ရှမ်းပြည်နယ် အရှေ့ ပိုင်းမိုင်းယောင်းမြို့နယ် ထဲတွင် အစိုးရနယ်ခြားစောင့်တပ်များကရွာသား ၂ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများပြုလုပ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၃ /၂၀၁၇ )

မတ်လ ၂၇ ရက် ၂၀၁၇ ခု

ရှမ်းပြည်နယ် အရှေ့ ပိုင်းမိုင်းယောင်းမြို့နယ် ထဲတွင် အစိုးရနယ်ခြားစောင့်တပ်များကရွာသား ၂ ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများပြုလုပ်

၂၀၁၇ ခုမတ်လ ၁၂-၁၈ ရက် အတွင်းအစိုးရတပ်၏ နယ်ခြားစောင့်တပ် ( BGF ) အဖွဲ့ သည် ရှမ်းပြည် အရှေ ့ပိုင်းမိုင်းယောင်းမြို ့နယ် ရှိအပြစ်မဲ့ရွာသား ၂ ဦးကိုအကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။

မတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်တွင် မြန်မာ့အစိုးရနယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၀၈ က  မိုင်းယောင်းမြို့ နယ် ဝမ်တပ် ကျေးရွာအုပ်စုဝမ်ထင်ရွာတွင်းရှိ အသက် ၅၄ နှစ် အရွယ် လုံးနန်အွန် အိမ်သို့ရောက်ရှိလာ သည်။ အစိုးရနယ်ခြားစောင့်တပ်ကအိမ်တံခါးပေါက်ကိုဖျက်ဆီးပြီးသူ့အိမ်ထဲတွင်ဝင်ရောက် မွှေနှောက်ရှာ ဖွေ သော်လည်း လုံးနန်းအွန်ကိုတွေ့ရှိခြင်းမရှိပါ။

အစိုးရတပ်ဖွဲ့များကလုံးနန်အွန်ကိုဆက်လက်ရှာဖွေရာမတ်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁ နာရီ အ ချိန်တွင် ဝမ်ထင်ရွာ၏ တောင်ဘက်ပိုင်း ၂ မိုင်အကွာရှိဝမ်ပန်ရွာ၏ဘုန်းကြီးကျောင်း မှာရှာတွေ့ခဲ့သည်။ မိုင်းယောင်းမြို့ထဲရှိ အစိုးရတပ်အခြေစိုက် ၃၃၅ တပ်သို့ခေါ်ဆောင်သွားခဲ့သည်။ သူ့ကိုစစ်ဆေးမေးမြန်းပြီး ရှမ်းတပ်ဖွဲ့အတွက် ဆက်ကြေးကောက်ပေးသည်ဟု စွပ်စွဲလိုက်သည်။ သူ့ကိုအခန်းထဲ ၃ ရက်ကြာ ပိတ်လှောင်ထား ပြီးအစိုးရတပ် နဲ့ အတူကင်းလှည့်ဖို့ ခေါ်သွားသည်။ သေနတ်ပါ ကိုင် ဆောင်ခိုင်းသည်။

မတ်လ ၁၆ ရက်နေ့ ညနက် ၁၁ နာရီအချိန်တွင်အစိုးရနယ်ခြားစောင့်တပ်ဖွဲ့ ၏ တပ်သားတစ်ချို့က တစ်ခြားရွာသားကို သွားယောက်ဖမ်းဆီးခဲ့သည်။ ဝမ်ပန်၏ အနောက်ဘက် ရှိဝမ်ဟိုယန်ရွာထဲတွင် အသက် ၄၈ နှစ် စိုင်းနွှဲ့ဆန်ရှဲန် ကိုသူ၏ အိမ်ထဲတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ သူ့ကိုမိုင်းယောင်းမြို့ အခြေစိုက်တပ်စ ခန်း ၃၃၅ ဆီသို့ဖမ်းဆီးခေါ်ဆောင်သွားရာ ကံကောင်း၍ သူ့ဆွေမျိုးသားချင်းများနှင့် ရွာသူကြီးတို့က အခြေစိုက် စခန်းသို့လိုက်သွားကာ ရှမ်းစစ်သားမဟုတ်ကြောင်း သာမာန်ရွာသားတစ်ဦးသာဖြစ်ကြောင်း ကိုအာမခံသဖြင့်      မတ်လ ၁၇ ရက်နေ့ မွန်းလွှဲ ၄ နာရီအချိန်တွင် သူ့ကိုပြန်လည်လွှတ်ပေးဖို့စီစဉ် လိုက်သည်။

အစိုးရတပ်မတော်၏ နယ်ခြားစောင့်တပ် တပ်သားများကစိုင်းနွှဲ့ဆန်ရှဲန်ကို သွားရောက်ဖမ်းဆီးခဲ့ ရာတွင် လုံးနန်အွန်ကို ပါ သူတို့နှင့်အတူခေါ်သွားသည်။ မတ်လ ၁၈ ရက် တွင် နယ်ခြားစောင့်တပ်က လုင်းနန်အွန်ကိုရှမ်းတပ်ဖွဲ့ နဲ့ ဆက်သွယ်ကြောင်းအထောက်အထားရှာမတွေ့ သဖြင့်  သူ့ကိုအိမ်သို့ ပြန်ပို့လိုက်သည်။ သူ့အိမ်ထဲရှိ ငွေဗမာဏများနှင့် အတူ အဖိုးတန်ပစ္စည်းများ စုစုပေါင်းတန်ဖိုး သိန်း ၂၀ ကျပ်ပါ လုယှက်ခြင်းခံရသည်ကို သူတွေ့ ရှိရသည်။ လွန်ခဲ့သည့်  ၂ နှစ် ခန့်ကပင် သူ၏သားဖြစ်သူကို အစိုးရတပ်မတော် ခလရ ၅၇၃  က သူ့အိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်လိုက်သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်+(၆၆) ၀၆၂၉၄၁၉၆၀၀ ( အင်္ဂလိပ်၊ ရှမ်း)

ယိင်းလွန့်လှိုင်း    +(၆၆) ၀၆၃ ၈၃၈၉၀၂၉ ( ဗမာ ၊ ရှမ်း)

PDF File >>> Shan Burmese English 

ထုတ်ပြန်ချက်