အာဏာသိမ်းစစ်ကောင်စီ ရှမ်း/အရှေ့ ဌာနေတိုင်းရင်းသား များအား ထောက်ခံပွဲ စီတန်းလမ်း လျှောက် ပြုလုပ်ရန် အတင်းအကျပ်စေခိုင်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

ဖေဖေါ်ဝါရီ 25, 2021

အာဏာသိမ်းစစ်ကောင်စီ ရှမ်း/အရှေ့ ဌာနေတိုင်းရင်းသား များအား ထောက်ခံပွဲ စီတန်းလမ်း လျှောက် ပြုလုပ်ရန် အတင်းအကျပ်စေခိုင်း

ဖေဖေါ်ဝါရီ 19 နှင့် 23 ရက်နေ့များတွင် အာဏာသိမ်း မြန်မာစစ်တပ်က ရှမ်းပြည်အရှေ့ပိုင်း‌ 4 မြို့နယ်အတွင်း ကျေးရွာများမှ ဌာနေတိုင်းရင်းသား မျိုးနွယ်စုများအား ဖေဖေါ်ဝါရီ 1 ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ ထောက်ခံပွဲ ပြုလုပ်ရန် အတင်းအဓမ္မ စေခိုင်းခဲ့သည်။

ဖေဖေါ်ဝါရီ 19 ရက်နေ့တွင် မိုင်းဆတ်၊ မိုင်းတုံ နှင့် မိုင်းဖြတ် မြို့နယ်များမှ လားဟူ၊ အာခါ နှင့် ရှမ်းပါ ဝင်သည့် ရွာသားများ ဆန္ဒထောက်ခံပွဲတွင် မြန်မာနိုင်ငံအလံနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုင်ဆောင် ကာ လမ်းပေါ်စီတန်းလှည့်လှယ်၍ “အမျိုးသားစီးလုံးညီညွတ်ရေး … ဒို့အရေး”၊ “မဲမသမာမှု ဖော်ထုတ်ရေး” အ စရှိသည့် ကြွေးကြော်သံများ အော်ဟစ်ကြသည်။

လားဟူ နှင့် အာခါ တိုင်းရင်းသားတို့မှာ များသောအားဖြင့် ခရစ်ယာန်ဘာသာ ယုံကြည် ကိုးကွယ် သူ များဖြစ် ပြီး “အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး …” ဆိုသည့် ဗုဒ္ဓဘာသာ ဗမာအမျိုးသားရေးဝါဒလှုံ့ဆော်မှု ကြွေးကြော်သံများလည်း အော်ဟစ်စေသည်။

‌အာဏာသိမ်း မြန်မာစစ်တပ်က သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံပြည်သူ့စစ်မှတဆင့် ယင်းဆန္ဒပြ ထောက်ခံပွဲ ဖြစ်မြောက်အောင် စီစဥ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူ့စစ်တို့က ရွာသားများအား ဖေဖော်ဝါရီ 19 ရက် မနက် 9.00 နာရီ တွင် မြို့နယ်အသီးသီးသို့ စုရုံးရောက်ရှိနေရန် အကြောင်းကြား ထားသည်။

မိုင်းဆတ်မြို့နယ်တွင် ‌ဒေသခံပြည်သူ့စစ်တို့ထိန်းချုပ်ထားသည့် ကျေးရွာပေါင်း 20 ခန့်မှ တအိမ်လျှင် တ ယောက် အာဏာသိမ်းစစ်ကောင်စီထောက်ခံပွဲသို့ ဝင်ပါရသည်။ ဆန္ဒပြပွဲမပါဝင်လျှင် ရွာထဲ မနေရ ဟုလည်း ချိန်းခြောက်ထားသည်။ မိုင်းဆတ်မြို့နေပြည်သူများအားလည်း ဆန္ဒထောက်ခံပွဲအတွင်းအိမ်ပြင်မထွက်ကြ ပါရန်၊ လမ်းပေါ်ထွက်လာပါက အဖမ်းခံရဖွယ် ရှိသည်ဟုလည်း ပြောထားသည်။

မိုင်းဆတ်မြို့နယ် ကျေးရွာများမှ ဦးရေ 2,000 ခန့်ရှိ ရွာသားများက ဆန္ဒထောက်ခံပွဲတွင် ပါဝင်ကြကာ နေ့ လည် စာ တနှပ်နှင့် ကျပ် 2,500 – 3,000 ခန့်ရကြသည်ဟု ဆိုသည်။ အာဏာသိမ်းစစ်ကောင်စီ ကြောထောက် နောက်ခံရှိ ပြည်ထောင်စုကြံ့ခိုင်းရေးပါတီ (USDP) အဖွဲ့ဝင် လားဟူတိုင်း ရင်းသားမှ “အာဏာသိမ်း စစ် ကောင်စီကို မထောက်ခံလျှင် နိုင်ငံတော်၏ သစ္စာဖောက်ဖြစ်ကြောင်း” မိတ်ဆက် စကား စတင်ခဲ့သည်။

မိုင်းတုံမြို့နယ် နားကောင်းမှူးကျေးရွာတွင် ဒေသခံပြည်သူ့စစ်ခေါင်းဆောင်က ရွာသားများအား ဆန္ဒ ထောက်ခံ ပွဲတွင် ပါဝင်ရန် အမိန့်ထုတ်ထားသည်။ ဆန္ဒထောက်ခံပွဲတွင် ပါဝင်သူအချို့က ကျပ် 5,000၊ တချို့ က ကျပ် 20,000 အထိရကြသည်။

ဆိုရှယ်မီဒီယာပေါ် တင်ထားသည့် ဆန္ဒပြထောက်ခံပွဲ ဗီဒီယိုဖိုင် မှတ်တမ်းတခုတွင် ထောက်ခံပွဲ စီစဥ် ဆောင် ရွက်နေသူက– “ကျယ်ကျယ်အော် … အော် … အော်…”၊ “မအော်ရင် အဖမ်းခံရမယ်…”၊ “မင်း တို့တွေ လမ်း လျှောက်ခိုင်းနေတာမဟုတ်ဘူး၊ အော်ခိုင်းတာ…” ဟု ညွှန်ကြားသည်။

မိုင်းဖြတ်မြို့နယ် မိုင်းယွန်းဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်က အင်အား 100 ခန့်ရှိ လားဟူ နှင့် အာခါတိုင်း ရင်းသားများစည်းရုံးကာ ဆန္ဒထောက်ခံပွဲတွင် ပါဝင်သူ တယောက်လျှင်ကျပ် 6,000 ပေးသည် ဟုဆိုသည်။

ဖေဖေါ်ဝါရီ 23 ရက်နေ့ ကျိုင်းတုံမြို့နယ် မြောက်ဘက်ရှိ မိုင်ခတ်တွင် အာဏာသိမ်းစစ်ကောင်စီ ထောက်ခံပွဲ ကျင်း ပရာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဝင် တဦးက ရှမ်း၊ လားဟူ၊ အာခါ ရွာသား များ အား ဆန္ဒထောက် ခံပွဲတွင် ပါဝင်သူ မည်သူမဆို ကျပ် 5,000 ပေးမည်ဟု ပြောသည်။ မိုင်းကာမှ ရွာ သား 50 ခန့်က ဆန္ဒထောက် ခံပွဲတွင်ပါဝင်ခဲ့သည်။ ရွာသားများ အချို့ ပြန်ပြောသည်မှာ စစ်တပ်ကို ထောက်ခံဖို့သူတို့အားမပြောကြောင်း၊ ဆန္ဒထောက်ခံပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဝမ်းနည်း ကြောင်း ဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်းသည် မြန်မာ့စစ်တပ်လွှမ်းမိုးမှု အတော်ခံနေရသည့် ဒေသဖြစ်သည်။ မိုင်းဆတ် တွင် စစ် ဆင် ရေးဌာနချုပ် အမှတ် 14 နှင့် မိုင်းဖြတ်တွင် အမှတ် 18 တို့ရှိပြီး ဌာနချုပ် တခု လျှင်တပ် ရင်းပေါင်း 10 ရင်း ဖြင့် ထားသည်။ ၎င်းစစ်ဆင်ရေးဌာနချုပ် 2 ခုစလုံးမှာ ကျိုင်းတုံအခြေစိုက် တြိဂံ တိုင်း စစ်ဌာနချုပ်၏ ကွပ်ကဲမှု အောက်တွင် ဖြစ်ပြီး ကျိုင်းတုံမြို့ပေါ်ပြည်သူအများက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း လူပင် လယ်တမျှ ထုတ်ဖေါ် ဆန္ဒပြလျက်ရှိသည်။

မြေပုံကိုကြည့်ရှူရန် ဤနေရာတွင်ရနိုင်ပါသည်

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်      +66: 97-173-1530                       (ရှမ်း၊ မြန်မာ)

PDF files: 
Shan
Burmese
English

ထုတ်ပြန်ချက်