ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်
ဧပြီလ ၅ ရက် ၂၀၁၃ ခုနှစ်
မြောက်ပိုင်း ရှမ်းတောင်သူလယ်သမားများက ၎င်းတို့မြေယာပေါ်ရှိ တရုတ်ပိုက်လိုင်း ရွှေ့ပြောင်းပေးရန်တောင်းဆိုချက်။
အခွင့်အရေးများ ဆုံးရှုံးရခြင်း၊ တည်ဆောက်ပုံ ညံ့ဖျင်းခြင်း၊ လုံခြုံမှုအတွက် စိုးရိမ်ရခြင်း စသော ခိုင်မာသည် အချ်ကတို့ကြောင့် မြောက်ပိုင်းရှမ်းတောင်သူလယ်သမားများက ၎င်းတို့မြေယာပေါ်ရဲ့ တရုတ်ရေနံ နှင့် ဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းကြီးအား အမြန်ဆုံး ရွှေ့ပြောင်းပေးရန် မြန်မာအစိုးကို ယနေ့ တောင်းဆို တင်ပြလိုက် သည်။ နောက်လတွင် စတင်၍ လုပ်ငန်း မလည်ပတ်မ မြန်မာပြည်က ဖြတ်သန်းသွားသော ပိုက်လိုင်းများပြောင်းရွှေ့ပေးရန် တောင်းဆိုချက်က တောင်သူလယ်သမား ၁၀၀၀၀ အား ကိုယ်စားပြုသည် မြောက်ပိုင်း ရှမ်းတောင်သူလယ်သမား ကော်မီတီမှ တောင်ကြီးမြို့ရဲ့ ရှမ်းပြည်နယ်အစိုးရသည် ယနေ့တောင်းဆိုလိုက်သည်။ မိုင် ၈၀၀ ရှည်လျှားသည့်ပိုက်လိုင်းများ၏ သုံးပုံ တပုံသည် မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ လယ်ယာနဲ့ သစ်တော ဧက ၂၀၀၀ ခန့် က ဖြတ်သွားသည်။ ၂၀၁၁ ခုမှစ၍ ကျယ်ပြောသော စပါးစိုက်ခင်းများ၊ ဥယျာဉ်ခြံများသည် မြေထိုးစက်ဖြင့် အထိုးခံရသည်။ မြေများပုံခြင်း၊ ရေစီးရေလာပိတ်ဆို့ခြင်းတို့ကြောင် ပိုက်လိုင်းဖြတ် သန်းရာ ပေ ၁၀၀ ပတ်ဝန်းကျင်မှ အပြင်ပရှိ သီးနှံပင်များ ထိခိုက် ပျက်စီးရသည်။ ရွာများသုံးစွဲသည့်ရေများ ပြတ်တောက်သွားရသည်။ ပိုက်လိုင်းဆောက်လုပ်ခြင်းကြောင်း လမ်းများပျက်စီးစေသည့်အပြင် မတော်တဆ ထိခိုက်မှုများလည်း ဖြစ်ခဲ့ရသည်။မြို့နယ် ၆ ခုမှ ရှမ်းလယ်သမားများသည်လည်း မတန်မရာ လျှော်ကြေးငွေများ အတင်း အဓမ္မ လက်ခံခိုင်းခံရသည်။ သီဗေါမှလယ်သမားတို့ရရှိသော လယ်မြေလျှော်ကြေးမှာ နမ့်ခမ်းမှလယ်သမားများ ရရှိသောလျှော်ကြေး၏ လေးပုံတပုံသာ ဖြစ်သည်။ဆောက်လုပ်ပုံညံ့ဖျင်းသောကြောင့် စိုးရိမ်မှု နှင့် မြေဆီလွှာထိခိုက်မည်ကလည်း လယ်သမားများ က ပူပန်ကြသည်။ သီဗေါတွင် ပိုက်လိုင်းက လှိုက်စားတတ်သော ဆားပေါက်မြေများကြောင့် ပိုက်လိုင်းယိုစိမ့်ပေါက်ကွဲမှုများသည် ၎င်းတို့အိမ်အနီးဖြစ်လာမည်က စိုးရိမ်ကြသည်။ ပိုက်လိုင်းရ အပေါက်များက ပါးလွှာသည်ရော်ဘာအဖတ်များဖြင့်သာ ကပ်ဖါထားသောကြောင့် ကုဗမီတာ ဘီလီယံချီသည် ရေနံနှင့် ဓါတ်ငွေ့ ဖိအားက ခံနိုင်ဖွယ်ရာ မရှိပေ။ ဒေသခံ လူထုကိုလည်း ကျရောက်နိုင်သည် အန္တရာယ် အကြောင်းကြိုတင်အသိမပေးထားခြင်းမရှိ။နမ့်ခမ်းမှ နန်းမွေဆိုင်က “ ကျမတ အိမ်အောက်မှာ ချိန်ကိုက်ဗုံးတလုံး လာမြုပ်ထားသလို ခံစားနေရတယ်။ ကျမတို ့ မြေက ကျမတို့သဘောမတူဘဲ သိမ်းယူခြင်းခံရတာတင််မကဘူး ကျွန်မတို့ရဲ့အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်တာခံနေရတယ်။” ဟုပြောသည်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပိုက်လိုင်းတလျှောက်တွင် မြန်မာစစ်တပ်နှင့် ကချင်၊ တအန်း၊ ရှမ်းလက်နက်ကိုင်အဖ့ွဲ များ ဆက်လက်တိုက်ပွဲဖြစ်နေပါသည်၊ ထို့အတူ ရေနံနှင့်ဓါတ်ငွေ့ စတင်ပို့ဆောင်ပါကမြန်မာစစ်တပ်မှ စစ်အင်အားတို့ချဲ့လာခြင်း လူအခွင့်အရေးချိုးဖေါက်ခြင်းများ တိုးလာမည်က ရွာသူရွာသားများ စိုးရိမ်နေကြသည်။တရုတ်အစိုးရပိုင် (CNPC) နှင့် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ ရောင်းဝယ်ရေး (MOGE) တို့ပိုင်ဆိုင်သည့် ဤပိုက်လိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ ဓါတ်ငွေ့နှင့် အရှေ့အလယ်ပိုင်းမှ ရေနံက ယူနန်သို့ သယ်ဆောင်မည်ဖြစ်သည်။ မြန်မာအစိုးရမှတရုတ်အစိုးရသည် အနှစ် ၃၀ ဓါတ်ငွေ့ ရောင်းချမှုအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်။အစီရင်ခံစာ အသစ်ဖြစ်သည့် “ ရှမ်းလယ်သမားများ ရွှေဓါတ်ငွေ့ပိုက်လိုင်းက ဆန့်ကျင်သည်။” က www.shanhumanrights.org ၊ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများဖြစ်သည် ရှမ်းသဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး ဖေါင်တေးရှင်း၊နှင့် ရှမ်းလူငယ်ကွန်ယက် အုပ်စု တို့တွင် ကြည့်ရှုနိုင်ပါသည်။ ၎င်းအဖွဲ့တို့သည် မြောက်ပိုင်းရှမ်းပြည်တောင်သူလယ်သမားများ၏ ဤ တောင်းဆိုချက်က ဇင်းမယ်မြို့ရဲ့ တရုတ်ကောင်စစ်ဝန်ထံ ယနေ့သွားရောက်ပေးအပ်မည်ဖြစ်သည်။
ဆက်သွယ်ရန် ပုဂ္ဂိုလ် –
မြောက်ပိုင်းရှမ်း တောင်သူလယ်သမားများ ကော်မီတွင် ပြောခွင့်ရ –
စိုင်းဆန်အေး + ၉၅ ၉၄ ၀၃၇ ၆၄၈၄၀ ( မြန်မာ ဘာသာ နှင့် ရှမ်းဘာသာ)
ရှမ်းလူထုအခြေပြု အဖွဲ့အစည်း ပြောခွင့်ရ –
နန်းမွေဆိုင် + ၆၆ ၉၀ ၀၅၁ ၆၉၉၄
ယိင်းဟန်ဖ + ၆၆ ၈၉ ၂၆၂ ၇၈၄၈
စိုင်းခေးဆိုင် + ၆၆ ၈၀ ၈၄၇ ၆၅၃၈
Press Release in
Leaflet of Shan farmers oppose the Shwe pipelines