ဒေသခံများ၏ဆန့်ကျင်မှုများကြဒေသခံများ၏ဆန့်ကျင်မှုများကြားမှမိုင်းခုတ်တွင် ကျောက်မီးသွေးစတင်တူးဖော်

ရှမ်းပြည်မြစ်ချောင်းများအတွက်လှုပ်ရှားမှုအဖွဲ့မှ နောက်ဆုံးရသတင်း

ဒီဇင်ဘာလ ၆ ရက်၊၂၀၁၉ ခုနှစ်

ဒေသခံများ၏ဆန့်ကျင်မှုများကြားမှမိုင်းခုတ်တွင် ကျောက်မီးသွေးစတင်တူးဖော်

ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆတ်မြို့နယ်မိုင်းခုတ်တွင်ဒေသခံရပ်သူရွာသားများဆန့်ကျင်မှုများကြားမှလွန်ခဲ့တဲ့အောက် တိုဘာလနောက်ဆုံးအပတ်ကတည်းကစပြီးကျောက်မီးသွေးတူးဖော်ရေးအတွက်မြေရှင်းလင်းမှုကိုလုပ်ဆောင်ခဲ့သည်။

လွန်ခဲ့တဲ့အောက်တိုဘာလ 22 ရက် 2019 ကရွာသူရွာသား (300) ကျော်ကကျောက်မီးသွေးတူးဖော်ခြင်းမှ၎င်းတို့၏မြေနေရာများကာကွယ်သောအနေဖြင့်ဆုတောင်းပွဲတရပ်ပြုလုပ်ခဲ့ကြသော်လည်းထိုနေ့ရက်ကတည်းကစပြီးထိုင်း ကုမ္ပဏီ မှအလုပ်သမားများကဝမ်ဝိန်းရွာရဲ့အနောက်တောင်ဘက်တွင် 3,200 ဧကအကျယ်ရှိမြေနေရာကိုဘတ်ဖိုး၊ ဘူတိုဇာ နှင့်ဆယ်ဘီး ကားများအသုံးပြုပြီးမြေရှင်းလင်းနေခဲ့သည်။

နိုဝင်ဘာလ 2 ရက်နေ့ 2019 တွင်လည်းလူဦးရေ 2,500 ခန့်ရှိသောမိုင်းခုတ်တိုက်နယ်အုပ်စုကျေးရွာ (9) ရွာအနက်ကျေးရွာ (8) ရွာရှိမိုင်းဆတ်မြေယာအလုပ်အမှုဆောင်ထံမှရွာသားများသိရသည်မှာကျောက်မီးသွေးမိုင်းနှင့်ကျောက်မီး သွေး သုံးဓာတ်အားပေးစက်ရုံအတွက်လမ်းဆောက်လုပ်ရန်၎င်းရွာများအတင်းရွှေ့ပြောင်းခိုင်းမည်ဟုဆိုသည်။

မိုင်းခုတ်တွင် 28 နှစ်ကျောက်မီးသွေးစီမံကိန်းကိုဇူလိုင်လ 2019 ကထိုင်း Sahakol Equipment Co. Ltd (SQ) Company နှင့်မြန်မာရွှေရေကန်(Golden Lake Co. Ltd) ကုမ္ပဏီတို့မှနှစ်ဦးနှစ်ဖက်ဖက်စပ် သဘောတူညီချက် ရေးထိုးခဲ့ကြသည်။ Golden Lake ရဲ့ကြိုးကိုင်မှာမြန်မာအစိုးရစစ်တပ်ပိုင် မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (Myanmar Economic Corporation -MEC)ဖြစ်သည်။ ရွှေရေကန်ကုမ္ပဏီ(Golden Lake Co.Ltd)ပိုင်ရှင် စိုင်းနွန်း မိုင်းခုတ်သို့ အလည်ရောက်ခဲ့စဥ်က ၎င်းသည် မြန်မာအစိုးရစစ်တပ်နှင့်သာ တည်းခိုနေထိုင်ခဲ့သည်။

MEC သည်မိုင်းခုတ်ကျောက်မီးသွေးစီမံကိန်းအတွက် 2008 ခုနှစ်တွင် Saraburi Coal (Italian Thai Development Companyရဲ့လက်အောက်ခံတစ်ခု) နှင့်မူလပူးတွဲစီမံကိန်းလုပ်ကိုင်သူလည်းဖြစ်ခဲ့သည်။သို့သော်ထိုင်းနယ်စပ်ဘက်ရှိဒေသခံများအပြင်းအထန်ဆန့်ကျင်ပြီးတဲ့နောက်အဆိုပါစီမံကိန်းသည် 2011 ခုနှစ်တွင်ရပ်ဆိုင်းခဲ့ရသည်။

သို့သော်လည်းMEC သည်မိုင်းဆတ်မြို့နယ်မိုင်းခုတ်တွင် 13.7596 စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိ ကျောက်မီး သွေး မိုင်းတူးဖော်ရန် နှစ် (20) လိုင်စင် ( 18 နိုဝင်ဘာလ 2018မှ 17 မတ်လ 2035ခုနှစ်အထိ) ရရှိကြောင်းအစီရင်ခံ စာထုတ်ခဲ့ပြီး၎င်း Myanmar EITI 2015-2016 အစီရင်ခံစာ၌အဆိုပါစီမံကိန်းအတွက် MEC အနေနဲ့ဆက်လက် တွန်း အားပေးနေခဲ့သည်။

ဇူလိုင်လ 17/ 2017 တွင်မိုင်းဆတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကမိုင်းခုတ်ရပ်ကွက် (3) ရပ်ကွက်ရှိရွာသူကြီးတွေဆီသို့အကြောင်းကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။အဆိုပါစာတွင်ကျောက်မီးသွေးသုံးဓာတ် အားပေး စက်ရုံနှင့်အခြားသောရည်ရွယ်ချက်များအတွက်လယ်ယာမြေ (200) ဧကအသုံးပြုရန် MEC စီစဉ်နေခဲ့ပြီးမည်သည့်ကန့်ကွက်မှုများမဆိုသြဂုတ်လ 15/ 2017 မတိုင်မီရေးသားတင်ပြရန်ဖော်ပြထားသည်။

အဆိုပါစီမံကိန်းကိုဆန့်ကျင်ကန့်ကွက်ရန်မိုင်းခုတ်ရှိရပ်ကွက်(3)ရပ်ကွက်မှရပ်သူရွာသားများကအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့၍သြဂုတ်လ 9/ 2017တွင်မိုင်းဆတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ကန့်ကွက်စာ တစ်စောင်အတွက်လက်မှတ်ကောက်တင်ပြခဲ့ပြီး၎င်းစာကိုလက်ခံသော်လည်းပြန်လည်အကြောင်းကြားခြင်းမရှိခဲ့ပါ။

သို့သော်လည်းဒီနှစ်သြဂုတ်လ 12 ရက်နေ့ည(7) အချိန်တွင်ကုမ္ပဏီမှဝန်ထမ်းသည်မိုင်းခုတ်ရွာသူကြီးတစ်ဦးဆီကို ရောက်လာပြီး ဒေသခံနှင့် ကုမ္ပဏီကြား ပြဿနာများ ဖြစ်ပေါ်စေနိုင်တဲ့ လွန်ခဲ့သော (2) နှစ်က ပေးပို့ခဲ့သော ကန့်ကွက်စာ အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။ ရွာသူရွာသားများအနေနဲ့ ၎င်းတို့လက်မှတ်ရေးထိုးခဲ့သည်ကို အမှန် တကယ် နားလည်ပါသလား၊ တစ်စုံတစ်ယောက်က ထိုသို့ပြုလုပ်ရန် တွန်းအားပေးသလားဟု လာရောက်မေး မြန်ခဲ့ပါ သည်။ ကျောက်မီးသွေးစီမံကိန်း၏အားသာချက်များနှင့် အားနည်းချက်များကို ရွာသားများအားလာရှင်းပြမည်ဟုလည်း ကတိ ပေးခဲ့သည်။

အောက်တိုဘာလ 17 ရက် 2019 တွင် ညနေ 3 နာရီမှ 5 နာရီ အချိန်အထိ ဝမ်ဝိန်းဘုန်းကြီးကျောင်း၌ ထိုင်းကုမ္ပဏီ ကိုယ် စားလှယ်များက ရွာသားများနှင့် လာရောက်တွေ့ဆုံပြီး အစည်း အဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ 25 ရက် 2019 ကစပြီးပထမသုပ် အစမ်းသဘောဖြင့်သာ ကျောက်မီး သွေးတူး ဖော်မည် ဟု၎င်းတို့က ထိုအစည်းအဝေးတွင် ပြော ကြား ခဲ့သည်။ သို့သော် ထိုတူးဖော်တဲ့ အရွယ်အစားမှာ အစမှာ ပင် ကြီးကျယ်သော မြေယာရှင်းလင်းခြင်းနှင့် အစမ်းသဘော သာ တူး ဖော်ခြင်းထက် တူး၍ဖော်ထုတ်ထားသည့် ကျောက်မီး သွေးပုံကို ကြည့်ပြီး အစမ်းမဟုတ်သည်ကို သိသာထင်ရှား ပါ သည်။

အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်း ဖြန့်ဝေရန် အ တွက် 600 မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးသုံးဓာတ် အားပေးစက်ရုံတစ်ခုတည်ဆောက်ရန် ကျောက်မီးသွေးကိုတစ် နှစ် အတွင်း တန်ပေါင်း (300,000) ရရှိရန် စီစဉ်တူးဖော်မည် ဟု ထိုင်းသတင်းဖော်ပြချက်အရသိရသည်။

တူးဖော်ထွက်ရှိလာမည့်ကျောက်မီးသွေးကို မိုင်းခုတ်မှ မိုင်းလုံး၊ မိုင်းဟိုင်းမှ တစ်ဆင့် တာချီလိတ်အတွင်းရှိ တော်ကော့အထိ ထို့မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင် ချစ်ကြည်ရေးတံတား အ မှတ် -2 (No. 2 Friendship Bridge) တွင်ကျော်ဖြတ်တင် ပို့ မည်ဟု ထိုင်းကုမ္ပဏီဝန်ထမ်းက ပြောသည်။

ကျန်ရှိသောကျောက်မီသွေးတစ်ချို့ကို 22 ဒီဇင်ဘာလ 2017 တွင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission) ထံမှ ခွင့်ပြုချက်ရသော မင်းခေတ်သစ် ကုမ္ပဏီက မိုင်းဟိုင်း နှင့် တာချီလိတ်ကြားရှိ နမ့် ဟဲမ်း ကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် 23 မဂ္ဂါဝပ် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအတွက် အသုံးပြုမည် ဟုလည်း ယူဆခဲ့သည်။ မင်းခေတ်သစ်ကုမ္ပဏီသည် ၎င်းနည်းတူ ထိုဧရိယာအတွင်း 0.2003 စတုရန်းကီလိုမီတာ အကျယ် အဝန်းရှိ ကျောက်မီးသွေးတွင်းကို တူးဖော်ခွင့်ပြုချက် (5) နှစ် (24 ဇူလိုင်လ 2015 မှ 10 ဖေဖော်ဝါရီလ 2020 အထိ) ရ ရှိခဲ့သည်။

ဆက်သွယ်ရန်

စိုင်းခေးဆိုင်                    +95 98-893-712-91     (ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်)

နန်းချမ်တောင်း               +66 87 658 9551         (ရှမ်း၊ ထိုင်း၊ အင်္ဂလိပ်)

နန်းဟွမ်                         +66 82 189 0684         (ရှမ်း၊ ထိုင်း)

စိုင်းဟော်ရှဲန်                   +66 94-728-6696        (ရှမ်း၊ အင်္ဂလိပ်)

PDF files:>>>

Shan Burmese Thai English

ထုတ်ပြန်ချက်