ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ မြို့နယ်ရှိ တရုတ်ကုန်သွယ်ရေးစင်္ကြံတလျှောက် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးထိခိုက်ခြင်း၊ အဆောက်အဦးများ ထိခိုက်ပျက်စီးခြင်းနှင့် နေရပ် စွန့်ခွာ ထွက်ပြေးရသူ ၁,၀၀၀ ကျော်ရှိလာခြင်း

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ မြို့နယ်ရှိ တရုတ်ကုန်သွယ်ရေးစင်္ကြံတလျှောက် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးထိခိုက်ခြင်း၊ အဆောက်အဦးများ ထိခိုက်ပျက်စီးခြင်းနှင့် နေရပ် စွန့်ခွာ ထွက်ပြေးရသူ ၁,၀၀၀ ကျော်ရှိလာခြင်း

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင်ဖြစ်ပွားခဲ့သော စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA/ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တိုက်ပွားကြားတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရပြီး ရွာပေါင်းသုံးရွာရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးကာ လူပေါင်း ၁,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ၎င်းဒေသသည် မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးစင်္ကြံ လမ်းမကြီးတခုဖြစ်ရာ သိန္နီ နှင့် ချင်းရွှေဟော်ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးဖြစ်သည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ နံနက်တွင် စစ်ကော်စီနှင့် KIA တပ်သားတို့ သိန္နီမြို့နှင့်အရှေ့ဖက် ၇ မိုင် အကွာ၊ ကုန်းကော်ရွာ သိန္နီ-ချင်းရွှေဟော် အဝေးပြေးလမ်းမတလျှောက်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

နောက်တနေ့ မွန်းလွဲ ၁နာရီတွင် အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီစစ်ကူတပ်သားများသည် Hsenwi မှ အဝေး ပြေးလမ်းမတလျှောက် ထရပ်ကားဖြင့်ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် နမ္မတူမြစ်ကိုဖြတ်၍ SSPP ထိန်းချုပ်ရာ ပန်နကျေးရွာတောင်ဖက်တွင် SSPP တပ်သားများနှင့် မိနစ်သုံးဆယ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုညနေတွင် ၎င်းစစ် ကောင်စီတပ်သားများသည် နမ္မတူမြစ်ကမ်းတွင် တပ်စွဲကာ ပတ်ပတ်လည်ရှိ တောင်ကုန်းများနှင့် တောတောင် များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ဖိုင်ခမ်းကျေးရွာမှ ရွာသားများသည် ည၇ နာရီခန့်တွင် ၎င်းတို့နေအိမ်ကို စွန့်ကာ ဖိုင်ခမ်း ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ထွက်ပြေးခဲ့ရသည်။

အောက်တိုဘာလ (၇)ရက်၊ မနက် ၁၀း၃၀ ခန့်တွင် ဝမ်နောင်မိန်း ရွာအနီးတပ်စွဲထားသော စစ်ကောင်စီ တပ်ရင်း ၃၂၃ မှပစ်ခတ်သည့် လက်နက်ကြီးသည် ကွန်ကောက် ဘုန်းကြီးကျောင်းကို ထိခိုက်ပေါက်ကွဲခဲ့သည်။ တချိန် တည်းမှာပင် ပန်နား နှင့် ကုန်းညောင်ကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်က ကွန်ကောက်ရွာသို့ လက် နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတလုံးသည် ကွန်ကောက်ဘုန်းကြီးကျောင်း မြောက်ဖက်သို့လည်းကောင်း၊ ကွန်ကောက်ရွာသို့လည်းကောင်း၊ အခြားတလုံးသည် ကွန်ကောက် ရွာအပြင်ဖက်သို့ လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သည်။လက်နက်ကြီးသည်ပိန်းကန်းကျေးရွာအတွင်းသို့လည်းကျရောက်ခဲ့ပြီး နွားတင်းကုပ်ထိခိုက်ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကိုရင်နှင့်ဘုန်းကြီး ၁၀ဦးခန့်သည် ကွန် ကောက် ဘုန်းကြီးကျောင်းမှ မြို့နှင့် 3 မိုင်ခန့်ကွာဝေးသော သိန္နီ-လောက်ကိုင် လမ်းမကိုဖြတ်၍ ဟိုမိန်းဘုန်းကြီး ကျောင်းသို့ ထွက်ပြေးကာ စစ်ဘေးရှောင်ခဲ့ရသည်။

အောက်တိုဘာလ (၈)ရက် နေ့ခင်း ၁၁နာရီခန့်၌ စစ်ကောင်စီတပ်ရင်း ၃၂၃ မှ တပ်သားများနှင့် KIA တပ်သားများ သည် ကွန်ကောက် ရွာတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်နက်ကြီးများသည် ကျေးရွာအတွင်းတွင် လည်း ကောင်း၊ ကျေးရွာအတွင်းရှိဘုန်းကြီးကျောင်းဝန်းအတွင်းသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်များနေ ထိုင်သည့် အဆောက်အအုံနှင့် ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ (၉)ရက်၊ နေ့ခင်း ၁၀: ၄၅ နာရီတွင် ကွန်ကောက်ကျေးရွာ၌ စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နားကွန်ကျေးရွာမှ စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးသည် ကွန်ကေက်ကျေးရွာအုပ်စု ၊ကောင်းချို ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက်၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ထိခိုက်ဒဏ် ရာရခဲ့သည်။ သူအိမ်တွင် လှဲအိပ်နေစဉ် လက်နက်ကြီးသည် သူ၏အိမ်ဘေးသို့ကျရောက်ပေါက်ကွဲခဲ့ပြီး သူ၏ ကျောကို လက်နက်ကြီးကျည်စထိမှန်ခဲ့သည်။ သူ့အား လားရှိုးဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး သူ့အားထိမှန်သည့် လက် နက်ကြီး ကျည်စကို ဖယ်ထုတ်ရာတွင် သူကိုယ်ဝန်လွယ်ထားရသော ကလေးငယ်သေဆုံးခဲ့ရသည်။ ထိုနေ့လည်တွင် စစ်ကောင်စီသည် တမ်မ ၉၉၊ တပ်မ ၈၈၊ MOC12 မှ တင့်ကား၂စီးအပါအဝင် တပ်သား သုံးစုကို တိုက်ပွဲနေ ရာသို့ စစ်ကူစေလွှတ်ခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် ကောင်းချိုကျေးရွာမှ ရွာသား ၁၀၀ခန့်သည် ဖိုင်ခမ်းဘုန်းကြီး ကျောင်းသို့ စစ်ဘေးရှောင်ထွက်ပြေးခိုလှုံခဲ့ကြရသည်။

အောက်တိုဘာလ (၁၀)ရက်၊ မွန်းလွဲ ၁:၃၀ နာရီမှ ၂နာရီအတွင်း စစ်ကောင်စီတပ်သည် ကွန်ကောက်ကျေးရွာ ဘုန်း ကြီးကျောင်းတွင် တပ်စွဲ၍ ပတ်ပတ်လည်ရှိ KIA တပ်သားများရှိရာတောင်ကုန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ကွန်ကောက်ဘုန်းကြီးကျောင်းရှိစစ်ကောင်စီတပ်သားများ

ရွာသားများအားလုံးသည် အောက်တိုဘာလ (၁၂)ရက်တွင် ၎င်းတို့၏နေအိမ်များသို့ ပြန်လာကြပြီဖြစ်သည်။ သို့ သော် စစ်ကောင်စီတပ်သည် KIA တပ်သားများက အဝေးပြေးလမ်းမကြီးများတွင်ရှိနေကာ ယာဉ်မောင်းများထံ ဆက်ကြေးကောက်ခံနေသည်ဟူသောအကြောင်းပြချက်ဖြင့် ကွန်ကောက် ဘုန်းကြီးကျောင်းတွင် နှင့် ကျေးရွာ မြောက်ဘက် ဘုရားကုန်းတွင်တပ်စွဲထားမြဲဖြစ်သည်။

သိန္နီ-ချင်းရွှေဟော် အဝေးပြေးလမ်းမကြီးသည် တရုတ်နိုင်ငံ စီချွမ် စီရင်စု ချန်ဒူး ဒေသမှ မြန်မာနိုင်ငံကိုဖြတ်ကာ အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ထားသော ပင်လယ်-ရထားလမ်း-ကုန်းလမ်း ဆက်ထားသောလမ်း ဖြစ်ပြီး တရုတ်၏ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း (OBOR) ၏အစိတ်အပိုင်းတခုဖြစ်သည်။ လင်ချန်း ထိရောက်သော မြန်မာနယ်စပ်အနီးရှိ တရုတ်ရထားသံလမ်းသစ်ကို ၂၀၂၁ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သည်။

တိုက်ပွဲများနှင့်လက်နက်ကြီး​ပစ်ခတ်မှုများကြောင့် ဒေသခံတထောင်ကျော် စစ်ဘေးရှောင်ခဲ့ရ

၂ဝ၂၃ခုနစ်အောက်တိုဘာလ ၅-၁၀ ရက်ကြားတွင် ဒေသခံ ၁၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ် များကိုစွန့် ခွါ ထွက်ပြေးခဲ့ရသည်။အများစုမှာ နေရာကျယ်ဝန်းပြီး ထောက်ပံ့ကူညီရန်လွယ်ကူသော ဟိုမိန်းဘုန်းကြီးကျောင်းသို့ ရှောင်တိမ်းခဲ့ကြသည်။

ဟိုမိန်းဘုန်းကြီးကျောင်း၌တိမ်းရှောင်ခဲ့ရသောလူဦးရေစာရင်း

No. ကျေးရွာ အိမ်ခြေ လူဦးရေ
1 ပိန်းကန်း 32 96
2 ကွန်ကောက် 80 240
3 ပိန်းဟုန်း 40 120
4 ဝမ်ဟယ် 57 171
5 တန့်ခန့် 30 90
6 နောင်မောင်း 30 90
7 ဟိုနောင် 17 52
8 ဖိုင်ခမ်း 20 60
  စုစုပေါင်း 306 919

ဤအချက်များအပြင် အခြားကျေးရွာမှ ရာချီသောဒေသခံများသည် အခြားဒေသများသို့ စစ်ဘေးရှောင်ထွက်ပြေးခဲ့ ကြသည်။ ပန်နား ရွာသားမျာသည် စယ်အူ ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ကုန်းညောင်ရွာသားများသည် လားရှိုးမြို့၊ ကွမ်းလုံမြို့၊ ဟိုပန်မြို့ရှိ ၎င်းတို့၏အမျိုးများထံသို့လည်းကောင်း၊ ကောင်းချိုရွာသားများနှင့် ဖိုင်ခမ်းရွာသားတို့သည် ဖိုင်ခမ်း ဘုန်းကြီးကျောင်းသို့လည်းကောင်း အသီးသီးထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ဟိုမိန်းဘုန်းကြီးကျောင်းတွင်တိမ်းရှောင်နေသောစစ်ရှောင်များ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                        +66 99 246 5673/  +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                     +66 99 289 6080                                          Signal (မြန်မာ)

 

Download PDF files: Shan Burmese English

ထုတ်ပြန်ချက်