ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှနောက်ဆုံးရသတင်း
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ ဂျက်လေယာဉ်ဖြင့် ဗုံးပကျဲသဖြင့် ရွာ သား ၃ ဦးသေဆုံးရပြီး ၇ ဦးမှာပြင်းထန်စွာ ဒဏ်ရာရရှိ
ဒီဇင်ဘာလ ၂၆ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မတ်မီးရွာကို အစိုးရလေတပ် ဗုံးကျဲခြင်းကြောင့် ဒေသခံရွာသူရွာသား ၃ ယောက်မှာပွဲ ချင်းပြီး သေဆုံးရပြီး ကျန် ၇ ယောက်မှာ ထိခိုက်ဒဏ်ရာ ရရှိသည်။ ၎င်းထဲတွင် အသက် ၅ နှစ်အရွယ်ခလေးနှင့် အမျိုးသမီး ၂ ယောက်ပါ ဝင်သည်။
ထိုနေ့နံက်၈နာရီတွင်ပန်မတ်မီးရွာနှင့် တမိုင်အကွာ ဝမ်ယောင် ပန်လရွာတွင် ရှိသည့် အစိုးရတပ် ခလရ ၅၀၆ သည် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် ရှိရာလွိုင်ယေတောင်ဆီသို့ လက်နက်ကြီးများဖြင့် ပစ်တော့သည်။ ညနေ ၆ နာရီခွဲအထိကြာသည်။
ပန်မတ်မီး ရွာထဲတွင် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀ ကျော်ခန့်ရှိသည်။ တိုက်ပွဲ ဖြစ်ပွားချိန်တွင် ရွာသူရွာသားများကြောက်လန့်ကြပြီး တချို့မိသားစု ဝင်များသည် အသက် ၇၀ အရွယ်ရှိ လုံးစိတ္တ အိမ်ထဲသို့ သွားရောက်ခိုလှုံခဲ့ ကြသည်။ ထိုအိမ်သည် တခြားအိမ်ထက် ကြီးမားပြီး ရွာသူရွာသားများက ထိုအိမ်ထဲခိုလှုံပါ က လုံခြုံမည်ဟုယူဆကြသည်။
သို့သော် ညနေပိုင်း ၄းဝ၅ အချိန်တွင် အစိုးရ ဂျက်လေယာဉ် ၂ စီးသည် လားရှိုးမှလာခါ လွိုင်ေ ယ တောင် တစ်ဝိုက်တွင် စတင်ဗုံးကျဲပြီး တချိန်တည်းတွင် ပန်မတ်မီး ရွာကိုပါဗုံးကျဲလိုက်သည်။
ဗုံးသည် လုင်းစိတ္တတို့၏အိမ်ကို တိုက်ရိုက် ကျရောက်သောကြောင့် ထိုအိမ်ထဲတွင် ပုန်းအောင်းခို လှုံနေသည့် ထဲမှ ရွာသား ၃ ယောက်မှာ လုင်းစိတ္တ အပါအဝင် ဤနေရာတွင် ပွဲချင်းပြီး သေဆုံး ကြသည်။၎င်းအထဲတွင် အသက် ၅ နှစ်အရွယ် မိန်းခလေး ၂ ယောက်နှင့် တခြား ယောက်ကျား လေးတစ် ယောက်အပြင်းအထန်ဒဏ်ရာရရှိသည်။ နွားတစ်ကောင်းလည်းထိုနေရာတွင် သေဆုံးခဲ့သည်။
ဗုံး ၃ လုံးသည် ရွာထဲရှိဘုန်းကြီးကျောင်းတွင် ကျလာရာ တည်ဆောက်လျက်ရှိသော ဘုန်းကြီး ကျောင်းအောက်တွင် နေထိုင်နေသည့် ဦးဇင်း ၄ ပါး ထိခိုက်ဒဏ်ရာရရှိသည်။ ထို့အပြင် ရွာသူရွာသား များ၏ အိမ် ၁၆ လုံးထိခိုက်ပျက်ဆီးခဲ့သည်။
ဗုံကျဲပြီးအကြာမီအချိန်တွင် ခလရ ၅၀၆ အဖွဲ့တွင် ပန်မတ်မီး ရွာထဲသို့ဝင်လာ ပြီးသည် နှင့် ရွာထဲ တွင် စခန်းချသည်။ သူတို့သည် သေဆုံးသွားသော ရွာသား ၃ ဦးကို ချက်ချင်း ပင်လန်း သချိုင်းသို့ မြေမြှပ်ဖို့အမိန့်ပေး လိုက်သည်။ တစ်ချို့စစ်သားများသည် ရွာသား ၅ ယောက် ရွာသူ တယောက်နှင့် အတူပါလာပြီး ရုပ်အလောင်း များကို ညအချိန် ရး ၃၀ မိနစ်အချိန်တွင် မြေမြှပ်ခဲ့သည်။ မြေမြှပ်သဂြိုလ်သည့်ချိန်သည် စစ်သားများ က စျာပနတွင် ရွာသူရွာသားများကို ဦးဇင်းတစ်ပါးမှ ဖိတ်ခွင့်မပြုပါ။ သေဆုံးသွားသော အလောင်းကိုလည်း ဖျာဖြင့် လိပ်ခိုင်းပြီး မြေမြှပ်သဂြိုလ် ရသည်။
ဦးဇင်းတစ်ပါးက ရှမ်းကူညီရေးအဖွဲ့ ကိုဖုန်းခေါ်ဆိုပြီး ကျန်သည့်ထိခိုက်သောရွာသူရွာ သားများ ကိုကားဖြင့် ဆေးရုံသို့ကုသရန် ပို့ဆောင်ရန်စေခိုင်းသည်။ လူနာတင်သည့်ကားသည် ရွာကနေညနေ ပိုင်း ရး၃၀ မိနစ်အချိန်တွင် ထွက်ခွာသွားပြီး လားရှိုးဆေးရုံသို့ မနက်ပိုင်းအချိန်မှရောက်ရှိပါသည်။ အသက် ၃၅ အရွယ်ဖြစ်သည့် နန်းခင်သန်းနု သည် ခင်ပွန်း စိုင်းအိုက်ဝန်း၊ ယောက်ခမ လုင်းစိတ္တ သည်လည်း ဗုံး ထိ၍ သေဆုံးသွားသော လူထဲတွင် ပါသွားသည်။ သူမမှာ ခလေး ၆ ယောက်နှင့် ကိုယ်ဝန် ၈ လ ရှိသည်။ သူမ၏ညာခြေထောက်တွင် တွင်ဒဏ်ရာ ပြင်းထန်သောကြောင့် ဇန်နဝါရီလ ၆ ရက်နေ့ ၌ ဖြတ်လိုက်ရသည်။
ဗုံးကျပြီးနောက်ပိုင်း ဒေသခံရွာသူရွာသားများ အယောက် ၂၀၀ ကျော်သည် ကျောက်မဲမြို့ သို့်ပြေးလာ ပြီး နမ့်ကျက်လင်း ဘုန်းကြီးကျောင်းတွင် ခိုလှုံခဲ့ကြသည်။ ဇန်နဝါရီ ပထမပတ်၏ နောက်ဆုံး ရက်တွင် နေရပ်သို့ပြန်သွားခဲ့သည်။ သို့သော် အစိုးရတပ်မတော် ခလရ ၅၀၆ တပ်ဖွဲ့သည် ရွာထဲတွင် စခန် းချ နေထိုင်သောတပ်သားများကျန်ရှိ နေပြီး တစ်ချို့သော ၁၀၀ တပ်သားတို့မှာ ခလရ ၅၀၁ နှင် ့ ၅၀၂ သည်ထိုဒေသထဲသို့ပြန်လည်ဝင် ရောက်လာသည်။
လေယာဉ်ဖြင့် ဗုံးကျဲရာမှ သေဆုံးခဲ့ရသောရွာသူရွာသား( လယ်သမား ) များ၏စားရင်း ကိုအောက်ပါ အတိုင်းဖော်ပြထားသည်။
စဉ်။ | အမည် | အသက် | ဗုံးဒဏ်ကြောင့်ထိခိုက်မှု အသေးစိတ် |
၁။ | လုင်းစိတ္တ | ၇၀ | ခန္တာကိုယ်နှင့် ခြေထောက် ထိခိုက် |
၂။ | စိုင်းအိုက်ဝန်း(လုင်းစိတ္တ၏သား) | ၃၀ | ဦးခေါင်းနှင့် လက် ထိခိုက် |
၃။ | စိုင်းအိုက်ယုံ | ၃၀ | ဝမ်းဗိုက်တွင်ထိခိုက် |
ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသောရွာသူရွာသားများ၏ စားရင်း။
စဉ်။ | ရွာသူရွာသားများ အမည် | လိင် | အသက် | ဗုံးမှ ထိခိုက်ဒဏ်ရာရရှိသော အသေးစိတ် |
၁ | အေးလိုင်း | မ | ၂၀ | သူမ၏နဖူးဗုံးစမှန် |
၂ | နန်းခင်သန်းနု( ဗုံးဒဏ်ရာဖြင့် သေဆုံးသူစိုင်းအိုက်ဝန်း၏ဇနီး) | မ | ၃၅ | သူမ၏ ခြေထောက်ကို ဗုံးစမှန် ပြီး ဇန်နဝါ ရီလ ၆ ရက်နေ့ ၂၀၁၆ တွင် သူ့ညာဘက်ခြေထောက်ကို ဖြတ်ထုတ်လိုက်ရ ရာ သူမ မှာ ကိုယ်ဝန် ၈ လ နှင့် ကလေး ၆ ယောက်ရှိရာ ဒါပေမဲ့ယခုချိန်တွင် မုဆိုးမ ဖြစ်သွားသည်။ |
၃ | စိုင်းကွန်းငင်း ( အေးနု သား ) | ကျား | ၅ | ဘယ်ဘက် ပုခုံးတွင် ဗုံးစမှန်သောကြောင့် ယခုချိန်တွင် ခွဲစိတ် ပြီးချုပ်ထားသည်။ |
၄ | စိုင်းအိုက်အောင် | ကျား | ၃၇ | သူ့ခြေထောက်နှင့် ဘယ်ဘက် လက် တွ င် ဗုံးစထိမှန်ရာ ပြန်လည်ချုပ်ထားသည်။ |
၅ | စဝ်စန်းပုည ( ဦးဇင်း) | ကျား | ၂၆ | နဖူးနှင့် လက်ကို ဗုံးစထိမှန်ရာ ဆေးရုံတွင် တစ်ည နေရသည်။ |
၆ | စဝ်စန်းခေမိန္တ (ဦးဇင်း) | ကျား | ၃၃ | နောက်ကြောတွင် ထိ ဗုံးစမှန် သဖြင့် ဆေးရုံတွင် တစ်ည အိပ်ခဲ့ရသည်။ |
၇ | စဝ်စန်းကာလိန္တ ( ဦးဇင်း) | ကျား | ၃၇ | ညာဘက်လက်တွင် ဗုံးစမှန်သဖြင့် ဇန်နဝါရီ လ ၄ ရက်နေ့ ၂၀၁၇ တွင် ဆေးရုံမှ ဆင်းလာရသည်။ |
ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်ဆီးသွားသော အဆောက်အအုံများနှင့် ပစ္စည်းများ
စဉ်။ | ပိုင်ဆိုင်သူအမည် | နေထိုင်သူူအရေအတွက် | ပျက်ဆီးသွားသော ပစ္စည်းများ | ပျက်ဆီးသွားသော ပစ္စည်းများ ၏ တန်ဖိုး |
၁ | ဘုန်းကြီးကျောင်း | ဦးဇင်း ၃ ပါးနှင့် ကိုယ်ရင် ၁၆ ပါး | ဆွမ်းစားဆောင်၊ ရေတိုင်ကီ ၂ လုံး ၊ စားဖိုဆောင်၊ နံရံ | သိန်း ၂၀၀ ကျပ် |
၂ | လုင်းစိတ္တ | ၅ ဦး | သွပ်မိုး၊ အိမ်ထရံ နှင့် အိမ်သုံးပစ္စည်း ဆိုင်ကယ် တစီး နွားတကောင် သေ၊ စပါး ၊ နွားတကောင် ၏ ခြေထောက် ဒဏ်ရာရ၊ စက်ပစ္စည်း | ၈,၂၈၅,၀၀၀ ကျပ် |
၃ | စိုင်းမောင်အေး | ၅ ဦး | သွပ်မိုးနှင့် အိမ်ထရံ | ၆၀ သိန်းကျပ် |
၄ | ဒေါ်အေးနေ | ၃ ဦး | သွပ်မိုးနှင့် အိမ်ထရံ | ၅ဝသိန်းကျပ် |
၅ | ဒေါ်အေးမောင် | ၂ ဦး | သွပ်မိုး အိမ်ထရံ နှင့် စားဖိုဆောင် | ၅၀ သိန်းကျပ် |
၆ | ဒေါ်အေးနီ | ၄ ဦး | သွပ်မိုး၊ အိမ်ထရံ | ၃၀ သိန်းကျပ် |
၇ | စိုင်းအိုက်ဝန်း | ၈ ဦး | သွပ်မိုး၊ အိမ်ထရံ | ၃၀ သိန်းကျပ် |
၈ | စိုင်းအိုက်ဘ | ၅ ဦး | သွပ်မိုး၊ အိမ်ထရံ | ၃ဝသိန်းကျပ် |
၉ | ဦးအောင်ကျော် | ၈ ဦး | သွပ်မိုး၊ အိမ်ထရံ နှင့် စားဖိုဆောင် | ၂၀ သိန်းကျပ် |
၁၀ | စိုင်းမောင်မောင် | ၄ ဦး | သွပ်မိုး၊ အိမ်ထရံ | ၆ သိန်းကျပ် |
၁၁ | ပီဝင်း | ၂ ဦး | သွပ်မိုး၊ အိမ်ထရံ | ၅ သိန်းကျပ် |
၁၂ | ဦးလုင်းပီး | ၃ ဦး | သွပ်မိုး၊ အိမ်ထရံ | ၃ သိန်းကျပ် |
၁၃ | စိုင်းဆိုင်ခမ်း | ၇ ဦး | သွပ်မိုး၊ အိမ်ထရံ | ၃ သိန်းကျပ် |
၁၄ | စိုင်းဆန်းပီး | ၈ ဦး | သွပ်မိုး၊ အိမ်ထရံ | ၃ သိန်းကျပ် |
၁၅ | စိုင်းဝင်းမြင့် | ၄ ဦး | သွပ်မိုး၊ တံခါး၊ အိမ်၏ပြတင်းပေါက် | ၂ သိန်းကျပ် |
၁၆ | ဦးဆိုင် | ၇ ဦး | သွပ်မိုး၊ အိမ်ထရံ | ၂ သိန်းကျပ် |
၁၇ | လုင်းစန်တော | ၁ ဦး | အိမ် ပြတင်းပေါက် | ၁ သိန်းကျပ်
|
ဆက်သွယ်ရန် လိပ်စာ
စိုင်းဟော်ဆိုင် + ၆၆(၆၂) ၉၄၁-၉၆၀၀ ( အင်္ဂလိပ်၊ ရှမ်း)
နန်းလွန့်လှိုင်း +၆၆(၆၃) ၈၃၈-၉၀၂၉ ( အင်္ဂလိပ်၊ ဗမာ )