ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်ထဲတွင် အစိုးရတပ်မတော်မှ အဓမ္မ စေခိုင်းခြင်း၊နှိပ်စက်ညှင်း ပန်းခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း နှင့် လုယက်ခြင်းများ ကျူးလွန်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှနောက်ဆုံးရသတင်း

ဒီဇင်ဘာလ ၂၈ ရက်နေ့ ၂၀၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်ထဲတွင် အစိုးရတပ်မတော်မှ အဓမ္မ စေခိုင်းခြင်း၊နှိပ်စက်ညှင်း ပန်းခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း နှင့် လုယက်ခြင်းများ ကျူးလွန်

 

၁။ တပ်မ အမှတ် ၃၃ သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းနယ်မြေရှိ ပြည်သူများ၏ နေအိမ်များကိုဖျက်ဆီး ခြင်း နှင့် ပစ္စည်းများလုယက်ခြင်း။

နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၆ တွင် အစိုးရ ခြေလျင်တပ်မ အမှတ် ၃၃ သည်  ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းနယ်မြေ ဝမ်ကောင်းလုံကျေးရွာရှိ နေအိမ် ၁၄ အိမ်ကို  ဖျက်ဆီးခဲ့သည်။

ဝမ်ကောင်းလုံရွာထဲတွင် အိမ်ခြေ ၆၀ အိမ်ရှိရာ လူဦးရေ ၃၁၀ ဦးရှိသည်။  ဝမ်ကောင်းလုံရွာ၏ မြောက်ဘ က်   ၁ မိုင်ခန့်အကွာရှိ ဝမ်ကောင်းဆုံ နှင့် ဝမ်နမ့်တောင် တွင် အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့       ( ပါဝင်သောအဖွဲ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတ ပ်မတော် ၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ တော် နှင့် ရခိုင်တပ်မတော်) တို့ကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားရာ ထိုရွာသူရွာသားများ နေအိမ်မှ တိမ်းရှောင်ထွက်ပြေးကြ သည်။

အစိုးရစစ်တပ်မှ ရွာသူရွာသားများ၏ အိမ်တံခါးများကိုဖျက်ဆီးခြင်း ရွာသားများ၏ နေအိမ်ထဲသို့ ဝင်ပြီး  အသုံးအဆောင်ပစ္စည်း များလုယက် ခြင်းကို ဝမ်ကောင်းလုံရွာထဲတွင် ကျန်ရစ်ေ နသော ဘုန်းကြီးတစ်ပါးက မျက်မြင်တွေ့ခဲ့သည်။

ထိုနေ့ထဲတွင် ရွာသားတစ်ယောက်ဖြစ်သည့် စိုင်းထွန်းအောင် သည် ဝမ်ကောင်း ဆုံရွာ မှ ဆိုင်ကယ်ဖြင့်   လာရာ ဝမ်ကောင်းလုံ အရောက်တွင် အစိုးရတပ်မ ၃၃ က ရွာထဲမှ သေနတ်ဖြင့် ပစ်ရာ ကံကောင်းစွာဖြ င့်  သေနတ်ထိ မှန် ခြင်းမရှိခဲ့ပေ။

အစိုးရတပ်မတော်သည်  ဝမ်ကောင်းလုံရွာမှ ရွာသူရွာသားများ၏ ပစ္စည်းများလုယက်ခြင်း နှင့်  ဖျက် ဆီး ခံရခြင်းများကို အောက်ပါဇယားအတိုင်းဖော်ပြထားသည်။

စဉ်။ ရွာသူ/သား အမည် ဖျက်ဆီးခံရသောပစ္စည်းများနှင့်လုယက်ခံရသောပစ္စည်းများ
၁။ လုင်းယီမိုင်း၊ ပါခမ်းလှိုင် ၄၁၀၀၀၀ ကျပ်တန်ကင်မရာတလုံး၊

၂၂၆၀၀၀ ကျပ်တန်နားကပ် ၂ စုံ

၄၇၈၅ဝဝကျပ်တန်ဖိုးရှိကုန်စုံဆိုင်ထဲရှိ ရောင်းကုန်အစ္စည်းများ၊

၄၀,၀၀၀ ကျပ်နှင့် တရုတ်ငွေ ၆၀၀ ယွမ်

၂။ အိုက်ကျော်ငွေ နန်းခမ်းလိုင်းထွန်း တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၃။ နိုင်အောင်ပန်း တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၄။ အိုက်ဆော၊နိုင်းရွှေဟန် ၁၈ဝဝဝဝကျပ်တန်လက်ကိုင်ဖုန်း ၂ လုံး ၊

၁၁၀၀၀၀ ကျပ်တန်နားကပ်တစ်စုံ

၅။ အိုက်ဆန်၊ နန်းခမ်းထွန်း တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၆။ အိုက်အောင်လှ၊ မစိုး တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၇။ အိုက်ဌေး၊ အေးမိုင် ဖုန်းနှင့် လက်ပတ်နာရီ ၃၀၀၀၀၀ ကျပ်
၈။ အိုက်ဆမ်ကျင်၊ နန်းခမ်းလိုင်းရွှေအောင် ဆိုင်ထဲရှိ ပစ္စည်းများနှင့် ၈၂၀၀၀ ယွမ်
၉။ စိုင်းလောဝ်ဆိုင်၊ နန်းထွမ်းဆာ တရုတ်ငွေ  ၅၃၀၀ ယွမ်၊၃ဝဝဝဝဝကျပ်တန်ဖိုးရှိ ဆိုင်အတွင်းရှိပစ္စည်းများ
၁၀။ အိုက်ပို၊ နန်အောင် တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၁၁။ အိုက်ထွေး၊ နန်းရွှေမြ တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၁၂။ အိုက်သိန်းဦး၊ နန်းခမ်းရင် တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး
၁၃။ အိုက်ပေါင်း၊ နန်းခမ်းလှ ၇၀၀၀၀၀ ကျပ်တန်ဆိုင်းအတွင်းရှိ ပစ္စည်းများ
၁၄။ လောဝ်ဝိုး၊ နိုင်းအောင်ပန်း တံခါးနှင့် ပြတင်းပေါက် ပျက်ဆီး

၂။  မုံးကိုးမြို့ တွင်အိုးမဲ့အိမ်မဲ့ ဖြစ်သွားသောရွာသား ၄ ယောက်ကိုဖမ်းဆီးပြီး အတင်းအဓ္ဓမ အလုပ်လုပ် ခိုင်းစေ ခြင်း။

နိုဝင်ဘာလ ၂၂ ရက် ၂၀၁၆ တွင် မုံးကိုးမြို့နယ် နောင်ခမ်းရပ်ကွက် ရွာသား ၄ ယောက် သ ည် တရုတ်ပြည် မှ အိမ်သို့ပြန်လာကြည့်ချိန်တွင် နောင်ခမ်းအခြေစိုက်အစိုးရတပ်မ ၉၉ မှ ဖမ်းဆီးလိုက်သည် ။ နိုဝင်ဘာ ၂၀ ရက် တိုက်ပွဲဖြစ်ပွားချိန်တွင် ၎င်းရပ်ကွက်သူရပ်ကွက် သားများအားလုံး  တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။

ဖမ်းဆီးခံရသူများကို  အစိုးရတပ်မတော်အတွက် အတင်းအဓမ္မ ထမင်းဟင်း ၂၃ ရက်တိုင် ချက်ပြုတ်ခိုင်း  သည်။ ဒီဇင်ဘာ ၁၄ ရက် မွန်းလွှဲပိုင်း ၄ နာရီ အချိန်မှပြန်လည်လွှတ်ပေးသည်။ နောင်ခမ်း ရပ်ကွ က်ထဲတွင် အိမ် ခြေ ၃၅ အိမ် ရှိပြီး လူဦးရေ ၁၅၅ ဦးရှိသည်။

စဉ်။ ရွာသားများသားနာမည် အသက် ရွာဇာတိ အသေးစိပ်
၁။ စိုင်းအိုက်ဆိုင် ၃၀ နောင်ခမ်း
၂။ စိုင်းအိုက်ယုန် ၂၀ နောင်ခမ်း အိမ်ပြာကျသည်ထိ မီးရှို့ခံရ
၃။ စိုင်းအိုက်ပေါင်း ၂၀ နောင်ခမ်း
၄။ စိုင်းအိုက်မွန်း ၁၆ နောင်ခမ်း

၃။  ပန်ဆိုင်းကျေးရွာအုပ်စုထဲတွင် အစိုးရတပ်မ ၃၃ နှင့် ၉၉ အဖွဲ့ မှ ရွာသား ကိုဖမ်းဆီးခြင်း နှင့်  နှိပ်စက်ညှင်းပန်းခြင်း

ဒီဇင်ဘာလ ၅ ရက်နေ့ ၂၀၁၆ တွင် အစိုးရတပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပို င်း မူဆယ်ခရိုင်  ပန်ဆိုင်းကျေးရွာအုပ်စု မှ ရွာသားကို ဖမ်းဆီးခံ၍  ချုပ်နှောင်ရိုက်နှက် ခဲ့သည်။

ပိန်ဆိုင်း ရပ်ကွက် ၁ နေအိမ် ဦးကန်ယောင်းဆန် နှင့် နန်းဆိုင်ခွတ် ၏ သား စိုင်းလိန် သည် ထိုေ န့ ညပိုင်း ၉း၃၀ အချိန်တွင် အစိုးရတပ်မတော်က တွေ့ပြီး မေးမြန်းရာ သူက သာမာန်ရွာသား ပဲ ဟုပြောဆိုသော် လည်း သူ့ကိုဖမ်းပြီး ချုပ် နှောင်၍ ရိုက်နှက်သည်။

နောက်တစ်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အစိုးရတပ်မတော်က စိုင်းလိန် ၏ ဦးလေး လုင်းကျော် ထွယ် ကို ဖုန်းဆက်ခေါ် ၍ ရဲစခန်းဆီသို့ တခြားရွာသား နှစ်ယောက်နှင့် အတူသွားသည်။  မွန်းလွှဲပိုင်း ၂ နာရီခန့်တွင် စိုင်းလိန်ကိုပြန်လည်လွတ်ပေးလိုက်သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန် +၆၆ ( ၀ ) ၆၂-၉၄၁-၉၆၀၀ ( English, Shan )

ယိင်းလွန့်လှိုင်း +၆၆ ( ၀ ) ၆၃-၈၃၈-၉၀၂၉ ( English, Burmese )

PDF >>>> Shan Burmese English

ထုတ်ပြန်ချက်