အထက်ရဲရွာရေကာတာရပ်တန့်ဖို့ တာလုံရွာမှ ရွာသူရွာသားများ၏တောင်းဆိုချက်ကို ရှမ်းပြည်နယ်မြစ်ချောင်းများအတွက်လှုပ်ရှားမှုအဖွဲ့မှ အပြည့်အဝထောက်ခံ

အထက်ရဲရွာရေကာတာရပ်တန့်ဖို့ တာလုံရွာမှ ရွာသူရွာသားများ၏တောင်းဆိုချက်ကို ရှမ်းပြည်နယ်မြစ်ချောင်းများအတွက်လှုပ်ရှားမှုအဖွဲ့မှ အပြည့်အဝထောက်ခံ

၂၃ ရက် သြဂုတ်လ ၂၀၁၈ ခုနှစ်

သီပေါမြို့နယ် တာလုံကျေးရွာသို့ လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦး တို့သည် (၂၀၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်) နေ့တွင် လှည့်လည်လေ့လာခဲ့ပြီးနောက် တာလုံရွာသူရွာသားများက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့်အမျိုးသားလွှတ်တော်(အထက်လွှတ်တော်) ပါလီမန်ကော်မတီ ၂၃ ဦးထံသို့ ယနေ့စာတစ်စောင်ပေးပို့မည်ဖြစ်ပါသည်။ ဒေသခံနေထိုင်သူ ၆၀၀ ကျော်၏ ကျေးရွာ၊ လယ်ယာမြေများ၊ ကျောင်းများ၊ ဘုရားကျောင်းများနှင့် စေတီပုထိုးများရေလွှမ်းစေမည့်နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ် တည်ဆောက်သည့် အထက်ရဲရွာ ရေကာတာစီမံကိန်းရပ်တန့်ရန် တိုက်တွန်းပါသည်။

ပေးပို့စာအတွင်းတွင် ရေကာတာစီမံကိန်းစတင်ချိန်ကတည်းကပင် ပွင့်လင်းမြင်သာမှု မရှိသည်ကို ဖော်ပြထားပြီး ရေကာတာစတင်ဆောက်လုပ်ခဲ့သည့် ၂၀၀၈ ခုနှစ်မတိုင်မီတွင် ရွာသူရွာသား များနှင့်တိုင်ပင်ဆွေးနွေးခြင်းလုံးဝမရှိခဲ့ပါ။ ၂၀၁၄ ခုနှစ်မှသာ ရေကာတာကြောင့်ထိခိုက်မည့်ရွာသားများကို အခြားတနေရာသို့ ပို့ပေးမည်ဟု အကြောင်းကြားခဲ့သောကြောင့် ရွာသူရွာသားများ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။

ထိုအချိန်မှစ၍ တာလုံရွာသားများသည် ရေကာတာကိုဆန့်ကျင်ကြောင်း ယခင်သမ္မတဦးသိန်းစိန် အစိုးရနှင့် လက်ရှိ (NLD) အစိုးရလက်အောက်ဖြစ်တဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်များထံသို့ အကြိမ်ကြိမ်အယူခံတင်ပြခဲ့ကြပါသည်။ သို့သော် ရွာသားများ၏ အယူခံ တင်သွင်းချက်များကို လျစ်လျူရှုခဲ့ကြသည်။

၎င်းတို့၏ဘိုးဘွားနေအိမ်များ၊ လယ်ယာမြေများနှင့် ကျော်ကြားသောလိမ္မော်ဥယျာဉ်ခြံများကို ဖျက်ဆီးမည့်အထက်ရဲရွာရေကာတာစီမံကိန်းရပ်တန့်ရန်အတွက် တာလုံရွာသားများ၏ တောင်းဆိုချက်များကို ရှမ်းပြည်နယ်မြစ်ချောင်းများအတွက်လှုပ်ရှားမှုအဖွဲ့မှ အပြည့်အဝထောက်ခံပါသည်။

အစိုးရအနေနဲ့ နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ် ရေကာတာဆက်လက်မဆောက်သင့်ကြောင်း ဒေသခံပြည်သူများပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ပါတယ်။ ဒါကရှမ်းပြည်နယ်အတွင်း ပဋိပက္ခလောင်စာ တိုးမြင့်အောင်လုပ်ဆောင်ဒါပဲ … ဟု ရှမ်းပြည်နယ်မြစ်ချောင်းများအတွက်လှုပ်ရှားမှု အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ဆိုပါတယ်။

မကြာသေးခင်က လာအိုရေကာတာကျိုးပေါက်မှုကြောင့် ရွာသူရွာသား ထောင်ပေါင်းများစွာ သေဆုံးခြင်းနှင့် ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ရသည့် အဖြစ်သည် နမ္မတူမြစ် မြစ်ကြောင်းတလျှောက် နေထိုင်နေသည့် ရွာသူရွာသားများအား ကြောက်ရွံ့စိုးရိမ်မှု အကြီးအကျယ်ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နမ္မတူမြစ်ပေါ်တည်ဆောက်သည့် ရေကာတာများသည်လည်း လာအိုရေကာတာကဲ့သို့ ရေကာတာကျိုးပျက်ပါက မြစ်တလျှောက်တွင် နေထိုင်သည့် လူမှုအသိုင်းအဝန်းများ ကံဆိုးစေမည်ဖြစ်သည်။ အကြောင်းရင်းအားဖြင့် ကျိုးပေါက်ခဲ့သည့် Xe-Pian Xe-Namnoy လာအိုရေ ကာတာသည် Swedish firm AF Consul က ဒီဇိုင်း ရေးဆွဲခဲ့သည်။ ယခု ၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် နမ္မတူမြစ်ပေါ် အထက်ရဲရွာရေကာတာ စီမံကိန်းသည်လည်း Swedish firm AF Consul က ဒီဇိုင်း ဆွဲခဲ့ခြင်းဖြစ်သည်။

အထက်ရဲရွာရေကာတာသည်နမ္မတူမြစ်ပေါ် ရေကာတာစီမံကိန်းလေးခုအနက် ရှေ့ပြေးခရီးရောက်နေသောရေကာတာတစ်ခုဖြစ်သည်။ အထက်ရဲရွာရေကာတာသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တည်ရှိပြီး တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့်ဂျပန်နိုင်ငံ ကုမ္ပဏီများက ပါဝင်ပတ်သက်မှုရှိနေသော ရေကာတာတစ်ခုလည်းဖြစ်သည်။

ဆက်သွယ်ရန်

စိုင်ခေးဆိုင်        +66 81 6722 031
နန်းလောဝ်ခမ်း    +95 9 262 108 062
စိုင်းထမ်းအိုင်း     +95 9 971 879 982
စိုင်းဟော်ဆိုင်     +66 62 941 9600

PDF Files: Shan Burmese English

ထုတ်ပြန်ချက်