမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့ကို ရှုမျှော်လှမ်းမြင်နိုင်တဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါသည်။ အမြင့်နေရာဖြစ်သဖြင့် ဗဟိုစစ်ရုံးမှ ထိုနေရာကိုသိမ်းရန် အစိုးရတပ်ရင်း (၄)ရင်းနှင့် လေယာဉ်တို့ကို သုံးခါ၄င်းနေရာကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အပစ်ရပ် တိုင်း(၅)တိုင်းတွင် ရှမ်းပြည်နယ်မှ တိုင်း(၄)တိုင်းအပါသည်။ အစိုးရစစ်တပ်က ၂၀၁၈ ဒီဇင်ဘာလ(၂၁)နေ့ရက်တွင် (၄)လတာ အပစ်အခတ်ရပ်စဲကြောင်း တစ်ဖက်သတ်ကြေငြာသော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယုံကြည်မှုတည်ဆောက်ရန် လစဉ်ဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် နေပြည်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော အစိုးရစစ်တပ်ညှိနှိုင်းမှုအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ် မတော် (SSPP/SSA)တို့ ဖေဖော်ဝါရီလ ၂၅ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲ (၂) ပတ်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုအသေးစိတ်

၁။       စာပို့ဆောင်ရန် အစိုးရစစ်တပ်ကအဓမ္မ စေခိုင်းခဲ့သဖြင့် မြေမြုပ်မိုင်းကြောင့် ရွာသား (၁)ဦးသေဆုံး၊ (၁) ဦးဒဏ်ရာရ

သီပေါအခြေစိုက် ခလရ(၂၃)၊ မန်လီအခြေစိုက် ခမရ(၁၇)၊ မိုင်းရယ်အခြေစိုက် ခမရ(၃၂၅)နှင့် ဟိုယအခြေစိုက် ခလရ(၆၇)မှ ပါဝင်သော အစိုးရစစ်တပ်များ လွိုင်ပန်ခါးတောင်တွင် အခြေစိုက်လျက်ရှိသော ရှမ်းပြည် တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)ကို စစ်ဆင်တိုက်ခိုက်ရန် ချီတက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် မတ်လ(၈)ရက်နေ့တွင် အင်အား(၈၀)ခန့်ရှိ အစိုးရစစ်တပ်သည် ကျေးသီးမှ ထော်လာဂျီ (၄) စီးဖြင့် ပန်ခါးအရှေ့ဘက် အိမ်ခြေ (၃၂)အိမ်ရှိသော ဝမ်ကွန်တီးကျေးရွာသို့ သွားကြောင်းသိရသည်။

၂၀၁၉ မတ်လ(၉)ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ၄င်းစစ်တပ်သည် ပန်ခါးတောင်ပေါ်တွင် အခြေစိုက်လျက်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းထံသို့စာပို့ရန် ရွာသား (၂) ဦးဖြစ်တဲ့ ဝမ်ကွန်တီးရွာမှ အသက် (၆၇) နှစ်ရှိ လုံးဆာနှင့် ပန်ခါးရွာမှ အသက် (၅၀)နှစ်ရှိသော လုံးမောင်တို့ကို ဆင့်ခေါ်ခဲ့သည်။

လုံးမောင်

၄င်းရွာသားနှစ်ဦးသည် စာပို့ရန် အသွားလမ်းတွင် မြေမြုပ်မိုင်း နင်းမိသဖြင့် လုံးဆာမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လုံးမောင် မှာ ခြေထောက်နှင့်တင်ပါးတွင် ဒဏ်ရာရခဲ့ပြီး ဆေးကုသရန် ဝမ်ကွန်တီးရွာဘက်သို့ ပြန်သွားခဲ့ပြီး ကျေးသီးဆေးရုံတွင် ကုသမှုခံယူနေပါသည်။

မိုင်းပေါက်ကွဲသံကြားရသည်နှင့်တစ်ပြိုင်နက် အစိုးရစစ်တပ်က လွိုင်ပန်ခါးတောင်ထိပ် အခြေစိုက်နေသော ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည်တပ်မတော်ကို ဦးစွာစတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါသည်။

ကွယ်လွန်သူ လုံးဆာသည် ဇနီးဖြစ်သူပါစံနှင့် သမီး(၃)ယောက်ကျန်ရစ်ခဲ့ပါသည်။

၂။ ရဟတ်ယာဉ်မှ ကြဲသည့်ဗုံးသည် ရပ်ရွာကို ပစ်မှတ်ထားသောကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရပြီး အိမ်တစ်အိမ်ပျက်စီးခဲ့

မတ်လ ၁ဝ ရက်နေ့ ညနေ(၅)နာရီအချိန်တွင် နမ့်စန်လေတပ်မှ အစိုးစစရဟတ်ယာဉ်် (၂)စီးသည် လွိုင်ပန်ခါးတောင်သို့ ရောက်လာခဲ့ကြောင်းသိရပါသည်။

အိမ်ခြေ (၃၇)အိမ်ရှိရာ ပန်ခါးရွာကို လေယာဉ်မှ စတင်ပစ်ခတ် ခဲ့သဖြင့် အိမ်ထဲတွင် ထမင်းဟင်း ချက်ပြုတ်နေသော အသက် (၅၀)နှစ်ရှိ အမျိုးသမီး နိုင်းစံရဲ့ အိမ်ကိုထိမှန်ပြီး ၄င်းရဲ့ ဘယ်ဘက်ရင်အုံကို ဗုံးစ ထိမှန်ခဲ့ကြောင်းလည်း သိရပါသည်။

နိုင်းစံ

အိမ်ကို မီးစလောင်တဲ့အချိန်တွင် လုံးစံဆိုင်သည် နိုင်းစံကို အိမ်အပြင်သို့ ဆွဲထုတ်ခဲ့ပြီး ၄င်းကို ကျေးသီး ဆေးရုံးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်သိရသည်။

ဝေဟင်ကနေ လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဝမ်ပန်ခါး ရွာမှ နေထိုင်သူများနှင့် ၄င်းအနီးရှိ မိုင်းတုံကျေးရွာအုပ်စုမှ ကျေးရွာ(၉)ရွာဖြစ်ကြသော (၁)ဝမ်ပါတက်၊ (၂)ဝမ်ကွန်နင် (၃) ဝမ်ကွန်ခါး (၄) ဝမ်မော် (၅) ကွန်တီး (၆) နိုင်းဝင်း (၇) ဝမ်ဟွန် (၈) ဝမ်ပန်ကွဲ နှင့် (၉) ဝမ်ပန်စင်းရွာမှ ရွာသူရွာသား (၇၀၀) ခန့်သည် ကျေးသီးမြို့ရှိ ကောင်အုတ်ဘုန်းကြီးကျောင်းနှင့် လွိုင်ပေါ်ဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလှုံနေကြကြောင်းသိရသည်။ မတ်လ(၁၆)ရက်နေ့တွင် ဝမ်ပန်ခါးရွာသူရွာသားများကလွဲ၍ ကျန်သောအခြားရွာသားအများစုမှာ အိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်းသိရပါသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66: 62- 941-9600       (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 173-1530      (ရှမ်း၊ မြန်မာ)

 

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်