ကျောက်မဲမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံးခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်

ကျောက်မဲမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံးခဲ့

၂၀၂၂ခုနစ် မတ်လ ၂၉ ရက်တွင် ကျောက်မဲမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးနင်းလာသော ပြည်သူနှစ်ဦးအား တားဆီးရပ်တန့်ကာ ပြင်းထန်စွာ ရိုက်နှက်ခဲ့သောကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်စဥ်မှာ ကျောက်မဲမြို့စည်ပင်သာယာရေးရုံးကို ထိုနေ့ညနေ ၄ နာရီ၀န်းကျင်ခန့်က လက်လုပ်ဗုံးဖြင့်လာရောက်ပစ်သွားခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် စည်ပင်ရုံး၏ခေါင်မိုးအနည်းငယ် ပျက်စီးသွားခဲ့ပါသည်။

ထိုအချိန်တွင် အသက် ၄၃ နှစ်အရွယ်စိုင်းပီးနှင့် ၄င်း၏တူဖြစ်သူ စိုင်းအောင်ကျော်ဦး ၊၂၈ နှစ်တို့သည် ရပ်ကွက် ၆ တွင် ဖုန်း၀ယ်ယူပြီးနောက် ရပ်ကွက်၉သို့ စားစရာများ၀ယ်ယူရန် ဆိုင်ကယ်ဖြင့် သွားရောက်နေခဲ့ခြင်းဖြစ်သည်။ စားစရာများ၀ယ်ယူပြီးနောက် နောင်ပိန်ကျေးရွာသို့ပြန်ရာလမ်း၌ ရပ်ကွက် ၆ မီးပွိုင့် အရောက်တွင် စစ်ကောင်စီတပ်သား ၂၀ ကျော်ခန့်မှ တားဆီးစစ်ဆေး ခြင်းကိုခံခဲ့ရပါသည်။ စိုင်းအောင်ကျော်ဦးမှာ ဆိုင်ကယ်မောင်းနှင်သူဖြစ်ပြီး စိုင်းပီးမှာနောက်မှ ထိုင်လိုက်လာသူဖြစ်သည်။

စစ်ကောင်စီတပ်သားများသည်၄င်းတို့ကို မြေပေါ်သို့တွန်းချ ရိုက်နှက်ကာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း ခဲ့သည်။ အကြိမ်ပေါင်းမြောက်များစွာ ဦးခေါင်းနှင့် ရင်ဘတ်တို့ကို နှစ်ဦးလုံး သတိလစ်သွားသည်အထိ ကန်ကျောက်ခဲ့သည်။ ထို့နောက်စစ် ကောင်စီတပ်သားများသည် ၄င်းတို့ကို စစ်ကားပေါ်တင်ပြီး စိုင်းအောင်ကျော်ဦးကို ကျောက်မဲရဲ စခန်းသို့ ပို့ဆောင်ကာ စိုင်းပီးအား ကျောက်မဲဆေးရုံသို့ပို့ဆောင်ခဲ့သည်။ စစ်သားတစ်ဦးမှ ၄င်းတို့၏ မော်တော်ဆိုင်ကယ် ကို ရဲစခန်းသို့ မောင်းယူခဲ့သည်။

နောက်ထပ်တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်သားများသည် ရဲတပ်ဖွဲ့၀င်များကို စိုင်းပီး ဆေးရုံတွင် သေဆုံးသွားပြီဟု အကြောင်းကြားခဲ့သည်။ ထို့နောက်ရဲတပ်သားများသည် စိုင်းအောင် ကျော်ဦးကို ပြန်လွတ်၍ဆိုင်ကယ်သော့ပေးကာ ဆေးရုံသို့သွားရန်ပြောခဲ့သည်။

စိုင်းအောင်ကျော်ဦးမှာ ထိုနေ့ညနေတွင် ၄င်းဦးလေး၏ရုပ်အလောင်းကို သွားရောက် ကြည့် ရှူခဲ့ခြင်း မရှိသော်လည်း ပုံဝိုးကျေးရွာရှိ ဆွေမျိုးများကို ဆေးရုံရှိအလောင်း ကိုလာသယ်ရန် ဖုန်းဆက်အကြောင်း ကြားခဲ့သည်။

စိုင်းပီးရုပ်အလောင်း

၂၀၂၂ ခုနစ်မတ်လ ၃၀ ရက် နေ့လည် ၁ နာရီခန့်တွင် ပုံဝိုးကျေးရွာမှ ၄င်း၏ဆွေမျိုးများ ဆေးရုံ သို့ရောက် ရှိကာ ရင်ခွဲစစ်ဆေးခ ငါးသောင်းကျပ်ပေးခဲ့ရသည်။နေ့လည် ၂ နာရီတွင် စိုင်းပီး၏ ရုပ် အလောင်းအား ကျောက်မဲသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ခဲ့သည်။

စျာပနစရိတ်မှာ ၅သိန်းကျပ်ခန့်ကုန်ကျခဲ့သော်လည်း စစ်တပ်မှ ကျန်ရစ်သူမိသားစုအား စျာပနအခမ်းအနားအတွက် လျော်ကြေးငွေတစ်စုံတစ်ရာပေးအပ်ခဲ့ခြင်းမရှိပါ။စိုင်းပီးသည် မုဆိုးဖိုတစ် ယောက်ဖြစ်ပြီး ၄င်းအမအကြီးဆုံးဖြစ်သူနှင့်နေထိုင်သည်။သူ့တွင်အမ ၅ယောက်ရှိပြီး မိသားစုတွင် အငယ်ဆုံးမောင် ဖြစ်သည်။ ၄င်းမှာ ကျောက်မဲမြို့ရှိကား၀ပ်ရှော့တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

စိုင်းအောင်ကျော်ဦးက ၄င်းတို့ကြုံတွေ့ဖြစ်ပျက်ခဲ့သည်များကို မိသားစုအား အောက်ပါအတိုင်း ပြန်ပြော ပြသည်။

”ကျွန်တော်တို့ဆိုင်ကယ်နဲ့ဖုန်းဆိုင်မှာဖုန်းသွား၀ယ်တယ်။ ဖုန်းဆိုင်ကအပြန်စည်ပင်ရုံးကို ဖြတ်သွားပြီးတဲ့အချိန် ပေါက်ကွဲသံကြားလိုက်တယ်။ ဒါပေမဲ့မရပ်ဘဲ စားသောက်ဆိုင်တစ်ခုမှာအစားအသောက်တွေ သွား၀ယ်ဖို့ဆက်မောင်းသွားဖြစ်တယ်။ ပြန်လာတော့လမ်းမှာ စစ်သားတွေနဲ့တွေ့ ပြီးကျွန်တော် တို့ကို တားပြီး ရိုက်နှက်ကန်ကျောက်ပါတယ်”

စိုင်းအောင်ကျော်ဦး ဖမ်းဆီးခံရသည့်အချိန်တွင် စစ်ကောင်စီတပ်သားများသည် ၄င်း၏ပိုက်ဆံအိတ်အတွင်းပါရှိသော ပိုက်ဆံ ၄၅၀၀၀ ကျပ်နှင့် မှတ်ပုံတင်တို့ကိုယူဆောင်သွားခဲ့ပြီး စိုင်းပီး၏ ကျောက်မဲမြို့တွင် မှတ်ပုံတင်အသစ်ပြုလုပ်ရန် ပါလာသော ပိုက်ဆံ ၇ သိန်းကျပ်ကိုလဲ ယူဆောင်သွားခဲ့ကျသည်။ ၄င်းသည် နောင်ပိန်ကျေးရွာတွင် နေထိုင်နေပြီး မှတ်ပုံတင် အသစ် ပြုလုပ်ရန်လိုအပ်သော အိမ်ထောင်စု စာရင်းကို ယူလာပြီးလာခဲ့ရန် ၄င်း၏တူကိုခေါ်ဆိုခဲ့သည်။ စိုင်းအောင်ကျော်ဦးသည် မတ်လ ၂၉ ရက်နေ့က ပုံဝိုးကျေး ရွာမှ ကျောက်မဲသို့ထွက်လာခဲ့သည်။

 

 

၂၀၂၂ ခုနစ် မတ်လ ၃၀ ရက်နေ့၊ စိုင်းပီးအားသင်္ဂြိုလ်ပြီးနောက် နမ့်ခုံးပရဟိတအသင်းမှ ရဲစခန်းသို့သွားရောက်ကာ စိုင်းအောင်ကျော်ဦး၏မှတ်ပုံတင်နှင့် ပျောက်ဆုံးသွားသော ပိုက်ဆံများနှင့် ပတ်သက်၍ သွားရောက်မေးမြန်းခဲ့သည်။ရဲများက ၄င်းတို့မှာ မည်သည့်ပိုက်ဆံကိုမှ မတွေ့ရကြောင်း စစ်သားများမှ ရဲစခန်းသို့ လွဲပြောင်းခဲ့သောအရာမှာ စိုင်းအောင်ကျော်ဦး၏ ဆိုင်ကယ်သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စိုင်းအောင်ကျော်ဦးမှာ စကစတပ်သားများ၏ရိုက်နှက်မှုဒဏ်ကြောင့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကိုခံစားနေရဆဲဖြစ်သည်။

လွန်ခဲ့သောလ  ဖေဖော်ဝါရီ ၃ရက်နေ့ကလည်း ကျောက်မဲမြို့တွင် အသက် ၄၄ နှစ်အရွယ် စစ်ရှောင်လယ်သမား တစ်ဦးဖြစ်သော စိုင်းထွန်း၀င်းအား အလားတူစွာ စစ်ကောင်စီထောက်လှမ်းရေးများက မူးယစ်ဆေးရောင်း၀ယ်သူနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ.၀င်ဟုစွပ်စွဲကာ သေဆုံးသည်အထိ ရိုက်နှက်နှိပ် စက်ခြင်းကိုခံခဲ့ရသည်။စစ်ကောင်စီဘက်မှထိုအဖြစ်အပျက်ကို မှားယွင်းမှုဟု ၀န်ခံခဲ့သော်လည်း ၄င်း၏မိ သားစုကိုယနေ့အချိန်ထိလျော်ကြေးငွေ တစ်စုံတစ်ရာ ပေးအပ် ချင်းမရှိသေးပေ။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်    +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်  +66: 88 680 4913                  (ရှမ်း၊ မြန်မာ)

PDF files: Shan Burmese English

ထုတ်ပြန်ချက်