သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရကာ တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ အဆောက်အဦးများပါအ၀င် အရပ်သား အဆောက်အဦး ၁၁၀ ကျော်ပျက်စီးခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရလူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်

သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရကာ တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ အဆောက်အဦးများပါအ၀င် အရပ်သား အဆောက်အဦး ၁၁၀ ကျော်ပျက်စီးခဲ့

သီပေါမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ ၀င်ရောက်လာခြင်းကိုတုံ့ပြန်တိုက်ခိုက်သည့် ၂၀၂၄ ဇူလိုင်လ  (၁၉) ရက်မှ သြဂုတ်လ (၁၉) ရက်အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သား ( ၁၉ )ဦးသေဆုံးကာ (၁၉ ) ဦးဒဏ်ရာရပြီး နေအိမ် (၁၁၀ )ခန့်ပျက်စီးခဲ့သည်။

ဇူလိုင်လလည်တွင် MNDAA ကိုးကန့်တပ်ဖွဲ့သည် သီပေါ-မိုင်းရယ်လမ်းတစ်လျောက်ရှိ ကျေးရွာများကိုစတင်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။၄င်းတို့သည် သီပေါမြို့ အရှေ့တောင်ဘက်မှ ၄၀ ကီလိုမီတာကွာ၀ေးသော ဆောင်ကြဲကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၄င်းမှ ၂၀ ကီလိုမီတာကွာ၀ေးသောဆိုင်ကျော့ရှိစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများမှ ထွက်ပြေးဆုတ်ခွာစေခဲ့သည်။ ဇူလိုင်လ ၁၉ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဆောင်ကြဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်း နှင့်နေအိမ် ၁၀ လုံးပျက်စီးခဲ့သည်။

ဇူလိုင်နှောင်းပိုင်းတွင် MNDAAA တပ်ဖွဲ့သည် သီပေါမြို့ အရှေ့တောင်ဘက် ၂၀ ကီလိုမီတာအကွာ သီပေါ-နမ့်လန်လမ်းပေါ်ရှိ နောင်ကော်ကြီးကျေးရွာအနီးရှိ ခလရ ၁၄၇ စစ်ကောင်စီတပ်ရင်း ကိုစတင်တိုက်ခိုက်ခဲ့သည်။ သြဂုတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် နောင်ကော်ကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်းသို့ လေကြောင်းဗုံးကြဲချခဲ့ရာ သံဃာတစ်ပါးအပါအ၀င် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ထိုနေ့တွင်ပင် စစ်ကောင်စီတပ်မှ နောင်ကော်ကြီးကျေးရွာအရှေ့မြောက်ဘက် ၂ ကီလိုမီတာရှိ ပန်မိတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ၁ ဦးဒဏ်ရာရခဲ့သည်။

သြဂုတ်လ ၉ ရက်နေ့ ညပိုင်းတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ၅၀၀ ခန့်သည် သီပေါမြို့မြို့မြောက်ဘက်ခြမ်းကို ချဥ်း ကပ်လာခဲ့သည်။ ထိုနေ့ည၌ပင် စစ်ကောင်စီ ခလရ ၂၃ တပ်သည်  မြို့၏အရှေ့မြောက်ရှိ ကုံးစုံကျေးရွာဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးနှင့်ကလေးတစ်ဦးကို ထိမှန်သေဆုံးခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့မနက်အစောပိုင်းတွင်  TNLA နှင့် PDF တပ်ဖွဲ့များသည် မြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့များအပါအ၀င် သီပေါထောင်နှင့်မြို့အနီးတစ်၀ိုက်ရှိ စစ်ကောင်စီတပ်သားများကို စတင်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ၄င်းနေ့တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားဖြစ်ပွားပြီးနောက် သီပေါတံတားအနီးရှိစစ်ကောင်စီတပ်သားများ အပါအ၀င် သီပေါတစ်မြို့လုံးရှိစစ်ကောင်စီတပ်များအားလုံးသည် ခလရ ၂၃ သို့ဆုတ်ခွာခဲ့ပြီးနောက် မြို့တွင်းနှင့်အနီးတစ်၀ိုက်ရှိကျေးရွာများကို လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့တစ်ရက်တည်း၌ပင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့သည်။ထိုထိခိုက်မှုတွင် နားလွယ်ကျေးရွာမှအမျိုးသားတစ်ဦးသေဆုံးမှုနှင့် ကျောင်းစုကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးမှုတို့ပါ၀င်သည်။ ၄င်းကျေးရွာနှစ်ခုလုံးသည် တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းဘေးတွင်တိုက်ရိုက်တည်ရှိနေသည့်ရွာများဖြစ်သည်။ကျောင်းစုကျေးရွာတွင် ပိုက်လိုင်းထိန်းချုပ်ရေး စခန်းလဲရှိ သည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်သည်သီပေါမြို့ကို လေကြောင်းမှစတင်တိုက်ခိုက်ခဲ့ရာ မြို့လယ်ကောင်ရှိမြို့လယ်ရွှေစေတီဘုန်းကြီးကျောင်းဗုံးကြဲခံခဲ့ရပြီး သံဃာတစ်ပါး၊ သီလရှင်တစ်ပါးနှင့် အခြားအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။မြို့အရှေ့မြောက်ဘက်ရှိတာပုတ်ကျေးရွာဗုံးကြဲခံရမှုတွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားအရပ်သား ၂ ဦးဒဏ်ရာရခဲ့သည်။

တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ ကျောင်းစုကျေးရွာရှိ ဆီကန်ကိုစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှု

သြဂုတ်လ ၁၂ ရက်မှ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်သည်  သီပေါမြို့နယ်အတွင်းနှင့်အနီးတစ်၀ိုက်အနီးရှိ ကျေးရွာများကို မရေတွက်နိုင်သော လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်ခဲ့ရာ နောက်ထပ်အရပ်သားထိခိုက်မှုများနှင့် အဆောက်အဦးပျက်စီးမှု များစွာဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၁၄ ၊ ၁၅နှင့် ၁၉ ရက်များတွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများသည် တရုတ် ရေနံနှင့် သဘာ၀ဓာတ် ငွေ့ပိုက်လိုင်း အနီး ရှိနားလွယ်နှင့်ကျောင်းစုကျေးရွာရှိအဆောက်အဦးများကိုပျက်စီးစေခဲ့ပြီး ပိုက်လိုင်းထိန်းချုပ်ရေးစခန်းမှ ၂၅၀ မီ တာသာ ကွာ၀ေးသော ကျောင်းစုကျေးရွာရှိ စက်ရုံဆီသိုလှောင်ကန် မီးလောင်ပျက်စီးမှုလဲပါ၀င်သည်။

ထိုကာလအတောအတွင်း သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် နမ့်လန်မြို့အခြေစိုက် ခမရ ၅၀၆ စစ်ကောင်စီတပ်မှ နားမခေါ်ကျေးရွာဘက်သို့ တိုက်ပွဲများမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးခဲ့သည်။

သြဂုတ်လ ၁၆ ရက်နေ့မွန်းတည့်ချိန်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီခမရ ၅၀၆ တပ် သည် နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ကိုလက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့သည်။ ထိုနေ့ ညနေ ၅နာရီတွင်  နမ့်လန်မြို့တောင်ဘက် ရှိနားဟိုင်းကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြု လုပ်ခဲ့ရာ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့ပြီး ထို့နောက်နမ့်လန်ဆေးရုံတွင် သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ကော်ဘုန်းကြီးကျောင်းတွင် သံဃာ ၁ပါးနှင့် သက်ကြီး အမျိုးသမီး ၁ ဦး သေဆုံးမှုနှင့် အခြား သံဃာ ၁ ပါးဒဏ်ရာရ

သြဂုတ်လ ၆ ရက်တွင် စစ်ကောင်စီတပ်သည် သီပေါမြို့ အရှေ့တောင်ဘက် ၂၀ ကီလိုမီတာကွာ၀ေးသော နောင် ကော်ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ပါးနှင့် သက်ကြီးအမျိုးသမီး ၁ ဦး သေ ဆုံးမှုနှင့် အခြား သံဃာ ၁ ပါးဒဏ်ရာရခဲ့သည်။

နောင်ကော်ဘုန်းကြီးကျောင်းသည် ၄င်း၏ သဘာ၀ရေကန်းဘေးရှိ ရှုခင်းနေရာများကြောင့် နာမည်ကျော်ကြားပြီး ဇူလိုင်လကုန်တွင် MNDAA တပ်ဖွဲ့မှ၀င်ရောက်တိုက်ခိုက်ခဲ့သော ခလရ ၁၄၇ တပ်စခန်းနှင့် ၁ကီလိုမီတာ ခန့်သာ ကွာ၀ေးသည်။

သြဂုတ်လ ၆ရက် ညနေ ၄နာရီခန့်တွင် စစ်ကောင်စီဂျက်ဖိုက်တာသည် နောင်ကော်ကျေးရွာဘုန်းကြီးကျောင်းကို တိုက်ရိုက်ဗုံးကြဲချခဲ့သည်။ ထိုဗုံးကြဲမှုကြောင့်  ရေလယ်တွင်ရှိနေသော ကျောင်းဆောင်အပါအ၀င် ကျောင်းအ ဆောက် အဦး အများအပြားပျက်စီးခဲ့ပြီး အသက် ၅၄ နှစ်အရွယ် သံဃာ စ၀် နန္ဒီကန နှင့်သက်ကြီးအမျိုးသမီးဖြစ်သူ ပါ အောင်တို့သေဆုံးခဲ့ပြီး အခြားသံဃာတစ်ပါး ပြင်းထန်စွာဒဏ်ရာရခဲ့သည်။

ဗုံးကြဲခံရသည့်အချိန်တွင် ပါအောင် (ဒဏ်ရာရသွားသည့် သံဃာ၏ မိခင်) နှင့် သံဃာနှစ်ပါးတို့မှာ ဘုန်းကြီး ကျောင်း တွင်ကျန်ရစ် နေခဲ့ သော အရပ် သားများသာ ဖြစ်ပြီး၊ နောင်ကော်ကျေးရွာနှင့် အနီးတစ်၀ိုက်ရှိ ကျေးရွာ များမှာ လေကြောင်း ရန်ကိုကြောက်ရွံ့ သော ကြောင့် နားမခေါ်၊ နမ့်လန်၊ မိုင်းခေးနှင့် အခြားဒေသ များ သို့ရွေ့ပြောင်းသွားခဲ့ ပြီဖြစ်သည်။

၂၀၂၄ သြဂုတ်လ ၇ ရက် နေ့ ခင်းပိုင်း တွင် ဒေသခံ များက နောင် ကော်ဘုန်းကြီး ကျောင်းတွင်စ၀်နန္ဒီကန၏ ရုပ်အလောင်း ကိုမီး သင်္ဂြိုလ်ခဲ့သည်။

သြဂုတ် လ ၂၂ ရက်တွင် MNDAA တပ်ဖွဲ့ သည် ခလရ ၁၄၇ တပ်စ ခန်းကိုသိမ်းပိုက် နိုင်ခဲ့သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                               66 99 246 5673/  66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                            66 99 289 6080                                          Signal (မြန်မာ)

PDF ဖိုင်ဆွဲယူရန် >>>  Shan Burmese English

ထုတ်ပြန်ချက်