ကျောက်မဲမြို့နယ် တောင်ပိုင်းဒေသရှိ RCSS/SSA တပ်စခန်းများအား အစိုးရစစ်တပ်မက တိုက်ခိုက် ရာ တွင်လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း၊ ဒေသခံများအား ညှဥ်းပမ်းနှိပ်စက်ခြင်း နှင့် ပစ္စည်းလု ယက်ခြင်းများရှိ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

2020 ခုနှစ် အောက်တိုဘာလ 19 ရက်

ကျောက်မဲမြို့နယ် တောင်ပိုင်းဒေသရှိ RCSS/SSA တပ်စခန်းများအား အစိုးရစစ်တပ်မက တိုက်ခိုက် ရာ တွင်လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း၊ ဒေသခံများအား ညှဥ်းပမ်းနှိပ်စက်ခြင်း နှင့် ပစ္စည်းလု ယက်ခြင်းများရှိ

 

စက်တင်ဘာလ ၃၀ မှစ၍ အစိုးရစစ်တပ်သည် မြေပြင် ဝေဟင် ပူးပေါင်းစစ်ဆင်ရေး ဖြင့် ကျောက်မဲမြို့နယ် တောင် ပိုင်းဒေသရှိ လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) အား တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ဆင်ရေးတွင် အစိုးရစစ်တပ်မှ တပ်သားများသည် ရမ်းသမ်း ပစ်ခတ်ခြင်း အပါ အ ဝင် ဒေသခံများကို ရည်ရွယ်ချက်ရှိရှိ ‌ ညှဥ်းပမ်းနှိပ်စက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း ပစ္စည်းများ လုယူခြင်း (သို့) ဖျက် ဆီးခြင်းများ ကျူးလွန်ကြောင်း တွေ့ရှိရသည်။

ကျောက်မဲအခြေစိုက် အစိုးရစစ်တပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-၁ (စကခ-၁) နှင့် လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ အမှတ် 101 နှင့် 99 မှ ပူးပေါင်းအင်အား ၁၀၀၀ ကျော်တို့သည် ရွာလုံးကျွတ် ဝင်ရောက်ရှင်းလင်းရာတွင် ရမ်း သမ်းပစ်ခတ် တိုက်ခိုက်သည့်ပြင် လေကြောင်းမှလည်း ရဟတ်ယာဥ် အသုံးပြုကာ စက်သေနတ်ဖြင့် ပစ်ကူပေး သည်။ ဒေသခံကျေးရွာသားများ 4,400 ကျော်ခန့် မိမိနေအိမ်များမှ စွန့်ခွါ ထွက်ပြေး တိမ်းရှောင်ကြရသည်။

အစိုးရစစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ညှဥ်းပမ်းနှိပ်စက်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အသေး စိတ် မှတ်တမ်းတင်ထားသည်။ ၎င်းတို့မှာ- ခန့်ခဲကျေးရွာတွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် 45-နှစ်ရှိ ရွာသား တယောက် အပြင်းအထန် ဒဏ်ရာရသည်။ ခန့်ခဲကျေးရွာ နှင့် နမ့်မတ်ဟင်ကျေးရွာတွင် ပစ္စည်းလု ယက်မှုများ ရှိခဲ့ သည်။ နမ့်မတ်ဟင်ကျေးရွာမှ ရွာသား ၂ ဦး အဖမ်းခံရသည်။ နားပုံကျေးရွာမှ ရွာသား တယောက် (သက်-၁၉) လည်း ညှဥ်းပမ်းနှိပ်စက်ခံရပြီး ယခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

အစိုးစစ်တပ်က ယင်းဒေသတွင် စစ်အင်အား ဆက်လက် တိုးချဲ့လျက်ရှိပြီး၊ ရွာသားများအားလည်း အိမ်ပြန် မလာ နိုင်ရန် ဟန့်တားထားသည်။ စစ်ဘေးရှောင် IDP များလည်း ကျေးရွာဘုန်းကြီးကျောင်းတွင် ကြပ်ကြပ်တည်း တည်း နေထိုင်ကြရပြီး စားနှပ်ရိက္ခာ မလုံလောက်မှုနှင့် တဖက်မှာလည်း ကိုဗစ်-19 ကပ်ရောဂါ ကူးစက်ပြန့်ပွါး မှာကိုလည်း စိုးရိမ်နေကြရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် နိုင်ငံလုံးဆိုင်ရာ အပစ် ခတ် ရပ်စဲရေးစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားသည့် အလျောက် အစိုးရစစ်တပ် အနေဖြင့် စစ်ဆင် ရေး ဖေါ်ဆောင်နေခြင်းသည် ယင်းစာချုပ်ကို ချိုးဖေါက်ရာရောက်သည့်ပြင် မကြာခင်ကမှ ကိုဗစ်-19 ကပ် ရောဂါ ထိမ်း ချုပ်ရေး အစီအစဥ်ဖြင့် စစ်တပ်၏ တဖက်သတ် အပစ်ခတ်ရပ်စဲရေး အထူးကာလ သတ်မှတ်ချက် သက်တမ်း တိုးထားသည်။ ကျောက်မဲ တောင်ပိုင်းဒေသ အခြေစိုက် RCSS/SSA စစ်စခန်းများ အစိုးရဘက်မှ စတင် ပစ်ခတ် တိုက်ခိုက်မှုသည် ယခုနှစ်ထဲတွင် ဒုတိယအကြိမ်ဖြစ်သည်။ ယခုလို အဓိပ္ပါယ်မရှိသည့် စစ်ပွဲတရပ် ကိုလည်း ဇွန်လ တုန်းက လုပ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယင်းစစ်ဆင်ရေးတွင် အပြစ်မဲ့ ရွာ သားများ သတ်ဖြတ်ညှဥ်းဆဲခြင်းကြောင့် ကျောက်မဲမြို့နယ်တွင်း ကျေးရွာပေါင်း များစွာမှ လူထု 15,000 ကျော်တို့ က ဆန့်ကျင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

အစိုးရစစ်တပ်ဘက်က ပြောသည်မှာ RCSS/SSA က အဲန်စီအေစာချုပ်၏ သဘောတူညီချက်အရ သတ်မှတ်နယ်မြေ ကျော်လွန်ပြီးလှုပ်ရှားတာကြောင့် တိုက်ပွဲဖြစ်ရသည်ဟုဆိုပြီး၊ RCSS/SSA က အဲန်စီအေစာချုပ်မှာ သဘောတူ ထား သည့် သတ်မှတ်နယ်မြေ ဆိုတာမျိုး မရှိကြောင်း တုန့်ပြန်ပြောဆိုသည်။

စစ်တပ်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်မှာ- စစ်တပ်အနေနဲ့ မန္တလေး-လားရှိုးလမ်း အဝေးပြေးလမ်းမကြီးကို “လုံခြုံရေး” ပေးနေတာဖြစ်ကြောင်း စစ်တပ်၏ စစ်ဆင်ရေးကို ကာကွယ်ပြောဆိုသွားသည်။ ယခုလို ပြောဆိုမှု သည် – ကျောက်မဲတွင် တည်ဆောက်လျက်ရှိ တရုတ်-မြန်မာ စီးပွါးရေး စင်္ကြံလမ်း နှင့် နမ္မတူ/မြစ်ငယ်မြစ် ရေကာ တာမှ သွယ်တန်းလျက်ရှိဓာတ်အားလိုင်းသစ် infrastructure အဆောက်အအုံများကို ကာကွယ်ပြောဆိုတာ ဖြစ်နိုင်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။

အထက်ရဲရွာရေကာတာမှ သီပေါမြို့နယ် နမ္မတူရေကာတာထိ 75 ကီလိုမီတာ ရှည်လျားသည့် 230kV ဓာတ်အား လိုင်း စီမံကိန်း လေ့လာရေးကို မကြာသေးခင်ကပဲ စတင်ခဲ့သည်။

အစိုးရစစ်တပ် အနေဖြင့် လာမည့်နိုဝင်ဘာ 8 ရက်နေ့ အထွေထွေရွေးကောက်ပွဲကို ကျောက်မဲ-မဲဆန္ဒနယ်မြေ ကိုယ်စား လှယ်ရွေးကောက်မှု ဖျက်သိမ်းလိုသည့်အတွက် တိုက်ပွဲများ တမင်တကာ ဖန်တီးတာ ဖြစ်နိုင်ကြောင်း ဒေသခံ များက ယူဆနေကြသည်။ ကျောက်မဲ-မဲဆန္ဒနယ်မြေဆိုသည်မှာ ပြီးခဲ့သည့် နိုဝင်ဘာ-2015 ရွေးကောက် ပွဲတုန်းက လွှတ်တော် ၂ ရပ်လုံး – အထက် (အမျိုးသား) လွှတ်တော်၊ အောက် (ပြည်သူ့) လွှတ်တော် ၂ ရပ် အပါအဝင် ပြည်နယ်လွှတ်တော်ပါ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က အနိုင်ရထားသည်။ အောက် တို ဘာလ 16 ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျောက်မဲမြို့နယ် ကျေးရွာအုပ်စုပေါင်း 12 အုပ်စု နယ်မြေများတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀(စ) အရ ရွေးကောက်ပွဲကျင်းပပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။ ယင်းကြေညာချက်တွင် ကျောက်မဲမြို့နယ် တောင်ပိုင်းဒေသ ကျေးရွာအုပ်စုပေါင်း ၄ အုပ်စု ပါဝင်သည်။ ၎င်း ၄ အုပ်စုမှာ- နောင်ဆိမ်၊ ပန်လော့၊ ဟဲကွီ နှင့် ခေးနင်းတို့ဖြစ်သည်။

 

အစိုးရစစ်တပ်၏ အခြေအမြစ်မရှိ စစ်ပွဲဆင်နွှဲမှုကြောင့် မလိုအပ်ပဲ ဒေသခံပြည်သူလူထုများ ဆင်းရဲဒုက္ခ ခံနေရ သည့် လူထုအတွက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အပြင်းအထန် ကန့်ကွက်ရှုံ့ချပါသည်။ ရွာသူရွာသား များ အိမ်ပြန်နိုင်ရေးအတွက် ကျောက်မဲ တောင်ပိုင်းဒေသမှ အစိုးရစစ်တပ်များ အားလုံး ချက်ချင်းရုတ်သိမ်းပေးရန် ကျွန်ုပ် တို့က တောင်းဆိုပါသည်။ အစိုးရစစ်တပ်၏ စစ်ဆင်ရေးများ အဆုံးသတ်နိုင်ရန် နှင့် နိုင်ငံ့တဝှမ်း လူ့အခွင့်အ ရေး ချိုးဖေါက်မှုများ ရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖိအားပေးရန် ကျွန်ုပ်တို့ ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်က ထပ်မံမေတ္တာရပ်ခံ လိုပါသည်။ သို့မှသာလျင် အားလုံးပါဝင်လာနိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်း မှ ဖက်ဒရယ် အခြေခံဥပဒေ ပေါ်ပေါက်လာနိုင်ရေးသို့ ခြေလှမ်း စတင်နိုင်မည်ဖြစ်ပါသည်။

အစိုးရစစ်တပ်၏ ရက်စက်ယုတ်မာမှုဒဏ်မှ ရှောင်ရှားနိုင်ရန် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့်လည်း အထက်ရဲရွာ ရေအားလျပ်စစ် စီမံကိန်းမှ ရုတ်သိမ်းပေးရန် ကျွန်ုပ်တို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထပ်မံမေတ္တာရပ်ခံ အပ်ပါ သည်။

အစိုးရစစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှု အသေးစိတ်

ခန့်ခဲကျေးရွာတွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပစ်မဲ့အရပ်သားများအထိနာ ဒဏ်ရာရ၊ ပစ္စည်းလု ယက် ခြင်း (သို့) ဖျက်ဆီးခြင်းခံရ

အောက်တိုဘာလ 3 ရက်နေ့တွင် အစိုးရစစ်သားအင်အား 50 ကျော်ခန့်က ခန့်ခဲကျေးရွာထဲသို့ဝင်ရောက်လာသည်။ ထိုအချိန်တွင် ယင်းဒေသ၌ နှစ်ဖက်တိုက်ပွဲများကြောင့် ရွာသားများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ခိုလုံလျက်ရှိသည်။ တပ်သားများကလည်း ရွာပတ်ပတ်လည်နှင့် တချို့လည်း ဘုန်းကြီးကျောင်းဝင်း အတွင်းထဲ၌ပင် ယာယီစခန်းများ ဆောက်ကာ ‌နေကြသည်။

နန်းခမ်းနွမ် အမည်ရှိ ဒေသခံ သူနာပြုဆရာမ တယောက်သည် သူမ၏အမျိုးသား နှင့် အလုပ်လုပ်ရန် ငှါးရန်းထားသူ လုံးကြာအေး နှင့်အတူ ပစ္စည်းဥစ္စာများ စောင့်ရှောက်ရန် အိမ်မှာပဲနေဖို့ ဆုံးဖြတ်ကြသည်။

အောက်တိုဘာ 4 ရက် ညနေ 6.00 နာရီ ခန့်တွင် ခန့်ခဲဘုန်းကြီးကျောင်း တောင်ဘက် တောင်ပူစာပေါ်မှ နေ၍ အစိုးရတပ်က ရွာထဲသို့ တိုက်ရိုက် လက်နက် ကြီး များဖြင့် ပစ်ခတ်သည်။ လက်နက်ကြီး ကျည် ၂ လုံး နန်းခမ်းနွမ် အိမ်ပေါ်သို့ တည့်တည့်ကျရောက်ရာ အိမ်ထိခိုက်ပျက်စီးမှုရှိပြီး လုံးကြာအေး၏ ဘယ်ဖက် နား၊ လက်၊ ခါး၊ ပေါင် တို့ကို ဗုံးဆန်ထိမှန် ဒဏ်ရာအ သီးသီးရစေသည်။ နောက်ဗုံးတလုံးမှာ အိမ်ဝင်းအ တွင်း ကျ ကာ ရပ်ထား သည့်လယ် ထွန်စက် တလုံး ထိခိုက်ပျက်စီးစေခဲ့သည်။

နန်းခမ်းနွမ်မှာမူ အိမ်ကိုမခွါရဲပါ။ ခန့်ခဲဘုန်းကြီးကျောင်း ဆရာတော်အား ဖုန်းဆက်ခေါ် အကူအညီ တောင်းခဲ့သည်။ ဆရာတော်အားလည်း ဘယ်မှမသွားရန် စစ်တပ်က ညွှန်ကြားထားကြောင်း ၊ ဒါပေမဲ့ မေးကြည့်မည့်အကြောင်း ပြောသည်။ ခဏအကြာတွင် ရပ်မိရပ်ဖ ၃ ယောက် စစ်သား ၄ ယောက်နှင့်အတူ ရောက်လာကာ လုံးကြာအေးအား ဘုန်းကြီးကျောင်းသို့သယ်သွားပြီး အနာများဆေးကြောပေးကာ ည 9.00 နာရီခန့်တွင် ကျောက်မဲဆေးရုံသို့ အရေး ပေါ် သွားရောက်ကုသသည်။

အစိုးရစစ်သားများက အိမ်ကိုထိမှန်ထားသော ဗုံးကျည်၏အမြီးခွံ ၂-ခု ကိုကောက်ယူပြီး ရွာသားများကို ပြော သည်မှာ – ဤကျည်ခွံများသည် ၎င်းတို့ ပစ်လွှတ်လိုက်သည့် ကျည်ခွံများ မဟုတ်ကြောင်း၊ RCSS/SSA မှ ပစ်လိုက် သည့် ကျည်ခွံများသာဖြစ်ကြောင်း ပြောသည်။

ကျည်ခွံအပိုင်းအစများကို ပြန်လည်စစ်ဆေးချက်အရ 60mm ကျည်အမျိုးအစားများမှာ အစိုးရစစ်တပ်က အသုံး ပြုသည့် လက်နက်ခဲယမ်း အမှတ်အသား ဖြစ်ကြောင်း စစ်လက်နက်ပစ္စည်း ကျွမ်းကျင်သူတို့က ဆိုပါသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်အပြီးမှာ အစိုးရစစ်သားများက နန်းခမ်းနွမ်တို့မိသားစုကို အိမ်ထဲဝင်ရန်တားမြစ်သည်။ ရွာသားများက အစားအစာ နှင့် ပစ္စည်းများ အလုအယက် ယူနေကြသည့် စစ်သားများကို ဘုန်းကြီးကျောင်းမှနေ၍ မြင်နေရသည်။ ပစ္စည်းများအလုအယက်ယူပြီးနောက် အိမ်တခုလုံး ဖြိုချလိုက်သည်။ အခြားသော အိမ်များကိုလည်း ဝင်ရောက်မွှေနောက်ကာ အစာရေစာများကို ဖျက်ဆီးခဲ့သေးသည်။

ရွာသားတယောက် ပြန်ပြောပြချက်အရ– “ည ရောက်တော့ သူတို့တွေ ပြန်ဝင်လာကြပြီး ရှာဖွေ မွှေ နောက်ပြန်တယ်၊ စားစရာများလည်း အကုန် စားပစ်ကြတယ်။ ထမင်းဟင်းကျန်များ စွန့်ပစ် ကာ စားသုံးဆီမျာလည်း သွန်သွားတယ်။ ကျွန် တော်တို့အိပ်ယာတွေကိုလည်း ရွာလယ်ခေါင် သို့ ထုတ် သွားတယ်။ ရှာဖွေမွှေနောက် သွားတာ ရွာ လုံးကျွတ်ပဲ။”

လုံးကြာအေး တယောက် ဒဏ်ရာဒဏ်ချက်တွေနှင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန့်နှံ့သွားတော့ စစ်တပ် ပြန်ကြား ရေးအဖွဲ့က အောက်တိုဘာလ 6 ရက်နေ့တွင် RCSS/SSA သည် ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းကြောင့် ရွာသားအချို့ဒဏ်ရာရကြောင်း အပစ်ပုံချသည့် သတင်းတရပ် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်၏ ကောက်နှုတ်ချက်မှာ — “ဖြစ်စဉ်မှာ အောက်တိုဘာ 4 ရက် ညနေပိုင်းတွင် ခန့်ခဲကျေးရွာအနီး နယ် မြေလုံခြုံရေးဆောင်ရွက်နေသည့် အစိုးရတပ်စစ်ကြောင်းနှင့် သတ်မှတ် နယ်မြေကျော်လွန်လှုပ်ရှားလာသော RCSS/SSA အဖွဲ့တို့ ခန့်ခဲရွာအရှေ့ဘက် မီတာ 3,000 ခန့်အကွာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှ RCSS/ SSA အဖွဲ့မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ ခန့်ခဲကျေးရွာအတွင်း ကျရောက် ပေါက်ကွဲစဉ် ခန့်ခဲရွာရှိ ဒေါ်ခမ်းနွမ်အိမ်သို့ ရောက်ရှိနေသော ဦးကြာအေးအား ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။”

 

နမ့်မတ်ဟင်ကျေးရွာတွင် ရွာသား ၂ ယောက် ဖမ်းဆီးချုပ်နှောင်ခံရ၊ ပစ္စည်းဥစ္စာ လုယူ ဖျက်ဆီးခြင်းခံရ

အောက်တိုဘာ 4 ရက်နေ့တွင် အစိုးရတပ်သားများက နမ့်မတ်ဟင်ကျေးရွာ၌ ကျွဲတကောင် ပစ်သတ်သည်။ ယင်း ဖြစ်စဥ်ကို ရွာသားများ တွေ့သောအခါ ကျွဲကိုကယ်တင်ရန် နှင့်အိမ်ပြန်ခေါ်ရန် ဝိုင်းအုံလာကြသည်။ လုံးခိုင် နှင့် လုံး ယုံ ရွာသား ၂ ယောက်တို့က ကျွဲအနားကပ်သွားတုန်း ရွာထဲမှာရှိနေသည့် စစ်သားများက သူတို့ကို သေနတ်ကိုစီ ချိန် လျက် အဆင်သင့်အနေအထားနှင့် ရွာ၏အနောက်ဘက် အိမ်တအိမ်တွင်ရှိနေသည့် တပ်မှူးထံ သွားရန် ဟစ်အော် လိုက်သည်။

အဖမ်းခံရသည့် ရွာသားတယောက်ပြန်ပြောသည်မှာ – “ကျွန်တော်တို့က ဒီရွာသားတွေပါ၊ သာမန်ရွာသားတွေပါ။ ကျွန်တော်တို့ကို ဘာမှဒုက္ခ မပေးဖို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို လက်ပြန်ကျောတုတ်ပြီး အိမ်တ အိမ်အောက်တိုင်မှာ ချည်ထားလိုက်တယ်။”

ထို ရွာသား ၂ ယောက်တို့ ချည်တုတ်ထားသည့်ကြိုးကို ဖြည်နိုင်ကြလို့ အမှောင်ကိုအကာအကွယ်ယူပြီး ညတွင်းချင်း အနီးအနား ရွာတရွာသို့ ထွက်ပြေးလွှတ်မြောက်လာသည်။

ထိုရွာသားက ဆက်ပြောသည်မှာ- “ဗမာစစ်သားတွေက ဝက် ၂ ကောင် ကိုလည်း ပစ်သတ်သေးတယ်။ အိမ်တိုင်း တက်ရှာတယ်။ တွေ့တဲ့ပိုက် ဆံ ဆို အကုန်ယူတာပဲ။ ကလေးတွေရဲ့ ကျောင်းလွယ်အိပ်ကိုလည်း ရှာတယ်။ အင်္ဂလိပ်စာ သင်ခန်းစာတွေ တွေ့တော့ အင်္ဂလိပ်စာ ဘယ်သူလာသင် ပေးသလဲ မေးတယ်။ ကျွန်တော်တို့က ပုံဝိုး ဘုန်း ကြီးကျောင်း ဆရာတော် က လာသင်ပေးတယ် လို့ဖြေတော့ – ဗမာစစ်သားတွေက “ ဒါဆို ပုံဝိုးဆရာ တော်က သူပုန်ပေါ့ ဟုတ်လား” လို့မေးပြန်တယ်။ သူတို့တွေက အိမ်ပတ် ပတ် လည်တွေမှာ ကတုတ်ကျင်းတွေလိုက်တူး တယ်။ အိမ်ခြံထဲမှာရော အိမ်အောက်မှာပါနေကြတယ်။ အဲ့ကနေ သူတို့ပစ်တယ်။”

နမ့်မတ်ဟင်ကျေးရွာမှ ထွက်ပြေးလွတ်မြောက်သွားသည့် အမျိုးသမီးတ ယောက် က- “ကျွန်မတို့က အိမ်မွေး တိရစ္ဆန်တွေအတွက် စိုးရိမ်ရတယ်။ ကျမတို့ရွာက တဖြေးဖြးနဲ့ ဗမာစစ်စခန်းဖြစ်လာတယ်။ သူတို့ စတင်ပစ် တုန်း က ကျမတို့ အမေရဲ့အိမ် ခြံထောင့်ကနေပစ်တာ၊ နောက်တော့ နွားတင်းကုတ်ကနေ သွားပြီးပစ်ပြန်တယ်။ အိမ် အောက်ကနေလည်း ပစ်တယ်။ သူတို့ နေတဲ့အိမ်တိုင်းက ပစ်တယ်။ ကျမတို့ သိပ်ကြောက်တယ်၊ ဒါကြောင့် မို့လို့ ထွက်ပြေးကြတယ်။ ဘယ်သူ့ကိုမှ ခေါ်ဖို့အချိန်မရဘူး၊ ပြေးတာ တန်းနေတာပဲ။”

နမ့်မတ်ဟင်ကျေးရွာ၌ အိမ်ခြေပေါင်း 35 လုံးရှိသည်။ ရွာသား ၇ ယောက် (ကျား ၅၊ မ ၂) မှအပ ယင်းရွာ၌ နေထိုင် သူများအားလုံး အောက်တိုဘာ 4 ရက်နေ့တွင် ထွက်ပြေးကုန်ကြသည်။ သူတို့ ၇ ဦးကိုတော့ အစိုးရတပ်သားတွေက ဘယ်မှ မသွားဖို့ တားမြစ်ထားသည်။ သူတို့ကို့ ဗမာစစ်သား အစောင့်နှင့် အိမ်တအိမ်ထဲတွင် နေစေသည်။ အောက် တိုဘာ ၁၁ ရက်နေ့ နမ့်ခုံးသာရေးနာရေးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အမတ် ၂ ဦး ရောက် လာပြီး ဒေသဆိုင်ရာတပ်မှူးနှင့် ပြေလည်အောင်ညှိနှိုင်းပြီးမှ ရွာသား ၇ ဦး လွတ်ပေးသည်။ သူတို့ကို တောင် ထိတ်ဘုရားကျောင်းသို့ ခေါ်သွားကာ အခြားသော စစ်ဘေးရှောင်များနှင့်အတူ ထားသည်။

ဒီလိုနဲ့ အောက်တိုဘာလ 11 ရက်မှ စ၍ နမ့်မတ်ဟင်ကျေးရွာဟာ လူသူကင်းသည့် ရွာဟောင်းတခုလို ဖြစ်သွား သည်။ ဗမာစစ်သားများက တအိမ်တက်ဆင်းပြီး လိုရာပစ္စည်းလုယူ၊ မလိုတာ ဖျက်ဆီး၊ ဆန်အိတ်များ ဓားနှင့်ထိုး ဖေါက်၊ ဝါးပိုးဝါးကြမ်းပြင် ခင်းထားသောအိမ်များ ဖျက်ဆီးခြင်းခံရ၊ အိပ်ယာထိုင်ခင်းများ အိမ်ပေါ်မှပစ်ချကာ မိုးရေ ထဲတွင် ဆွေးမြေ့ပျက်စီးစေသည်။ အောက်တိုဘာ 12 ရက်နေ့တွင် ရွာသားများက နမ့်မတ်ဟင်ကျေးရွာသို့ ဝင် ရောက် ဖို့ ကြိုးစားသေးသော်လည်း အစိုးရစစ်ကြောင်းများက ပိတ်ဆို့ထားလိုက်သည်။

ရှမ်းစစ်သားအစွပ်စွဲခံ ရွာသားတယောက် နှိပ်စက်ခံရပြီး ပျောက်ဆုံးနေ

အောက်တိုဘာ 9 ရက်နေ့ ညနေ 4.30 ခန့်တွင် ‌နားဖိန်းကျေးရွာမှ လယ်သမား စိုင်းမောင်ဦး (သက် 19) သည် ပျိုးခင်း များ ပြုစုရန် အိမ်မှထွက်သွားသည်။ ရွာမြောက်ဖက်အရောက် လမ်းတဝက်တွင် ဗမာစစ်သားများနှင့် ပက်ပင်း တိုးလေရာ သူ့အားစစ်ဆေးမေးမြန်းသည်၊ လွယ်အိတ်၊ အင်္ကျီအိတ်ထောင်များ ရှာဖွေသည်။ သူ၏မိုဘိုင်းဖုန်းကို ရှာဖွေရာတွင် စစ်ဝတ်စုံနှင့် သူ့ဓာတ်ပုံကိုတွေ့ရာ စိုင်းမောင်ဦးအား ရှမ်းစစ်သားဖြစ်ကြောင်း စွပ်စွဲသည်။ သူက ရှမ်းစစ်သားမဟုတ်ကြောင်း ဓာတ်ပုံရိုက်ရုံပဲ ဝတ်ဆင်တာဖြစ်ကောင်း ပြောသော်လည်း ဗမာစစ်သားများက မယုံ သင်္ကာဖြစ်၍ သူ့မျက်နှာနှင့် ကိုယ်လုံးတို့တွင် ခြေဖြင့်ကန်ကြောက်သည်။ စစ်သားများက သူ့အိမ်ကိုပြန်ခေါ်ပြီး တအိမ် လုံး ရှာဖွေမွှေနှောက်သည်။ အိမ်မှာရှိသည့် အစားအစာများလည်း ယူဆောင်သွားသည်။ သူတို့နှင့်အတူ စိုင်း မောင်ဦးကို နောင်ဆိမ်သို့ခေါ်သွားပြီး တညချုပ်ထားသည်။ ရွာသားများနှင့် ဆရာတော်များက အစိုးရ တပ်စစ်ကြောင်းများထံ စိုင်းမောင်ဦးအား လွတ်ပေးရန်နှင့် သူ ရှမ်းစစ်သားတယောက် မဟုတ်ကြောင်း သွားရောက် ညှိနှိုင်းပေးသည်။ စစ်တပ်က သူ့ကိုနှိပ်စက်မှာ မဟုတ်ကြောင်း၊ လမ်းပြအဖြစ်သာ သူ့အားခေါ်ထားကြောင်း ပြောသည်။ အောက်တိုဘာ 10 ရက်နေ့ မနက် 7.00 နာရီအချိန် စစ်သားတွေက စိုင်းမောင်ဦးကို ခေါ်ပြီး သူ၏ နေအိမ်ရှိရာ နားဖိန်းကျေးရွာသို့ သွားရောက်ကာ ရှာဖွေပြန် သည်။ နောက်တော့ သူ့ကို ဆန်ပူးကျေးရွာ သို့‌ခေါ်သွား ကာ ညအိပ်ချုပ်ထားသည်။ ထိုအချိန်မှ စ၍ မည်သူမျှ စိုင်းမောင်ဦးအား မတွေ့ရတော့ပါ။

အောက်တိုဘာလ 14 ရက်နေ့ မှာတော့ အစိုးရစစ်တပ်မတော်က စိုင်းမောင်ဦးတယောက် ထွက်ပြေးလွှတ် မြောက် သွားကြောင်း နားဖိန်းကျေးရွာ ရွာသူကြီးအား အကြောင်းကြားသည်။ ဒေသခံများကတော့ စိုင်းမောင်ဦး၏ အသက် အန္တရာယ် အတွက် စိုးရိမ်ပူပန်နေကြသည်။ စိုင်းမောင်ဦး၏ မိဘများမှာ နားဖိန်းကျေးရွာနေထိုင်သူ လုံးပန်စိတ္တ နှင့် ပါလှဆေး တို့ဖြစ်သည်။

အစိုးရစစ်တပ်၏ စစ်ဆင်ရေးဗျူဟာသည် အသစ်သွယ်တန်းစ ဓာတ်အားလိုင်းကို ကာကွယ်ရန်ဖြစ်နိုင်

စီမံကိန်းချထားသည့် အထက်ရဲရွာ ရေကာတာမှ ဓာတ်အားလိုင်းသည် သီပေါမြို့နယ် နမ္မတူရေကာတာ အထိ ရှည်လျားစွာ သွယ်တန်းထားသည်။ အတိအကျ ဆိုလျင် ယခုအချိန်တွင် အစိုးရစစ်တပ်က ထိုးစစ်ဆင်လျက်ရှိသည့် ကျောက်မဲမြို့နယ်တောင်ပိုင်း ပုံဝိုး ဟဲကွီ‌ဒေသတွင် ဖြစ်သည်။

ကီလိုဗို့ 230kV စွမ်းအားရှိ ဓာတ်အားလိုင်း၏ အကျိုးသက်ရောက်မှု အချက်အလက်ရှာဖွေရေးကို မကြာသေးခင်က Resource & Environment Company Limited (REM) မှ စတင်ခဲ့သည်။ ၎င်းကို နမ္မတူရေကာတာစီမံကိန်း ပိုင်ရှင် National Current Energy Hydropower Co. Ltd. (NCEH) ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

လျပ်စစ်စွမ်းအား 210MW မီဂါဝပ်ရှိ နမ္မတူရေကာတာစီမံကိန်းကို သီပေါမြို့၏ မြောက်ဘက် 25 ကီလိုမီတာခန့် အကွာ နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ်ကြောင်း ပေါ်တွင် စတင်တည်ဆောက် လျက်ရှိသည်။ နမ္မတူရေကာတာစီမံကိန်း၏ အကျိုးသက်ရောက်မှု အချက်အလက်ရှာဖွေရေးကိုမူ လုပ်ဆောင်နေလျက်ရှိသော် လည်း NCEH သည် 2017 ကတည်းက ထိန်းသိမ်းသစ်တောများ ခုတ်ထွင် ရှင်းလင်းပြီး ရေကာတာ စီမံကိန်းသို့ ကားလမ်းဖေါက်ခြင်း နှင့် ဆောက်လုပ်ရေး လုပ်သားများနေထိုင်ရာ အဆောက်အအုံများ တည်ဆောက်နေလျက် ရှိသည်။ နမ္မတူမြို့နယ် ပါလီမန် အမတ် နန်းခမ်းအေးက ယင်းဖြစ်စဥ်ကို နေပြည်တော် လွှတ်တော်တွင် မေးခွန်းထုတ်တင်ပြဖူးသော်လည်း NCEH အပေါ် တစုံတရာ အရေးယူဆောင်ရွက်ခြင်းမျိုး မရှိပါ။

နမ္မတူမြို့နယ် ဒေသခံများက နမ္မတူရေကာတာစီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ ရေကာတာ ကြိုးပျက်ပါက သိုလှောင်ကန်မှ ပွင့်ထွက်လာသောရေသည် 15 ကီလိုမီတာအထိ ရေမြင့်တက်နိုင်ပြီး လူဦးရေ 212 ယောက်ရှိသည့် အိမ်ထောင်စုပေါင်း 47 ခု လီလူဆိုသည့်ရှမ်းရွာက ရေထဲမြှပ်သွားနိုင်သည်။ ရွာသားများက တခြားသို့ မပြောင်းရွှေ့လိုကြပါ။ ထောင်သောင်းများစွာသော သီပေါနယ်သူနယ်သားများက ရေစုန် စီမံကိန်းဒေသတွင် နေထိုင်လုပ်ကိုင် စားသောက်ကြခြင်းဖြစ်ပြီး ရေစီးဆင်းမှု ရော့နဲသွားမှာကို စိုးရိမ်နေကြတာဖြစ်သည်။ မြစ်ချောင်းများ၏ ရေအတက်အကျကို ခန့်မန်းနိုင်ဖို့ လွယ်ကူမည် မဟုတ်သည့်ပြင် စိုက်ပျိုးရာ မြေဆီဩဇာစီးဆင်းမှုများပါ ပိတ်ဆို့သွားနိုင်သည်။

အသေးစိတ်ကို အောက်ပါ ဝက်ပ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://shanhumanrights.org/eng/index.php/387-unauthorized-construction-at-namtu-hsipaw-dam-site-highlights-urgent-need-for-dam-moratorium-in-bur

အောက်တိုဘာလ 13၊ 2020 အထိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံလျက်ရှိသည့် စစ်ဘေးရှောင်များ

စဥ် ရောက်ရှိလာသည့်ကျေးရွာများ စစ်ဘေးရှောင်ခိုလှုံရာ အရေအတွက်
1 ခန့်ခဲကျေးရွာ ဟဲကွီဘုန်းကြီးကျောင်း 125
2 မရရှိ ပုံဝိုးဘုန်းကြီးကျောင်း 718
3 နမ့်မတ်ဟင်၊ ခန့်ခဲ လွိုင်တေး (တောင်ထိပ်) ကျောင်း 646
4 ခန့်ခဲ ခန့်ခဲကျောင်း 74
5 နားခင်း၊ နားဩ၊ နောင်ဆိမ်၊ နားဖိန်း နောင်ဆိမ်ကျောင်း 452
6 နမ့်မတ်ဟင်၊ ကုန်းဟင်၊ ပိန်းတုံ၊ ဟန်နောင်၊ တောလေ၊ ကုန်းညောင် ကုန်းဟင်ကျောင်း 397
7 နားဆောင်း နားဆောင်းကျောင်း 170
8 ဟိုနမ့် ဟိုနမ့်ကျောင်း 386
9 ဟိုနမ့် ကောင်းခန်ကျောင်း 400
10 မရရှိ ကောင်းလန်းကျောင်’ 286
11 မရရှိ နောင်ကောင်းကျောင်း 95
12 မရရှိ ကောင်းမှူးခမ်းကျောင်း 250
13 မရရှိ အုံဟိတ်ကျောင်း 430
14 တာလုံ နားမတ်ခေါ် 100
စုစုပေါင်း 4,529

 

ကျောက်မဲမြို့နယ်တောင်ပိုင်း RCSS/SSA တပ်ဖွဲ့များအား အစိုးရစစ်တပ်က တိုက်ခိုက်သည့် အချိန်ဇယား (စက်တင်ဘာလ 30 မှ အောက်တိုဘာလ 10 ရက်အထိ)

အစိုးရတပ်စစ်ကြောင်းများ

လက်ရွေးစင်တပ်ဖွဲ့များ
1 ခြေလျင်တပ်မ 99
2 ခြေလျင်တပ်မ 101
စစ်ကြောင်းများအားလုံး ကျောက်မဲခြေစိုက် စစ်ဆင်‌ရေးကွပ်ကဲမှုဌာန ၁ ၏ လက်အောက်ခံများ
1 ခလရ 234 (သီပေါ)
2 ခလရ 243 (နမ့်လန်)
3 ခမရ 17 (နောင်ချို)
4 ခမရ 501 (ကျောက်မဲ)
5 ခမရ 502 (ကျောက်မဲ)
6 ခမရ 503 (သီပေါ)
7 ခမရ 504 (နောင်ချို)
8 ခမရ 505 (နမ့်လန်)
9 ခမရ 506 (နမ့်လန်)
10 အမြောက်တပ် 352 (ကျောက်မဲ)
စက်တင်ဘာ 29, 2020
အစိုးရစစ်တပ်က တဖက်သတ် အပစ်ခတ်ရပ်စဲ‌ရေးကာလကို စက်တင်ဘာလကုန်မှ အောက်တိုဘာလကုန်အထိ သက်တမ်းတိုးမြှင့်လိုက်သည်။
စက်တင်ဘာ 30, 2020
မနက် 7 နာရီ ကျောက်မဲမှ အင်အား 100 ခန့်ရှိ အစိုးရတပ်သားများ နားပိန်းကျေးရွာအုပ်စုတွင် စစ်ကြောင်း နှစ်ခု‌ဖြင့် ချီတက်လာသည်–ကောင်းဟုန်းကျေးရွာဘက်ဆီသို့ တကြောင်းနှင့် နောင်ပိန်အွန် ဘက်တွင်တကြောင်း ဖြစ်သည်။ တဖက်သတ် တိုက်ပွဲဆင်နွှဲသည့်ဟန် တောထဲဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည်။
နေ့လည်12:15 နာရီ နားပိန်းကျေးရွာ အုပ်စု နားပုံကျေးရွာတွင် လှုပ်ရှားနေသည့် RCSS/SSA တပ်သားများအား တိုက်ခိုက်သည့် အစိုးရစစ်တပ်က အသုံးပြုသည့် လက်နက်ကြီးများမှာ 60 မမ ဒုံးကျည်အမျိုးအစား ပါဝင်သည်။
အောက်တိုဘာ 1, 2020
8:30
8:30 am အစိုးရစစ်သားများသည် စိုင်းနန္ဒိယ ဆိုသူ ပန်လော့ကျေးရွာ ရွာသားတယောက်အား ပန်လော့မှ နမ့်ဖတ်ကျေးရွာသို့   သူ၏ ထရပ်ကားအသေးစားကို ချောဆွဲ ပို့ဆောင်စေသည်။
1 pm ကျောက်မဲမြို့မှ 10 ကီလိုမီတာ ခန့်ဝေးသော ပန်လော့ကျေးရွာ တွင် RCSS/SSA တပ်ဖွဲ့နှင့် အစိုးရတပ်တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့သည်။
အောက်တိုဘာ 2, 2020
9 am ကျောက်မဲမြို့၏ တောင်ဘက် 25 ကီလိုမီတာ ခန့်ဝေးသော ဝမ်ခဲကျေးရွာ၏ အနောက်ဘက်တွင်ရှိသည့် လွိုင်လင်ကျေးရွာတွင် အစိုးရတပ်က တဖက်သတ်ပစ်ခတ်သည်။ အလားတူဖြစ်ရပ်တခုမှာ အင်အား 70 ခန့်ရှိသည့် တပ်ရင်း-101 မှ အစိုးရတပ်သားများသည် နမ့်ဝကျေးရွာ အနီးတွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများ ဟဲကွီဘုန်းတော်ကြီး ကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရသည်။
အောက်တိုဘာ 3, 2020
4 am စ၍ တပ်မ 101, ခမရ-115, နှင့် တပ်ရင်း 136 မှ အစိုးရတပ်သား 300 ခန့်ရှိ ပူးပေါင်းစစ်ကြောင်းက ပုံဝိုးကျေးရွာတွင် စုလျက်ရှိသည်။ မနက် 6.00 နာရီခန့်တွင် ကျောက်မဲမြို့၏ တောင်ဘက် 30 ကီလိုမီတာ အကွာတွင် ပုံဝိုးကျေးရွာ၏ အရှေ့ဘက်တွင် RCSS/SSA တပ်ဖွဲ့နှင့် တိုက်ပွဲ‌ဖြစ်ပွါးသည်။ အစိုးရတပ်ဘက်မှ တပ်သား ၄ ယောက်ကျရှုံး၊ အမြားအပြား ဒဏ်ရာရသည်ဟု သတင်းများကဆိုသည်။ စစ်ပွဲအပြီး ပုံဝိုးကျေးရွာအနီးရှိ ပြောင်းခြံတွင် စစ်သားများပုန်းအောင်းနေခဲ့သည်။ ပုံဝိုးယာယီတပ်စခန်းမှ စစ်တပ်က ဒဏ်ရာရရှိသည့် တပ်သားများအား ဝင်ရောက်သည်ထုတ်ကာ ပုံဝိုးယာယီတပ်စခန်းသို့ ပို့လိုက်သည်။ ပုံဝိုး ကျေးရွာ အနောက်ဖက်ရှိ မော်မ တပ်စခန်းမှ အစိုးရတပ်တို့ စစ်ကူရောက်ရှိလာသည်။ စစ်ဘေးရှောင် ဒုက္ခသည်များ ခန့်ခဲကျေးရွာသို့ ထွက်ပြေးသွားကြသည်။
အောက်တိုဘာ 4, 2020
8:30 am ခန့်ခဲ နှင့် နမ့်မတ်ဟင် ကျေးရွာတွင် အစိုးရ နှင့် RCSS/SSA တို့ နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွါးခဲ့သည်။
11 am –

3 pm

ပုံဝိုး အရှေ့ဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်။ အစိုးရတပ်သားများက ခန့်ခဲ နှင့် နမ့်မတ်ဟင် ကျေးရွာများတွင် တအိမ်တက်ဆင်း ရှာဖွေ။ ညတွင် နမ့်မတ်ဟင်မှ အမျိုးသား ၂ ဦး ကြိုးတုတ်နှောင်ခံရပြီး စစ်ဆေးမေးမြန်းခံရ။ နမ့်မတ်ဟင်မှ ရွာသူရွာသား ၇ ယောက် (ကျား ၅၊ မ ၂) စစ်ဘေးရှောင်ထဲ ပါမသွားပဲ မိမိတို့အိမ်မွေး တိရစ္ဆာန်များကျွေးမွေးရန် ကျန်ရစ်ခဲ့သူများ အောက်တိုဘာ 11 ရက်နေ့ထိ အစိုးရတပ်သားများနှင့်အတူနေကြရသည်။ နမ့်ခုံးသာရေးနာ ရေး အသင်းမှ ရှမ်းအမျိုးသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် စိုင်းထွန်းဝင်း နှင့် လုံးစိုင်းကု တို့‌ရောက်လာမှ သူတို့အား ခေါ်ထုတ်နိုင်ခဲ့ကြသည်။
12 pm အစိုးရစစ် ရဟတ်ယာဥ်ဖြင့် တိုက်ပွဲဖြစ်ပွါးရာ ဒေသတွင် ပျံသန်း။
3:30 pm ပုံဝိုး အရှေ့ဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်။ အစိုးရတပ်မတော်မှ တပ်သားများစွာ ဒဏ်ရာရ၊ ရွာသားများအား ထရပ်ကား ၅ စီးဖြင့် ၎င်းတို့ စစ်သားများ အခြေစိုက်စခန်းသို့ တင်ဆောင်ပေးရန် အတင်းအကြပ် ခိုင်းစေ။ ရွာသားများကိုလည်း အေသွေး နှင့် ဘီသွေး လှူဒါန်းပေးရန် တောင်းဆို။
6 pm အစိုးရ တပ်သားများ ခန့်ခဲကျေးရွာ အနီးအနားရှိ ပြောင်းခင်း နှင့် ရွာဘုန်းတော်ကြီး ကျောင်း တွင် စခန်းချ။ ခန့်ခဲဘုန်းကြီးကျောင်း၏ တောင်ဘက်တွင်ရှိသည့် တောင်ပူစာကုန်းမှ တပ်သား တချို့က ရွာထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်။ လက်နက်ကြီး ကျည် ၂ လုံးမှာ သူနာပြုဆရာမနန်းခမ်းနွမ် အိမ်ပေါ်သို့ ကျ‌ရောက်၊ အလုပ်လုပ်ရန် ငှါးရမ်းထားသူ လုံးကြာအေး (သက် ၄၅) ထိခိုက်ဒဏ်ရာရ။ နောက်တလုံးမှာ အိမ်ဝင်းအတွင်းကျရောက်၊ လယ်ထွန်စက်တလုံး ထိခိုက်ပျက်စီး။

အနောက်ပိုင်း မော်မကျေးရွာအုပ်စုမှ အစိုးရတပ်သားစစ်ကူ ထရပ်ကား အသေးစား ၂ စီးဖြင့် ပုံဝိုးသို့ ရောက်ရှိလာ။

9 pm အစိုးရ တပ်သားများ ပြောင်ခေါင်းကျေးရွာအုပ်စုဝင် မတ်လန်းကျေးရွာ အနီးတွင် တဖက်သတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်။
အောက်တိုဘာ 5, 2020
6–7 pm အစိုးရ တပ်သားများသည် ကျောက်မဲမြို့နှင့် 7 ကီလိုမီတာ အကွာရှိ လွိုင်ကော် ကျေးရွာအနီးတွင် လှုပ်ရှားသည့် RCSS/SSA တပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်။
အောက်တိုဘာ 6, 2020
အစိုးရစစ်တပ် အကူစစ်ကြောင်းများကို သီပေါ နောင်ချို စသည့် အိမ်နီးချင်း မြို့နယ်များမှ ခေါ်ယူခဲ့သည်။
10 am အစိုးရ တပ်သားများ ပန်လိုင်ကျေးရွာအုပ်စု ကောင်းမှူးခမ်း ကျေးရွာအနီးတဝိုက်တွင် RCSS/SSA တပ်ဖွဲ့များအားတိုက်ခိုက်သည်။
11 am နောင်ပိန်ကျေးရွာ နှင့် ရင်ကွဲတောင် ဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွါး။
2–5 pm အစိုးရ တပ်သားများ ခန့်ခဲ၊ နမ့်မတ်ဟင် နှင့် ကုန်းဟိန် ကျေးရွာများတဝိုက်တွင် RCSS/SSA တပ်ဖွဲ့များအား တိုက်ခိုက်သည်။
10 pm ပုံဝိုးကျေးရွာ အရှေ့ဖက်တွင် အစိုးရ တပ်သားများက တညနေလုံး ရမ်းသမ်းပစ်ခတ်မှု များလုပ်ခဲ့သည်။ ပုံဝိုးဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကျည်တချို့ ကျရောက်သည်။
11 pm –

2 am

ခမရ-136, ခမရ-501 နှင့် တပ်မ-101 တို့မှ အစိုးရတပ်သားများက နမ့်မတ်ဟင် နတ်နန်းအနီး တဝိုက်တွင် RCSS/SSA တပ်ဖွဲ့များအားတိုက်ခိုက်သည်။
အောက်တိုဘာ 7, 2020
5:10 am အစိုးရတပ်သားများက နမ့်မတ်ဟင်ကျေးရွာတွင် RCSS/SSA တပ်ဖွဲ့များအား တိုက်ခိုက်သည်။
10 am ကျောက်မဲ အခြေစိုက် အမြောက်တပ် 352 မှ အစိုးရတပ်သားများသည် ကျွဲကုန်းကျေးရွာ ဖက်ဆီသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်။ ပြောင်ခေါင်းကျေးရွာလည်း အစိုးရတပ်သား များက နတ်နန်းဖက်ဆီသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများကိုတထိပ် တလှန့် ဖြစ်စေသည်။
12 pm အစိုးရတပ်သားများက နမ့်မတ်ဟင်ကျေးရွာ အနီးတွင် RCSS/SSA တပ်ဖွဲ့များအား တိုက်ခိုက်သည်။
12:30 – 1:30 pm ပုံဝိုးအရှေ့ဖက်တောင်ကုန်း၊ ခန့်ခဲ နှင့် နမ့်မတ်ဟင် ကျေးရွာများတွင် အစိုးရစစ် ရဟတ်ယာဥ် ၃ စင်းက စစ်အသုံးအဆောင် ပစ္စည်းများ ချပေးခဲ့သည်။ ယင်းရဟတ်ယာဥ် ၃ စီးသည် အနောက်ဖက်မှ ဝင်ရောက်ကာ ပစ္စည်းများလာချပြီး ပျံတက်သွားသည်။ လားရှိုးအခြေစိုက် လေတပ်စခန်းမှ ရဟတ်ယာဥ်များဖြစ်သည်။ တချိန်တည်းတွင် တပ်မ-99 မှ အင်အား 200 ရှိ အစိုးရစစ်ကြောင်း တောင်ချဲဖက်ဆီသို့ ချီတက်သွားသည်။
1 pm သီပေါနယ် နမ့်လန်ကျေးရွာသို့ လားရှိုးမှ လက်နက်ခဲယမ်းများ နှင့်အတူ အစိုးရတပ်သားများလည်း ထရပ်ကား ၂ စီးဖြင့် စစ်ကူရောက်လာသည်။
2 pm နောင်ဆိမ်ကျေးရွာအုပ်စု ပုံဝိုးကျေးရွာ၏မြောက်ဖက် 8 ကီလိုမီတာ အကွာအဝေးရှိ ကုန်းဟတ်ကျေးရွာ အပေါ် အစိုးရစစ် ရဟတ်ယာဥ် ၂ စီး ပျံဝဲကာ RCSS/SSA တပ်သားများအား ပစ်ခတ်တိုက်ခိုက်သည်။ နောင်ဆိမ်ကျေးရွာအုပ်စု အတွင်းရှိ ကုန်းဟတ်၊ ကောင်းခန်၊ လုံဝိုင် နှင့် ကုန်းစုံ ကျေးရွာများမှ ရွာသားများ ကြောက်လှန့်ကာ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ကုန်းဟတ်ကျေးရွာမှ လုံးပန်းဆာ နှင့် လုံးဥတ္တမ တို့နေအိမ်များ ဗုံးဆန်ထိမှန်ပြီး ခေါင်မိုးများ အသီးသီးပျက်စီးသည်။ လုံးစံလှ (သက် 45) အမည်ရှိ ရွာသားတယောက်လည်း လက်ချောင်းများတွင် ဗုံးအစအနထိမှန် ဒဏ်ရာရသည်။ ရဟတ်ယာဥ်များမှာ တပ်သားနှင့်ပစ္စည်း ပို့ဆောင်ရာ၌အသုံးပြုသည့်ပြင် ဒဏ်ရာရ စစ်သားများကိုလည်း သည်ထုတ်သည်။
4 pm ပုံဝိုးဘုန်းကြီးကျောင်း ပတ်ပတ်လည်ရှိ တောဖက်ဆီသို့ အစိုးရတပ်သားများ တဖက်သတ် ပစ်ခတ်မှုများပြုလုပ်သည်။
5:15 pm တောင်ချဲ မှ ပုံဝိုးသို့ စစ်ထရပ်ကား ၄ စီးဖြင့် အစိုးရတပ်သား စစ်ကူ ရောက်ရှိ။
အောက်တိုဘာ 8, 2020
8 am လွိုင်စုံကျေးရွာအုပ်စု နမ့်မော်ဖီလူးကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်။ ဟဲကွီကျေးရွာအုပ်စု နမ့်ဟန်ကုန်း ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်များ ရောက်ရှိ။
11:40 am အစိုးရစစ်တပ်က နမ့်ဟန်ကုန်း အနီးတွင် တိုက်ခိုက်။
12:30 pm ဟဲကွီ နှင့် နားဆောင်တွင် အစိုးရတပ် နှင့် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်။
9 pm ပြောင်ခေါင်းကျေးရွာအုပ်စု မတ်လန်းကျေးရွာအနီး အစိုးရတပ်က တဖက်သတ် ပစ်ခတ်တိုက်ခိုက်။
အောက်တိုဘာ 9, 2020
12:15 pm လွိုင်တေး (တောင်ထိပ်) ဒေသတွင် အစိုးရတပ် နှင့် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်။
4:30 pm နားဖိန်းမှ စိုင်းမောင်ဦး (သက် 19) အမည်ရှိ ရွာသားတယောက်ကို အစိုးရစစ်တပ်မှ ဖမ်းဆီးခြင်းခံရ၊ ပျောက်ဆုံးလျက်ရှိ။
7 pm အမြောက်တပ် 352 မှ ကျွဲကုန်းကျေးရွာတွင် စခန်းချသည့် အစိုးရတပ်သည် ၆၆မမ အမျိုးအစား လက်နက်ကြီးများဖြင့် ကျွဲကုန်းကျေးရွာတွင်းသို့ ရမ်းသမ်းပစ်ခတ်။ ဗုံးတလုံးမှာ ကျွဲကုန်းကျေးရွာတွင်းသို့ ကျရောက်ကာ နေအိမ်တချို့ ထိခိုက်ပျက်စီးသည်။ နန်းမွန်းစိန် အမည်ရှိ ကျွဲကုန်းရွာသူ၏ ဦးခေါင်းနှင့် ခြေသလုံးတွင် ထိခိုက်ဒဏ်ရာရသည်။ သူမကိုကျောက်မဲဆေးရုံသို့ ပို့ကာကုသပေးသည်။ ရွာသားများ အဆိုအရ အစိုးရတပ်သားများ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ရွာတွင်း၌ရှမ်းစစ်သားများ မရှိပါ။
အောက်တိုဘာ 10, 2020
မနက်စောစော ပုံဝိုးကျေးရွာ အနီးတဝိုက်တွင် အစိုးရတပ်သားများမှ ရမ်းသမ်းပစ်ခတ်မှု ရှိခဲ့သည်။
12:25 pm ပုံဝိုးကျေးရွာ ဘောလုံးကစားကွင်းတွင် စစ်ရဟတ်ယာဥ် ၂ စီး ဆင်းသက်ကာ တပ်သားများ နှင့် လက်နက်ခဲယမ်းများ ပါဝင်ကြောင်း ရွာသားများက ‌တွေ့မြင်လိုက်သည်။ ထိုစဥ်တွင် အခြား ရဟတ်ယာဥ် ၂ စီးက ဆင်းသက်ခြင်းမရှိပဲ ကောင်းကင်တွင် ပျံဝဲလျက် လုံခြုံရေးပေးသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်      +66: 97-173-1530                       (ရှမ်း၊ မြန်မာ)

PDF files:>>> Shan Burmese English 

ထုတ်ပြန်ချက်