ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း
ဩဂုတ်လ ၂ ရက် ၂၀၁၆ ခုနှစ်
ကျောက်မီးသွေးအတွက် သတ်ဖြတ်ခြင်း။
မေလ ၂၀၁၆ ခုနှစ် သီပေါမြို ့နယ်တွင်ဗမာအစိုးရစစ်သားများ နမ္မ ကျောက်မီးသွေး တူးဖော်ရာနေရာ လုံခြုံရေးအတွက် ရွာသားများအား မတရားဖမ်းဆီး၊နှိပ်စက်သတ်ဖြတ်
မေလ ၁၈ ရက် ၂၀၁၆ ခုနှစ်မှစတင်ပြီး သီပေါမြို ့နယ် နမ္မကျောက်မီးသွေးတူးဖော်ရာ နေရာတွင် ဗမာအစိုးရစစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲ ဖြစ််နေစဉ်အတွင်း ဒေသခံရွာသားများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ မတရား ဖမ်းဆီးမှုတွေ အပါအဝင် ရိုက်နှက် သတ်ဖြတ်မှုများကို ဗမာအစိုးရစစ်တပ်မှ အပြင်းအထန်ကျူးလွန်နေသည်။
ဗမာအစိုးရစစ်သား ၅၀၀ ကျော်လောက် ရှိသောဗမာအစိုးရတပ် (၄) တပ်ဖြစ်ကြသော လားရှိုး အခြေစိုက် (ခလရ ၄၁) တန့်ယန်းအခြေစိုက် (ခမရ ၅၂၃) မိုင်းရယ်အခြေစိုက် (ခလရ ၆၇) နှင့် နမ့်ပေါင့် အခြေစိုက် (ခမရ ၂၉၁) တို့အပြင် ဗမာအစိုးရစစ်တပ်ကို အားပေးသောရာချီသည့် (မန်ပန် ပြည်သူ့စစ် နှင့် လားဟူပြည်သူ့စစ်) မှ တပ်သားတို့အပြင် စစ်ရဟတ်ယာဉ်တို့ပါဝင်သည်။
မေလ ၁၈ ရက်နေ့ ၂၀၁၆ ခုနှစ် တွင် ဗမာအစိုးရစစ်တပ်မှ အရပ်သား နှစ်ယောက်အား သတ်ပစ် သည်။အသက် ၃၄ နှစ် ရှိိ နားမကောင်းသူအား သူ့၏ လယ်အနီးနားတွင် ပစ်သတ်သည်။ ဆိုင်ကယ်စီး နေသော ၂၅ နှစ်ရှိ ရွာသားတစ်ဦး အားသေနတ်ဖြင့်ပစ်ပြီး ကျောက်တုံးဖြင့် ထုနှက်သတ်ပစ်လိုက် သည်။ ဗမာအစိုးရစစ်သားများက ရွာသား ၁၃ ယောက်အားမတရားဖမ်းဆီး ချုပ်နှောင်သည်။ ထိုအပြင် အသက် ၁၆ နှစ်ရှိ ရွာသားတစ်ဦးလည်းပါဝင်သည်။ အချို ့ရွာသားတို့ကို ရိုက်နှက်ကန််ကြောက်ပြီး၊ တိရိစ္ဆာန်လို ချည်နှောင်ပြီး အတင်းအဓမ္မ ပစ္စည်းထမ်း ခိုင်းသည်။ ထိုထဲမှ နမ္မကျေးရွာမှ အဓိကရွာဖြစ်သော ဝမ်လုံမှ ၅၁ နှစ်ရှိ ရွာသူကြီးတစ်ဦးသည် ပျောက်ဆုံးနေသည်။
တိုက်ခိုက်မှုသည် ရွာသားတို့၏ နေရာ အနီး ပစ်ခတ်မှုအပြင် စစ်လေယာဉ် ဖြစ် ပစ်ခိုက်ဗုံးကျဲမှုကြောင့် ဖြစ်သည်။ရွာသား ၁၀၀၀ ကျော်သူတို့၏ အိမ်ကိုစွန့်ခွာထွက်ပြေး တိမ်းရှောင်ကြရသည်။ရွာသား အများ စုမှာ လားရှိုးမြို ့နှင့် သီပေါမြို ့ သို့ ခါခိုလှုံကြသည်။ ရွာသူ၊ရွာသားများ ထွက်ပြေးပုန်းရှောင် ပြီး နောက် ဗမာအစုိုးရစစ်တပ်မှ ခိုနန်းဖ၊ တိန်းဟိုင်း၊ နားတော် ရွာများမှ ရွာသားပိုင်ဥစ္စာပစ္စည်းကို လုယူ၊ခိုးယက်မှု အပြင် ရွာသားတို့၏အိုုးအိမ်များကို ဖျက်စီးပစ်ကြသည်။မထွက်ပြေးပဲရွာတွင်ကျန်ခဲ့သူ တို့မှာလည်း မိမိ တို့၏ လယ်ယာမြေများသို့ ၃ ပတ်ကြာ အလုပ်မလုပ်ရန် တားဆီးပိတ်ပင်ခြင်းခံရသည်။ ထိုအချိန်သည် ပြောင်းဖူး စိုက်ချိန်ဖြစ်ပြီး ရွာသားတို့၏ လူနေမှုဘဝအတွက် များစွာထိခို်က်ဆုံးရှုံးသည်။
နမ္မ သည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရေးအတွက် အဓိက အရေးပါရာ နေရာ တစ်ခုဖြစ်သည်။ ၁၉၉၀ ခုနှစ်ကတည်းက ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကို ဗမာအစိုးရ စစ်တပ် မှ တိုက်ရိုက်လုပ်ကိုင်ခဲ့သည်။သို့သော် ၂၀၀၄ ခုနှစ်တွင် မန္တလေးမြို့အခြေစိုက် ထားသော ငွေရည်ပုလဲ ကုမၸဏီနှင့် အမှတ်(၃)မြန်မာ့သတ္တုတူးဖော်ရေး၊စီးပွားရေးလုပ်ငန်း အဖြစ် ပြောင်းလဲတူးဖော်လာသည်။ ရွာသားတွေခန့်မှန်းချက်အရ ကျောက်မီးသွေးတူးဖော်သောနေရာမှ ကျောက်မီးသွေးနုကို တစ်ရက် လျှင်လော်လီကားကြီးတွေနှင့် အစီး ရာကျော်ချီပြီး နောင်ချိုမြို့ နှင့် မန္တလေးမြို့ ရှိ ငွေရည်ပုလဲ – ခရောင်း(crown) ဘိလပ်မြေ နှင့် သကြားထုတ်လုပ်ရာ စက််ရုံများသို့ သယ်ဆောင်သွားသည်။
ကျောက်မီးသွေးတူးဖော်မှုသည် လယ်ယာမြေတွေကိုပျက်ဆီးဆုံးရှုံးစေသည်။ ရေအရင်းမြစ်များ ပိတ်ဆို့ မှု၊ညစ်ညမ်းပြီး အဆိပ်အတောက်ဖြစ်မှု တွေနှင့် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။အထူးသဖြင့် ဝမ်လုံ နှင့် ပိန်းဆိုင်း ရွာတို့ကို ထိခိုက်ပျက်ဆီး စေသည်။ ဒေသခံရွာသားတို့ က တို်င်ကြားစာများကို ထပ်ခါ တစ်လဲလဲ တင်သော်လည်း ငွေရည်ပုလဲ ကုမၸဏီမှ ၎င်း ကျောက်မီးသွေးတူးဖော်မှုကို စဉ်ဆက်မပျက် တိုးချဲ့လုပ်ဆောင်လာသည်။ဧပြီလ ၁ ရက် ၂၀၁၆ ခုနှစ်တွင် ရွာသား ရာချီတို့မှာ နမ္မ ဘုန်းကြီးကျောင်း တွင် ၎င်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ဆောင်မှုကို ရပ်တန့်ရန် စုဝေးခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် နမ္မ ကျောက်မီးသွေးတူးဖော်မှုကို ရွာသားများက ဆန့်ကျင်ကန့်ကွက်
မေလ ၁၇ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ၎င်း ကျောက်မီးသွေးတူးဖော်မှုမှ ရွာသားများ၏တိုင်ကြားစာအား တုန့်ပြန်ရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)မှ အချို့သော အရာရှိ အချို့ ဝမ်ဟိုင်းစစ်ဌာနချုပ်မှ တောင်ဘက်(၁၀၀)ကီလိုမီတာရှိ နမ္မသို့ ကျောက်မီးသွေး တူးဖော်ရာ အရပ် သို့ စစ်ယာဉ်တန်းများရောက်ရှိလာပြီး ညနေပိုင်းအချိန်တွင် ဝမ်ဟိုင်းသို့ ပြန်လည်ထွက်ခွာသွား သည်။၁၈ ရက်နေ့တွင် အပစ်ရပ်စဲ ထားသော်လည်း ဗမာအစိုးရစစ်သားတို့က နမ္မ၏ တောင်ဘက် ရှိ် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်စခန်းရှိရာ ၃ နေရာ ကိုုဦးတည် ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်သည်။ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှာ ၎င်း နမ္မ တွင်အခြေချရာ နှစ်ပေါင်းကြာပြီဖြစ်ရာ ယ္ခုအခါ ထိုနေရာမှ အဓမ္မတိုက် ထုတ်ခြင်းခံရ သည်။
နမ္မ ကျောက်မီးသွေးတူးဖော်ရာ ဆိုဒ်
၎င်းတိုက်ခိုက်ထိုးစစ်ဆင်မှုသည် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကို ကာကွယ်ရန်အတွက် ထိုးစစ် ဆင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာပင်မလို်ပါ။ ယ္ခု ဗမာအစိုးရစစ်တပ်် နှင့် ပြည်သူ့စစ် တို့မှာ ၎င်း ကျောက်မီးသွေး တူးဖော်သည့်နေရာတစ်ဝိုက်တွင် လုံခြုံရေး နှင့် သယ်ယူပို့ဆောင်ရေးအတွက် ပါ ဝင် ထိန်းချုပ်ထား သည်။အဓိကတိုက်ခိုက်မှုဖြစ်ချိန်တွင် ကျောက်မီးသွေးတူးဖော်ခြင်းကို တစ်ပတ်လောက် ဆိုင်းငံ့ထားသည်။သို့သော် မေလ ၂၇ ရက်တွင်လည်း ကျောက်မီးသွေး ကို ပြန်တူးဖော်သော်လည်း ထိုဒေသတစ်ဝိုက်တွင်နေထိုင် သောရွာသားများလယ်မြေသို့သွားရာ ဗမာအစိုးရစစ်သားတို့၏ တားဆီးပိတ်ပင်ခြင်းခံ ရသည်။တိုက်ပွဲဖြစ်နေစဉ်အတွင်း ကုမၸဏီမှ ကားများသည် ဗမာအစိုးရစစ်မှ ဒေသခံ ရွာသားတို့ထံမှ ပစ္စည်း ဥစ္စာလုယက်သယ်ဆောင်ကူညီပေးသည် ကိုမြင်တွေ့ရသည်။
စစ်မက်ဖြစ်ပွါးရာဒေသတွင် သဘာဝသံယံဇာတ ထုတ်ယူခြင်းသည် နယ်မြေဒေသတွင်ပဋိပက္ခ ပိုဖြစ် စေရန် ဖန်တီးခြင်း ဖြစ်သည်။ဒေသခံရွာသားများ လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်း တိမ်းရှောင်ထွက် ပြေးရခြင်း ကိုလည်း ဖြစ်ပေါ်စေသည်။
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ၎င်း အရပ်သားတို့အပေါ်လူ့အခွင့်ရေးချိုးဖောက်ကျူးလွန်မှုနှင့် ထိုးစစ်ဆင်မှု အပေါ် ပြင်းပြင်းထန်ထန်ရှံူ ့ချသည်။ ဗမာအစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှု၊ စစ်တပ်တိုးချဲ့မှုတို့ အပြင် တိုင်းရင်းသားတို့၏နယ်မြေ ဧရိယာတွင်း လူ့အခွင့်ရေးချိုးမှုများ အားလုံးချက်ခြင်းရပ်ရန် ကျနော်တု့ိ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ထပ်မံတိုက်တွန်းပါသည်။
ကျနော်တို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ဗမာအစိုးရစစ်တပ်မတော်တို့အား ပဋိပက္ခဖြစ်ရာ တိုင်းရင်းသား နယ်မြေ တွင် သဘာဝ သံယံဇာတ တူးဖော်ထုတ်ယူမှု စီမံကိန်းကို ချက်ချင်း ဆိုင်းငံ့ ထားရန် ထပ်မံ တောင်းဆိုလိုက်သည်။၎င်း စီမံကိန်းများကို ဖက်ဒရယ်နှင့်် ငြိမ်းချမ်းရေး ရရှိ မှသာ ပြန်လည်သုံးသပ် စဉ်းစားရန်၊ ဒေသခံရွာသူူ၊သား တို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ သဘာဝ သံယံဇာတအပေါ်တွင် မိမိတို့ ပါဝင် ဆုံးဖြတ်ပိုင်ခွင့်ရနိုင်မှသာ စဉ်းစားရန်။
ဗမာအစိုးရစစ်တပ်မတော်မှ လူ့အခွင့်ရေးချိုးဖောက်မှု အသေးစိတ်
မှတ်ချက်။ ။ ဒေသခံရွာသူ၊သားများ၏ လုံခြုံမှုအတွက် လိုအပ်သော တချို့အမည်နာမ ( “ “)ကို ပြောင်းလဲထားသည်။
အကြားအာရုံမကောင်းသူ (သို့) နားမကောင်းသူ ရွာသားအား သူ၏လယ်တွင်ပစ်သတ်ခံရ
မေလ ၁၈ ရက် ၂၀၁၆ ခုနှစ် ၉း၀၀ နာရီအချိန်ခန့်တွင် အသက် ၃၄ နှစ်ရှိ စိုင်းစံထွန်း ကို ဗမာအစိုးရ တပ်မတော်က တိန်းဟိုင်းရွာအနီးရှိ သူ၏ လယ်နားတွင်ပစ်သတ် လိုက်သည်။ ဗမာအစိုးရတပ်မတော် မှ စိုင်းစံထွန်း အားခေါ်ရာ စိုင်းစံထွန်းမှာ သူတို့ကိုပြန်မဖြေသဖြင့် ဗမာအစိုးရစစ်တပ်မတော် မှ သူ့အားပစ်သတ်လိုက်သည်ကို အခြားသောရွာသား ဖြစ်သူ စိုင်းမွေး မှာ လယ်အနီးတွင် တွေ့မြင်လိုက် သည်။ စိုင်းစံထွန်း သည် လမ်းအနီး သူ၏လယ်ဘေး မြေပြင်ပေါ်သို့လှဲကျသွားသည်။ စိုင်းမွေးသည် လွန်စွာတုန်လှုပ်ကြောက်လန့်သဖြင့် ဗမာအစ်ိုးရတပ်မတော်တို့မှ ပုန်းရှောင်ရန် ထွက်ပြေးသည်။ စိုင်းမွေး မှာ ပုန်းခိုချောင်းမြောင်းရာမှ ထွက်လာရဲသော အချိန်တွင် စိုင်းစံထွန်း ကို သွားကြည့်ခဲ့ရာ စိုင်းစံထွန်း မှာ ၎င်း လှဲကျသွားသောနေရာတွင် မတွေ့ရှိတော့ပေ။စိုင်းစံထွန်း အလောင်း ဘယ်ရောက် သွားသည်ကို ခုချိန်ထိ မည်သူတစ်ဦး တစ်ယောက်မှ မသိကြပါ။
ဆိုင်ကယ်စီးသူအားသေနတ်ဖြင့်ပစ် ပြီးလျှင် ရိုက်နှက်သတ်
မေလ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၁း၀၀ နာရီအချိန်ခန့် တွင် အသက် ၂၅ နှစ်ရှိ ရွာသားဖြစ်သူ စိုင်းစောလိန် သည် ဝမ်ဟိုတိ ရွာ မှ ဆိုင်ကယ်စီးကာ တိန်းဟိုင်းရွာသို့ ကျော်ဖြတ်နေခိျန် ရွာထဲ တွင် ဗမာအစိုးရစစ်သား အချို့ ကသူအား သေနတ်ဖြစ်ပစ်လိုက်သည်။စိုင်းစောလိန် သည် သူ၏ ဆိုင်ကယ်ပေါ်မှ ရွာအစပ်ရှိ စိုင်းဂျွန်၊နန်းလီ အိမ်ရှေ့တွင် လှဲကျသွားသည်။ပြီးနောက် ဗမာအစိုးရ စစ်သားများ ကျောက်တုံးကိုကောက်ယူပြီး စိုင်းစောလိန် ၏ဦးခေါင်းကို ကျောက်တုံး ဖြင့် အကြိမ်ပေါင်း များစွာ ထုရိုက်သတ်သည်။ဗမာအစိုးရစစ်သားများ ၎င်း ခန္ဓာကိုယ်မှငွေများကိုခိုးယူသည်။စိုင်းစောလိန် ၏ အမျိုးများပြောပြချက်အရ စိုင်းစောလိန် သည် ငွေ ကျပ် ၆ သိန်း လောက်ယူဆောင်သွားသည်ဟု သိရသည်။
၎င်း မျက်််မြင်သက်သေဖြစ်သူ လုံးကောသည် တိန်းဟိုင်းရွာ မှ လူအိုတစ်ယောက်ဖြစ်သည်။ ရွာသား အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီဖြစ်ရာ လုံးကော တစ်ယောက်မှာ ဗမာအစိုးရစစ်သား ၅၀ ယောက်တု့ိ တိန်းဟိုင်းရွာ သို့ မေလ ၁၈ ရက် နံနက် မရောက်ခင်ကတည်းက ပြေးရန်မပြင်ဆင် ရသေးပေ။ လုံးကော အား ဗမာအစိုးရ စစ်သားများက ဖမ်းဆီး ရိုက်နှက်ကာ လုံးရွှေခမ်း ၏ အိမ်အောက်တွင် ချည်နှောင်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်စီး သူ စိုင်းစောလိန် အားသေနတ်ဖြင့် ပစ်ပြီး ရိုက်သတ် နေ သည်ကို လုံးကော ကမြင်တွေ့သည်။ထိုနောက် မကြာမှီ လုံးကော ပြန်လွှတ်လာသည် တိန်းဟိုင်းမှ ခြေလျှင်ထွက်ခဲ့ပြီး မက်ခေါ်ကျောင်းခမ်းရွာ တွင် တိမ်းရှောင်ထွက်ပြေးခဲ့သည်။
မည်သည့်ရွာသားမှ ရက်အတော်ကြာ လမ်းပေါ်တွင်သေဆုံးနေသော စိုင်းစောလိန် ၏ အလောင်း ကို ဖယ်ရှားရှင်းလင်းရန် မရဲပဲရှိနေသည်။မေလ ၂၁ ရက်နေ့တွင် သီပေါမြို့မှ ရွာသားအချို့ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ ကိုယ်စားလှယ် အပါအဝင် တိန်းဟိုင်းရွာကိုကျော်ဖြတ်ပြီး နမ္မ မှ စစ်ဘေးဒုက္ခသည် အချို့ကိုသွားရောက်ခေါ်ဆောင်ရာ လမ်းပေါ်တွင် ရုပ်ပျက်စွာ ပုပ်သိုးဆွေးမြေ့ သေဆုံးနေ သည်ကိုတွေ့မြင်ရသည်။
နောက်ဆုံးတွင် မေလ ၂၂ ရက် ၂၀၁၆ ခုနှစ် တွင် တိန်းဟိုင်း ရွာသူကြီး လုံးအေး နှင့် ဟူးမီ ရွာသား အချို့ ကိုလာရောက်ပြီး ၎င်း လူသေအလောင်းကို တိန်းဟိုင်းရွာ အပြင်ဘက်တွင် မြေမြှပ်သဂြင်္ု ိဟ်ရန် စီစဉ်လိုက်သည်။
ဗမာအစိုးရတပ်မတော်မှ ဖမ်းဆီး သွားသော ရွာသူကြီး ပျောက်ဆုံး
မေလ ၁၈ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် အသက် ၅၁ နှစ်ရှိ လုံးအောအောင်သည် ဝမ်လုံနမ္မရွာမှ ရွာသူကြီး ဖြစ်ပြီး ၇း၀၀ နာရီအချိန်တွင် သူ၏ လယ်များကိုကြည့်ရှုပြီး ပြန်လာချိန်တွင် ဗမာအစိုးရ စစ်တပ်မတော် ကို ဟိုလွယ်ပိန်းဆိုင်းတွင်ဆုံတွေ့သည်။ဗမာအစိုးရစစ်တပ်မတော်မှ လုံးအောအောင်အား ရှာဖွေ စစ်ဆေးရာ ဝေါကီတောကီ(walkie-talkie)စကားပြောစက်တစ်လုံးတွေ့သဖြင့် ရှမ်းစစ်သားအား သတင်းအချက်လက်ပေးပို့သည်ဟု လုံးအောအောင်အား စွပ်စွဲသည်။ အခြားသောရွာသား ၂ ယောက် လည်း ထိုနေ့တွင် ဖမ်းချုပ်ခံရသည်။ ၎င်းရွာသား ၂ ယောက်ကိုလည်း ဗမာအစိုးရစစ်တပ်မတော်မှ လုံးအောအောင်အား အချုပ်ခန်းထဲတွင်ဖမ်းချုပ်ထားသည်ကို တွေ့ရပြီး သူ့အား နားတော်ရွာ ၏ တောင်ဘက်ကိုဦးတည်ပြီး ခေါ်ဆောင်သွားသည်ကိုလည်း တွေ့ရသည်။ လုံးအောအောင် ပျောက်ဆုံး သွားသည်မှာ ယနေ့ထိ ဖြစ်သည်။
လယ်သမားကို (၇) ခုနှစ်ပတ်ကြာ မတရား ဖမ်းဆီးချုပ်နှောင်၊ လူသားဒိုင်းအကာကွယ်အဖြစ်အသုံးပြု
စိုင်းလူ အသက် ၂၅ နှစ်သည် ပိန်းဆိုင်းရွာမှ လယ်သမားတစ်ဦးဖြစ်ပြီး မေလ ၁၈ ရက်နေ့ ၃း၀၀ နာရီချိန်တွင် ဗမာအစိုးရတပ်မတော် နှင့် သူ၏လယ်တွင် ဆုံကြသည်။ စိုင်းလူအား ရှမ်းစစ်သားဖြစ်သည်ဟု စွပ်စွဲသည်။ထိုမှ တစ်ဆင့် စိုင်းလူ အား (ခမရ ၂၉၁) တပ်ကို လွှဲပေးလိုက်ပြီး သူ့အား ဗမာအစိုးရစစ်တပ်မတော်တို့၏ စစ်ဆင်ရေး နှင့် အတူလိုက်ခိုင်းသည်။ တစ်ခါတစ်ခါ စိုင်းလူ သည် သူတို့၏ ရှေ့မှ စစ်အကာကွယ်အဖြစ်လျှောက်ခိုင်းသည်။ မေလ ၂၂ ရက် ၂၀၁၆ ခုနှစ်တွင် စိုင်းလူသည် နမ္မ မြောက်ဘက် နမ့်ပေါင် စခန်း သို့ပို့ဆောင်လိုက်သည်။ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၆ မှသာ စိုင်းလူပြန်လွှတ်လာသည်။ သီပေါမြို့မှ ရှမ်းအမျိုးသားများ-ဒီမိုကရေစီအဖွဲ့ချုပ် မှ ကိုယ်စားလှယ် နှင့် ဒေသခံအသိုင်းအဝိုင်းမှ ခေါင်ဆောင်အများ လာရောက် မေတ္တာရပ်ခံပြီးနောက် မှသာလျှင် စိုင်းလူအား ဇူလိုင်လ ၇ ရက်နေ့မှ ပြန်လွှတ်ပေးသည်။
ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့် လယ်သမားအမြင် အာရုံ ပျက်စီး
မေလ ၁၈ ရက် ၂၀၁၆ ခုနှစ်တွင် ဝမ်လုံမှ အသက် ၃၀ နှစ်ရှိသူ “စိုင်းကော”အား သူ၏ လယ်တွင် ဗမာအစိုးရစစ်သားများက ဖမ်းဆီးခဲ့သည်။ စိုင်းကော အားချည်နှောင် ပြီး ဗမာအစိုးရတပ်မတော် တို့က ခေါ်ဆောင်သွားခါ တောထဲတွင်တည အိပ်ခဲ့သည်။ သူ့အားမည်သည့် အစာရေစာ မပေး ခဲ့ပါ။နောက်တစ်နေ့ ညနေတွင် စိုင်းကောအား ပြန်လည်လွှတ်လာပြီး လယ်တဲထဲတွင် တစ်ည အိပ်ပြီး နောက် အိမ်သို့ကြိုးစားပြန်ခဲ့သည်။မည်သို့ပင် ဆိုစေကာမူ ပိန်းဆိုင်းရွာ အနီးတွင် အခြားသော ဗမာအစိုးရစစ်တပ်နောက် တစ်ဖွဲ့ ကိုထပ်တွေ့သည်။ စစ်သား ၄ – ၅ ယောက်သည် စိုင်းကော မြေပေါ် သိုု့ အဓမ္မ မှောက်ချခိုင်းကာ ခြံစည်းရိုးတုတ်ဖြင့် စတင်ရိုက်နှက်သည်။ဗမာအစိုးရစစ်သားများ သည် စိုင်းကျော်၏ ခြေ၊ခန္ဓာကိုယ် နှင့် ဦးခေါင်းကို ရိုက်နှက်ရာ သူ၏နား၊ ညာမျက်စိ တို့ကိုထိ ခိုက်ကာ သွေးများ ယိုးစီးကျလာသည်။ဗမာအစိုးရစစ်သားက စိုင်းကော ဘယ်ရွာကလာသလဲဟု လို့မေးရာ သူက ဝမ်လုံက လာသည်ဟု ပြန်ဖြေလိုက်ရာ ဗမာအစိုးရစစ်သားက သူတို့ စိုင်းကော အား လူမှားပြီး ရိုက်လိုက်သည်ဟု ဆိုပြီး သူ့အားပြန်လွှတ်ပေးသည်။ဗမာအစိုးရစစ်တပ်က စိုင်းကောအား ကားပေါ် သို့တင်ဆောင်ကာ သူ၏အိမ် ကိုပြန်လည်သယ်ဆောင်သွားသည်။စိုင်းကောသည် သူ၏ ထိခို်က် ဒဏ်ရာရမှုအား ဆေးကုသခံရပြီး ယ္ခုသူ၏ မျက်စိအမြင် အာရုံပျက်စီးသွားသည်။
ရွာသား နှစ်ယောက် ၅ ရက်ဖမ်းဆီးချုပ်နှောင်ခံရ
မေလ ၁၉ ရက် ၂၀၁၆ ခုနှစ် တွင် အသက် ၄၂ နှစ်ရှိသူ “စိုင်းပွန်း” သည် နမ္မရွာမှ ဖြစ်ပြီး ထိုရွာမှ ပန်ငါးရွာ သို့ ဘာသာ ဿသနာပွဲ အတွက် ဖိတ်စာဝေငှ ရန်သွားခဲ့သည်။စိုင်းပွန်းသည် ထိုရွာတွင်း ရှိ ရွာသူကြီးအိမ်တွင် တစ်ညသာ အိပ်ပြီးနောက်တစ်နေ့ နံနက် ၆း၀၀ နာရီအချိန်ခန့်တွင် စိုင်းပွန်း တစ်ယောက် ရွာထဲသို့လှမ်းလျှောက်ပတ်ကြည့်နေချိန်တွင် ဗမာအစိုးရစစ်သား အယောက် ၁၀၀ ခန့်ရွာထဲသို့ဝင်လာသည်။ဗမာအစိုးရစစ်သားများက စိုင်းပွန်း ကိုတွေ့ပြီး သူ့အား ရွာသူ၊သား တွေ ဘယ်ရောက်ကုန်လဲ လို့မေးသည်။စိုင်းပွန်းလည်း ရွာသားတွေအားလုံးပြေးကုန်ပြီးလို့ ပြန်ဖြေရာ စစ်သားတွေက မင်းကရောဘာလို့မပြေးသလဲဟု စိုင်းပွန်း အားမေးသည်။စိုင်းပွန်းက ကျနော်က ဒေသခံရွာသားတစ်ယောက်ဖြစ်ကြောင်း ဗမာအစိုးရစစ်သားက သူ့အား မြေပြင်ပေါ်သို့လှဲ ခိုင်းပြီး စိုင်းပွန်းအား လက်ပြန်ကျော ကြိုးတုတ်လိုက်သည်။ဗမာအစိုးရစစ်သားများသည် စိုင်းပွန်းအား သူတို့ နှင့် အတူ ဆိုင်းခေါင်၊ပန်ငါး၊ကောင်းမက်မုံ့ နှင့် နားနွဲ့လတ်တိုင် ရွာသို့ စစ်ကြောင်း၊စစ်ဖြင့် ၄ ည ၅ ရက် ဖမ်းခေါ်သွားသည်။ဗမာအစိုးရတပ်မတော်တို့ တောထဲရောက်ချိန်တွင် စို်င်းပွန်း အားသစ်ပင် ခြေရင်းနားတွင် ကြိုးတုတ်ထားသည်။ဗမာအစိုးရတပ်မတော် ရွာထဲတွင်နေချိန် စိုင်းပွန်း အားရွာသား တို့ ၏ အိမ်အောက်တွင် ကြိုးတုတ်ထားသည်။မေလ ၂၅ ရက် ၂၀၁၆ ခုနှစ် ဗမာအစိုးရတပ်မတော် နှင့် စို်င်းပွန်း တို့ မက်ခေါ်ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းရောက်ရှိချိန်တွင် နောင်ငင်းဘုန်းကြီးကျောင်း မှ ကျောင်းထိုင်ဘုန်းကြီး မက်ခေါ်ကျောင်းခမ်း ဘုန်းကြီးကျောင်းသို့ ထိုနေ့တွင်ပင် သွားရောက်ကာ ဗမာအစိုးရတပ်မတော်မှ ဖမ်းဆီးထားသော ရွာသားများအားလွှတ်ပေးရန် မေတ္တာရပ်ခံသည်။ သို့သော် စိုင်းပွန်း တစ်ယောက်သာ ပြန်လည်လွှတ်လာသည်။
မေလ ၁၉ ရက် ၂၀၁၆ ခုနှစ် တွင် အသက် ၄၀ ရှိ “စိုင်းလောင်” သည် မိုင်းယော်တွင်းရှိ ဝမ်လွယ်ငင်း ရွာ မှဖြစ်ပြီး သူ၏ အမေ လယ်ရှိရာ တိန်းဟိုင်း ရွာ၌ ဗမာအစိုးရစစ်သား လာရောက်ဖမ်းဆီးသည်။ ဗမာအစိုးရစစ်သားများ သူ့၏ လက်အား ချည်နှောင် ကာ သူတို့ စစ်ဆင်ရေးနေရာ တစ်ဝိုက််သို့ မေလ ၂၅ ရက်ထိခေါ်ဆောင်သွားသည်။ စိုင်းပွန်း နှင့် အတူဖြစ်သည်။ စိုင်းလောင် အား စိုင်းပွန်း နှင့် အတူ မက်ခေါ်ကျောင်းခမ်း ၌ မလွှတ်ပေးပေ။သို့သော် မကြာခင်အချိန်အတွင်း နားတော် သို့ ခေါ်ဆောင် သွားခဲ့ရာ စိုင်းလောင် သည် ဗမာအစိုးရစစ်သားထံမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ရွာသားလေးယောက်အား ကြိုးတုတ်ချည်နှောင်ပြီး ပေါ်တာအဖြစ် အဓမ္မ စေခိုင်း
ဗမာအစိုးရစစ်တပ်မတော် နှင့် ရှမ်းပြည်တပ်မတော် တို့ တိုက်ခိုက်နေခိျန်တွင် နမ္မကျေးရွာအုပ်စုမှ ရွာသား လေးယောက်သည် ဗမာအစိုးရစစ်သားတွေ အတွက် ဆန် များကို အဓမ္မ ထမ်းခို်င်းသည်။ ဗမာအစိုးရစစ်တပ်မှ သူတို့ လေးဦးအား ဖမ်းဆီးချုပ်နှောင်ထားသည်။ လေးဦး အားနှစ်ပတ်ကြာ ဖမ်းဆီး ထားသည်။အသေးစိတ် အချက်အလက်များမှာ –
၁။ မေလ ၁၈ ရက်နေ့ ၂၀၁၆ ခုနှစ် အသက် ၂၁ နှစ်ရှိသူ “စိုင်းစိုင်း ”သည် ဝမ်လုံရွာမှ ဖြစ်ပြီး ထိုရွာမှ အလုပ်သမားတစ်ယောက်အား သူ့၏ ဆိုင်ကယ်ပေါ်မှ သူ၏ လယ်တွင် ချခဲ့သည်။ ၇း၀၀ နာရီတွင် ပိန်းဆိုင်းရွာ အနီးနားရောက်ရှိချိန်တွင် ဗမာအစိုးရစစ်သား ၇၀ ယောက်လောက်က သူ့အား တားဆီးလိုက်သည်။ဗမာအစိုးရစစ်သားများက စိုင်းစိုင်း အား ရှမ်းစစ်သားတွေ ဘယ်မှာ အခြေစိုက် သလဲ ရှမ်းစစ်သားတွေ နှင့် တအောင်း စစ်သားတွွေရ့ဲအကြား ဆက်သွယ်မှုတွေပါ စိစစ် မေးမြန်းသည်။ဗမာအစိုးရစစ်သားတွေ သူ့အားမေးမြန်းနေချိန်တွင် ၁ မိုင်လောက်အကွာမှ လမ်းမ တစ်လျှောက် အတိုင်းမောင်းနှင်းသွားသော ကားနှစ်စီးက သူတို့အား မြင်လိုက်သည်။ ဗမာအစိုးရစစ်သားများ ထို ကားနှစ်စီး ဆီသို့ စတင်၍ သေနတ်ဖြစ်ပစ်ခတ်ပြီး လက်ပစ်ဗုံးဖြင့် ပစ် ပေါက်လိုက်သည်။ထိုနှစ်စီးထဲမှ တစ်စီး၏ ရှေ့ဘီးနှင့် ရှေ့တံခါးပေါက်သို့ ကိုထိမှန်ခဲ့သည်။ထိုအချိန် တွင်မော်တော်ဆိုင်ကယ်စီးသူ နှစ်ယောက် လမ်းမအတိုင်းမောင်းနှင်လာသည်။ ဗမာအစိုးရစစ်သားများကထိုသူ နှစ်ယောက်ကိုပါ ထပ်မံပစ်သော်လည်း သူတို့ကို ထိခြင်းမရှိပေ။
ဗမာအစိုးရစစ်သားများသည် စိုင်းစိုင်းအား စိစစ်မေးမြန်းပြီးနောက်တွင် သူ့၏လက်ကို ချည်နှောင်ကာ ဗမာအစိုးရ စစ်သားများအတွက် နားတော်ရွာအနီး တောထဲမှဆန်အိတ်အား ထမ်းခိုင်းသည်။စိုင်းစိုင်း ကို မွန်းတည့်ချိ်န်တွင်ပြန်လည် လွှတ်ပေးသည်။ထိုအချိန်တွင် ဗမာအစိုးရတပ်မတော်မှ စစ်လေယာဉ် ဖြစ် ထိုနေရာတစ်ဝိုက် ကိုဗုံးကျဲ ခဲ့သည်။
၂။ မေလ ၁၈ ရက်နေ့ ၂၀၁၆ ခုနှစ် နံနက််ပိုင်းအချိန်တွင် အသက် ၃၀ နှစ်ရှိ “စိုင်းလှ” သည် ဝမ်လုံရွာမှ ဆိုင်ကယ်စီး၍ ဖျားနေသောသူ၏ မိန်းမအား ကြည့်ရှုရန် လာနေချိန်တွင် သူ့အား ဗမာအစိုးရစစ်သား များက တားဆီးလိုက်သည်။ စိုင်းလှ လည်း ဗမာအစိုးရစစ်သားတွေအတွက် စိုင်းစိုင်း နှင့် အတူ ကြိုးတုတ်ကာ ဆန်အိတ်ကို အတင်းအဓမ္မထမ်းခိုင်းသည်။ထိုနောက် မွန်းတည့်ချိန် တွင် စိုင်းလှ ပြန်လည်လွှတ်လာသည်။
၃။ မေလ ၁၉ ရက်နေ့ ၂၀၁၆ ခုနှစ် ၄း၀၀ နာရီ အချိန်လောက်တွင် အသက် ၂၀ နှစ်ရှိ “စိုင်းမူးလိန်” သည် သူ၏ လယ်တောထဲမှ သူ၏အိမ်ရှိသော နားကွန်ရွာသို့ ပြန်လာချိန်တွင် ဗမာအစိုးရ စစ်သား ၅၀ ယောက်လောက် နှင့်တွေ့ဆုံခဲ့သည်။စိုင်းမူးလိန် အား ရှမ်းစစ်သားဖြစ်ခဲ့သည်ဟုစွပ်စွဲကာ ရှမ်းစစ်သား တွေဘယ်မှာရှိသလဲလို့လည်းမေးသည်။ထိုနောက် ဗမာအစိုးရစစ်သားများက သူ့အား ကြိုးတုတ်ကာ သူတို့နှင့် အတူ နားတော် သို့ ၇ ည ၇ ရက် ခေါ်ဆောင်သွားသည်။ပြီးနောက် သူ့အား ပန်ငါးရွာ အနီး တောထဲသို့ခေါ်ဆောင်သွားပြီး သစ်ပင်ခြေရင်းတွင် တစ်ညချည်နှောင်ခံရသည်။ အဲ့ဒီနောက် စိုင်းမူးလိန် အား အတင်းအဓမ္မ သူတို့အတွက် မက်ခေါ်ကျောင်းခမ်း ရွာသို့ ဆန်အိတ်ထမ်း ခိုင်းသည်။ထိုရွာ ထဲရှိအိမ် အောက်တွင် စိုင်းမူးလိန် အား ၆ ည ၆ ရက် ချည်နှောင်ခံရသည်။ဇွန်လ ၂ ရက်နေ့ ၂၀၁၆ ခုနှစ် မှ စို်င်းမူးလိန် ပြန်လည်လွှတ်လာသည်။
၄။ မေလ ၁၉ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် နောင်နွေး မှ အသက် ၄၀ နှစ်ရှိ “စိုင်းတိ ”သည် နားကွန်ရွာ မှ ဗမာအစိုးရစစ်တပ်မှ ဖမ်းဆီးခြင်းခံရပြီး သူ့အား ပါးရိုက်ခါ ကြိုးတုတ်ချည်နှောင်လျှက် ပန်ငါးရွာ သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။ထိုနောက် ဗမာအစိုးရစစ်တပ်မတော်တွေတွက် ဆန်အိတ် ကို နားတော်ရွာတစ်ဝိုက်ကို်ထမ်းခိုင်းသည်။ဇွန်လ ၂ ရက်နေ့ ၂၀၁၆ ခုနှစ်မှသာ စိုင်းမူးလိန်ပြန်လွှတ် လာသည်။
ကလေးဘဝမှ ရခဲ့သော အမာရွတ်အပေါ်၊ရွာသားတစ်ယောက်အား အတင်းအဓမ္မ ဖမ်းဆီး၊ကန်ကြောက်ပြီး ပစ္စည်းထမ်းခိုင်း
“စိုင်းဆု” သည် နားတော်ရွာမှ လယ်သမားတစ်ယောက်ဖြစ်ပြီး ၇ နှစ်သားအရွယ်ကတည်းက သူ၏လက်မောင်းကို ကြံဖြတ်စက်မှ လက်ကောက်ဝတ်နားတွင် အမာရွတ်ဒဏ်ရာရကျန်ခဲ့သည်။မေလ ၁၈ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် စိုင်းဆုသည် အခြားသော ရွာသားတို့နှင့် ကျောင်းဘိုးတော် ဘုန်းကြီးကျောင်း သို့ ထွက်ပြေးတိမ်ရှောင်ခဲ့သည်။ မေလ ၂၂ ရက် ၂၀၁၆ ခုနှစ် နံနက်ပိုင်းတွင် စိုင်းဆုသည် အခြားရွာသား တစ်ယောက်နှင့် သူ့၏ အိမ်ကိုပြန်လည် ကြည့်ရှု့ စစ်ဆေးရန်ပြန်လာခဲ့ရာ တွင်ဗမာအစိုးရစစ်သားတို့နှင့် ပန်ငါးတွင်တွေ့သည်။ဗမာအစိုးရစစ်တပ်သားတို့က ၎င်း ရွာသား နှစ်ဦးကို စစ်ဆေးမေးမြန်းပြီး သူတို့ နှစ်ယောက်အား ဖမ်းထားပြီးဖြစ်သော အခြားရွာသား ၈ ယောက်တို့နှင့် ပန်ငါး တွင် တစ်ည ဖမ်းဆီး ချုပ်နှောင်ထားသည်။ နောက်တစ်နေ့တွင် စိုင်းဆု မှ လွှဲ၍ ကျန်ရွာသားများအားလုံး ကိုပြန်လည်လွှတ်ပေးလိုက်သည်။ စိုင်းဆု ၏လက်ကောက်ဝတ်နားတွင် အမာရွတ်ကိုတွေ့ခြင်းကြောင့် သူ့အား ရှမ်းစစ်သားဖြစ်သည််ဟု စွပ်စွဲသည်။ စိုင်းဆု အား သေနတ်ဘယ်မှာ ဝှက်ထားလဲဟု အကြိမ်ကြိမ်မေးမြန်းစစ်ဆေးသည်။ စိုင်းဆုအား ဗမာအစိုးရစစ်သားအများက ဓါးဖြင့် သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်သည်။မည်သို့ဆိုစေကာမူ စိုင်းဆု သည် ဗမာစကားကို လည်လည်ဝဲဝဲ နားမလည်ပေ။ဗမာအစိုးရစစ်သားများက စိုင်းဆုအား မြေပြင်ပေါ်သို့ ဒူးထောက်ခိုင်းပြီး နောက်ပြန်ကြိုးတုတ်နှောင်ပြီး စိုင်းဆု ၏ ဦးခေါင်းကို ကန်ကြောက်သဖြင့် စိုင်းဆု မြေပြင်ပေါ်သို့လဲကျသွားသည်။ဗမာအစိုးရစစ်သားများက စိုင်းဆု အား တစ်ည ချုပ်နှောင်ထားလိုက်ပြီး စိုင်းဆုအား သူတို့ပါလာသော အသုံးဆောင်ပစ္စည်းကို မက်ကော် ရွာသို့ သယ်ခိုင်းသည်။သူတို့ မက်ကော်ရွာသို့ ရောက်ရှိချိန်တွင် ဗမာအစိုးရစစ်သားများက စိုင်းဆုအား အိမ်အောက်တွင် ဇွန်လ ၂ ရက်နေ့အထိ ချည်နှောင်ထားလိုက်သည်။နောက်ဆုံးတွင် စိုင်းဆု ပြန်လည်လွှတ်လာသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မဂ္ဂဇင်း အားတွေ့သဖြင့် ၁၆ နှစ်ရွာသားတစ်ယောက်နှင့် ၅၅ နှစ် ရွာသူကြီး အား ရိုက်နှက်ပြီး ချည်နှောင်
မေလ ၁၇ ရက် ၂၀၁၆ ခုနှစ်တွင် ဗမာအစိုးရတပ်မတော်နှင့် ပြည်သူ့စစ်များ ပိန်းဆိုင်းရွာ တစ်ဝိုက် သို့ ကင်းလှည့်ရာ အဖွားဖြစ်သူ နိုင်းအိန်အွန် အိမ်သို့ ဝင်ရောက်ရာ သူ၏ မြေးဖြစ်သူ အသက် ၁၆ နှစ်ရှိ စိုင်းဘ ကိုမြင်တွေ့သည်။ထိုအချိန်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) မှထုတ် မဂ္ဂဇင်း ကိုအိမ်တွင်တွေ့သဖြင့် စိုင်းဘ အား ၎င်း မဂ္ဂဇင်းကို ဘယ်ကရလာသလဲ လို့မေးမြန်းပြီး စိုင်းဘ အား ရိုက်နှက် ချည်နှောင် ပြီး အခြားသောအိမ်သို့ခေါ်ဆောင်သွားကာ ရွာသူကြီး ဖြစ်သူ ပူမိန်း အား ၎င်း မဂ္ဂဇင်း နှင့်ပတ်သက်ပြီး မေးမြန်းသည်။ဗမာအစိုးရစစ်သားများက ဘူမိန်း အားပါးရိုက်ပြီး သူ၏ ရင်ဘတ်ကိုဆောင့်ကန်သည်။သူတို့ နှစ်ယောက်ဖြစ်သူ စိုင်းဘ နှင့် ပူမိန်း အား အိမ်အောက်တွင် တစ်ည အတူချည်နှောင်ခံရသည်။နောက်တစ်နေ့ မနက်တွင် ၎င်း ရွာသား နှစ်ယောက် ပြန်လည်လွှတ် ပေးရန်၊ အချို့အသက်ကြီး ရွာသားတစ်ချို့ နှင့် ဘုန်းကြီး လာရောက် အသနားတောင်းခံသည်။ ရွာသားတွေက၎င်း မဂ္ဂဇင်းအား ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နှစ်အနည်းငယ်ကြာလောက်တုန်းက ပွဲလာရောက်စဉ် ကဖြန့်ဝေခဲ့ သည်ဟု ရှင်းလင်းပြသည်။ ထိုနောက်မှသာ ဗမာအစိုးရစစ်တပ်မတော် မှ ဖမ်းဆီးထား သော ရွာသားနှစ်ယောက်အား ပြန်လည် လွှတ်ပေးသည်။ဗမာအစိုးရစစ်သား တွေက၎င်း မဂ္ဂဇင်းအား မဖတ်ရဘူးလို့ ရွာသားတွေကို ပြောသည်။
အရပ်သားများ၏ နေရာအနီးသို့ ဗုံးကျဲပစ်ခတ်
မေလ ၂၀ ရက် ၂၀၁၆ ခုနှစ် ၁၁း၀၀ နာရီ ဝန်းကျင်လောက်အချိန်တွင် ဗမာအစိုးရစစ်တပ်မတော်မှ ၆၀ မမ/mm မော်တာ ဖြင့် ပိန်းဆိုင်းရွာ မြောက်ဘက် ရှိ နှစ် နေရာကို ပစ်ခတ်လိုက်သည်။ဗမာအစိုးရ စစ်တပ်မှ လယ်ထဲရှိ ရွာသားအချို့ အနီးသို့ အမြောက်ဖြင့် ၃ ချက်ပစ်သည်။သို့သော် ကံကောင်း စွာ မည်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်ခြင်းမရှိပေ။ထို့ပြင် နမ္မဘုန်းကြီးကျောင်းအနီး သို့ ပစ်ခိုက်ပြီး အမြောက်ဖြင့် ပစ်သည်။၎င်း ကျည်ဆံသည် ကိုရင်တွေ နှင့် ဘုန်းကြီး ၁၅၆ ပါးတွေတွက် နေရာ ထိုင်ခင်း ပေးထားသည့် ဘုန်းကြီးကျောင်းနှင့် ၉၀ မီတာကျော်လောက်သာ အကွာတွင်ကျသည်။ ထိုနောက်များမကြာခင် ကျောင်းထိုင်ဘုန်းကြီး နှင့် ကိုရင်တွေအားလုံး သီပေါမြို့ သို့ ရှောင်ပုန်း သည်။
ဗမာအစိုးရစစ်တပ်မတော်က ရွာသားများ ပိုင်ဆိုင်သော ပစ္စည်း၊ဥစ္စာ အားခိုးယူလုယက် ဖျက်ဆီး – ကျောက်မီးသွေးတူးဖော်သော ကုမၸဏီအဖွဲ့မှ ကူညီ
နားတော်၊ တိန်းဟိုင်း နှင့် ခိုနန်းဖ ရွာမှ ရွာသားအများစုမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက်တွင် ဗမာ အစိုးရစစ်တပ်မတော်တို့မှာ ထိုရွာများတွင်းမှ ရွာသားများပိုင်ဆိုင်သောပစ္စည်းဥစ္စာကို လုယူ ခိုးယက် ဖျက်ဆီးကြသည်။စားစရာများ နှင့် တန်ဖိုးရှိသော အရာများကိုလုယူ ခိုုးဝှက်သည်။ ပြောင်းဖူးအိတ်များ ကိုလည်းဖေါက်ဖြဲခါသွန်မှောက်ချထားသည်။မော်တော်ဆိုင်ကယ်များလည်း ထိုနည်းတူစွာ ရိုက်ခွဲ ဖျက်ဆီး ပြီး မီးရှို့ပစ် လို်က်သည်။
မေလ ၂၁ ရက် ၂၀၁၆ ခုနှစ်တွင် သည် ငွေရည်ပုလဲကုမၸဏီ မှ ကားတစီးသည် နားတော်ရွာမှ ခိုးယူ လုယက်သော ပစ္စည်းများ နေရောင်ခြည်လျှပ်စစ်အားဖြစ်သော ဆိုလာပြားများ ကိုပါ နမ္မကျေးရွာ အုပ်စုတွင်းမှ နားနန်း ရွာသို့သယ်ဆောင်လာသည်ကို ဒေသခံရွာသားများက မြင်သည်။ပစ္စည်းများကို ထို နားနန်းရွာ တွင်အကုန် ချကာ မန်ပန် ပြည်သူ့စစ် ၏ ကားနှင့်သယ်ဆောင်သွားသည်။
ထိုးစစ်ဆင်နေမှုအချိန်တွင် ဗမာအစိုးရစစ်တပ်မတော် တို့ နမ္မ ကျေးရွာအုပ်စု ဒေသခံရွာသားများ၏ အိမ်တွင် စစ်စခန်းချ တည်းသည်။ဗမာအစိုးရစစ်သားများ သူတို့ကြိုက်နှစ်သက်ရာ အစားအစာ ကိုစိတ်တိုင်းကျ ယူသည်။ပိန်းဆိုင်းရွာမှ ရွာသားတစ်ဦး ခုလိုရှင်းပြသည်။ “ ဗမာအစိုးရစစ်သား ၁၀၀ လောက်တို့ ကျနော်တို့ ရွာ၌ စခန်းချတယ်။ကျနော်တို့အိမ်မှာ ၂၂ ယောက် ၃ ညအိပ်တယ်။ သူတို့ ကျနော်တို့ရဲ့ ဆန်တွေ၊ဆားတွေ နဲ့ ဆီတွေကို သူတို့ကိုယ်တိုင် ချက်စားဖို့ယူတယ်။ကံကောင်းစွာ ရွာမှာ ဘယ်မိန်းကလေးမှ မရှိနေတာပဲ။ သူတို့အားလုံး စစ်ပွဲ ဖြစ်ချိန်ကစလို့ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။”
နားတော်ရွာအတွင်း လုယက်ခိုးယူ ဖျက်ဆီးသည့် ပစွည်းများ အသေးစိတ်
စဉ်။ | ပိုင်ဆိုင်သူ | ရွာအမည် | ပျက်ဆီးဆုံးရှူံးသည့်ပစ္စည်း | စုစုပေါင်းတန်ဖိုး |
၁။ | စိုင်းဟန်+နန်းဟန် | နားတော် | ဆန် ၆ အိတ်၊ဆိုင်ကယ် ၁ စီး၊မျိုးစေ့ပြောင်း ၇ အိတ်၊စားတော်ပဲမျိုးစေ့ ၄ အိတ်၊ဆိုလာပြား ၂ ချပ်၊ဘက်ထရီ ၁ လုံး | ၁၂၀၀၀၀၀ ကျပ် |
၂။ | စိုင်းဆန်နွံ+နန်းအေးခေး | နားတော် | ဆိုင်ကယ် ၁စီး ဆန် ၇ အိတ်၊ဆိုလာ ပစ္စည်း နှင့် ဘက်ထရီ ၁ လုံး | ၁၀၀၀၀၀၀ ကျပ် |
၃။ | စိုင်းပန်တိ | နားတော် | ဆန် ၂ အိတ်၊ အဝတ်ဘီရို ၊အဝတ်ထည်များ၊ ဆိုင်ကယ် ၁ စီး | ၁၁၀၀၀၀၀ ကျပ် |
၄။ | ပါညို | နားတော် | ဘုရားတစ်ဆူ၊ဆန် ၅ အိတ်၊ဆိုလာပြား၊ ဘက်ထရီ ၊အဝတ်အစားများ | ၃၅၀၀၀၀၀ ကျပ် |
၅။ | လုံးထွန်းအောင်+ပါနန်းပေါင်း | နားတော် | ဆိုင်ကယ် ၁ စီး၊ဆန် ၈အိတ်၊ဆိုလာပြား ၁ ချပ်၊ဘက်ထရီ ၂ လုံး | ၁၀၀၀၀၀၀ ကျပ် ကျော် |
၆။ | လုံးပန်း+ပါလှခင် | နားတော် | ဆိုင်ကယ် ၁ စီး၊ဆန် ၆ အိတ်၊ဘက်ထရီ ၂ လုံး၊အဝတ်အစားများ | ၁၀၀၀၀၀၀ ကျပ် |
၇။ | လုံးမောင်အေး+နန်းအောပင် | နားတော် | ဆိုင်ကယ် ၁စီး၊ဆန် ၆ အိတ်၊ ဆိုလာ၊ဘက်ထရီ၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | ၁၀,၀၀၀၀၀ ကျပ် |
၈။ | လုံးကော်ခမ်း+ပါငွေလူ | နားတော် | ဆိုယ်ကယ် ၁စီး၊ဆန် ၇ အိတ်၊ အိမ်သုံးပစ္စည်းအားလုံး ဖျက်ဆီးခံရ | ၉၀၀၀၀၀ ကျပ်ကျော် |
၉။ | လုံးစောဆာ+ပါဦး | နားတော် | ဆန် ၄ အိတ်၊ကြက် ၊အိမ်သုံးပစ္စည်း အားလုံးဖျက်ဆီးခံရ | ၈၀၀၀၀၀ ကျပ် |
၁၀။ | လုံးန+ပါပေါင်း | နားတော် | ရွှေနားကပ် ၁ စုံ၊ရွှေဆွဲကြိုး ၁ ကုံး၊ပြောင့်စေ့ ၅ အိတ်၊ မြေဩဇာ ၃ အိတ် ဒီဇယ် ၁ ပုံး၊ဓါတ်ဆီ ၁ပုံး၊ဆန် ၅ အိတ်၊လွှကြီး-လွှငယ်၊အိမ်သုံးပစ္စည်းများအားလုံးဖျက်ဆီးခံရ | ၁၂၀၀၀၀၀ ကျော်ကျပ် |
၁၁။ | စိုင်းဆန်လျှန်+နန်းအေးစိန် | နားတော် | ဆန် ၆ အိတ်၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | ၈၀၀၀၀၀ ကျပ် |
၁၂။ | လုံးကျော်အွမ်+ပါနန်းရွှေ | နားတော် | ဘုရား ၁ ဆူ၊လယ်ထွန်စက် ၁ စီး၊ဒီဇယ် ၃ ပုံး၊ပေပါပုံး ၁ လုံး၊အိမ်သုံးပစ္စည်းအားလုံး၊ရွှေဆွဲကြိုး ၁ ကုံး | ၂၁၀၀၀၀၀၀ ကျပ် |
၁၃။ | လုံးကာလိန် | နားတော် | အိမ်ခေါင်မိုး အားလုံး၊ဆန် ၃ အိတ်၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | မသိရသေး |
၁၄။ | ပူအောင် | နားတော် | ပြောင်းစေ့ ၃၃ အိတ်၊စက်ပစ္စည်း၊ ဆန် ၁၁ အိတ် ၊ ဆိုင်ကယ် ၁ စီး၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | ၁၀၅၀၀၀၀ ကျပ် |
၁၅။ | လုံးပန်းဆာ | နားတော် | ဆန် ၈ အိတ်၊ကျသင့်ငွေ ၆၅၀၀၀၀ သိန်းကျပ် ရှိ နားဆွဲ၊ဆိုင်ကယ် ၁စီး၊မျိုးစေ့ပြောင်း ၆ အိတ်၊နှမ်းဖြူ ၇ အိတ်၊ ဂျပန် နှမ်း ၁ အိတ် | ၁၆၆၁၀၀၀ ကျပ် |
၁၆။ | ပူကွမ်း | နားတော် | ဆန် ၄အိတ်၊အိမ်သုံးပစ္စည်းအားလုံး ဖျက်ဆီးခံရ | ၄၆၀၀၀၀ ကျပ် |
၁၇။ | ပူကျော်+နိုင်းနွံ | နားတော် | ဆန် ၁၁ အိတ်၊ လှူရန် ဆန် ၁၈ အိတ်၊စပါး ၂၇ တင်း၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | ၁၀၀၀၀၀၀ ကျပ်ကျော် |
၁၈။ | စိုင်းအောင်ပန်း+နန်းထွေး | နားတော် | ဆိုင်ကယ် ၁စီး၊ဆန် ၃ အိတ်၊ အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | ၇၀၀၀၀၀ ကျပ် |
၁၉။ | စိုင်းဆန်မောင်+နန်းစိန် | နားတော် | ပြောင်းမျိုးစေ့ ၂၁ အိတ်၊မြေဩဇာ ၁ အိတ်၊ဆန် ၅ အိတ်၊နွား ၂ ကောင်၊ဘက်ထရီ၊ဆိုလာပြား၊ အိမ်သုံးပစ္စည်အားလုံးဖျက်ဆီးခံရ | ၁၄၅၀၀၀၀ကျပ် |
၂၀။ | လုံးစိုင်းမောင်+ပါနန်းလွယ် | နားတော် | ဆန် ၅ အိတ်၊ဆိုလာပြား၊ဘက်ထရီ၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီးခံရ | ၃၀၀၀၀၀ ကျပ် |
၂၁။ | စိုင်းရွှေ+နန်းအေးလူ | နားတော် | အိမ်သုံး ပစ္စည်းအားလုံးဖျက်ဆီးခံရ | ၃၇၅၀၀၀ ကျပ် |
၂၂။ | လုံးတိအွမ်+ပါဖိတ် | နားတော် | ဆန် ၅ အိတ်၊အိမ်သုံးပစ္စည်းများအားလုံးဖျက်ဆီးခံရ | ၈၀၀၀၀၀၀ ကျပ် |
၂၃။ | စိုင်းဆန်လူ+နန်းရီ | နားတော် | ရေနွေးစက်၊ဆိုင်ကယ် ၂ စီး၊ဆန် ၃ အိတ်၊သွပ်မိုးအားလုံး၊ငွေ ၃၅၇၀၀၀ သိန်းကျပ်၊အိမ်သုံးပစ္စည်းအားလုံးဖျက်ဆီး | ၃၀၀၀၀၀၀၀ ကျပ် |
၂၄။ | စိုင်းဆန်လူ+နန်းအေးပေါင်း | နားတော် | ဆန် ၁၀ အိတ်၊ဓါတ်ဆီပုံးကြီး ၁ ပုံး၊ဒီဇယ်ပုံးကြီး ၂ ပုံး၊မြေဩဇာ ၇ အိတ်၊ပြောင်းစေ့ ၂ အိတ်၊ဆားအိတ်ကြီး ၁ အိတ် | ၂၅၀၀၀၀၀ ကျပ် |
တိန်းဟိုင်းရွာမှ ခိုးယူလုယက် ဖျက်ဆီးသည့် ပစ္စည်းများ အသေးစိတ်
စဉ်။ | ပိုင်ရှင်အမည် | ရွာ | ခိုးယူလုယက်မှု အတူ ဖျက်ဆီးသည့် ပစ္စည်းများ |
၁။ | လုံးဖွေ+ပါကြာခမ်း
|
တိန်းဟိုင်း | ဆန် ၁၂ ဗူး၊တူးမီးသေနတ် ၁ လက် |
၂။ | လုံးထွေး+ပါထွယ် | တိန်းဟိုင်း | ဆန် ၂ အိတ် |
၃။ | ပါကွယ် | တိန်းဟိုင်း | လက်စွပ် ၁ ကွင်း၊လည်ဆွဲတစ်ကုံး ၃၀၀၀၀၀ ကျပ် |
၄။ | လုံးရွှေခမ်း+ပါခိင် | တိန်းဟိုင်း | စားသုံးဆီ ၁ ပုံး |
၅။ | လုံးဆာလိန် | တိန်းဟိုင်း | ဆန် အိတ်ဝက်နှင့် နို့်ဆီဗူး ၆ လုံး |
၆။ | လုံးအောင်(ကျေးရွာဥက္ကဌ) | တိန်းဟိုင်း | ဖုန်း ၁ လုံး၊ ဖုန်းငွေဖြည့်ကဒ် ၄၇ ကဒ်၊တီဗီွစက် ၁ လုံး |
၇။ | စိန်းပန်းစိန်+နန်းထွန်း | တိန်းဟိုင်း | စားသုံးဆီ ၉ လီတာ၊ကြက် ၂ ကောင် |
၈။ | လုံးပန်+ပါနွတ် | တိန်းဟိုင်း | ဆန် ၁၂ ဗူး |
၉။ | စိုင်းအုန်+နန်းလူ | တိန်းဟိုင်း | ဆန် ၁ အိတ် |
၁၀။ | ဆန်ဖိတ် | တိန်းဟိုင်း | ဆန် ၁ပြည် နှင့် နို့ဆီဗူး ၆ ဗူး |
၁၁။ | ဆန်မတ်+နန်းမွေ | တိန်းဟိုင်း | ဓါး ၁ လက် |
၁၂။ | စိုင်းလွတ်+နန်းဆွယ် | တိန်းဟိုင်း | တီဗီွ ၁ လုံး |
၁၃။ | လုံးလိန်း+နန်းယွမ်း | တိန်းဟိုင်း | တီဗွီ ၁ လုံး |
၁၄။ | လုံးစိန္ပ +ပါခေါင် | တိန်းဟိုင်း | တီဗွီ ၁ လုံး စီတီ အောက်စက် ၁လုံး |
၁၅။ | လုံးနေမိန်+ပါလူ | တိန်းဟိုင်း | ဆိုလာပြား ၁ ချပ်၊အဝတ်အစားများ၊ဒယ်အိုး စက်လုံး |
၁၆။ | လုံးခမ်းလျှဲန် | တိန်းဟိုင်း | တီဗွီ ၁ လုံး |
၁၇။ | စိုင်းဝါလှ+နန်းဆိုင် | တိန်းဟိုင်း | ပြောင်းဖူးအိတ်ကြီး ၂ အိတ် |
၁၈။ | လုံးညာဏ်+ပါနော် | တိန်းဟိုင်း | ခြုံစောင်များ၊အိပ်ယာခင်း၊အိမ်သုံးဆောင်ပစ္စည်းများ |
၁၉။ | လုံးအေး+ပါမူ | တိန်းဟိုင်း | ဆန် ၁အိတ်၊တီဗွီ ၁လုံး၊ဒယ်အိုး ၁လုံး၊ အိမ်အသုံးဆောင်ပစ္စည်းများအားလုံး |
၂၀။ | လုံးညာဏ္ဏ+ပါနော် | တိန်းဟိုင်း | ခြုံစောင်များ၊အိမ်သုံးဆောင်ပစ္စည်းများအားလုံး |
၂၁။ | အိုက်ဆန်ပီး+နန်းအိန် | တိန်းဟိုင်း | ဆန်၂ အိတ်၊ ၈၀၀၀၀၀ ကျပ်တန်ဖိုးရှိ ကုန်ပစ္စည်းများ |
၂၂။ | ပါကြာ | တိန်းဟိုင်း | ဆန် |
၂၃။ | လုံးကျော်+ပါပီး | တိန်းဟိုင်း | ဆန် ၂ အိတ် ဒယ်အိုး အကြီး ၁ လုံး |
၂၄။ | စိုင်းကောယ+နန်းရွှေ | တိန်းဟိုင်း | အိမ်အသုံးအဆောင်ပစ္စည်းများအားလုံး ယူဆောင်သွား |
ဆက်သွယ်ရန်။
စိုင်းဟော်ရှဲန် +၆၆း (၀)၆၂-၉၄၁-၉၆၀၀ (အင်္ဂလိပ်၊ ရှမ်း)
စိုင်းခွန်းမိုင် +၆၆း (၀)၉၄-၆၃၈-၆၇၅၉ (အင်္ဂလိပ်၊ ဗမာ)
PDF File >>>