မိုင်းပန်မြို့နယ်၊ ရှမ်း/တောင်တွင် ရွာသူ/သားများအား အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ထိပ်လှန့်ဖွယ် ဖြစ်ရပ်များ တကြော့ပြန်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် သောကြာနေ့

ဧပြီလ (၉) ရက်၊ ၂၀၂၁ ခုနှစ်

မိုင်းပန်မြို့နယ်၊ ရှမ်း/တောင်တွင် ရွာသူ/သားများအား အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ထိပ်လှန့်ဖွယ် ဖြစ်ရပ်များ တကြော့ပြန်

မတ်လ 14, 2021 နေ့တွင် ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု ၃မိုင်ကျေးရွာမှ လူဦးရေ 300 ခန့်ရှိ ရွာသူ/သားများအား အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မ ရွှေ့ ပြောင်းစေခဲ့သည်။

ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းပန်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-၁၇ (စကခ-၁၇) က ပြောင်းရွှေ့ရန် ညွှန်ကြားတာဖြစ်ပြီး တပ်မတော်၏ မြေပိုင်နက် တွင် ရွာသားများက တရားမဝင် နေထိုင်တာဖြစ်ကြောင်း စစ်ကောင်စီက ဆိုပါသည်။

၃မိုင်ကျေးရွာ (ခေါ်) ဝမ်ကျောင်းထမ်ရွာသည် သံလွင်မြစ်ကို ကျော်ဖြတ်တည်ဆောက်ထားသည့် တာ ဆန်းတံတား ဆီသို့ဦးတည်သည့် လမ်းမကြီးတလျှောက် မိုင်းပန်မြို့၏ အရှေ့ဖက် ၃ မိုင်ခန့်အကွာတွင် လမ်းမ အပေါ်ခွ၍တည်ရှိသဖြင့် လမ်းမကြီး၏ တောင်ဖက်ခြမ်းရှိ လူနေအိမ်ခြေ ၄၅ လုံး ရွှေ့ပြောင်းခိုင်း ခြင်းဖြစ်သည်။ အိမ်ခြေ ၁၂ လုံးမှာ ဗမာအမျိုးသားတို့၏နေအိမ်များဖြစ်ပြီး ကျန်ရှိသည့် ၃၃ လုံးမှာ လီဆူး တိုင်းရင်းသားများ နေအိမ်ဖြစ်သည်။

၃မိုင်ကျေးရွာ ကို လီဆူးမိသားစု ၈ ဦး မှ 2001 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်က သူတို့အား မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု လွိုင်လွန်းကျေးရွာ နှင့် တောင်ကွိုင်းကျေးရွာအုပ်စု ခိုဟတ် ကျေးရွာ တို့မှ 1996-1998 နှစ်များတွင် ရှမ်းပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတွေမှာ တပ်မ တော်၏ အစုလိုက်အပြုံလိုက် ကျေးရွာများအား ရွှေ့ပြောင်းစေခဲ့သည့် အချိန်က ရောက်လာ ခြင်း ဖြစ်သည်။ ထိုစဥ်က မိုင်းပန်မြို့နယ်အတွင်း ကျေးရွာပေါင်း ၆၁ ရွာမှ လူဦးရေ ၁၀,၀၀၀ ခန့် ၎င်းတို့ နေ အိမ်များမှ အတင်းရွှေ့ပြောင်းခြင်းခံခဲ့ရပြီး၊ ပြောင်းရွှေ့ခံရသူများသည် မြို့ပတ်ပတ် လည်တွင် တဲလေး များထိုးကာ ဖြစ်သလိုသာ နေခဲ့ရသည်။ ၄င်းတဲထိုးရာနေရာတွင် ပြောင်းရွှေ့ခံရသူများအတွက်လည်း စစ်တပ်ဘက်မှ ကူညီမှုတစ်စုံတစ်ရာ မပေးခဲ့ပါ။ ၄င်းရွာသားများက မိမိတို့နေအိမ် ပြန်ပြီး လိုအပ်သည့် ပစ္စည်း စားနှပ်ရိက္ခာစသည် ရယူစဥ် နှိပ်စက်ညှင်းပန်းခြင်းနှင့် အချို့ဆိုလျှင် သတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။ 1997 ခုနှစ်အတွင်း ကပင် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မိုင်းပန်မြို့နယ် ကျေးရွာများမှ ရွာသူ/ သား စုစုပေါင်း 37 ယောက် မတရားအသတ်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ များသော အားဖြင့် မြန်မာ့တပ်မတော် ခမရ-331, ခမရ-332 နှင့် ခမရ-520 အမြန်တပ်ရင်းများမှ ဖိနှိပ် ညှင်းပန်း အရိုက်ခံရသည့် ဒဏ်ဖြင့် သေဆုံးကြကြောင်း ဆိုပါသည်။ ဝိုးလိုင်းကျေးရွာမှ သက်ကြီး အမျိုးသမီး တဦး ဆိုလျှင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည်။

လီဆူးတိုင်းရင်း ရွာသားများသည် စစ်တပ်ကသတ်မှတ်ပေးထားသည့် နေရာတွင် နှစ်ပေါင်းများစွာ နေ ထိုင်ခဲ့ရသည်။ 2001 ခုနှစ်အထိ ၎င်းတို့နေထိုင်ရာ ကျေးရွာသို့ ပြန်နိုင်ခြင်း မရှိသေးပဲ ၃မိုင် ကျေးရွာ၏ ပင်မ လမ်းဘေး တလျှောက်တွင် ရွာသစ်တည်စေခဲ့သည်။

ဒီတကြိမ်နှင့်ဆိုလျှင် လီဆူးတိုင်းရင်း ရွာသားများ ပြောင်းရွှေ့ပြီး ရွာသစ်တည် နေထိုင်ရသည်မှာ ၃ ကြိမ် ရှိပြီဖြစ်သည်။ ယခု ပြောင်းရွှေ့ခြင်းခံရသည့် နေရာသစ်မှာ ၃မိုင်ကျေးရွာ၏ အရှေ့မြောက်ဖက် ½ ကီလို မီတာ ခန့်အကွာ လမ်းမဘေး တလျှောက်တွင် တည်ရှိသည်။ တောင်ထူထပ်ရာဒေသဖြစ်သဖြင့် ရေအ ခက်ခဲနှင့် စိုက်ပျိုးရာမြေ ညံ့ဖျင်းမှုကြောင့် လီဆူးတိုင်းရင်းသားတို့က ထိုနေရာသို့ မပြောင်းရွှေ့လိုကြပါ။

မတ်လ ၁၄ ရက်နေ့က ၃မိုင်ရွာသားများအား ရွှေ့ပြောင်းပေးဖို့ ညွှန်ကြားလွှာမှာ ယင်းရွာသားတို့ နေထိုင် လျက်ရှိသည့် မြေနေရာသည် စစ်တပ်ပိုင်မြေယာဟု ဖေါ်ပြပြီး ၎င်းတို့ဆန္ဒအရ ပြောင်းရွှေ့လိုကြကြောင်း သဘောတူညီချက်ကို ဖိအားပေးလက်မှတ် ‌ရေးထိုးစေခဲ့သည်။ သို့သော်လည်းပဲ အိမ်ထောင်စု ၁၄ ခုသာ လက်မှတ်ရေးထိုးကာ ကျန်ရှိသည့် ၃၁ စု လီဆူးတိုင်းရင်းသားတို့က မထိုးခဲ့ပါ။

မတ်လ 19 ရက်နေ့တွင် လက်မှတ်ရေးထိုးခြင်း မရှိသည့် ၃မိုင်ရွာသားများအား စကခ-၁၇ ဌာနချုပ်သို့ ဆင့်ခေါ်ကာ ဒု-ဗိုလ်ချုပ်ကြီး မျိုးမင်းသန်းက ရွာသားများ နေထိုင်နေသည့်ရွာသည် စကခ-၁၇ ပိုင် တပ်နယ်မြေများဖြစ်ကြောင်း အတင်းအကြပ် ထပ်မံလက်မှတ်‌ရေးထိုးခဲ့စေသည်။ ဒု-ဗိုလ်ချုပ်ကြီး ဆက် ပြောသည်မှာ သူ စကခ-၁၇ ဌာနချုပ်၌ ၅ နှစ်တာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယခုဆိုလျှင် ၂ နှစ် ပြည့်ပြီ၊ နောက်ထပ် ၃ နှစ်ပဲ ကျန်ရှိတော့ကာ ဒီကာလအတွင်း ရွှေ့ပြောင်းပေးရမည်ဟု ဆိုသည်။ သို့ သော် ရွာသားများက လက်မှတ်ထိုးပေးရန် ငြင်းဆန်လျက်ရှိခဲ့သည်။

စကခ-၁၇ ဌာနချုပ်သည် တပ်ရင်း ၁၀ ခုဖြင့် ဖွဲ့စည်းထားတာဖြစ်ပြီး 2000 ပြည့်နှစ်တွင် မိုင်းပန်၌ အခြေ ချခဲ့သည်။ မိုင်းပန်သည် ရှမ်းပြည်တောင်ပိုင်း၏ ကုန်းလမ်းသည်ယူပို့ဆောင်ရေးရာမှာ အဓိကတည် နေ ရာဖြစ်သလို သံလွင်မြစ်ကို ဖြတ်ကျော်သည့် တာဆန်းတံတား ရှိတာကြောင့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ နှင့် ပေါင်းကူးပေးတာ ဖြစ်နေသည့်အတွက် မြန်မာ့တပ်မတော်၏ စစ်ရေးဗျူဟာ အဓိကကျသည့် မြို့ပြ နေရာဖြစ်သည်။

စကခ-၁၇ ဌာနချုပ်သည်လည်း မိုင်းပန်မြို့ နှင့် ကားလမ်းမတို့အား အပေါ်စီးမှ မြင်ရသည့် အချက် အခြာ ကျ တောင်ကုန်းပေါ်တွင် နေရာယူထားသည်။ သို့သော်လည်းပဲ ယခုလက်ရှိ စစ်စခန်းဌာနချုပ်သည် ၃မိုင် ကျေး ရွာ၏ အနောက်ဖက် မြင့်မားသောတောင်ကုန်းများနှင့် ဆက်စပ်မှု မရှိသေးပါ။ ရွှေ့ပြောင်းခြင်း ခံရ သည့် ၃မိုင်ကျေးရွာသည် စကခ-၁၇ ၏ အရှေ့ပိုင်း စစ်ခံတပ်အဖြစ် တိုးချဲ့မည်ဖြစ်ပြီး တိုက်ခိုက်ခြင်းခံရမှု ဖြစ်လာနိုင်သည့် အနေအထား နှင့် ဆက်စပ်လိမ့်မည်ဟု ခန့်မှန်းကြသည်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပန်ဒေသ တဝိုက်တွင် လှုပ်ရှား နေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ၎င်းစစ်တပ်တို့အကြား စစ်ရေးတင်းမာ မှု များ ကြီးထွားလာသည်။

1996-1998 နှစ်များက ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၁ မြို့နယ် ကျေးရွာပေါင်းများစွာမှ လူဦး ရေပေါင်း 300,000 ကျော် မြန်မာ့တပ်မတော်၏ အတင်းအကြပ် ပြောင်းရွှေ့ခြင်းခံခဲ့ကြရသည်။ ဤဖြစ် ရပ်၏အဓိကရည်ရွယ်ချက်မှာ ထိုစဥ်က RCSS/SSA သည် လက်နက်ကိုင်တပ်ဖွဲ့ အသစ် စတင်တည် ထောင်သည့် အချိန်အခါဖြစ်သည့် အလျောက် ရှမ်းပြည်သူလူထု၏ ထောက်ပံ့မှုများ မရရှိစေရန် ဖြတ် တောက်လိုခြင်းပင်ဖြစ်သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်     +66: 97-173-1530                       (ရှမ်း၊ မြန်မာ)

PDF Files:

Shan Burmese English

ထုတ်ပြန်ချက်