အစိုးရစစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ရှိ အပြစ်မဲ့ ရွာလူ ကြီ:ကို (RCSS/SSA)နှင့် အဆက်အသွယ် ပြုလုပ်နေသည် ဟု စွပ်စွဲပြီး ညှင်းပန်း နှိပ်စက်

လူအခွင့်အရေး မဏ္ဍိုင်မှ နောက်ဆုံးရသတင်း

ရက်စွဲ – ၁၉ ဇွန်လှိုင်လ ၂၀၁၈

အစိုးရစစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ရှိ အပြစ်မဲ့ ရွာလူ ကြီ:ကို (RCSS/SSA)နှင့် အဆက်အသွယ် ပြုလုပ်နေသည် ဟု စွပ်စွဲပြီး ညှင်းပန်း နှိပ်စက်

၂၇ ဇွန်လ ၂၀၁၈ရက်နေ့က ရွာလူကြီးတဦးကို အစိုးရတပ် ခမရ(၄၃၀)နှင့် ပြည်သူ့စစ်တို့ပူးပေါင်းပြီ ရှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နောင်လှိုင်အုပ်စု မူးဆေးရွာ ရွာလူကြီးတ ဦးကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ပတ်သက်မှုရှိသည်ဟု မတရားစွပ်စွဲပြီး ပြင်းပြင်းထန်ထန်ညှင်းပန်းရိုက်နှက် နှိပ်စက် ခဲ့ကြကြောင်း သိရသည်။

၂၆ ဇွန်လ ၂၀၁၈ မနက်ပိုင်း ရးဝ၀ အချိန်တွင် တောင်ကြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်ခံ ကယား ပြည်နယ် ကောင်ဆိုင်း ခမရ (၄၃၀)တပ်မှ ဗိုလ်ကြီးသောင်းလင်းထွဋ် အင်းအား(၂၅)ယောက်ကို ဦး ဆောင်ပြီး ပြည်သူ့စစ် အင်အား(၁၃)နှင့်အတူ နောင်ပါ တက်ရွာမှ ထွက်ခွာကြပြီး မူးဆေးရွာတွင်စခန်း ချခဲ့ကြကြောင်း။ ထိုရွာတွင် အိမ် ထောင် (၃၀)ခန့်ရှိပြီး နေထိုင်သူ (100)ကျော်ရှိသည်။

၂၇/၀၆/၂၀၁၇ ညအချိန်တွင် ဗိုလ်ကြီးသောင်းလင်းထွဋ်သည် သူ့၏တပ်သား (၂)ယောက်နှင့် အတူပြည်သူ့ စစ် တပ်သား(၄)ယောက်တို့ကို အမိန့်ပေးစေခိုင်းကာ ရွာအတွင်းမှ နန်းစံအမည်ရှိ အမျိုးသမီးတဦး၏ အိမ်အတွင်း သို့ ဝင်ရောက်မွှေနှောက်ခဲ့ကြောင်းနှင့် မနန်းစံကို လည်း ” နင့် ယောက်ျားက (RCSS/SSA)မှာ တာဝန်ထမ်း ဆောင် နေတယ် မဟုတ်လား” ဟု အကြောင်း မဲ့စွပ်စွဲခဲ့ ကြောင်း သိရသည်။

ထိုည ၁၁း၃၀ အချိန်မှာပင် ၎င်းတပ်ဖွဲ့မှတပ်သားများသည် ရွာလူကြီး၏အိမ်သို့ ဆက်လက်သွား ရောက် မွှေ နှောက် စစ်ဆေးမှုပြုကာ ဂက်စ်(ငါးဖမ်ရာတွင် အသုံးပြုသည့် ဗုံးအသေးစား)တလုံး တွေ့ရှိပြီးရွာလူ ကြီးအား (RCSS/ SSA) ၏ အရန်တပ်သားဖြစ်သည်ဟု စွပ်စွဲခဲ့ကြောင်း။ လူကြီးက မိမိသည် (RCSS/SSA) တပ်နှင့် ဘာမှမ ပတ်သက် ရ ကြောင်း ရွာလူကြီးတဦး သာဖြစ် ကြောင်း သူတို့အား ရှင်းပြခဲ့သော်လည်း၎င်းစစ်သားများ က ရွာလူကြီးကို ခြေ ထောက် ဖြင့် ကန်ကျောက်ပြီး အိမ်အောက်သို့ တရွတ်ဆွဲချကာ အမှန်အ တိုင်းဝန်မခံ လျှင် သတ်ပစ်မည်ဟု ပြောဆို ခြိမ်း ခြောက်ခဲ့ ကြောင်း သိရသည်။

၎င်းနောက် ရွာလူကြီးကို ရွာအနောက်ဘက်သို့ ခေါ်ဆောင်သွားပြီး သစ်ပင်ကြီးတပင်အောက်သို့ ရောက်သည့် အခါ ”ခင်ဗျာ့ကို ဒီနေရာမှာ သတ်မယ်“ ဟု ပြောပြီး သေနတ်ဒင်ဖြင့် ရွာလူကြီး ၏ ဘယ်ဘက်နားထင် ၁ ချက်၊ ဘယ် ဘက် မျက်စိ ၁ ချက်၊ ပါးစပ် ၁ ချက်၊ ငယ်ထိပ်ကို ၂ ချက် ပြင်းပြင်းထန်ထန် ထုထောင်း ခဲ့သဖြင့် ရွာလူ ကြီး ၏တကိုယ်လုံးမှာ သွေးများအဆမတန်ထွက်ခဲ့ ကြောင်း သိရသည်။

မသေသေးဘူးဟု ဆိုကာ ရွာလူကြီး၏ ရင်ဘက်ကို သေနတ်ဖြင့် (၆)ချက်တိ တိ ထပ်မံထုထောင်း ပြီး ပစ္စတို သေ နတ်ဖြင့် ရွာလူကြီးအား သုံးချက်တိတိ ပစ်ခဲ့သော်လည်း ကျည်မထွက်ဘဲ ရှိလေရာ ရွာလူ ကြီးက မတ်တပ်ထရပ် ပြီး စစ်သားများဆီက သေနတ်ကို ဝင်လုခဲ့ေ သာ်လည်း သေနတ်မ ရခဲ့ ကြောင်း ကျန်သည့် တပ်သား သုံး ယောက် ကို ထပ်မံတိုက်ခိုက်ပြီး ၎င်းသုံး ယောက် လဲ ကျသွားချိန်မှာ ရွာလူကြီးက လွတ်ရာ ကျွတ်ရာထွက်ပြေး ခဲ့ကြောင်း ထို နောက် စစ်သားတဦးက သေနတ်ဖြင့် နောက်မှလိုက်ပစ်ခဲ့သော်လည်း ရွာလူကြီးအား ထိမှန်ခြင်း မရှိကြောင်း သိရသည်။

ထိုနောက် ညသန်းခေါင်ယံအချိန်တွင် ၎င်းတပ်ဖွဲ့များမှ စစ်သား(၄)ဦးသည် ရွာတွင်းသို့ ပြန်သွားကြပြီး စိုင်းငွေ အမည်ရှိ အသက်(၃၀)ရွာသားတဦးကို အိမ်ပေါ်သို့ ခေါ်ဆင်းပြီး RCSS/SSA အကြောင်း အမျိုး မျိုးစစ်ဆေး ခဲ့ကြောင်း။ ၎င်းနောက် စိုင်းငွေ၏ ဘယ်ဘက်နားထင်ကို ၃ ချက်တိတိ ပြင်းပြင်း ထန်ထန် ရိုက်ခြင်း စိုင်းငွေ၏ ခန္ဓာကိုယ်အနှံ့ ခြေထောက် ဖြင့် ပြင်းပြင်း ထန်ထန် ဝိုင်းကန်ခဲ့ကြကြောင်း သိရသည်။ စိုင်းငွေကိုတခြားနေရာ ကိုခေါ်မသွား တော့ဘဲ ပြန်လွှတ်ခဲ့ ကြောင်း သိရသည်။

၂၈/၀၆/၂၀၁၈ မနက် ၅းဝ၀ အချိန်တွင် ဗိုလ်ကြီးသောင်းလင်းထွဋ် ဦးဆောင် သောတပ်သား ခြောက်ယောက် နှင့်အတူ သက်ကြီးရွယ်အိုတဦးဖြစ်သည့် အဘအောင်၏ အိမ်ကို အိမ် ပေါ်အိမ် အောက် မွှေနှောက်ခဲ့ကြ ပြီး အဘအောင်၏ ငွေ (၁၂၀၀၀)ကျပ်ကိုလည်း ယူဆောင်သွား ခဲ့သေး ကြောင်းသိ ရသည်။ အဘအောင်က “ဗိုလ် ကြီး တို့က ဘာလို့ အဘအိမ်ကို လာမွှေနေကြတာလဲ့ “ မေးမြန်းရာ “ RCSS/SSA အရန်တပ်သား လုံးကန့် သောင်း (ရွာလူကြီး)က ဒီရွာထဲ လာခို အောင်း နေတာ သတင်းရလို့ လာ စစ်ဆေးတာ သူ့ကိုတွေ့တဲ့ အချိန် တွေ့တဲ့နေရာမှာ သတ်ပစ်မယ်“ ဟု ပြောခဲ့ကြောင်း သိရသည်။

အဲဒီနေ့တဆက်တည်းမှာ မနက် ၆းဝ၀ နာရီအချိန်တွင် မူးဆေးရွာသူရွာသား(၅၀)ယောက်ခန့်က ရွာလူကြီသေ ပြီဟု အထင်ဖြင့် ရွာလူကြီးကိုခေါ်ဆောင်သွားခဲ့သည့် ရွာ၏အနောက်ဘက်သို့ သွားရောက်ကြည့်ခဲ့ကြကြောင်း ရွာလူ ကြီးကို မတွေ့ကြဘဲ သွေးအိုင်များသာ တွေ့ခဲ့ကြကြောင်း။ ထိုနောက် ရွာသူရွာသားများက တော အနှံ့ လိုက်လံရှာ ကြ သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။

၂၉/၀၆/၂၀၁၈ မနက် ၁ဝးဝဝအချိန်တွင် ရွာသူ ရွာ သားများက ရွာလူကြီးကို ထပ်မံ လိုက်ရှာ ကြရာရွာ၏ အရှေ့ဘက် ၁ မိုင်အကွာကျောက်တောင်ကြား မှာ (၂)ရက် (၂)ညတိတိ အစာရေ စာငတ်ပြတ် နေပြီး ဒဏ်ရာ ဒဏ်ချက် အများအပြားနှင့် သွေး ထွက်သံ ယိုများဖင့် လဲ ကျနေသောရွာလူကြီး ကိုတွေ့ခဲ့ကြရကြောင်း သိရသည်။ ယခုအချိန်တွင် ၎င်း၏ဆွေမျိုး များက ကုသပေးနေကြောင်း နှင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ သော ကြောင့် ကျင်ကြီးစွန့် သည့်အခါ သွေး ပါတဲ့ အတွက် ကျန်းမာရေးအခြေ အနေမှာ အလွန်စိုးရိမ်ဖွယ် ရှိသည်။

လုံးသောင်း ရဲ့ဒဏ်ရာ

ရွာလူကြီး၏ နေရပ်လိပ်စာနှင့် အချက်အလက်

အမည်မှာ လုံးသောင်းဖြစ်ပြီး

အသက် -(၅၀)နှစ်

ရွာလူကြီးသက်တမ်း(၁)နှစ်

အဘ – လုံးဝိုက်

အမိ – ဒေါ်ရွှေ

ဇနီး – မသိရ

သား- ၄ ယောက် ၊ သမီး- ၃ ယောက်

ဇာတိ – မူးဆေးရွာ နောင်လှိုင်အုပ်စု လွိုင်လင်ခရိုင် ရှမ်းပြည်နယ်တောင်ပိုင်း။

၀၈/ ၀၆/၂၀၁၈ရက်နေ့ မွန်းလွဲ ၁းဝ၀ နာရီကျော်အချိန်တွင်ည်း ဗိုလ်ကြီးသောင်းလင်းထွဋ် ဦးဆောင် သော ခမရ (၄၃၀) သည် အင်အား (၃၀)ယောက်နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နောင်လှိုင်အုပ်စု ဝမ်နောင် ပါ တက်၏ အရှေ့မြောက်ဘက်(၁၅)ကီလိုမီတာအကွာရှိ ဝမ်နမ့်မော်ဖိုင် ကျေးရွာအတွင်း RCSS/ SSA တပ်သား များ ရှိသည်ဟု သံသယရှိသော နေအိမ် (၆)လုံးခန့်ကို တံခါးသော့ ရိုက်ဖြုတ်ပြီးအိမ်အတွင်းသို့ ဝင်ရောက် မွှေနှောက် ရှာဖွေ မှုများ ပြုလုပ်ခဲ့သေးကြောင်းသိရသည်။

၁။ စိုင်းကုမ်း အသက် – ၃၀ အဘ – လုံးစိုင်းအော အမိ – ပါနန်းထွန်း

၂။ စိုင်းလှအောင် အသက် ၃၁ အဘ – လုံးစိုင်းအုန်း အမိ – ပါနန်းဖိန်း

၃။ စိုင်းနေ အသက် ၃၂ အဘ – လုံးစိုင်းလူ အမိ – ပါနန်းဆု

၄။ စိုင်းပန်း အသက် ၃၃ အဘ – လုံးစိုင်းအုန်း အမိ – ပါနန်းခင်

၅။ စိုင်းပန်း အသက် ၃၀ အဘ – လုံးစိုင်းအောင် အမိ – ပါနန်းမတ်

၆။ စိုင်းကန့်ပြား အသက် ၂၈ အဘ – လုံးစိုင်းအောင်ဆာ အမိ – ပါနန်းထွန်း

၎င်းများကို RCSS/SSA တပ်သားများဖြစ်သည်ဟု စွပ်စွဲပြီး ဗိုလ်ကြီးသောင်းလင်းထွဋ် ဦးဆောင်သော ခမရတပ် ဖွဲ့တို့ ရှာဖွေနေကြသော ရွာသား (၆)ဦးအမည်များဖြစ်သည်။

ရွာအတွင်းကို ရှာဖွေမွှေနှောက်သော်လည်း ၎င်းခြောက်ဦးကို မတွေ့ရှိသဖြင် ့ပါနန်း ဥ ပါနန်းနု ပါနန်း မှူးတို့ သုံး ယောက် ကို ခေါ်ယူပြီး ”သူတို့က RCSS/SSAတပ်သားတွေ မဟုတ်လား သူတို့မှာ သေနတ်တွေ စကား ပြောစက် တွေဘယ်မှာဝှက်ထားသလဲ့ တွေ့မိသေးလား”ဟု မေးမြန်းခဲ့ကြောင်း နှ င့် အဆိုပါ အမျိုးသမီးတို့ သည်လည်း “ထို (၆) ယောက် ဘယ်မှာရှိနေကြောင်း မသိရ“ ဟု ပြန်လည်ဖြေကြားခဲ့သည် ဟုသိရသည်။

အစိုးရစစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်မှ လယ်သမား တစ်ဦးကို ရိုက်နှက်ပြီး ရွာသူကြီးရဲ့ အိမ်ကို သွားရောက်မွေနှောက်ခဲ့

၂၀၁၈ ခုနှစ် ဇူလှိုင်လ ၈ ရက်နေ့က ဝမ်စဝ်နားလုံကျေးရွာမှ ရောက်လာတဲ့ အစိုးရစစ်တပ် ခမရ (၄၃၀) မှ ဗိုလ် မှူး အောင်မင်းထွန်းဦးဆောင်သော အင်အား (၃၀)ကျော် တပ်ဖွဲ့ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၁၀) ယောက်တို့သည် လယ်အလုပ်မှအိမ်ကိုပြန်လာသော အသက်(၃၄)နှစ် လုံးလိုင် နှင့် ပါဖန် တို့၏ သားစိုင်း ဝန်းကို ” မင်းတို့ကို ရွာ သူကြီးက ဘယ်သူလဲ၊ မင်းမှာ သေနတ်ရှိလား ၊ ဘယ်မှာ ဝှက်ထားတာလဲ ” ဟု စစ်မေးပြီးနောက် ၀ိုင်း ရိုက်နှက် ကန်ကျောက်ပြီးပြန်လွတ်ခဲ့သည်။

အဲ့နောက်တဆက်တည်းမှာပင် အဆိုပါ တပ်ဖွဲ့တို့သည် လုံးလိတ်နှင့် ပါပေါက်တို့၏သား လွိုင်ကိုင်ရွာသူကြီး စိုင်း ဆုနန်တရဲ့အိမ်တွင်းအိမ် ပြင်အနှံ့မွေနှောက်ပြီး သေတ္တာ ထဲရှိ တန်ဖိုး (၃၅၀၀၀) ကျပ် စကားပြောစက်တစ်လုံး နှင့် တန်းဖိုး(၅၀၀၀)ကျပ် ပါဝါဘန့် တစ်လုံးပါ သိမ်းယူခဲ့ သည်။ သေနတ်တွေကို အိမ်ထဲ (သို့မဟုတ်)တော ထဲမှာ သိုဝှက်ထားသည် ဟု စွပ်စွဲခဲ့သည်။

ရွာသူကြီးကို ရွာထဲမှာ ရှမ်းအရန်တပ်သားနှင့် ရှမ်းတပ်ဖွဲ့ ရှိသလား မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြား ခြင်းမရှိ သဖြင့် ”အကယ်၍ ရှမ်းတပ်ဖွဲ့ကို ထောက်ခံနေသည့် မည်သူမဆို ထောင်ဒဏ်(၂၀)နှစ် ချမည်” ဟု ခြိမ်း ခြောက် ခဲ့သည်။ ၎င်းအစိုးရစစ်တပ်သည် ၂၀၁၈ခုနှစ် ဇူလှိုင်လ ၉ ရက်နေ့တွင် အဆိုပါကျေး ရွာမှ လွိုင်လင်ခရိုင် နောင် လိုင်ကျေးရွာအုပ်စု ဝမ်နမ့်မော်ဖိုင်ဘက်သို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

အစိုးရစစ်တပ်မှ အိမ်ကိုမွေနှောက်ခဲ့

အစိုးရစစ်တပ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပစ်ခတ်တိုက်ခိုက်ေ နစဉ်အ တွင်း ရွာသားပိုင်ပစ္စည်းများ ခိုးဝှက်ခဲ့ခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် RCSS/SSA နဲ့ တိုက် ခိုက် နေစဉ်အတွင်း အစိုးရတပ်သားများက ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များခိုးဝှက်ခဲ့ကြသည်။

၁၁/၀၆/၂၀၁၈ ရက်နေ့တွင် စစ်ဆင်ရေး ကွပ်ကဲမှု စကခ(၁၇)လက်အောက်ခံ မိုးနဲ မြို့နယ်၊ ကျိုင်းတောင်း အခြေစိုက် ခမရ (၅၇၆) စစ်တပ်မှ အင်အား(၁၀၀) ကျော် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ နယ်ဟမ်းငိုင်း ကျေး ရွာ အုပ်စု ဝမ်နမ့်အွတ်ကျေးရွာ မှ ရွာသားပိုင်အိမ်မွေး တိရိစ္ဆာန်များကို ခိုးခြင်း ဝှက်ခြင်း ပြုလုပ်ခဲ့ ကြ သည်။ လုံးဆု+ ပါဆာတို့ ဝက်(၅)ကောင် တန်းဖိုး-၁,၅၀၀,၀၀၀ ကျပ် နှင့် စိုင်းဆိုင်မြင့်+နန်းမွန်းတို့ကျွဲ တစ် ကောင် တန်ဖိုး- ၂,၀၀၀,၀၀၀ ကျပ် ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။

အစိုးရစစ်တပ်သည် ဇွန်လှိုင်လ ၉ ရက်နေ့ (၂၁) ရာစု တတိယကြိမ်မြောက်ပင်လုံညီလာခံ ငြိမ်းချမ်း ရေးဆွေး နွေးပွဲ မတိုင်ခင် (၂)ရက်အ လိုနေ့လယ် ၁၁း၃၀ နာရီဝန်းကျင်အချိန်၌ မိုင်းကိုင်မြို့နယ်ဟိုခိုင်းကျေးရွာအုပ်စု ဟိုခိုင်းရွာ အနောက်ဘက် ဝမ်ဟွေမွန်းကျေးရွာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ် မတော် RCSS/SSA နှင့် ကြီးကျယ်စွာတိုက်ပွဲဖြစ်ပွားခဲ့ သည်။ တိုက်ပွဲ ကြောင့် ရွာသူရွာသားတစ်ထောင်ကျော် နေအိမ်မှ ထွက် ပြေး တိမ်းရှောင်ခဲ့ကြပြီး လုံခြုံမှုရှိရာဘုန်းကြီးကျောင်းများ တွင်ခိုလုံနေရကြောင်းသိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်သည် NCA ငြိမ်းချမ်းရေးလက်မှတ်ကို အောက် တိုဘာလ ၂၀၁၅ခုနှစ်ကတည်းက နိုင်ငံတော်အဆင့်ထိ လက်မှတ်ထိုးထားပြီးဖြစ် သော အဖွဲ့အစည်းဖြစ် သည့် အပြင်နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ရေး ရာ၌လည်း အစိုးရတို့နှင့်အတူတက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေ သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ RCSS/SSA သည် လူမျိုးအလိုက် နိုင်ငံရေးဆွေး နွေးပွဲလုပ်ရန် လူထုအတွင်းတွေ့ဆုံပြင်ဆင် သော အခါ အစိုးရတပ်က လိုက်၍ တားဆီးပိတ်ပင် ခြင်းကိုခံခဲ့ရသည်။

 

ဆက်သွယ်ရန် :

စိုင်းဟော်ရှဲန်                  +66: 62- 941-9600      (ရှမ်း, အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 173-1530      (ရှမ်း, မြန်မာ)

PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်