စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်လာ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှနောက်ဆုံးရလူ့အခွင့်အရေးချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်လာ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်မှ အောက်တိုဘာလ ၆ ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ကျောက်မဲ၊နောင်ချို၊ နမ့်ခမ်း၊ လားရှိးနှင့် မိုင်းရယ်မြို့တို့တွင်  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် မှုများကြောင့် အရပ်သား ၅၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ၊ဘုရားစေတီများ၊ ဟော်တယ်များ၊ တက္ကသိုလ်များ အပါအဝင် အဆောက် အဦး ၄၅၀ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီ၏ ပစ်မှတ်ထားခံနေရသော နယ်မြေများဖြစ်သည့် သီပေါမြိုနှင့် နောင်ချို မြိုတိုတွင် စစ်ရေးပဋိပက္ခများ ရှိနေသော်လည်း အရပ်သားသေဆုံးမှုနှင့် လူနေအဆောက်အဦးများ ပျက်စီးမှုအများစုမှာ လက်ရှိတိုက်ပွဲများ မရှိသေးသည့် ခုခံထိန်းချုပ်မှုနယ်မြေများရှိ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။

သီပေါမြို့၊ ကျောက်မဲမြို့နှင့်နမ္မတူမြို့များတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ် မှုများ

လွန်ခဲ့သော ၆ပတ်အတွင်း စစ်ကောင်စီတပ်သည် သီပေါမြို့၌ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီအခြေစိုက်စခန်းများကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များကို လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည်။ သြဂုတ်လ ၂၇ ရက်မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်းတိုက်ခိုက်မှုများနှင့် ခလရ-၂၃ တပ်မှလက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၁၈ဦးသေဆုံးကာ  ၃၄ ဦးဒဏ်ရာရရှိခဲ့ပြီး သီပေါမြို့နှင့်မြို့အနီးတစ်၀ိုက်ရှိ စာသင်ကျောင်း ၃ ကျောင်းနှင့်ဆေးရုံအဆောက်အဦးတစ်ခု၊ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဟော်တယ် ၁ ခုအပါအဝင် အဆောက်အအုံ ၁၂၀ ကျော်ပျက်စီးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုသုံးခုသည် တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းနှင့်အလွန်နီးကပ်စွာပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ၅ လုံးမှာ ပိုက်လိုင်းအနီးကျရောက်ခဲ့ရာ တစ်လုံးမှာ ကျောင်းစုကျေးရွာရှိ ပိုက်လိုင်းထိန်းချုပ်ရေးစင်တာနှင့် မီတာ ၁၀၀ အကွာအ၀ေးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၂၆ ရက်နေ့နှင့် စက်တင်ဘာလ ၂ ရက်နေ့တို့တွင်  စစ်ကောင်စီတပ်သည် သြဂုတ်လဒုတိယပတ်အတွင်း စစ်ကောင်စီမှဆုတ်ခွာပြီးနောက် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိထားသည့် သီပေါမြို့တောင်ဘက်ရှိ ကီလိုမီတာ ၃၀ အကွာအဝေးတွင် တည်ရှိနေသော နားမခေါ်ကျေးရွာသို့ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး ပျက်စီးခဲ့သည်။

နားမခေါ်ကျေးရွာသို့ကျရောက်သောလက်နက်ကြီးသည် နမ့်လန်မြို့အခြေစိုက် ခလရ ၅၀၆ မှ လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သြဂုတ်လနှောင်းပိုင်းမှ စတင်ကာ သီပေါမြို့ သို့ စားသောက်ကုန်နှင့်အခြေခံအသုံးအ ဆောင် များကိုပိတ်ပင်ထားသောနေရာဖြစ်သည်။ထိုသို့ပိတ်ပင်ခြင်းကြောင့် သီပေါမြို့တွင်ကျန်ရစ်ခဲ့သော ဒေသခံများ (ဒေသခံတစ် ၀က်ခန့်သည် တိုက်ပွဲများကြောင့်အနှံ့အပြားပျံ့နှံ့တိမ်းရှောင်နေ)ကိုပိုမိုခက်ခဲစေသည်။

သြဂုတ်လ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် စစ်ကောင်စီမှ မှ TNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူခဲ့သော ကျောက်မဲမြို့အား ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ပေါင် ၅၀၀ ဗုံး ၁ လုံးပါဝင်သည့် ထိုလေ ကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အ.ထ.က (၂) အပါအဝင် အဆောက် အအုံ ၇ လုံး ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၄ရက်နေ့တွင် ယမန်နှစ်များကတည်းကတိုက်ပွဲများမရှိသော နမ္မတူမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်ဒေသများဖြစ်သည့် မန်လီကျေးရွာနှင့် ပန်လုံကျေးရွာတို့ကိုစစ်ကောင်စီတပ်မှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်လီကျေးရွာရှိနေအိမ် ၃လုံးပျက်စီးခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ

သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၁၄ အတွင်း စစ်ကောင်စီတပ်သည် TNLA နှင့် PDF တပ်ဖွဲ့များ သြဂုတ်လ လည်မှစတင်ကာ ထိုးစစ်ဆင်နေသော တောင်ခမ်းအခြေစိုက်စစ်ကောင်စီတပ်စခန်းများရှိရာ နောင်ချိုမြို့တောင် ဘက်ရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၄ ဦးသေဆုံး၁၄ ဦးဒဏ်ရာရခဲ့ပြီးကာ  သံဃာ ၈ပါး မှာ အင်းဖိုကျေးရွာဘုန်းကြီးကျောင်းကို လက် နက်ထိမှန်စဥ် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့နှင့်အနီးအနားရှိကျေးရွာများကိုလည်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင် စီတပ်သည် နောင်ချိုမြို့ သပြေရေရပ်ကွက်နှင့် တောင်ရပ်ကွက်တို့ကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၁၃ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့သည်။စက် တင်ဘာလ ၁၈ နှင့် ၁၉ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့ စျေးရပ်ကွက် နှင့်ဘူတာရပ်ကွက် တို့ ကို လေကြောင်းမှဗုံး ၁၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၂ လုံးထိခိုက်ပျက်စီးခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီလေတပ်သည် နောင်ချိုမြို့၏ အဓိကစျေးကိုလေကြောင်းမှ ဗုံး ၅လုံးကြဲချခဲ့ရာ နေအိမ်ငါး လုံးပျက်စီးပြီး အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့ရှိတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသောဒေသများရှိ အခြားတိုက်ခိုက်မှုများတွင် သြဂုတ်လ၂၉ ရက်နေ့က အင်း၀ိုင်းကျေးရွာ ကိုလေကြောင်းတိုက်ခိုက်မှု လဲပါ၀င်ပြီး စစ်ကောင်စီနှင့်ပတ်သက်သော ငွေရည်ပုလဲအုပ်စုပိုင် အမှတ် ၂ ဆင်းရွှေလီသကြားစက်ကိုထိခိုက်စေခဲ့သည်။ ထို့အတူ စက်တင်ဘာ ၁၇ ရက်နေ့က ဘန့်ဘွေးကျေးရွာမှ ကျောင်းကုန်းရွာသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါအ၀င် ၃ ဦး သေဆုံးခဲ့ပြီး စက်တင်ဘာ ၂၂ ရက်နေ့က သဖန်းကိုင်းကျေးရွာသို့လေကြောင်းတိုက်ခိုက်မှုတွင် နေအိမ် ၅ လုံးပျက်စီးခဲ့သည်။

                

နမ့်ခမ်းမြို့နယ်အတွင်းစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ.

စက်တင်ဘာ ၆ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသခံပြည်သူများ အိပ်ပျော်နေစဉ် စစ်ကောင်စီတပ်သည် လေ ကြောင်းမှ ပေါင် ၅၀၀ ဗုံးတစ်လုံးအား TNLA ထိန်းချုပ်နယ်မြေ ဖြစ်သည့် နမ့်ခမ်းမြိုတွင်းရှိ ဟိုကပ်(ဈေး)သို ကြဲခဲ့ပြီး စက်တင်ဘာ ၁၉ ရက် နံနက် ၁နရာရီ ၃၃မိနစ်တွင် နမ့်ခမ်းမြိုမဈေးအနီးရှိ ပေါက်နေ ရပ်ကွက်သို ပေါင် ၅၀၀ ဗုံးတစ်လုံး ထပ်မံကြဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဘုရားစေတီတစ်ခု အပါအဝင် အိမ်ခြေ ၇၀ ခန့် ပျက်စီးခဲ့ပြီး လူ ၁၃ ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများ အနက်တွင် အသက် ၇ နှစ်နှင့် ၁၂ နှစ်ကြား ကလေးနှစ်ဦးနှင့် အမျိုးသမီးငါးဦး (ကိုယ်ဝန်ဆောင်သူ တစ်ဦး) ပါဝင်ခဲ့သည်။ အချိုမှာ ချက်ချင်းသေဆုံး သွားကြပြီး အချိုမှာ နမ့်ခမ်းဆေးရုံတွင် သေဆုံးသွားကြသည်။ သူတို၏ ရုပ်အလောင်းများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် နမ့်ခမ်းဆေးရုံ၌ မီးသဂြိုလ်ခဲ့သည်။

 

နမ့်ခမ်းမြို့တွင် စစ်ကောင်စီလေတပ်မှပေါင် ၅၀၀ ဗုံးဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများ

စစ်ကောင်စီတပ်သည် နမ့်ခမ်းမြိုရှိ ပေါက်နေနှင့် ဈေးရပ်ကွက်များသို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီး နောက် ဒေသခံများသည် ညဘက်တွင် သူတို၏ နေအိမ်များတွင် မနေရဲကြတော့ပေ။ အချိုမှာ နမ့်မော၀်(ရွှေလီ) မြစ် ကမ်းတစ်လျှောက်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခို နေထိုင်ခဲ့ကြသည်။

 

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ၏လေကြာင်းတိုက်ခိုက်မှုများ

စက်တင်ဘာလ ၈ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်သည် မြန်မာအမျိုးသား ဒီမို ကရေ စီမဟာမိတ်တပ်မတော် (MNDAA)တပ်ဖွဲ့မှ သြဂုတ်လ ၃ရက်နေ့တွင်စတင်ထိန်းချုပ်ခဲ့သည့် လားရိူးမြို့ လူနေရပ် ကွက်များကိုကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အလားတူစွာ စစ်ကောင်စီတပ်သည် လား ရိူး မြိုအပြင်ဘက်ရှိ MNDAA တပ်ဖွဲ့များထိန်းချုပ်ရာ ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီး ပစ်ခတ်မှုတို့ကိုလည်းပြုလုပ်နေသည်။ အဆိုပါတိုက်ခိုက်မှုများ ကြောင့် အရပ်သား ၁၀ ဦးသေဆုံးကာ ၅၆ ဦးဒဏ် ရာရခဲ့ပြီး  ဟော်တယ် ၇လုံး၊ ဘုန်းကြီးကျောင်း ၂ကျောင်းနှင့်  လားရိူးနည်းပညာအထက်တန်းကျောင်း လား ရိူး ကွန်ပျူတာတက္ကသိုလ်၊နည်းပညာတက္ကသိုလ်အပါအ၀င်အဆောက်အအုံ ၁၈၀ ကျော်ပျက်စီးခဲ့သည်။

စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်သည်  လားရှိးမြို ရပ်ကွက် ၁၂ ကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲခဲ့သည်။ ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ဟော်တယ်တလုံး အပါအဝင် အဆောက်အအုံ အ လုံး၂၀ ပျက်စီးခဲ့သည်။ ကား ဆယ်စီးခန့်လည်း ဆုံးရှုးပျက်စီးခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် လွန်စွာ ပြင်းထန်လွန်းသဖြင့် ထိုတိုက်ခိုက်မှု၏ မီတာ ၁၀၀ အတွင်းရှိ နေ အိမ် များအားလုံး တုန်ခါသွားခဲ့ပြီး ယခင် နှစ်ရက်ခန့်က နမ့်ခမ်းတွင် ဖြစ်ပေါ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုကဲ့သို သေဆုံးသူဦးရေ များပြားလာမည်ကို ဒေသခံများ ကြောက်ရွံနေကြသည်ဟု ရပ်ကွက် ၁၂မှ ဒေသခံတစ်ဦး ပြော ကြားခဲ့သည်။

စက်တင်ဘာ ၉ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ လားရှိးမြို၊ ရပ်ကွက် ၁ ကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲခဲ့ပြီး တစ်လုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (ယခု MNDAA ထိန်းချုပ်ထား)သို ကျခဲ့ပြီး ကျန်တစ်လုံးမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနီးရှိ ဗျူဟာလမ်း အနီးသို ကျရောက်ခဲ့သည်။ ထို လေကြောင်းတိုက် ခိုက်မှု ကြောင့် အုပ်ချုပ်ရေးမှူးရုံးအပါအဝင် နေအိမ်ငါးလုံး ပျက်စီးခဲ့ပြီး အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးကာ အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ကားနှစ်စီးခန့်လည်း ဆုံးရှုးပျက်စီးခဲ့သည်။

MNDAA တပ်ဖွဲ့မှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ထိုးစစ်ဆင်တိုက် ခိုက်မှုများကိုချဲ့ထွင်သွားမည်မဟုတ်ဟူသော ထုတ်ပြန် ကြေညာချက်ထုတ်ပြန်ပြီး သုံးရက်မြောက်ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်သည် လားရိူးမြို့ ရပ်ကွက် ၁၂ နှင့် ရပ်ကွက် ၂ တို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဟော်တယ်တစ်ခုနှင့် အိမ် ၈လုံး ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်မနက်အစောပိုင်းတွင် စစ်ကောင်စီလေတပ်သည် လားရိူးမြို့ရပ်ကွက် ၂ ကို ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့ရာ အရပ်သား ၂ ဦးသေဆုံးကာ ၁၅ဦးဒဏ်ရာရ ပြီးနေအိိမ် ၁၀လုံး၊ဟိုတယ်နှင့် စားသောက်ဆိုင် ၂ခု တို့ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၂၅ ရက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် MIG-29 နှင့် YAK-130 ဂျက်ဖိုက်တာများဖြင့် လား ရိူးမြို့ရပ်ကွက် ၁၂ ကိုတိုက်ခိုက်ခဲ့ရာ၊လားရိူးနည်းပညာအထက်တန်းကျောင်း၊တပ်ဦးဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၀လုံးပျက်စီးခဲ့သည်။

စက်တင်ဘာလ ၂၇ တွင် လားရိူးမြို့ရပ်ကွက် ၂ နှင့်ရပ်ကွက် ၃ တို့တွင် စစ်ကောင်စီဂျက်ဖိုက်တာ ၃စီးသည် ပေါင် ၅၀၀ ဗုံး၊ ပေါင် ၂၀၀ ဗုံးတို့ဖြင့် လေကြောင်းမှဗုံးကြဲချခဲ့ပြီး စက်သေနတ်များဖြင့်ပစ်ခတ်ခဲ့ရာ လားရိူး မြို့မစျေး ကြီး ရှိစျေးရုံတစ်ရုံပြာကျခဲပြီး Green Park ဟော်တယ်အပါအ၀င် အိမ် ၂၀ လုံးပျက်စီးပြီး အရပ်သား ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့သည်။

စက်တင်ဘာလ ၂၈ ရက် ည၈း၃၇ အချိန်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာ ၃ စီးသည် လားရိူးမြို့ ရပ်ကွက် ၈ ကို လေကြောင်းမှဗုံး ကြဲချခဲ့ကာ ကား၀ပ်ရှော့တစ်ခုကိုမီးလောင်ပြာကျစေခဲ့ပြီး နေအိမ် ၁၀ လုံးပျက်စီး ခဲ့သည်။ ထို့ နောက်ည ၉နာရီတွင် စစ်ကောင်စီတပ်သည် လားရိူးမြို့အစွန်ရှိ မယ်ဟန်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေ ကြောင်း ဗုံးကြဲခဲ့ရာနေအိမ် ၅လုံးပျက်စီးခဲ့သည်။

စက်တင်ဘာလ ၃၀ မနက် ၁၂း၃၄ အချိန်တွင် စစ်ကောင်စီလေတပ်သည် လားရိူးမြို့ရပ်ကွက် ၁၁ အောင်စေ တနာလမ်းကို ပေါင် ၅၀၀ ဗုံး ၂လုံးလာရောက်ကြဲချခဲ့ရာ အမျိုးသမီး ၂ ဦးဒဏ်ရာရပြီး အိမ် ၅လုံးပျက်စီးခဲ့သည်။

ည ၉း၅၈ အချိန်တွင် စစ်ကောင်စီတပ်သည် လားရိူးမြို့ရပ်ကွက် ၁၂ ကောင်းဆာကိုလေကြောင်းမှ ၃ကြိမ် ဗုံးကြဲခဲ့ရာ နေအိမ် ၅လုံး ပျက်စီးခဲ့သည်။စက်တင်ဘာလ ၃၀ ရက်ည ၁၀း၇အချိန်တွင် စစ်ကောင်စီတပ်သည် လားရိူးမြို့ ရပ်ကွက် ၁၂ မန်နားကို လေကြောင်းမှ ပေါင် ၅၀၀ဗုံး ၄လုံးကြဲချခဲ့ရာ အိမ် ၃၃လုံးပျက်စီးခဲ့ပြီး အရပ်သား ၉ဦးဒဏ် ရာရခဲ့သည်။

အောက်တိုဘာလ ၄ မနက်အစောပိုင်းတွင် စစ်ကောင်စီလေတပ်သည် လားရိူးမြို့ကို ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် ပြု လုပ်ခဲ့သည်။ တစ်ကြိမ်မှာ လားရိူးမြို့ရပ်ကွက် ၅ ရှိ ရှေးဟောင်းတရုတ်ဘုန်းတော်ကြီးကျောင်းကို ထိခိုက်စေခဲပြီး တစ်ကြိမ်မှာ လားရိူးမြို့ ရပ်ကွက် ၈ ရှိ လူနေအိမ်များကိုထိခိုက်စေခဲ့သည်။

အောက်တိုဘာလ ၅ ရက်မနက် ၁၀ နာရီ၀န်းကျင်တွင် စစ်ကောင်စီလေတပ်သည် လားရိူးမြို့စွန်မှ လွယ်လွမ့်ကျေး ရွာရှိ ကွန်ပျူတာတက္ကသိုလ်ကို ဗုံး ၃ လုံး၊ဟိုပိတ်ကျေးရွာရှိ နည်းပညာတက္ကသိုလ်ကို ၁ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းအဆောက်အအုံ များထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာ ၆ ရက် နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သည် လားရိူးမြို့ ရပ်ကွက် ၅ အထက်မန်အိုင်ကို လေကြောင်းမှဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၇ လုံးခန့် ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၁၀ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် သီပေါမြို့ နမ္မကျေးရွာအုပ်စု အရှေ့မြောက်ဘက်စွန်းတွင် တည် ရှိသောနားနန်းကျေးရွာအနီးရှိ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ အ ဆိုပါ ဗုံး ကြဲမှုကြောင့် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ညွန်ကြားမှုဦးစီးဌာနကိုယ်စား ၂၀၂၀ခုနစ် က တည်းကအဆိုပါသတ္တုတွင်းကိုလုပ်ကိုင်နေသော မင်းရွှေလွှာကုမ္ပဏီ၏ အဆောက်အဦးနှစ်လုံးပျက်စီးခဲ့သည်။

မင်းရွှေလွှာသည် ၁၀၂၇စစ်ဆင်ရေး မတိုင်မီ နမ့်ပေါင်-သီပေါလမ်းတစ်လျှောက်ရှိ ခရောင်းဘိလပ်မြေနှင့် ဆင်းရွှေ လီ (ငွေရည်ပုလဲ ပိုင်ဆိုင်သော) သကြားစက်ရုံများသို တစ်ရက်လျှင် ကျောက်မီးသွေး ကုန်တင်ယာဉ် အစီးရေ ၃၀ ခန့် သယ်ယူပိုဆောင်ပေးနေခဲ့သည်။ ၁၀၂၇  စစ်ဆင်ရေး စတင်ပြီးနောက် တစ်ရက်လျှင် ကုန်တင်ယာဥ် ဆယ်စီး အထိ လျှော့ချခဲ့ပြီး ဇွန်လတွင် MNDAA မှ နမ့်ပေါင်မြိုတစ်ဝိုက်ကို စတင်တိုက်ခိုက်သောအခါ ကျောက်မီး သွေး တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။ ဇူလိုင်လ ၄ ရက်နေ့တွင် MNDAA မှ နမ့်ပေါင်တွင် စစ်ကောင်စီ တပ်စ ခန်းအား သိမ်းပိုက်ခဲ့ပြီး နမ့်မ ကျောက်မီးသွေးတူးဖော်ရေး ဧရိယာတစ်ခုလုံးအား သိမ်းပိုက်ခဲ့သည်။

စက်တင်ဘာ ၁၀ ရက်၊ နံနက် ၁ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီလေတပ်မှ MNDAA ထိန်းချုပ်နယ်မြေ ဖြစ်သည့် လားရှိးမြို အနောက်တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာရှိ မူဆယ်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ နောင်မွန် ကျေး ရွာသို ဗုံးနှစ်လုံး ကြဲခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့်  နေအိမ် ခုနစ်လုံး ပျက်စီး ဆုံးရှုးခဲ့သည်။

စက်တင်ဘာ ၁၃ ရက်တွင် နမ့်ပေါင်ကျေးရွာသို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် နေ အိမ် ၃ လုံးပျက်စီးခဲ့ပြီး အရပ်သားငါးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တန့် ယန်း မြို့နယ် မန်ကတ်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နမ့်ပေါင် ကျေး ရွာရှိ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံးပျက်စီးခဲ့သည်။

မိုင်းရယ်မြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုများ

စက်တင်ဘာလ ၂၇၊မနက် ၁း၃၀ ဒေသခံပြည်သူများအိပ်ပျော်နေချိန်တွင် မိုင်းရယ်မြို့အနောက်မြောက်ဘက်မှ ၁၈ ကီလိုမီတာခန့်ကွာ၀ေးသော နမ့်တွန်းကျေးရွာကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲချခဲ့သည်။ အလားတူ မိုင်းရယ် မြို့ အခြေစိုက် စစ်ကောင်စီတပ်မှ တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ MNDAA တပ်ဖွဲ့မှထိန်းချုပ်ထားသော ကျေးရွာဘက် သို့ လက်နက်ကြီး ၄လုံးပစ်ခတ်ခဲ့သည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် ၂ လုံးပျက်စီးကာ၊ အသက် ၄နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းအတွင်းမှတိမ်းရှောင်ရန်ထွက်လာသော ကိုရင် ၇ပါးအပါအ၀င် ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသောလူနာများကိုမိုင်းရယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ ၄ ဦးကိုနမ့်တွန်းကျေးရွာတွင် စက်တင်ဘာ ၂၇ ၌ သင်္ဂြိုလ်ခဲ့သည်။

နမ့်တွန်းကျေးရွာတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအပြီး ရာနှင့်ချီသော နမ့်တွန်းကျေးရွာနှင့် အနီး အနား မှဒေသခံပြည်သူများသည် ၄င်းတို့၏ နေအိမ်များတွင်မနေရဲကျတော့ဘဲ အချို့မှာနီးစပ်ရာဘုန်း ကြီး ကျောင်း နှင့်လယ်တောများထဲတွင် တိမ်းရှောင်နေရသည်။

စက်တင်ဘာလ ၂၉ ရက်မနက်အစောပိုင်းတွင် မိုင်းရယ်မြို့မှ ၁၄ ကီလိုမီတာကွာ၀ေးသော ဟိုယကျေးရွာအုပ်စု ကောင်းမောင်ရွာကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲခဲ့ရာ နေအိမ် ၅လုံးပျက်စီးခဲ့သည်။အဆိုပါဒေသများတွင် MNDAA တပ်ဖွဲ့လဲလှုပ်ရှားနေသည်။

Download PDF files : Shan Burmese English

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66 94 728 6696                                   Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                +1 825 425 4099                                  Signal (မြန်မာ)

ထုတ်ပြန်ချက်