၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကုန်သွယ်ရေးလမ်းမတစ်လျောက် စစ်ကောင်စီကိုအလုံးအရင်းနှင့် တိုက်ခိုက် မှုများသည်တရုတ်မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းရင်းနှီးမြုပ်နှံမှု၏ အချိန်မတန်သေးမှုများကို မီးမောင်း ထိုးပြ နေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဧပြီလ ၁1 ရက်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကုန်သွယ်ရေးလမ်းမတစ်လျောက် စစ်ကောင်စီကိုအလုံးအရင်းနှင့် တိုက်ခိုက် မှုများသည်တရုတ်မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းရင်းနှီးမြုပ်နှံမှု၏ အချိန်မတန်သေးမှုများကို မီးမောင်းထိုးပြနေ

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ မြို့နယ် ၅မြို့နယ်ရှိ ကုန်သွယ်ရေးအဝေးပြေး လမ်းမကြီးများတွင်စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် အချိန်မတန်သေးကြောင်း သိသာထင်ရှားစွာ မီးမောင်းထိုးပြနေသည်။

မူဆယ်၊ကွတ်ခိုင်၊သိန္နီ၊ကွမ်းလုံနှင့် လားရှိုးမြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေးအစဖြစ်သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့မှ စတင်ပြီးစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ အပစ်အခတ်ရပ်စဲသော ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ် ခတ်မှုများသည် ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ထားသော အဓိကကုန်သွယ်ရေးလမ်း ကြောင်းနှစ်ခုဖြစ်သည့် မူဆယ်-သိန္နီ-လားရှိုး အဝေးပြေးလမ်းမကြီးနှင့် သိန္နီ-ချင်းရွှေဟော် အဝေးပြေး လမ်းမ ကြီးတို့ကို ဦးတည်တိုက်ခိုက်နေကြောင်း ဖော်ပြနေသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အဆိုပါမြို့နယ် ၅မြို့နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်းများတလျှောက်ရှိ မြို့များနှင့်ကျေးရွာများမှ အရပ်သားထိခိုက်သေဆုံးမှု အနည်းဆုံး ၁၈၀ ကျော်ရှိခဲ့ပြီး အဆောက် အဦး ၃၀၀ ကျော် ထိခိုက်ပျက်စီး ခဲ့သည်။ အရပ်သား သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရပြီး ၎င်းတို့ထဲမှ အချို့မှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မိမိတို့နေရပ်သို့ မပြန်လာရဲသေးပေ။ စစ်ကောင်စီသည် လားရှိုးနှင့် မူဆယ်မြို့များကို ထိန်းချုပ်ထားပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားသော မူဆယ်-သိန္နီ အဝေးပြေးလမ်းမ အပိုင်းတွင် KIA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်။ ဒေသတွင်းရှိ အရပ်သားများသည် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင် ထောင်ထား ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်များကို ကြုံတွေ့နေရဆဲဖြစ်သည်။

မတ်လ ၁၁ရက်နေ့တွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့အကြား ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်မည် ဟူသော သဘောတူညီချက်ရရှိခဲ့သော်လည်း လားရှိုးနှင့်ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီး တလျှောက်တွင် လုံခြုံရေးအာမခံချက်မရှိပဲ မတ်လ ၂၆ရက်နေ့က လားရှိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လအကုန်မှစ၍ စစ် ကောင်စီသည် ရာနှင့်ချီသော တပ်သားများကို ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့နှင့် လားရှိုးမြို့များသို့ ပို့ဆောင် ခဲ့သည်။

ဆက်တိုက်ဖြစ်ပွားနေသော ပဋိပက္ခအတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၊ အထူးသဖြင့် စစ်ကောင်စီ၏ ပြင်း ထန်သောတိုက်ခိုက်မှုများဖြစ်ပွားရာဒေသများကို တိုက်ရိုက်ဆက်သွယ်ထားသည့် မူဆယ်-မန္တလေးအမြန်ရထားလမ်းတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လုပ်ဆောင်ရန် အင်မတန်အန္တရာယ် များပါသည်။ သို့ရာတွင် မကြာ သေးမီက ထုတ်ပြန်ထားသော သတင်းအရ စစ်ကောင်စီသည် တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၈.၉ ဘီလီလံ တန်ဖိုးရှိသည့် စီမံကိန်းအတွက် ငွေချေးယူရန် စီစဉ်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ

၁၀၂၇ စစ်ဆင်ရေး အစတွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပန်ဆိုင်းနှင့် မုံးကိုးမြို့ နယ်နိမိတ်အနီးရှိ စစ်ကောင် စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။ တန်ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှ ပန်ဆိုင်းသို့ လက်နက်ကြီးများဖြင့် အဆင်အခြင်မဲ့ ပစ်ခတ်ခဲ့သဖြင့် အောက်တိုဘာလ ၃၀ရက်နေ့တွင် နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့ပြီး (၎င်းအနက် လက်နက်ကြီးကျည် တစ်လုံးသည် နယ်စပ်၊ တရုတ်ဖက်ခြမ်းရှိ ၀မ်တိန် သို့ကျရောက်ပေါက်ကွဲခဲ့သည်) နိုဝင်ဘာလ ၁ရက်နေ့တွင် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။ သို့ရာတွင် နိုဝင် ဘာလ ၂ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ပန်ဆိုင်းကို သိမ်းပိုက်ခြင်းအား မဟန့်တားနိုင်ခဲ့ပါ။ ထို့နောက် စစ်ကောင်စီသည် ပန်ဆိုင်းကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး ပန်ဆိုင်းသို့ လက်နက်ကြီးများ ဖြင့် တဖန် ပစ်ခတ်ပြန်သဖြင့် နိုဝင်ဘာလ ၁၉ရက်နေ့တွင် အရပ်သားတစ်ဦး သေဆုံးပြီး ထိုနေ့တွင်ပင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပန်ဆိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထိုအချိန်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ မုံးကိုးအား သိမ်းပိုက်ခြင်းကို ဟန့်တားရန်ကြိုးပမ်းခဲ့သည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်သော လေကြောင်း တိုက် ခိုက်မှုကြောင့် မုံးကိုးမြို့အနီး ရှင်းကျိုက်ရွာမှ ကလေးငယ်၃ဦးအပါအဝင်အရပ်သား ၅ ဦး သေဆုံးခဲ့သည်။ သို့သော် လည်း နိုဝင်ဘာလ ၇ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် မုံးကိုးမြို့ကို သိမ်းပိုက်ထိန်း ချုပ်နိုင် ခဲ့သည်။

နိုဝင်ဘာလ ၁၆ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်တွင် အခြေစိုက်သော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက တန်ပြန်သည့်အနေဖြင့် မူဆယ်မြို့နှင့် ပတ် ဝန်းကျင်ရွာများကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အဆင်အခြင်မဲ့ပြု လုပ်ခဲ့ သည်။ နိုဝင်ဘာလ ၁၉ရက်နေ့မှ ဒီဇင်ဘာလ ၁၁ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုဒေသရှိ အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာလ ၂၈ရက်နေ့တွင် ၁၀၅မိုင်ကျေးရွာမှ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးရန်ကြိုးပမ်းသည့် အရပ်သား၂ဦး  (အမျိုးသား၁ဦးနှင့် အမျိုးသမီး၁ဦး)ကို စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့သည်။ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၅မိုင်ကျေးရွာရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ တပ်သားများကို တိုက်ထုတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးအချက်အချာကျသည့် မူဆယ်-လားရှိုး အဝေးပြေးလမ်းမကို ထိန်းချုပ်နိုင်ခဲ့သည်။

၁၀၅မိုင်အခြေစိုက်စခန်းများကို လက်လွှတ်ဆုံးရှုံးလိုက်ရသော်လည်း စစ်ကောင်စီတပ်သည် မူဆယ်ရှိ ၎င်းတို့၏ တပ်စခန်းများမှ အဆိုပါနေရာများသို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက် နေ့တွင် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်သားများသည် ၁၀၅မိုက်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ အရပ်သားများသည် ပဋိပက္ခတိုက်ပွဲများအတွင်း ထောင်ထားခဲ့သော မြေမြှုပ်မိုင်းအန္တရာယ်များကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလကုန်တွင် မြေမြှုပ်မိုင်းကြောင့် မူဆယ်တဝိုက် လယ်သို့သွားသော၊ သို့မဟုတ် ထင်းရှာထွက်သော အရပ်သား အနည်းဆုံး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ အောက်တိုဘာလ ၃၀မှ ဒီဇင်ဘာ၃၀ အထိ မူဆယ်မြို့နယ်တွင်အရပ်သားများကိုထိခိုက်သေဆုံးစေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနှင့်ပစ်ခတ်သတ်ဖြတ်မှု
စဉ် ရက်စွဲ

 

ကျေးရွာ/ရပ်ကွက်

 

ဖြစ်စဉ်

 

သေဆုံး ဒဏ်ရာရ ပျက်စီး
၁။ ၃၀.၁၀.၂၀၂၃ ပန်ဆိုင်းမြို့နယ်ခွဲ စစ်ကောင်စီ ၁၀၅ မိုင်တပ်စခန်းမှလက်နက်ကြီးပစ်ခတ် နေအိမ် အနည်းဆုံး၅လုံး
၂။ ၁.၁၁.၂၀၂၃ ပန်ဆိုင်းမြို့နယ်ခွဲ ရပ်ကွက်(၈)  မနက်(၈)နာရီဝန်းကျင်ခန့်တွင် နေအိမ်သို့လက်နက်ကြီးကျရောက်ထိမှန်သဖြင့်သေဆုံး။

 

ကျား

၂၃နှစ်

နေအိမ် ၁လုံး
၃။ ၁.၁၁.၂၀၂၃ နမ့်ခွမ်ကျေးရွာ လက်နက်ကြီးသံကြားသဖြင့် ဗုံးခိုကျင်းထဲ ဆင်းပုန်းရာတွင် ဗုံးခိုကျင်းပြိုကျသဖြင့်သေဆုံး။ မ ၁

၄၅နှစ်

ကျား ၁

၁၂ နှစ်

 

၄။

၄.၁၁.၂၀၂၃ မုံးကိုးမြို့နယ်ခွဲ ရှင်းကျိုင့်ရွာ မနက်(၄)နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီမှလေကြောင်းဖြင့်ဗုံးကြဲရာမှထိမှန်သေဆုံး။

 

 ကျား ၃

၁၀နှစ်အောက် နှစ်ဦး

၃၀ ၀န်းကျင်

မ ၂

၅ နှစ်၊ ၃၀ နှစ်

 

နေအိမ်၂လုံး
၅။ ၁၆.၁၁.၂၀၂၃ မုံးကိုးမြို့နယ်ခွဲ၊ရပ်ကွက် (၆) နွားကျောင်းသွားရာတွင် လယ်ကွင်းထဲ၌ ကျရောက်နေသောလက်နက်ကြီးအား ဆော့မိသဖြင့်ပေါက်ကွဲသောကြောင့်နေ့လည်(၂)နာရီခန့်တွင်သေဆုံး။

 

ကျား ၃

၁၂ နှစ်၊၁၃ နှစ်၊

၁၄ နှစ်

၆။ ၁၉.၁၁.၂၀၂၃ ပန်ဆိုင်း/ကြူကုတ် မြို့နယ်ခွဲ ညနေ(၃)နာရီခွဲဝန်းကျင်တွင်နေအိမ်သို့ လက်နက်ကြီးထိမှန်ကျရောက်သဖြင့်သေဆုံး။

 

ကျား ၁

၂၁ နှစ်

နေအိမ် ၁ လုံး
၇။ ၂၀.၁၁.၂၀၂၃ နမ့်တောင်းကျေးရွာ နေ့လည်နှစ်နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ၁၀၅မိုင်စခန်းမှ အကြောင်းမဲ့ပစ်ခတ်သောလက်လက်ကြီးထိမှန်သေဆုံး။

 

မ ၁

၈၀နှစ်

၈။ ၂၇.၁၁.၂၀၂၃ ၁၀၅ မိုင်ကျေးရွာ ညနေ (၄) နာရီခန့်တွင် စစ်ကောင်စီ၏ လေကြောင်းမှလာရောက် ကြဲချသောဗုံးထိမှန်သေဆုံး ကျား ၃

၇နှစ်၊ ၁၀နှစ်၊ ၁၈နှစ်

 

ကျား ၁

၁၆ နှစ်

မ ၁

၃၈ နှစ်

နေအိမ် ၁လုံး၊

နွားခြံ ၁ခု

၉။ ၂၈.၁၁.၂၀၂၃ မန်မော်ကျေးရွာ နေ့လည် ၂နာရီခန့်တွင် စစ်ကောင်စီ၏ လေကြောင်းမှလာရောက် ကြဲချသောဗုံးထိမှန်သေဆုံး  မ ၁

၃၀ ၀န်းကျင်

နေအိမ်၁လုံး
၁၀။ ၂၈.၁၁.၂၀၂၃ မန်မော်ကျေးရွာ ည ၇နာရီခန့်တွင် စစ်ကောင်စီ၏ လေကြောင်းမှလာရောက် ကြဲချသောဗုံးထိမှန်သေဆုံး မ ၁

၃၀ ၀န်းကျင်

နေအိမ်၁လုံး
၁၁။ ၂၈.၁၁.၂၀၂၃ ၁၀၅ မိုင်ကျေးရွာ တိုက်ပွဲဖြစ်ပွား၍ နေအိမ်မှဆိုင်ကယ်ဖြင့်တိမ်းရှောင်စဥ်ပစ်ခတ်ခံရ၍ သေဆုံး ကျား ၁

၂၆ နှစ်

၁၂။ ၂၈.၁၁.၂၀၂၃ ၁၀၅ မိုင်ကျေးရွာ တိုက်ပွဲဖြစ်ပွား၍ နေအိမ်မှဆိုင်ကယ်ဖြင့်တိမ်းရှောင်စဥ်ပစ်ခတ်ခံရပြီး တစ်ရက်အကြာ မူဆယ်ဆေး ရုံ၌ သေဆုံး မ ၁

၂၄ နှစ်

၁၃။ ၃၀.၁၁.၂၀၂၃ တာလုံရွာ ညနေ ၃နာရီခန့်တွင် စစ် ကောင် စီ၏လက်နက်ကြီး ကြောင့် သေဆုံး ကျား

၃၆နှစ်

၁၄။ ၂.၁၂.၂၀၂၃ နမ့်ခွမ်ကျေးရွာ ညနေ၇နာရီခန့်တွင်စစ်ကောင်စီမှလေကြောင်းဖြင့်ဗုံးကြဲသဖြင့်ထိမှန်သေဆုံး မ ၁

၃လ

မ ၁

၃၂ နှစ်

၁၅။ ၂.၁၂.၂၀၂၃ ၁၀၅မိုင်ကျေးရွာ စစ်ကောင်စီမှလေကြောင်းဖြင့်ဗုံးကြဲသဖြင့်ထိမှန်သေဆုံး ကျား ၁

၂၀နှစ် ၀န်းကျင်

နေအိမ် ၁၀လုံးခန့်ပျက်စီး
၁၆။ ၂.၁၂.၂၀၂၃ ၁၀၅မိုင်ကျေးရွာ တိုက်ပွဲဖြစ်ပွား၍ နေအိမ်မှ ဆိုင်ကယ်ဖြင့်တိမ်းရှောင်စဥ် စစ်ကောင်စီ၏ လေကြာင်းမှ ကြဲသောဗုံးထိ မှန် မ ၁

၂၀ ၀န်းကျင်

၁၇။ ၁၁.၁၂.၂၀၂၃ ဟိုနားရပ်ကွက် ညနေ ၄နာရီ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှရဟတ်ယာဥ်ဖြင့်ပစ်ခတ် ကျား ၁

၅၄ နှစ်

၁၈။ ၁၁.၁၂.၂၀၂၃ ၁၀၅ မိုင်ကျေးရွာ တိုက်ပွဲဖြစ်ပွားစဥ်စစ်ကောင်စီ၏လက်နက်ကြီးထိမှန် မ ၁

၅၀ နှစ်

၅ ဦး နေအိမ် အနည်းဆုံး ၁၀လုံး
၁၉။ ၂၃.၁၂.၂၀၂၃ ဟိုမွန်ရပ်ကွက် နေ့လည် ၁ နာရီ၀န်း ကျင်တွင် နွားခြံသွားစဥ် မြေမြုပ်မိုင်းနင်းမိပြီးသေဆုံး ကျား ၁

၄၅ နှစ်

၁၉။ ၂၆.၁၂.၂၀၂၃ ၁၀၅ မိုင်ရွာ ညနေ ၅နာရီခန့်တွင် မူဆယ် ဘောလုံးကွင်း အတွင်းတပ် စွဲထားသော စစ်ကောင်စီ တပ်မှ တိုက်ပွဲဖြစ်ပွား ခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ် ၃ ဦး ၅ ဦး နေအိမ် အနည်းဆုံး၅လုံး
၂၀။ ၃၀.၁၂.၂၀၂၃ ကောင်းမှူးတုံရပ်ကွက် နေ့လည် ၂ နာရီ၀န်းကျင် တွင် စစ်ကောင်စီ၏ ရဟတ် ယာဥ် ကိုထွက်ကြည့်ရာမှ ပစ်ခတ်ခံရ မ ၁

၄၀ ၀န်းကျင်

စုစုပေါင်း ၂၉ ဦး ၁၄ ဦး အဆောက်အဦး အနည်းဆုံး ၃၈လုံး
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ မူဆယ်မြို့နယ်အတွင်း မြေမြှုပ်မိုင်း ကြောင်း အရပ်သားထိခိုက်သေဆုံးမှုဖြစ်စဉ်များ
စဉ် ရက်စွဲ ကျေးရွာ/ရပ်ကွက် အသေးစိတ်အချက်အလက် အရပ်သား သေဆုံးမှု အရပ်သား ထိခိုက် ဒဏ် ရာရမှု
၁။ ၂၃.၁၂.၂၀၂၃ ဟိုမွန်ရပ်ကွက် မူဆယ်မြို့ မွန်းလွဲ ၁နာရီခန့်တွင် လယ်သို့ သွားရင်း မြေမြှုပ်မိုင်းနင်းမိ အမျိုးသား၁ဦး (၄၅နှစ်)
၂။ ၁၁.၁.၂၀၂၄ ခူး၀ိန်းရပ်ကွက် မူဆယ်မြို့ ထင်းခုတ်ထွက်ရင်း မြေမြှုပ်မိုင်း နင်းမိ အမျိုးသမီး၁ဦး (၄၀နှစ်ဝန်းကျင်)
၃။ ၁၄.၁.၂၀၂၄ မန်မိုင်ရွာ တောင်ပေါ်တက်ရင်း မြေမြှုပ်မိုင်း နင်းမိ အမျိုးသား၁ဦး (၄၂နှစ်ဝန်းကျင်)
၄။ ၁၅.၁.၂၀၂၄ ၀ိန်းနန်းရွာ မွန်းလွဲ ၃နာရီခန့်တွင် ဝါးခုတ် ရန်သွားရင်း စေတီအနီးတွင် မြေမြှုပ်မိုင်းနင်းမိ အမျိုးသား၁ဦး (၄၄နှစ်)
၅။ ၁၆.၁.၂၀၂၄ ၀ိန်းနန်းရွာ ပေါက်တူးဖြင့် မြက်ရှင်းရင်း မြေမြှုပ်မိုင်းကို ထိမိ အမျိုးသမီး၁ဦး (၄၅နှစ်)
၆။ ၂၁.၁.၂၀၂၄ မန်မိုင်ရွာ ညနေပိုင်းတွင် တောင်ပေါ်သို့ ထင်းခုတ်ရန်သွားရင်း မြေမြှုပ်မိုင်းနင်းမိ အမျိုးသား၁ဦး (၃၁နှစ်)
၇။ ၂၉.၁.၂၀၂၄ စန်းဆာရွာ နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် တောင်ပေါ်သို့ ထင်းခုတ်ရန်သွားရင်း မြေမြှုပ်မိုင်းနင်းမိ အမျိုးသား၁ဦး (၃၇နှစ်)
၈။ ၃၀.၁.၂၀၂၄ နောင်မိုရွာ ညနေ၅နာရီခန့်တွင် သစ်ပင် ခုတ်ပြီး အိမ်သို့ပြန်လာ သည့်အချိန်တွင် မြေမြှုပ်မိုင်း နင်းမိ အမျိုးသား၁ဦး (၅၀နှစ်ခန့်)
စုစုပေါင်း ၈ဦးထိခိုက်ဒဏ်ရာရ

၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သက်သော အသေး စိတ်အချက်အလက်များ

အောက်တိုဘာလ ၂၇ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ကွတ်ခိုင်မြို့နယ်၌ စစ်ဆင်ရေးမပြုလုပ်ခဲ့ပါ။ သို့ရာတွင် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ ၁၂၃ မှ တပ်သားများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ အဆင်အခြင်မဲ့ပစ်ခတ်ခဲ့သဖြင့် အရပ်သား၂ ဦးသေဆုံး၍ ၅ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ အကြား ရှိ နမ့်ခိုင် တံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည်။ သို့သော် ဒီဇင်ဘာ လ ၂၀ရက်နေ့အထိ ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်အား ဆက်လက်တိုက်ခိုက်ခြင်းမရှိခဲ့ပေ။

နိုဝင်ဘာလ ပထမအပတ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင် ကျေးရွာ၊ ဟိုခို ကျေးရွာ နှင့် နမ့်ဖတ်ခါကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ် သား အမျိုးသား ၃ဦးသေဆုံးပြီး အခြား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်သည် ညီနောင်မဟာ မိတ်သုံးဖွဲ့နှင့် စစ်ကောင်စီပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားရာ ကွတ်ခိုင်မြို့အရှေ့ဖက်ရှိ မုံးစီး နှင့် တာမိုးညဲ ကျေးရွာ အုပ်စုများကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅၀၀၀ကျော် သည် တောထဲသို့ လည်းကောင်း၊ နီးစပ်ရာ ဘုရားကျောင်းများသို့လည်းကောင်း ထွက်ပြေးခိုလှုံခဲ့ရသည်။

နိုဝင်ဘာလ ၁၂ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း နမ့်ဖတ်ခါအခြေစိုက် စစ်ကောင်စီတပ် ခလ၇ ၁၂၃ မှ တပ်သားများသည် မူဆယ်-သိန္နီ အဝေးပြေးလမ်းမတလျှောက် လက်နက်ကြီးများ အဆင်အခြင် မဲ့ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကျည်များသည် မော်ဟစ် ကျေးရွာ သို့ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ နမ့်ဖတ်ခါကျေးရွာအရှေ့ဖက် ၂၀ကီလိုမီ တာအကွာရှိ တက္ကနိုင်းကျေးရွာတွင် စစ်ဖြစ်ပွားပြီး နောက်တစ်ရက်၊ နိုဝင်ဘာလ ၁၃ရက်နေ့တွင် စစ်ကောင်စီ သည် တက္ကနိုင်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာသား ၁ဦးဒဏ်ရာရရှိပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

 

နိုဝင်ဘာလ ၁၈ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာတွင် အခြေစိုက်သော စစ် ကောင် စီတပ်များသည် ၎င်းတို့၏ တပ်စခန်းမှနေ၍ ကွတ်ခိုင်မြို့နှင့် သိန္နီ-မူဆယ် အဝေးပြေးလမ်းမ တ လျှောက်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်ခဲ့သဖြင့် အရပ်သား ၆ ဦးသေ ဆုံးပြီး နမ့်ဖတ်ခါတွင် အဆောင်နေသော ကလေး ၅ဦးအပါအဝင် ၁၅ဦးဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၁၉ရက်နေ့အတွင်း ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်သားများသည် အရပ် သား ၂ဦးကို တရားလက်လွတ် ပစ်သတ်ခဲ့ပြီး လမ်းမပေါ်ရှိ အခြားအရပ်သားနှစ်ဦးကိုလည်း ဒဏ်ရာရရှိ စေ ခဲ့သည်။

ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကွတ်ခိုင်မြို့၌ စစ်ကောင်စီနှင့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့အထိ ကွတ်ခိုင်မြို့နှင့် အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သား ၆ဦးသေဆုံးကာ ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီလ ၇ရက်နေ့တွင် TNLA သည် ကွတ်ခိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ထိုနေ့တွင် စစ်ကောင်စီက မြို့အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် နေအိမ် ၁၅လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နမ့်ဖတ်ကာကျေးရွာအုပ်စု၌ KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ တစ်လခန့်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA သည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့တွင် စစ်ကောင် စီတပ် ခလရ ၁၂၃ ကို သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ဖတ်ကာကို ထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီသည် နမ့်ဖတ်ခါကို လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့သဖြင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက် ပြေးခဲ့ ကြရသည်။ စစ်ကောင်စီ၏ နမ့်ဖတ်ကာဒေသအတွင်း ဆက်သွယ်ရေးဖြတ်တောက်မှုများကြောင့် SHRF အနေဖြင့် နမ့်ဖတ်ခါရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်အချက် အ လက်များကို မသိရပါ။ သို့ရာတွင် ဒေသခံများ၏ တင်ပြချက်အရ အရပ်သား ၃၀ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာ ရရှိကာ နေအိမ် ၅၀၀ ကျော်ထိခိုက်ပျက်စီး၍ အနည်းဆုံးနေအိမ်၂၅လုံး မီးလောင်ပြာကျခဲ့သည်။

၂၀၂၃ အောက်တိုဘာလ ၂၇မှ ၂၀၂၄ ဇန်န၀ါရီ ၇ အထိ ကွတ်ခိုင်မြို့နယ်တွင်အရပ်သားများကိုထိခိုက်သေဆုံးစေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနှင့်ပစ်ခတ်သတ်ဖြတ်မှု
စဉ် ရက်စွဲ

 

ကျေးရွာ/ရပ်ကွက်

 

ဖြစ်စဉ်

 

သေဆုံး ဒဏ်ရာရ ပျက်စီး
၁။ ၂၇.၁၀.၂၀၂၃ နမ့်ဖတ်ကာကျေးရွာ မနက်(၅)နာရီခွဲခန့်တွင် ခ.မ.ရ (၁၂၃)မှ ပစ်ခတ်သောလက်နက်ကြီး ကျေးရွာတွင်းရှိနေအိမ်တွင်းတို့ကျရောက်ပြီးထိမှန်သေဆုံး။

 

မ ၂

၃၃ နှစ်

၇နှစ်

ကျား ၃

မ ၂

၅လုံး
၂။ ၃၀.၁၀.၂၀၂၃ နမ့်ဖတ်ကာကျေးရွာ ညနေ(၅)နာရီခန့်တွင် ကွမ်းရောင်းနေစဉ်စစ်ကောင်စီမှ ပစ်ခတ်သောလက်နက်ကြီးထိမှန်၍သေဆုံး။

 

ကျား ၂

၁၈ နှစ်

၂၀ နှစ်

မ ၁

၂၀ ၀န်းကျင်

ဆိုင် ၁ဆိုင်
၃။ ၁.၁၁.၂၀၂၃ ရိယန်ရွာ ညနေ၃နာရီ ၃၅မိနစ်ခန့်တွင်ခ.မ.ရ (၁၂၃)မှပစ်ခတ်သော လက်နက်ကြီးကျေးရွာတွင်းရှိနေအိမ်သို့ကျရောက်ပြီးသေဆုံး။ မ ၁

၆၆ နှစ်

နေအိမ် ၁ လုံး
၄။ ၂.၁၁.၂၀၂၃ ကာလိုင်ကျေးရွာ နေ့လည်(၂)နာရီခွဲခန့်တွင်စစ်ကောင်စီမှကြဲချသောဗုံး တောင်ယာထဲသို့ကျရောက်ပြီးထိမှန်သေဆုံး။ မ ၁

၅၀နှစ်

နေအိမ် ၃လုံး
၅။ ၅.၁၁.၂၀၂၃ မန်ဂျက်ရွာ နမ့်ဖတ်ကာ ဆီဆိုင် အနီးစခန်းချသော စစ်ကောင်စီတပ်မှ လက်နက်ကြီးမှ ကျေးရွာအတွင်းသို့ကျရောက် မ ၂

၈၀ နှစ်

၃၉နှစ်

ကျား ၁

၁၀လ

၁ လုံး
၆။ ၆.၁၁.၂၀၂၃ ဟိုခိုကျေးရွာ နမ့်ဖက်ကာအခြေစိုက် ခ.မ.ရ(၁၂၃)မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲသို့လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ တောင်ယာခင်းသို့ကျရောက်ပြီး နေ့လည်(၁)နာရီခန့်တွင်ထိမှန်သေဆုံး။

 

ကျား ၁

၆၀နှစ်

၇။ ၁၂.၁၁.၂၀၂၃ မော်ဟစ်ရွာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သဖြင့်ထိမှန် ကျား

၃၅ နှစ်

၃၆နှစ်

၈။ ၁၃.၁၁.၂၀၂၃ တက္ကနိုင်းရွာ မနက်ပိုင်းတွင် စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့်ဗုံးကြဲ ကျား ၁

၄၀နှစ်

နေအိမ် ၃လုံး
၉။ ၁၈.၁၁.၂၀၂၃ ခိုမုန်းကျေးရွာ နမ့်ဖက်ကာအခြေစိုက် ခ.မ.ရ(၁၂၃)မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲသို့လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ ထိမှန်သေဆုံး (ည၉နာရီခန့်)။

 

မ ၁

၈၀နှစ်

နေအိမ် ၁ လုံး
၁၀။ ၂၉.၁၁.၂၀၂၃ တုံဆင်လုံရွာ

ဟိုနောင်အုပ်စု

စစ်ကောင်စီတပ်မှ မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲ သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ နေအိမ်ထိမှန် ကျား ၁

၃၅ နှစ်

မ ၂

၃၂ နှစ်

၇နှစ်

ကျား ၁

၂ နှစ်

နေအိမ် ၁ လုံး
၁၁။ ၃၀.၁၁.၂၀၂၃ နမ့်ဖတ်ကာ

ရပ်ကွက် ၁

နမ့်ဖက်ကာအခြေစိုက် ခ.မ.ရ(၁၂၃)မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲသို့လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ ဘော်ဒါဆောင်သို့ကျ ကျား ၄

၁၁နှစ်၊၁၂ နှစ်၊

၁၃ နှစ်၊၁၄ နှစ်

မ ၁

၁၂ နှစ်

နေအိမ် ၂ လုံး
၁၂။ ၅.၁၂.၂၀၂၃ တာမိုးညဲ စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးကြဲ ကျား ၁

၄၀ နှစ်၀န်းကျင်

ကျား ၁ အိမ် ၅လုံး
၁၃။ ၁၀.၁၂.၂၀၂၃ ကွတ်ခိုင်မြို့လယ် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးကြဲ ကျား ၁

၁၀နှစ်

ကျား၁

မ၂

နေအိမ် ၄ လုံး
၁၄။ ၁၀.၁၂.၂၀၂၃ လွယ်ဆိုင်ရွာ မနက် ၁၀ နာရီခန့် တွင် စစ်ရှောင်နေ သောဘုန်းကြီးကျောင်းထဲသို့လက်နက်ကြီးကျရောက် မ ၁

ကျား ၁

၁၅။ ၁၀.၁၂.၂၀၂၃ မန်မော၀်ရွာ

နမ့်ဖတ်ကာ

နမ့်ဖက်ကာအခြေစိုက် ခ.မ.ရ(၁၂၃)မှလာသော လက်နက်ကြီး ကျရောက် ကျား ၃

 

နေအိမ် ၃ လုံး
၁၆။ ၁၅.၁၂.၂၀၂၃ ရပ်ကွက် ၂ ည ၉ နာရီခန့်တွင် နေအိမ်သို့ပြန်လာသော အရပ်သား ၂ ဦးကိုစစ်ကောင်စီ တပ်မှ အကြောင်း မဲ့ပစ်သတ် ကျား ၂

၃၀ ၀န်းကျင်

၁၇။ ၁၉.၁၂.၂၀၂၃ ရပ်ကွက် ၂ ည ၇ နာရီခန့်တွင် လမ်းပေါ်သွားလာနေသော အရပ်သား ၂ဦးအားစစ်ကောင်စီမှပစ်ခတ် ကျား ၂

၂၅ ၀န်းကျင်

၁၈။ ၂၀.၁၂.၂၀၂၃ ဟိုကျန့်ရွာ ကျေးရွာတွင်းလက်နက်ကြီးကျရောက် ထိမှန် ကျား ၁

၅၅ နှစ်

၁၉။ ၂၁.၁၂.၂၀၂၃ လွယ်ပယ်စုစည်းရွာ စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးကြဲ ကျား ၁

၂၅ နှစ်

မ ၁

၂၄ နှစ်

နေအိမ် ၄ လုံး
၂၀။ ၁.၁.၂၀၂၄ ဟွေခုတ်ရွာ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့လေယာဥ်ဖြင့်ဗုံးကြဲ ကျား ၁ မ ၄ နေအိမ် ၁ လုံး
၂၁။ ၂.၁.၂၀၂၄ ဟိုနောင်ရွာ ကွတ်ခိုင်မြို့တွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းလက်နက်ကြီးကျ ရောက် မ ၂

ကျား ၁

နေအိမ် ၃လုံး
၂၂။ ၂.၁.၂၀၂၄ ဟိုအစ်ရွာ မနက်  ၁၀ နာရီ ခန့် တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့်ဗုံးလာကြဲရာ တောင်ယာ ထဲစစ်ရှောင်နေသည့်အမျိုးသမီးကိုထိမှန် မ ၁
၂၃။ ၂.၁.၂၀၂၄ ရပ်ကွက် ၅

ကွတ်ခိုင်

 စစ်ကောင်စီမှ လေ ယာဥ်ဖြင့်ဗုံးလာကြဲ ကျား ၂

၅၀ ၀န်းကျင်

၃၀ ၀န်းကျင်

၈လုံး
၂၄။ ၃.၁.၂၀၂၄ ရပ်ကွက် ၈ မနက် ၁၁ နာရီခန့် တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့်ဗုံးကြဲရာမှ ထိမှန် ကျား ၂

၂၂ နှစ်

၂၉ နှစ်

၂ လုံး
၂၅။ ၇.၁.၂၀၂၄ ကွတ်ခိုင် စစ်ကောင်စီမှ လေ ယာဉ်ဖြင့်ဗုံးလာကြဲ နေအိမ် ၁၅လုံး
စုစုပေါင်း ၂၃ ဦး ၃၇ ဦး အဆောက်အဦး ၆၃လုံးကျော် ပျက်စီး

၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သက်သော အသေး စိတ်အချက်အလက်များ

တရုတ်နိုင်ငံနယ်စပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းနှစ်ခုဆုံရာတွင် တည်ရှိသော သိန္နီမြို့သည် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးချိန်မှစ၍ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ၎င်းတို့၏မဟာမိတ် PDF များအတွက် ဗျူဟာကျ သောနေရာ ဖြစ်လာသည်။ အောက်တိုဘာလ ၂၇ရက်တွင် ဖြစ်ပွားသော ပြင်းထန်သည့်တိုက်ပွဲများကြောင့် ဒေသခံများစွာသည် ဒေသအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ နမ္မတူမြစ်တောင် ဖက်တွင် အခြေစိုက်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ ရှိ စစ်ကောင်စီတပ်သားများသည် သိန္နီမြို့ တွင်းနှင့် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောင်းခမ်းဘုန်းကြီးကျောင်းရှိရာ ကောင်းဟော် ကျေးရွာအပါအဝင် အနီးရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်။ အောက်တိုဘာလ ၂၈ရက်နေ့တစ် နေ့ တည်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၅၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၁ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏လက်နက်ကြီးကြောင့်ထိခိုက်သွားသောကျောင်းခမ်းဘုန်းကြီးကျောင်း

 

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ညီနောင် မ ဟာ မိတ်သုံးဖွဲ့သည် သိန္နီမြို့ကို သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့သည်။ သို့သော် မြို့၏တောက်ဖက် တွင် အခြေစိုက်သော စစ်ဆင်ရေးကွပ်ကဲမှုဌာ န ချုပ် စကခ-၁၆အပါအဝင်  စစ် ကောင် စီတပ် စခန်းများကို မသိမ်းပိုက်နိုင်ခဲ့ပါ။ ထို့နောက် စစ် ကောင်စီတပ်သည် လက်နက်ကြီးများ ဖြင့်သော် လည်းကောင်း၊ ရဟတ်ယာဉ်ဖြင့်သော်လည်း ကောင်း မြို့တွင်းနှင့် အနီးနားရှိ ကျေးရွာများကို ပစ်ခတ်သဖြင့် ဒေသခံများစွာသည် ၎င်းတို့၏ နေရပ်ကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုညတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မြို့တောင်ဖက်ရှိ ခူး၀ိန်း နှင့် တိုင်ယက် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲသဖြင့် နေအိမ် ၂၀လုံးကျော် မီးလောင်ပြာကျခဲ့သည်။

ထိုတချိန်တည်းမှာပင် စစ်ကောင်စီတပ်သားများသည် ကောင်းဟော်ကျေးရွာရှိ ကျောင်းခမ်းဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ၎င်းတို့၏ စကခ-၁၆ ရှေ့တွင် လူသားဒိုင်းအဖြစ် အသုံးပြုပြီး စစ်ဘေး ရှောင် များကိုလည်း ထွက်ခွာခွင့်မပေးပဲ စစ်ဘေးရှောင်များ၏ ဖုန်းများ စစ်ဆေးခြင်း၊ စစ်ဘေးရှောင်များ လူသားချင်စာနာမှုအကူအညီများမရအောင် ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီ စကခ-၁၆ မှ အဆင် အခြင်မဲ့ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ကောင်းဟော် ကျေးရွာသို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့သည်။ အောက်တိုဘာလ ၂၈ ရက်နှင့် ၃၁ရက်နေ့အတွင်း ကောင်းခမ်းစစ်ဘေးရှောင်စခန်းမှ အမျိုး သား ၃ဦးသည် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အမျိုးသားတစ်ဦးသည် ဒဏ်ရာရရှိပြီးနောက် ဆေးကုသမှုမရရှိသည့်အတွက် သွေးထွက်လွန်ပြီး သေဆုံးခဲ့သည်။

ကျောင်းခမ်းဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသော စစ်ရှောင်များ

အောက်တိုဘာလကုန်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ပထမအပတ်အထိ စစ်ကောင်စီတပ်သားများသည် လက် နက်ကြီးများပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းနှင့် မြို့တွင်းနှင့် အနီးရှိကျေးရွာများသို့ အဆင် အခြင်မဲ့ ပစ်ခတ်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်ကောင် စီတပ် စကခ-၁၆ နှင့် သိန္နီမြို့တောင်ဖက်ရှိ အခြားတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက် သေဆုံးမှု စုစုပေါင်းမှာ သေဆုံးသူ ၁၇ဦး၊ ဒဏ်ရာရရှိသူ ၂၇ဦးနှင့် ထိခိုက်ပျက်စီးသော အဆောက်အဦး ၁၆၅ ကျော် တို့ဖြစ် သည်။

၂၀၂၃ အောက်တိုဘာလ ၂၈မှ ၂၀၂၄ ဇန်န၀ါရီ ၃ အထိ သိန္နီမြို့နယ်တွင်အရပ်သားများကိုထိခိုက်သေဆုံးစေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနှင့်ပစ်ခတ်သတ်ဖြတ်မှု
စဉ် ရက်စွဲ

 

ကျေးရွာ/ရပ်ကွက်

 

ဖြစ်စဉ်

 

သေဆုံး

 

ဒဏ်ရာရ ပျက်စီး
၁။ ၂၈.၁၀.၂၀၂၃ ရပ်ကွက် ၁ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သောလက်နက်ကြီးထိမှန် ကျား ၂

၆၀နှစ်

၄နှစ်

နေအိမ် ၆လုံး
၂။ ၂၈.၁၀.၂၀၂၃ ကောင်းဟော်ကျေးရွာကျောင်းခမ်းစစ်ရှောင်စခန်း ည(၈)နာရီဝန်းကျင်ခန့်တွင်စစ်ကောင်စီတပ်မှပစ်ခတ်သောလက်နက်ကြီးစစ်ရှောင်စခန်းသို့ကျရောက်၍ ထိမှန်သေဆုံး။

 

ကျား ၁

၆၀ နှစ်

နေအိမ် ၅၀ ခန့်
၃။ ၂၉.၁၀.၂၀၂၃ ကောင်းဟော်ကျေးရွာကျောင်းခမ်းစစ်ရှောင်စခန်း ည(၆)နာရီဝန်းကျင်ခန့်တွင်စစ်ကောင်စီတပ်မှပစ်ခတ်သောလက်နက်ကြီးစစ်ရှောင်စခန်းသို့ကျရောက်၍ ထိမှန်သေဆုံး။

 

 

ကျား ၁

၅၄ နှစ်

၄။ ၂၉.၁၀.၂၀၂၃ ခူး၀ိန်းရွာ

တိုင်ယက်ရွာ

စစ်ကောင်စီစခန်းမှလာသောလက်နက်ကြီးထိမှန် အိမ် ၂၀ လုံး
၅။ ၃၁.၁၀.၂၀၂၃ ကောင်းဟော်ကျေးရွာကျောင်းခမ်းစစ်ရှောင်စခန်း ည(၇)နာရီဝန်းကျင်ခန့်တွင် စစ်ရှောင်စခန်းသို့လက်နက်ကြီးကျရောက်ရာမှထိမှန်သေဆုံး။ ကျား ၁

၃၀ နှစ်

၆။ ၁.၁၁.၂၀၂၃ ရပ်ကွက်(၃) ညနေ(၃)နာရီခန့်တွင် ထမင်းစားနေချိန်၌ နေအိမ်သို့လက်နက်ကြီးကျရောက်သဖြင့်ထိမှန်သေဆုံး။ မ ၂

၅၂ နှစ်

၂၄ နှစ်

အိမ် ၁လုံး
၇။ ၄.၁၁.၂၀၂၃ နမ့်ဇလပ်ကျေးရွာ အုပ်စုမန်ကောင်းကျေးရွာ စစ်ရှောင်စခန်းမှအိမ်သို့အဝတ်အစားပြန်ယူစဉ်စစ်ကောင်စီတပ်မှပစ်ခတ်

 

ကျား ၁

၃၀နှစ်

မ ၁

၃၆နှစ်

ကျား ၁

၈ နှစ်

၈။ ၄.၁၁.၂၀၂၃ မှ ၆.၁၁.၂၀၂၃ သိန္နီမြို့ ရဟတ်ယာဥ် ၄စီး၊ဂျက်ဖိုက်တာ ၂စီးဖြင့် တနေကုန်လာပစ် အိမ် ၅၀ ထက်မနည်း
၉။ ၅.၁၁.၂၀၂၃ ရပ်ကွက် ၃ ဆိုင်ကယ်ဆီထည့်နေစဥ် စစ်ကောင်စီမှ လက်နက် ကြီးပစ် ကျား ၁
၁၀။ ၂၁.၁၁.၂၀၂၃ နမ့်ဇလပ်ကျေးရွာ နေ့လည်(၁၂)နာရီခန့် တွင် တိုက်ပွဲကြားလက် နက်ကြီးထိမှန်သေဆုံး။ ကျား ၁

၃၃ နှစ်

နေအိမ် ၁၀လုံးကျော်
၁၁။ ၃၀.၁၁.၂၀၂၄ နောင်ကော်ရွာ

ညောင်ကုန်းအုပ်စု

ညအိပ်နေစဥ် နေအိမ် ပေါ်သို့ လက်နက်ကြီး ကျကာ သေဆုံး ကျား ၂

၅၄ နှစ် ၂၈ နှစ်

မ ၁

၅၃ နှစ်

ကျား ၁

၇ နှစ်

မ ၁

၂ နှစ်

နေအိမ် ၁ လုံး
၁၂။ ၄.၁၂.၂၀၂၃ ကျောင်းခမ်းရွာစစ်ရှောင်စခန်း စစ်ကောင်စီမှပစ်ခတ် သည့် လျော့တိုက်ဒုံး စစ်ရှောင်စခန်းတွင်းကျရောက် မ ၁

၆၀ နှစ်

မ ၂
၁၃။ ၁၀.၁၂.၂၀၂၄ ရပ်ကွက် ၁ စစ်ကောင်စီမှ လေယာဥ် ဖြင့် မီးလောင်ဗုံးကြဲ မ ၁

၁၄ နှစ်

နေအိမ် ၁၀ လုံး
၁၄။ ၁၈.၁၂.၂၀၂၄ ပိန်းဟုန်းရွာ

ကွန်ကောက်ရွာ

စစ်ကောင်စီမှ လေယာဥ် ဖြင့် ဗုံးကြဲသဖြင့် ထိမှန် မ ၁

၁၄ နှစ်

ဘုန်းကြီးကျောင်းပျက်စီး
၁၅။ ၂၃.၁၂.၂၀၂၄ သိန္နီမြို့တွင်း စစ်ကောင်စီမှ လေယာဥ် ဖြင့်မြို့ပတ်ဗုံးကြဲ  ၃ဦး ၆ဦး နေအိမ် ၁၅ လုံး
၁၆။ ၂.၁.၂၀၂၄ ပန်လော့ကျေးရွာ စစ်ကောင်စီမှလက်နက်ကြီးရမ်းသမ်းပစ် ကျား ၃

မ ၁

အိမ် ၁လုံး
၁၇။ ၃.၁.၂၀၂၄ ကောင်းဟော်ကျေးရွာကျောင်းခမ်းစစ်ရှောင်စခန်း နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ရှောင်စခန်းအတွင်း ဒရုန်းကျရောက်သေဆုံး မ ၁

၁၆ နှစ်

၈ ဦး
စုစုပေါင်း ၁၇ နှစ် ၂၇ နှစ် အဆောက်အဦး အနည်းဆုံး ၁၆၅လုံးပျက်စီး

၁၀၂၇ စစ်ဆင်ရေးအတွင်း ကွမ်းလုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ

အောက်တိုဘာလ ၂၇ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မဟာမိတ်PDF တို့သည် တရုတ်နယ်စပ်၊ ချင်းရွှေဟော်ရှိ စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်ခဲ့သည်။ နောက်ရက်များတွင် ကွမ်းလုံမြို့နယ်၊ သန္နီ-ချင်း ရွှေဟော် အဝေးပြေးလမ်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့ အနောက် တောင်ဖက် ကီလိုမီတာ ၂၀ခန့် အကွာရှိ ကမ်မိုင်းအခြေစိုက် စစ်ကောင်စီတပ် ခလရ ၁၄၃ ကိုထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာလ ၂ရက်နေ့တွင် သံလွင်မြစ်အရှေ့ဖက်ခြမ်း ကွမ်းလုံ-ချင်းရွှေဟော် အဝေးပြေးလမ်းမကို ထိန်းချုပ် နိုင်ခဲ့သည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် သံလွင်မြစ်အနောက်ဖက်၊ ကွမ်းလုံမြို့အနီး စစ်ကောင်စီအခြေ စိုက် တပ်စခန်းများတဝိုက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုအခြေစိုက်စခန်းများကို သိမ်းပိုက်နိုင်ကြောင်း ကြေညာသည့် နိုဝင်ဘာလ ၉ရက်နေ့အထိ တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့သည်။

ထိုအချိန်အတောအတွင်း စစ်ကောင်စီသည် ကွမ်းလုံမြို့တဝိုက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။ အောက်တိုဘာလ ၃၀ရက်နေ့တွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော ဗုံးသည် သံလွင်မြစ်ကူး ကွမ်းလုံ တံတားဟောင်းဘေးရှိ တံတားကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၁ဦးသေဆုံးကာ သူ၏အိမ် ထိခိုက်ပျက်စီးခဲ့သည်။ ကွမ်းလုံတံတားဟောင်းသည်လည်း ထိခိုက်ပျက်စီးခဲ့သည်။ အောက်တိုဘာလ ၃၁ရက် နေ့ တွင် စစ်ကောင်စီကြဲသော ဗုံးကြောင့် ကွမ်းလုံမြို့တောင်ဖက်၊ မတ်ခန် ကျေးရွာရှိ အရပ်သား ၁ဦးထပ်မံသေ ဆုံးခဲ့သည်။

တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ထားသော ကွမ်းလုံတံတားသစ်သည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် တံတားဖွင့်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ၁၀၂၇ စစ်ဆင်ရေးဖြစ်ပွားခဲ့သဖြင့် ဖွင့်ပွဲကို မကျင်းပနိုင်ခဲ့ပါ။

ကွမ်းလုံမြို့

စဉ် ရက်စွဲ

 

ကျေးရွာ/ရပ်ကွက်

 

ဖြစ်စဉ်

 

သေဆုံး ဒဏ်ရာရ ပျက်စီး
၁။ ၃၀.၁၀.၂၀၂၃ တံတားကျေးရွာ နေ့လည်ခန့်တွင် စစ်ကောင်စီမှ လေကြောင်းမှကြဲချသောဗုံးထိမှန်၍သေဆုံး။ ကျား ၁

၃၀ကျော်

နေအိမ် ၁လုံး
၂။ ၃၁.၁၀.၂၀၂၃ မတ်ခန်ကျေးရွာ မနက်(၈)နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ကြဲချသောဗုံးထိမှန်သေဆုံး။ ကျား ၁

၁၃နှစ်

စားသောက်ဆိုင် ၁ဆိုင်
စုစုပေါင်း ၂ ဦး   အဆောက်အဦး ၂လုံး

၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက် ကြီးပစ် ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့မှစတင်၍ လားရှိုးမြို့မြောက်ဖက် ၁၀ကီလိုမီတာခန့်အကွာ၊ ဟိုပိတ် ကျေးရွာ၊ လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးပေါ်ရှိ တိုးဂိတ်တွင်လည်းကောင်း၊ မြို့၏အရှေ့ဖက် မိုင်းယော် လမ်းမတွင်လည်းကောင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက် ပွဲသည် မြို့၏ မြောက်ဖက်နှင့် အရှေ့ဖက်သို့ ပျံ့နှံ့သွားပြီး စစ်ကောင်စီ စစ်ကြောင်းအချို့ အခြေစိုက်ရာ သံလွင် မြစ် အနီးရှိ မိုင်းကြတ်ကျေးရွာအုပ်စုသို့လည်း ပျံ့နှံ့သွားသည်။ စစ်ကောင်စီတပ်သည် လားရှိုးမြို့ပတ်ပတ် လည် ရှိ ကျေးရွာများနှင့် လားရှိုးမြိုနယ် အရှေ့ဖက်ရှိကျေးရွာများကို  လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို အဆင်အခြင်မဲ့ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလကုန်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် မိုင်းကြတ် နှင့် မိုင်းယော်ကျေးရွာတွင် အခြေစိုက်သော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့တဝိုက်ကို ထပ်မံတိုက်ခိုက်ခြင်းမပြုပဲ စစ်ဆင်ရေးကို ရပ်တန့်ခဲ့သော်လည်း စစ်ကောင်စီက ထိုဒေသအတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ် ခတ်တိုက် ခိုက်မှုများကို ဇန်နဝါရီလ အစောပိုင်းအထိ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၂၇ရက်နေ့မှ ဇန်နဝါရီလ ၇ရက်နေ့အထိ စစ်ကောင်စီ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြို့အတွင်းရှိ အခြားအခြေစိုက်တပ်စခန်းများမှ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လားရှိုးမြို့အနီးကျေးရွာများရှိ အရပ်သား ၁၈ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရကာ အဆောက်အဦး ၄၀ကျော် ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သားများသည် လမ်းမပေါ်ရှိ အရပ်သားပြည်သူများကိုလည်း ရမ်းသမ်းပစ်ခတ်သေးသည်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့အထိ စစ်ကောင်စီတပ်သားများသည် အရပ်သား ၆ဦးကို ပစ်သတ်ခဲ့သည်။ ပစ်သတ်ခံရသော အရပ်သားများသည် လမ်းလျှောက်နေသူများ သို့မဟုတ် မော်တော်ဆိုင်ကယ်စီးနင်း နေသူများဖြစ်သည်။ ၁ဦးမှာ နမ့်ပေါင်ကျေးရွာမှဖြစ်၍ ၅ဦးမှာ လားရှိုးမြို့တွင်းမှ ဖြစ်ပြီး ရပ်ကွက် ၃တွင် အမှိုက်ကောက်သော စိတ်မနှံ့သူ ၁ဦးလည်းပါသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှစ၍ ဇန်နဝါရီလ ၁၁ရက်နေ့ အပစ်အခတ်ရပ်စဲသည့်အချိန်အထိ လားရှိုးမြို့ ပတ်ပတ်လည်နှင့် မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံ ၂၀၀၀၀ ကျော်သည် လားရှိုးမြို့ရှိ ဘုန်းကြီး ကျောင်းများနှင့် ဘုရားကျောင်းများတွင် စစ်ဘေးရှောင်ခိုလှုံရန် ထွက်ပြေးလာခဲ့ရသည်။ ၎င်းစစ်ဘေး ရှောင်များ အနက် အများစုမှာ ၎င်းတို့နေရပ်များသို့ ပြန်သွားခဲ့ပြီဖြစ်သော်လည်း ၅၀၀ ခန့် ကျန်ရှိနေသေးသည်။

၂၀၂၃ အောက်တိုဘာလ ၂၇မှ ၂၀၂၄ ဇန်န၀ါရီ ၇ အထိ လားရိူးမြို့နယ်တွင်အရပ်သားများကိုထိခိုက်သေဆုံးစေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနှင့်ပစ်ခတ်သတ်ဖြတ်မှု
စဉ်

 

ရက်စွဲ

 

ကျေးရွာ/ရပ်ကွက်

 

ဖြစ်စဉ်

 

သေဆုံး ဒဏ်ရာရ ပျက်စီး
၁။

 

၂၇.၁၀.၂၀၂၃ ရပ်ကွက်(၅) လက်နက်ကြီးသံကြားပြီး ည(၁၀)နာရီခန့်တွင် နှလုံးရပ်၍သေဆုံး။ မ ၁

၆၈နှစ်

၂။ ၃.၁၁.၂၀၂၃ နမ့်ပေါင်ကျေးရွာ မိုင်းရယ်မြို့မှလားရှိုးမြို့သို့သွားလာစဉ် စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်၍ ညနေ(၄)နာရီနှင့်(၅)နာရီကြားတွင်သေဆုံး။ ကျား ၁

၂၆နှစ်

၃။ ၄.၁၁.၂၀၂၃ ပန်ဟုန်းကျေးရွာ မနက်(၇)နာရီခန့်တွင် စစ် ကောင်စီတပ်မှပစ်ခတ်သောလက်နက်ကြီး မီးဖိုချောင်ထဲသို့ကျရောက်ပြီးသေဆုံး(၂လသားအရွယ် ကလေးမိခင် ဖြစ်သည်)

 

၃၈နှစ်

နေအိမ် ၁ လုံး
၄။ ၉.၁၁.၂၀၂၃ မန်မွမ်းရွာ နေ့လည် ၁၂ နာရီခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင် စီတပ်မှ လက်နက်ကြီး ပစ်ခတ် ကျား ၂

၃၀ ၀န်းကျင်

နေအိမ် ၁လုံး
၅။ ၉.၁၁.၂၀၂၃ မိုင်းတင်ကျေးရွာအုပ်စု ၀ိန်းထန် ရွာ မနက်(၇)နာရီဝန်းကျင်ခန့်တွင် စစ်ရှောင်စခန်း၌ ထမင်းချက်နေစဉ် စစ် ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍သေဆုံး။ မ ၃

၁၂ နှစ်

၄၀နှစ်

၆၀နှစ်

ဘုန်းကြီးကျောင်းဆောင် ၁

အိမ် ၄လုံး

၆။ ၁၄.၁၁.၂၀၂၃ ရပ်ကွက်(၅) ည(၈)နာရီဝန်းကျင်ခန့်တွင်အမှတ်(၆)၊အလယ်တန်းကျောင်းအနီး၌ တပ်စွဲ ထား သည့်စစ်ကောင်စီ တပ်စခန်းမှ ဆိုင်ကယ်စီး လာသူအားတွေ့မြင်ရာမှ လိုက်လံပစ်ခတ်သောကြောင့်သေဆုံး။

 

ကျား ၂

၂၀မှ၃၀ကြား

 

၇။ ၁၅.၁၁.၂၀၂၃ ကွန်ကြိုင်းကျေးရွာ ညနေ(၃)နာရီခန့်တွင်စစ်ကောင်စီတပ်မှ ဗုံးကြဲသ ဖြင့်ယာတဲသို့ကျရောက်‌ ပေါက်ကွဲပြီး သေဆုံး။ (၁ဦးမှာ ချက်ချင်းသေ ဆုံးခဲ့ပြီး ၁ဦးမှာ ဒဏ်ရာ ပြင်းထန်စွာဖြင့် မိုင်းယန်း ကျေးရွာ၌ ဆေးကုသ နေစဉ် နောက်တနေ့တွင် သေဆုံးခဲ့သည်) မ ၂

၄၀နှစ်၊ ၅၀နှစ်

တဲ ၁ လုံး
၈။ ၁၆.၁၁.၂၀၂၃ ရပ်ကွက်(၃) မနက်(၄)နာရီဝန်းကျင် ခန့်တွင် လားရှိုးမြို့မဈေး ထဲ၌ အမှိုက်များရှာဖွေ ကောက်နေသည့် စိတ် ကျန်း မာရေးချို့တဲ့ သူအား စစ်ကောင်စီ တပ်မှ ပစ်ခတ်သဖြင့် သေဆုံး။

 

ကျား ၁

၄၀ (ဝန်းကျင်)

 

၉။ ၁၈.၁၁.၂၀၂၃ ရပ်ကွက်(၁) ည(၆)နာရီခန့်တွင် စစ် ကောင်စီမှ မာရှယ်လော အကြောင်းပြချက်ဖြင့် နေအိမ်ပြင်တွင်ရှိနေသ ဖြင့် လာရောက်ပစ်ခတ် သဖြင့်သေဆုံး။ ကျား ၁

၃၈နှစ်

 

၁၀။ ၂၃.၁၁.၂၀၂၃ မန်ဖတ်ကျေးရွာ ည၈နာရီဝန်းကျင်၌တိုင်ပွဲကြားတွင်လက်နက်ကြီးထိမှန်

 

ကျား ၁

၄၁နှစ်

 

၁၁။ ၃၀.၁၁.၂၀၂၃ နမ့်ပေါင်အုပ်စု

ဟိုနားရွာ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်ရာမှ ပြောင်း ဖူး ခြံတွင်းကျရောက် မ ၁

၂၇နှစ်

၁၂။ ၂.၁၂.၂၀၂၃ မိုင်းယော်

လုံတွေရွာ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီမှလေယာဥ် ဖြင့် ပေါင် ၅၀၀ ဗုံး ၄လုံး လာ ကြဲ မ ၂ မ ၁ နေအိမ် ၁၁ လုံးပျက်စီး
၁၃။ ၁၂.၁၂.၂၀၂၃ ရပ်ကွက်၄ လမ်းမကြီးပေါ်တွင် မော်တော် ဆိုင်ကယ်စီး နင်းချိန်တွင် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ပစ်ခတ် ကျား၁

၄၀နှစ်

၁၄။ ၁၆.၁၂.၂၀၂၃ ရပ်ကွက်၁၂ အေဒီတံတားဖြတ်သန်း ချိန်တွင် စစ်ကောင်စီတပ် သားများပစ်ခတ် ကျား ၁

၄၄ နှစ်

၁၅။ ၂၁.၁၂.၂၀၂၃ အီနိုင်းရွာ မနက် ၉နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်ရာ နေအိမ်သို့ ကျရောက်သဖြင့် ဒဏ်ရာ ရ မ ၂

၃၀နှစ်၀န်းကျင်

မ ၁၊ ကျား ၁

၁၀နှစ်အောက်

နေအိမ် ၂လုံး
၁၆။ ၂၃.၁၂.၂၀၂၃ ပန်မတ်ကျေးရွာ မနက် ၇နာရီ၀န်းကျင် တွင် ကျေးရွာမှစစ်
ရှောင်လာစဥ်စစ်ကောင်စီမှသေနတ်ဖြင့်ပစ်
ကျား ၁

၅၀

၁၇။ ၂၉.၁၂.၂၀၂၃ အီနိုင်းရွာ မနက် ၁၁ နာရီခန့်တွင် တိုက်ပွဲကြားလက်နက် ကြီးထိမှန် မ ၁

၃၃ နှစ်

၁၈။ ၅.၁.၂၀၂၄ မတ်ချီနူရွာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲကျေးရွာ အတွင်းသို့လက်နက်ကြီးဖြင့် ရမခ မှပစ် နေအိမ် ၂ လုံးမီးလောင်
၁၉။ ၇.၁.၂၀၂၄ မိုင်းယော်အုပ်စု စစ်ကောင်စီတပ်မှလေကြောင်းဖြင့်ဗုံးကြဲ ကလေး ၄ ဦး

မ ၁

အိမ် ၂၀လုံး
စုစုပေါင်း ၂၄ ဦး ၇ ဦး အဆောက်အဦး ၄၃လုံး
လားရှိုးမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု (၆-၁၃ ဒီဇင်ဘာလ ၂၀၂၃)
စဉ် ရက်စွဲ ကျေးရွာ/ရပ်ကွက် ဖြစ်စဉ် သေဆုံး ဒဏ်ရာရ
၁။ ၆.၁၂.၂၀၂၃ နမ့်ကျန်ကျေးရွာ စစ်ကောင်စီတပ် ခမရ ၅၀၇ တပ်စခန်းအနီး တောထဲတွင် ပျားရည် ရှာထွက်စဉ် မြေမြှုပ် မိုင်းနင်းမိ ကျား ၁ (၁၈နှစ်)
၂။ ၁၃.၁၂.၂၀၂၃ တောင်နောင်းကျေးရွာ တောင်ပေါ်တွင် ဝါးခုတ် ရန်သွားစဉ် မြေမြှုပ် မိုင်းနင်းမိ ကျား ၁ (၂၂နှစ်)
စုစုပေါင်း ၂ဦး ဒဏ်ရာရ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                             +66 99 246 5673/  +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                           +66 99 289 6080                                          Signal (မြန်မာ)

Dawnload PDF files>>> Shan Burmese English

ထုတ်ပြန်ချက်