ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်
ဧပြီလ ၈ ရက် ၂၀၁၄ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်က ရွာသားများတုတ်ဖြင့်ရိုက်နှက်၊ ဓားဖြင့်ထိုးကာ
၄င်း၏ ပစ္စည်းများအား လုယူသွားခဲ့
ပြီးခဲ့သည့် ၂၃ ရက် မတ်လ ၂၀၁၄ ခုက ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် သားရှင်လောင်းပြုရန်အလှူဖိတ် စာများ သွားဖိတ််ပြေး ပြန်လာသော ရွာသားတစ်ဥးီအား မြန်မာတပ်ရငး် ခမရ ၅၁၅ မ စစ်သားနှစ်ဦးက ရိုက်နှက်ပြီး ဓါးဖြင့်ထိုးကာ ၄င်းရွာသား၏ ဆိုင်ကယ် နှင့် အခြား ပစ္စည်းများအား လုယူသွားခဲ့သည်။
၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ မိုင်းကောင်မြို့မ အသက် ၄၆ အရွယ်ရ စိုင်းဆန်သည် ၄င်းနေထင်ရာ ရွာတောင်ဖက် ၁၅ မိုင်အကွာတွင်ရှိသော မင်းအွတ်မြို့သို့ သားရှင်လောင်းပြုရန် အလှူဖိတ်စာဝေရန်သွားခဲ ့သည်။ ယင်းသို့ဖိတ်စာဝေရန်အသွား ၄င်းနေထိုင်ရာ မြို့နှင် ၁၂ မိုင်အကွာရှိ ဟွေလုံရွာအနီး တပ်ချထားသော မြန်မာစစ်တပ်များမှ စိုင်းဆန် အား၄င်းတို ့အတွက် ကွမ်းများဝယ်လာပေးခိုင်းခဲ့သည်။ ယင်းသ မိုင်းအွတ်သို့ဖိတ်စာဝေပြီးအပြန် စိုင်းဆန်သည် ၄င်းတပ်သားများအတွက် မှာသည့် အတိုင်း ဝယ်လာ ပေးသောကွမ်းများကိုပေးပြီး ခရီးဆက်ခဲ့သည်။
ယင်းသို့ပြန်ရာတပ်နှင့် ၁ မိုင်ခန့်အကွာ အရောက်တွင် စစ်သားနှစ်ဦးမှ ဓါးကင်ဆောင်ကာ စိုင်းဆန်အား လမ်းပေါ်တွင် စောင့်နေခဲ့သည်။ ယင်းမြန်မာစစ်သား နှစ်ဥးီသည် စိုင်းဆန်အား တုတ်ဖြင့် ၄င်း၏ ဦးခေါင်း၊ မျက်နှာ၊ နှင့် လည်ပင်းအားထုရိုက်ကာ၊ ဓါးဖြင့်လည်း ဦးခေါငး၊ ပါးနှစ်ဖက် နှင် လည်ဂုတ်အား ထိုးနှက်ခဲ့ရာ မေ့မြောသွားခဲ့သည်။ ထို့နောက် ၄င်း၏ ခန္ဓာကိုယ်အား လမ်းဘေးအနီးရ ခြုံပုတ်အတွင်းသို့ ပစ်ထားခဲသည်။ ယင်းမြန်မာ စစ်သားနှစ်ဦးမှ စိုင်းဆန်၏ ဆိုင်ကယ်၊ ကျပ်ငွေ ၅၀၀၀၀ နှင့် လက်ပတ်နာရီ အားယူဆောင်သွားခဲ့သည်။
ယင်းသို ့မြန်မာစစ်သား နှစ်ဦးမ ထွက်ခွာသွားပြီး တစ်ခဏအကြာ စိုင်းဆန်သည် မေ့မြောနေရာမှသတိပြန်လည်လာကာ အနီးဆုံးဖြစ်သည့် ဟွေလုံရွာသို့အားယူကာ လေးဖက်ကုန်းတွားသွားခဲ့ရသည်။ ရွာသို ့ရောက်သော ၄ငး်ရွာမ ရွာသားများလည်း စင်းဆန်၏ ဆွေမျိုးမိသားစုများအားဆက်သွယ်ကာ လားရှိူးဆေးရုံသို့ပို့ခဲ့သည်။ သို့သော်လည်း ၄င်း၏ ဒါဏ်ရာများမှ ပြင်းထန်လွန်းသဖြင့် မန္တလေး ဆေးရုံသို့ထပ်မံပို့ဆောင်ခဲ့ရသည်။
ရိုက်နှက်ထားရသောဒါဏ်ကြောင့် စိုငး်ဆန်သည်သွားများအချို ့ကျွတ်ထွက်သွားပြီး၊ ဦးခေါင်းတငွင် ပေါက်ပြဲဒါဏ်ရာအချို့နှင့် မေးရိုးမှရိုက်နက်ခံထားရသောဒါဏ်ကြောင့် ကွဲအက်နေသဖြင့် ၄င်း ပါး စပ်က လည်း ချုပ်ထားရကာ စကားလည်းမပြောနို်င် ထမင်းလဲမစားနိုင်ဖြစ်နေသည်။ ထိုသို့ပါး စပ်အားမချုပ်ခင် ဆေးရုံ၌ စိုင်းဆန်မ “ ကျွန်တော်လည်း သူတို့မှာတဲ့အတိုင်း ကွမ်းယာတွေဝယ်လာပေးတယ်။ ကွမ်းယာတွေကိုပေးပြီး ပြန်လာတာ စစ်တပ်နဲ ့တစ်မိုင်အကွာလောက်မှာ
ဗမာစစ်သား နှစ်ယောက် လမ်းမှာစောင့်နေတယ်၊ ပြီးတော့ကျွန်တော့််ကို ရိုက်တာ မေ့သွားတဲ အထိပါဘဲ။ ကျွန်တော်နိုးလာတော့ တစ်ကိုယ်လုံးနာကျင်နေတာခံစားရတယ်၊ ပြီးတော ကျွန်တော့ တစ်ကိုယ်လုံးမှာလည်း သွေးတွေ အပြည့်နဲ ့အဲဒါ ကျွန်တော်လည်း ဟွေလုံရွာက ကြိုးစားပြီးတော့လေးဖက်ကုန်းတွားသွား ခဲ့တာဘဲ။”
စိုင်းဆန် ဇနီးမှ “ ကျွန်မတို ့ကသာမန်ရွာသားတွေပါ၊ ရိုးရိုးရှင်းရှင်းနဲ လက်လုပ်လက်စား အသက်မွေးဝမ်း ကြောင်းပြုပါတယ်။ ဘယ်နိုင်ငံရေး အဖွဲ ့အစည်း လက်နက်ကိုင်အဖွဲ ့အစည်း တွေနဲ ့မ ဆက် နွယ်ပက်သက်မှု မရှိပါဘူး” ဟုပြောသည်။စိုင်းဆန်၏သမီးအကြီးဆီမှလည်း “အဖေဆေးရုံမှာတုန်းက ရဲတွေလာပြီး မေးခွန်းတွေမေးတယ်၊ ဒါပေမဲ့ကျွန်မတို့လဲ ဗမာစစ်သားတွေလုပ်တယ်လို့မပြောရဲဘူး”
ဤလုပ်ရပ်များက ကျူးလွန်သည် စစ်သားများသည် မိုင်းကောင်မှ ၁၂ မိုင်အကွာရှိ ဟွေလုံရွာနှင့်တစ်မိုင်ဝန်းကျင်လောက်တွင် အခြေစိုက်နေသည် တပ်ရင်း ၅၁၅ မှဖြစ်သည်။ ယင်းတပ်ရငး် သည် လက်ရှိအခြေစိုက်ရာစစ်တပ်သို ့ပြီးခဲ ့သည် ဖေဖော်ဝါရီလ အကုန်ပိုင်းလောက်တွင်ရှေ့ပြောင်းလာခဲ့သည်။ မြန်မာစစ်တပ်သည် လက်ရှိ တပ်နေရာ၌ ၂၀၁၂ ဇွန်လိုင်လအတွင်းရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင် တိုက်ပွဲဖြစ်ပြီးနောက် စတင်တပ်စွဲနေခဲ့သည်။
တန် ့ယန်းမြို ့နယ်အတွငး်ရ မြန်မာစစ်တပ်များသည် ဒေသအတွင်းရှိ ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ရပ်ကွက်ကျေးရွာတွင်းရှိ ဘုန်းကြီးများအား မလေးမစားပြုလုပ်ခြင်း၊ ဘုန်းကြီးကျောင်းဝန်းအတွင်း ကြက်များငါးများသတ်ဖြတ်စားသောက်ခြင်း စသည်တို့ကို ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများကပြောသည်။
ဆက်သွယ်ရန် နှင့် ဝင်ရောက်ကြည့်ရူရန်
Email: shanhumanrights@gmail.com
Phone: (+66 (0) 93 297 7754)
Website: www.shanhumanrights.org