ခွင့်ပြုမိန့်ရရှိထားခြင်းမရှိသော နမ္မတူ/သီပေါ ရေကာတာစီမံကိန်း အပါအဝင် မြန်မာနိုင်ငံတွင် ရေဂါတာစီမံကိန်း ကြီးများ အားလုံးကို အမြန် ရပ်သင့်

ရှမ်းပြည်နယ်မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက်

ခွင့်ပြုမိန့်ရရှိထားခြင်းမရှိသော နမ္မတူ/သီပေါ ရေကာတာစီမံကိန်း အပါအဝင် မြန်မာနိုင်ငံတွင် ရေဂါတာစီမံကိန်း ကြီးများ အားလုံးကို အမြန် ရပ်သင့်

ရက်စွဲ ၁၄.၃.၂၀၂၀

ခွင့်ပြုမိန့်ရရှိထားခြင်းမရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ နမ္မတူ/သီပေါ ရေကာတာ စီမံကိန်း တည်ဆောက် နေ မှု အပေါ် မြန်မာနိုင်ငံအစိုးရမှ အရေးယူဆောင်ရွက်ခြင်း ပျက်ကွက်နေသည်။ ၎င်းလုပ်ဆောင်ခြင်းကို မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရှိသည့်အချိန်ထိ၊ ဒေသခံများမှ မိမိတို့၏သဘာဝသယံဇာတများကို ကာကွယ် ခွင့်ရ ရှိသည့်အချိန်အထိ ရေကာတာ စီမံကိန်းကြီး အားလုံးကို ရပ်သင့်သည်။

နမ္မတူမြစ်/မြစ်ငယ်မြစ်ပေါ်တွင် ၂၁၀ မီကာဝပ် ထွက်ရှိမည့် နမ္မတူရေကာတာ စီမံကိန်းကို သီပေါမြို့၏ မြောက်ဖက်မှ ၂၅ ကီ လိုမီတာခန့်ဝေးသော နေရာတွင် တည်ဆောက်ရန် စီစဉ်နေသည်။ စီမံကိန်း ပိုင်ရှင်သည် Natural Current Energy Hydropower Co.Ltd (NCEH) ဖြစ်သည်။

၎င်းစီမံကိန်းအတွက် NCEH သည် မြန်မာအစိုးရနှင့် MOU စာချုပ်ချုပ်ဆိုထားပြီး ရေကာတာ ဆောက်နိုင်ခြေရှိမရှိ အကဲ ခတ်ဆန်းစစ်ပြီး ပြန်လည်သုံးသပ်သည့်အဆင့်သာရှိသည်။ သို့သော် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဥပဒေ နှင့်အညီ ခွင့်ပြုချက်ရရန်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်အပေါ်ထိခိုက်မှု အကဲဖြတ်ခြင်း (EIA/SIA) ကို ဆန်းစစ်ထားခြင်း မရှိသေးပေ။ စီမံကိန်းကို တရားဝင်ခွင့်ပြုကြောင်း ခွင့်ပြုချက်မရှိပဲ NCEH အနေဖြင့်မည်သည့် ဆောက်လုပ်ရေးကိုမှ စတင်နိုင်ခွင့်မရှိချေ။

မည်သို့ပင်ဖြစ်စေ NCEH သည် ၂၀၁၇ ကတည်းက သစ်တောကြိုးဝိုင်းက သစ်ပင်များရှင်းလင်းပစ်ခြင်း၊ ရေကာတာ စီမံ ကိန်းသို့ လမ်းဖောက်လုပ်ခြင်း၊ ရေကာတာဆောက်လုပ်ရေး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ မြစ်ဖြတ်ကူးရန် အ တွက် ယာယီတံတားဆောက်လုပ်ခြင်းနှင့် မြစ်ကမ်းဘေးတစ်လျှောက် တွင် ကွန်ကရစ်များဖြင့် တည်ဆောက်နေပါသည်။

၂၄.၂.၂၀၂၀ တွင် နမ္မတူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးမှ NCEH ၏ ထိုကဲ့သို့ဥပဒေ ချိုးဖောက်မှုကို အ ရေး ယူပေးရန် ပြည်ထောင်စုအစိုးရဝန်ကြီးများရုံးသို့ စာတင်သွင်းခဲ့သည်။ ထို့အပြင် နေပြည်တော်လွှတ်တော်တွင် ၂ ကြိမ် ဆိုတင်သွင်းခဲ့သော်လည်း ထူးခြားလာခြင်းမရှိပါ။

NCEH အနေဖြင့် ၂၀၁၇ ခုနှစ်တွင် တရားမဝင်သစ်ခုတ်ခြင်းကြောင့် ဒဏ်ကြေး (၅၀၀၀ ကျပ်) သာလျှင် ဆောင်ခဲ့ရပြီး မြန် မာ့ လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန (MOEE) မှ ဥပဒေကိုချိုးဖောက်ခြင်း မပြုရန် သ တိသာ ပေးခဲ့သည်။ ဆောက်လုပ်ရေး ကိုလည်း တရုတ်စကားသာ ပြော ဆိုသော ဝန်ထမ်းများနှင့် ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။ ၇.၈.၂၀၁၉ တွင် မြေပြိုမှု ကြောင့်လည်း အလုပ်သမားတစ်ဦး သေဆုံးခဲ့ သေးသည်။

နမ္မတူရေကာတာကို ဒေသခံများပြင်းပြင်းထန်ထန်ကန့်ကွက်ကြသည်။ ရေကာတာ ၏ရေလှောင်ကန်မှာ အထက်ဖက်တွင် ၁၅ ကီလိုမီတာကျယ် ဝန်းပြီး အိမ်ခြေ ၄၇ အိမ်နှင့် လူဦးရေ ၂၁၂ ရှိသော ရှမ်းလူမျိုးတို့ နေထိုင် သည့် လီလုရွာတစ်ရွာ လုံးရေ အောက်လွမ်းမိုးခံရမည်ဖြစ်သည်။ ဒေသခံ များအနေဖြင့်နေရပ်မှ ပြောင်းရွေ့လိုခြင်းမရှိပါ။

နမ္မတူရေကာတာ၏အောက်ဖက်တွင်နေထိုင်သော သီပေါဒေသခံပေါင်း ၁၀၀၀ တို့သည် မြစ်ရေနည်းပါး သွားခြင်း၊ ခန့်မှန်း ရန်ခက်ခဲသော မြစ်ရေတက်ခြင်းကျခြင်းနှင့် မြေဆီမြေနှစ်များပိတ်ဆို့ခြင်းတို့ကို ကြောက် ရွံ့နေကြသည့်အပြင် ရုတ်တရက် ရေကာတာပေါက်ကွဲပျက်စီးခြင်းမှ ရေလွမ်းမိုးခံရမည်ကိုလည်း ကြောက်ရွံ့နေကြရသေးသည်။

ငွေနှင့်ခဲများကို ပြန်လည်တူးဖော်ရှာဖွေရန် ခွင့်ပြုထားသည့် နမ္မတူဘော်တွင်းသတ္တုတွင်းမှာလည်း နမ္မတူ ရေကာတာ၏ အထက်ဖက် ၄၀ ကီလိုမီတာတွင်ရှိပြီး ၎င်း သတ္တု တွင်းက စွန့်ပစ်သော အညစ်အကြေးများက ရေလှောင်ကန်တွင်း ဝင် ရောက်မှု‌ကြောင့်အောက်ပိုင်းရှိ ဒေသခံများ၏ ကျန်းမားရေးကိုထိခိုက်ပေလိမ့်မည်။ ခဲအဆိပ်သည် ကလေးငယ်များ အ တွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ နှောင့်နှေးစေလိမ့်မည်။ သတ္တုတွင်း၏ ၅၁ % ရှယ်ယာရရှိထားသော သြစတီးတား အခြေစိုက် Myanmar Metals ကုမ္ပဏီသည် တစ်နှစ်လျှင် ခဲပေါင်းတန် ၂ သန်းထွက်ရှိရန် စီစဉ်ထားပြီး ကမ္ဘာ့ခဲတူးဖော်ရေး၏ တတိယ အကြီးဆုံးအဖြစ်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။ ဒေသခံများအနေဖြင့် နေပြည်တော် အစိုးရမှ ခွင့်ပြုထားသော ၎င်းတူးဖော်ရေးနှင့် ပတ်သက်ပြီး ဆန့်ကျင်နိုင်ခွင့်မရှိခြေ။

နမ္မတူရေကာတာသည် စစ်ပဋိပက္ခဖြစ်ပွားရာနယ်မြေအတွင်း တည်ရှိပြီး မြန်မာအစိုးရမှ ဒေသတွင်းရှိ တိုင်းရင်းသား လက် နက်ကိုင်များကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သောဒေသဖြစ်သည်။ ယခင်နှစ်များတွင် လီလုရွာသားများမှာ စစ်ပွဲကြောင့် အကြိမ်ပေါင်းများစွာ စစ်ဘေးရှောင်ထွက်ပြေးခဲ့ရသည်။ ၂၆.၁၁.၂၀၁၉ တွင် ဂျာမနီနိုင်ငံမှ ခရီးသွားတစ်ဦးသည် ရေကာ တာ၏ အနောက်ဖက် ၇ ကီလိုမီတာခန့် ဝေးသောနေရာသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ရင်း သွားရာလမ်းတွင် မြေမြုပ်မိုင်း နင်း မိပြီး အသက်ဆုံးရှုံးခဲ့ရသည်။

၂၀၁၆ ခုနှစ်တွင် ရှမ်းလူမှုအဖွဲ့များ စုပေါင်းပြီး “နမ္မတူမြစ်ကို ကာကွယ်စို့” ဟူသော အစီရင်ခံစာ ထွက်ခဲ့ပြီး ယင်းအစီ ရင်ခံ စာတွင် နမ္မတူမြစ်ပေါ် ရေကာတာ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး စစ်ပဋိပက္ခများနှင့် စပ်လျဉ်း၍ တိကျတည်ငြိမ်သော ဖက်ဒရယ်ရ ရှိနိုင်သည်အထိ၊ ဒေသခံများမှ စီမံကိန်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့် ရှိသည့်အချိန်ထိ၊ သဘာဝသ ယံဇာတ များကို ကာကွယ်နိုင်ခွင့် ရှိသည့်အချိန်ထိ ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။ ကံဆိုးစွာဖြင့် ၄င်းအစီရင်ခံစာကို လျစ်လျူရှု သည်သာမက အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့ (IFC) သည် နမ္မတူ မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်နေဆဲဖြစ် သည့် အပြင် အခြားရေကာတာများကိုလည်း မြန်မာအတွက် ရေရှည် တည်တံ့ခိုင်မြဲသောရေအားလျှပ်စစ်စီမံကိန်းဟူ၍ပင် ထပ်မံ တိုးမြှင့်ခဲ့သေးသည်။ နမ္မတူ/သီပေါ ရေကာတာအပြင် နမ္မတူမြစ်ပေါ်တွင် အခြားသော ရေကာတာ (၃)ခု ထပ်မံတည်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများမှာ သြစတီးယား၊ နော်ဝေး၊ ဆွီဇာလန်၊ ပြင်သစ်၊ တရုတ်နှင့် ဂျပန်နိုင်ငံမှ ကုမ္မဏီများသာ ဖြစ်ကြသည်။

နမ္မတူမြစ်ပေါ် ရေကာတာဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ရေရှည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။ ရေကာတာဆောက် လုပ် သူများအနေဖြင့် မိမိတို့၏ အကျိုးအမြတ်အတွက်သာ စဉ်းစားပြီး ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် သက်ရောက်မှု (သို့) ဥပဒေများကို ထည့်သွင်းစဉ်းစာခြင်း မရှိပါ။

ကျွနု်ပ်တို့၏သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး၊ လုံခြုံရေး၊ စားဝတ်နေရေးစသော လူမှုအသိုင်းအဝိုင်းများကို ကာ ကွယ် ရန်အတွက် မြန်မာအစိုးရအား နမ္မတူမြစ်ပေါ်ရှိ ရေကာတာနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေကာတာများကို ရပ်ရန် တောင်းဆိုပါသည်။ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မရရှိသည့်တိုင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများနှင့် အတိုင်ပင်ခံများ ရေကာတာဆောက်လုပ်တူးဖော်ရာတွင် ရင်းနှီးမြှုပ်နှံလိုခြင်းမှ ရပ်တန့် သွားသည်အထိ ရပ်တန့်ပေးပါရန် တောင်းဆိုအပ်ပါသည်။

နမ္မတူ/သီပေါရေကာတာနှင့် ဆက်စပ်ပြီး အခြေခံ အချက်အလက်များ (၂၀၁၈ ဇူလိုင် My Asia Consulting ကုမ္ပဏီမှ ကောက်ယူထားသော နမ္မတူမြစ်အပေါ် EIA/SIA Scoping Report မှ ဖော်ပြချက်)

ရေကာတာအမည် နမ္မတူ(သီပေါ)
ရေကာတာတည်နေရာ နမ္မတူမြစ် / မြစ်ငယ်မြစ်ပေါ် သီပေါမြို့အထက်ဘက် ၂၅ ကီလိုမီတာအကွာ
ရေကာတာ ဆောက်လုပ်သူ (ဆောက်လုပ် နေဆဲ၊ သဘော တူ လွှဲပြောင်းချက်) Natural Current Energy Hydropower Co.Ltd
ရေအားလျှပ်စစ် ၂၁၀ မီကာဝပ် (မြန်မာ့လျှပ်စစ်စွမ်းအားအတွက်)
ရေကာတာအမြင့် ၁၁၄ မီတာ
ရေအမြင့် ပင်လယ်ရေ မျက်နှာပြင်အထက် ၄၉၅ မီတာ
ရေလွှမ်းမိုးခံရမည့် ရေလှောင်ကန်ဧရိယာ ၈၆၆.၆၉ ဟက်တာ
ရေလွှမ်းမိုးခံရမည့် ရွာ လီလုရွာ (၄၇ အိမ်ထောင်စု၊ ၂၁၂ ဦးရေ ) ရှမ်းလူမျိုး အများဆုံးနေထိုင်သော်လည်း အစီရင်ခံစာတွင် မြန်မာ တိုင်းရင်းသားများသာ နေထိုင်ကြောင်း မှားယွင်း ထုတ် ပြန်
ဆောက်လုပ်ရေးကြာချိန် ၆၆ လ
ဆောက်လုပ်ရေးကုန်ကျစရိတ် ၄၃၆.၂၈ မီလီယံ (USD)

 

My Asia Consulting Co.Ltd ၏ EIA/SIA Scoping Report စိတ်မကောင်းစရာများ

၎င်းအစီရင်ခံစာကို IFC ၂၀၁၈ ၏ မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဏ၏ မဟာဗျူဟာ မြောက် သဘာဝ ပတ်ဝန်း ကျင် ဆိုင်ရာ ဆန်းစစ်မှု မှ ကြိုက်ရာရွေးချယ်တင်ပြထားပါသည်။ ယင်းအစီရင်ခံစာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစ နစ် နှင့် စပ်လျဉ်းပြီး နမ္မတူမြစ်အတွက် ( ကုန်းနေ ဂေဟစနစ် ၅ အဆင့်တွင် ၁ သာရပြီး နှင့် ရေနေဂေဟစနစ် အဆင့်၅ တွင် ၂ သာ ရသည်) ကိုသာ ကိုးကားထားပြီး ( ပဋိပက္ခ အဆင့် ၅ထဲမှ ၅) ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြစ်ရေကာတာ တည် ရှိ ရာ စစ်ပွဲပဋ္ဋိပက္ခ ဖြစ်ပွားခြင်းကို ဖော်ပြထားခြင်း မရှိခဲ့ပေ။

အစီရင်ခံစာ၏ အကျဉ်းချုုပ်တွင် ထိခိုက်နိုင်မှုနှင့် လူမျိုးနွယ်စုများမှာလည်း မှားယွင်းစွာဖော်ပြခဲ့သည်။ ယင်းဖော် ပြ ချက်တွင် ရှမ်းပြည်နယ် တပ်မတော်မှာ NCA လက်မှတ် ချုပ်ဆိုထားသော ဒေသတွင် စစ်ပွဲဖြစ်ပွားပြီး ၄င်းတို့မှာ မြောက် ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်း ပါဝင်သည်။ စာရေးသူအနေဖြင့်လည်း NCA လက်မှတ် ထိုးထားပြီး မြောက်ပိုင်း မဟာ မိတ် အဖွဲ့တွင် မပါဝင်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် NCA လက် မှတ် ထိုးထားခြင်း မရှိပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/ SSA) တို့ အကြောင်း ရောထွေးနေသေးသည်။

ယင်းအစီရင်ခံစာတွင် ပြည်သူလူထု တွေ့ဆုံပွဲနှင့် ထုတ်ဖော်ပွဲ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဖော်ပြချက်တွင် ကုမ္ပဏီ ပိုင်ရှင်သည် ဒေသအတွင်း NGOs များ၊ ဒေသတွင် သြဇာရှိသူများနှင့် အမြဲတစေ ဆက်နွယ်နေခဲ့ပြီး စီမံကိန်း၏ အသေး စိပ်အချက်အလက်နှင့် အစီစဉ်များကိုပါ ချပြခဲ့ကြောင်းကို အတိုင်ပင်ခံမှ နမ္မတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်း ခမ်းအေးအား အင်တာဗျူးနေပုံနှင့်တကွ NCEH ကုမ္ပဏီကို အမွန်းတင်ပြောဆိုခဲ့သည်။ ဒီကိစ္စမှာ လုံးဝမှားယွင်းနေခဲ့ပြီး ၂၀၁၈ ဇူလိုင်လတွင် အစီရင်ခံစာ ထွက်ရှိခဲ့သော်လည်း NCEH ကုမ္ပဏီသည် ၂၀၁၈ ဖေဖော်ဝါရီလအတွင်း လွှတ်တော် တွင်တင်သွင်းခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ၏ တင်သွင်းချက်အားလုံးကို လျစ်လျူရှုခဲ့သည်။

 

NCEH ကုမ္ပဏီ၏ ဆောက်လုပ်ရေးနှင့် ဥပဒေ ချိုးဖောက်ရေးအခန်းကဏ္ဍ

၂၀၁၇ နှစ် အစောပိုင်း NCEH ကုမ္ပဏီက ရေကာတာ ဆောက်လုပ်ရန် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း။

၁၈.၇.၂၀၁၇ သစ်တောဥပဒေ ပုဒ်မ – ၄၀ (က)၊၄၀ (ဂ) အရ ကာကွယ်ထားသည့် သစ်တောနယ်မြေအတွင်း သစ်ပင်ခုတ် ထွင် မိသောကြောင့် NCEH ကုမ္ပဏီမှ ဒဏ်ကြေး ( သစ်ပင်တစ်ပင် ၅၀၀၀ ကျပ်)အား ပေးသွင်းခံရခြင်း။

၂၆.၂.၂၀၁၈EIA/SIA မရှိသော်လည်း NCEH ကုမ္ပဏီမှ ဆောက်လုပ်ရေးများ ဆက်လကပ်ကိုင်နေခြင်းအပေါ် နမ္မတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးမှ နေပြည်တော် လွှတ်တော်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသို့ မေးမြန်းခြင်း။

၂၆.၃.၂၀၁၈ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ NCEH ကုမ္ပဏီအား ခွင့်ပြုမိန့်ရမှသာ ဆက်လက် လုပ်ဆောင်သွားရန် အမိန့်ချခဲ့ပြီး NCEH ကုမ္ပဏီက အမိန့်ကို နာခံမည်ဖြစ်ကြောင်း လက်ခံခဲ့သည်။

၁၃.၆.၂၀၁၉NCEH ကုမ္ပဏီအား ကာကွယ်ရေးဧရိယာအတွင်း ဖြစ်သည့် ချောင်းဆာရွာတွင် ၃၀၀၀၀ ကျင်း (ကျောက် ၈၅၀၀၀ ကုဗမီတာ)ခန့် တူးဖော်ရန် ခွင့်ပြုမိန့် ရရှိခဲ့သည်။ ယင်းခွင့်ပြုမိန့်သည် ယာယီနေထိုင်ရေးစခန်း များ ဆောက်လုပ် ပိုင်ခွင့် ရရှိထားခြင်း မရှိပေ။ အကယ်၍ ကျူးလွန်ပါက ခွင့်ပြုမိန့်ကို ပယ်ဖျက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ ပင်ဖြစ်စေ NCEH ကုမ္ပဏီမှ ဥပဒေကိုချိုးဖောက်ပြီး ဝန်ထမ်းအိမ်ယာများကို ဆက် လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

၁၆.၁၂.၂၀၁၉ နမ္မတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးမှ လွှတ်တော်အတွင်းသို့ မြန်မာရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ NCEH ကုမ္ပဏီအား မည်သည့်အချိန်တွင် ရေကာတာကို ဆက်လက်လုပ်ဆောင်ခွင့် ပြုမည် ဖြစ်ကြောင်း မေး မြန်းခဲ့သည်။

၂၁.၁.၂၀၂၀ မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) မှ NCEH ကုမ္ပဏီအား စီမံကိန်းလုပ်ဆောင်ခွင့် ခွင့်ပြု ထားခြင်း မရှိသေးသောကြောင်း ပြန်ဆိုခဲ့သည်။ NCEH ကုမ္ပဏီမှ ၁၄.၆.၂၀၁၉ တွင် စီမံကိန်း ကုန်ကျစရိတ် နှင့် ပတ်သက် ပြီးတင်သွင်းခဲ့ရာ မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စီးပွားရေးနှင့် ပတ်သက်ပြီး လုပ်ဆောင် နို်င်ခြင်း ရှိ၊မရှိ စစ် ဆေးလျက် ရှိသည်။ စီမံကိန်း မစတင်မှီနှင့် MIC မှ ခွင့်ပြုချက် မရရှိမှီ အဆင့်ပေါင်းများစွာ ကျန်ရှိနေပြီး သဘာဝပတ် ဝန်းကျင်အပေါ်ထိခိုက်မှု၊ လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်မှုတို့နှင့် ဆက်စပ်ပြီး ဆန်းစစ်ရန်အဆင့်များစွာ ပါဝင်နေ သေး သည်။

၂၄.၂.၂၀၂၀ တွင် နမ္မတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးသည် ပြည်ထောင်စု ဝန်ကြီးများ ဌာနသို့ အ ထက်ပါ အကြောင်းအရာများ အပါအဝင် NCEH ကုမ္ပဏီ၏ ဥပဒေ ချိုးဖောက်မှုများအပေါ် အရေး ယူပေးရန် စာတင်သွင်း ခဲ့သည်။

Natural Current Energy Hydropower Co.Ltd (NCEH) ၏ နောက်ခံအကြောင်း

NCEH ကုမ္ပဏီသည် ၇.၁၁.၂၀၁၃ တွင် ကုမ္ပဏီ အုပ်ချုပ်မှုနှင့် ရင်းနှီးမြျုပ်နှံမှု ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့ သည်။ ၄င်းတို့ Website အရ ရုံးချုပ်မှာ မန္ဘလေးတွင် ရှိပြီး နေပြည်တော်တွင် ရုံးခွဲကို ထားရှိထားသည်။ NCEH ကုမ္ပဏီ ဒါရိုက်တာ ဦး ကျော်စိန်မှာ ရွှေအုတ်ခိုင်ဆောက်လုပ်ရေး၏ ဒါရိုက်တာပင်ဖြစ်သည်။

NCEH Website တွင် ယေဘုယျရည်မှန်းများကို ဖော်ပြထားပြီး အကြီးစားရေကာတာနှင့် အလတ်စား ရေကာတာ စီမံကိန်း များကိုပါဆောက်လုပ်မည်ဟု ဖော်ပြထားသည် ၄င်းတို့နှင့် ဆက်စပ်နေသော စီမံကိန်းအမည်များကို ထည့်သွင်း ရေးထားခြင်းမရှိချေ။ Websiteတွင် နမ္မတူရေကာတာ ဖြစ်လာမည့် ပုံကိုသာ ဖော်ပြထားပြီး ရှင်းလင်းထားချက်များ မရှိ ပေ။

လားရှိုးမြို့ သတင်းအချက်အလက် အရင်းအမြစ်မှ NCEH မှာ နမ့်နိမ်းမြစ်တွင် အသေးစား ရေကာတာ စီမံကိန်း( 15 MW, 18 MW, 20 MW, 22 MW ) ကို ဆောက်လုပ်ရန် စီစဥ်နေသည်။ ၄င်းမြစ်သည် သိန္နီနှင့် ကွတ်ခိုင်မြို့ တွင် စီး ဆင်း ပြီး ကွန်လုံမြို့အနီးတွင် သံလွင်မြစ်အတွင်းသို့ စီးဝင်သည်။

ဆက်သွယ်ရန်

စိုင်းထမ်းအိုက် (ဆုတောင်းပွဲပူးပေါင်းစီစဉ်သူ)                                                +95 (0)9-453-132-755

နန်းလောဝ်ခမ်း (တာလုံဒေသခံ)                                                               +95 (0)9-262-108-062

 

Press release PDF files: >> Shan Burmese English

Namtu/Hsipaw dam PDF files: >>Shan Burmese English

ထုတ်ပြန်ချက်