ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများမှအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီထံသို့အိတ်ဖွင့်ပေးစာ

ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများမှအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီထံသို့အိတ်ဖွင့်ပေးစာ

သြဂုတ်လ ၇ ရက် ၊ ၂၀၁၄ ခုနှစ်

လေးစားအပ်ပါသောဝန်ကြီးကယ်ရီခင်ဗျာ-

ရှမ်းပြည်နယ်အလယ်ပိုင်းမှာမြန်မာအစိုးရစစ်တပ်တွေတိုးချထားတာနဲ့ပတ်သက်လို့လူကြီးမင်းမှဂရုထားပေးဖို့ကျွန်တော်တို့လိုလားပါတယ်။ဒီစစ်တပ်တွေကြောင့်လက်ရှိလုပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကိုထိခိုက်နိုင်ပါတယ်။အပြစ်မဲ့ရွာသားတွေရဲ့ဘဝကိုခြိမ်းခြောက်ရာလည်းရောက်နေပါတယ်။

တည်ရှိနေတဲ့အပစ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ပြီးရှမ်းပြည်တပ်မတော်မြောက်ပိုင်းနယ်မြေတွေကိုသိမ်းယူဖို့၂၀၁၄ခုနှစ်ဂျွန်လကစပြီးမြန်မာအစိုးရစစ်တပ်အင်အား၃၀၀၀ကိုကျေးသီး၊မိုင်ရှုး၊တန့်ယန်းမြို့နယ်တွေမှာဖြန့်ချထားပါတယ်။ရွာသားတွေနေတဲ့ဒေသတွေကိုရာချီတဲ့အမြှောက်ဆံတွေနဲ့ပစ်ခတ်တဲ့အတွက်ရွာသားများကြောက်လန့်ပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျေးသီးမြို့နယ်ဝမ်ဝပ်ရွာကိုမကြာမှီကပင်ပြေးထွက်လာတဲ့ရွာသား၃၀၀ကျော်အပါအဝင်ရွာသား၈၀၀ကျော်ရဲ့လုံခြုံရေးအတွက်ကျွန်ုပ်တို့စိုးရိမ်ပူပန်နေရပါတယ်။လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့မြန်မာအစိုးရစစ်သား၅၀၀ကျော်ဟာဝမ်ဝပ်ရွာအတွင်းနဲ့အပြင်မှာစခန်းချထားပါတယ်။ရွာသားတွေရဲ့  နေစဥ်လုပ်ကိုင်မှုတွေကိုလည်းချုပ်ချယ်ထားပါတယ်။စစ်သားတွေဟာဒီကနေ့ထိတပ်စွဲနေစဲဖြစ်သည်။

ဝမ်ဝပ်ရွာရဲ့နောက်ဖက်၂မိုင်လောက်ဝေးတဲ့တာဖာဆောင်ရွာကိုမြန်မာစစ်တပ်ကလက်နက်ကြီးတွေနဲ့ဂျွန်လ၂၆ရက်နေ့ကပစ်လို့  ရွာသားတွေဝမ်ဝပ်ရွာကိုပြေးလာကြရပါသည်။နှစ်ရက်ကြာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပေမဲ့တာဖာဆောင်မြစ်ကူသည့်နေရာကိုသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိချေ။ဒါကြောင့်ရွာသူရွာသားတွေရဲ့မြေယာများပေါ်  မှာတပ်စွဲပြီးဒေသကိုပိတ်ဆို့ထားပါသည်။

တာဖာဆောင်ရွာမှာတပ်စွဲထားတဲ့စစ်သားတွေကရွာသားတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေ၊ပစ္စည်းတွေကိုလုယက်နေပါတယ်။လယ်ယာမြေကွက်ထဲကိုဖြတ်ပြီးလည်းကင်းလှည့်ကြပါတယ်။စည်းရိုးများကိုချိုးဖျက်ကြလို့ကျွဲနွားတွေကစိုက်ခင်းတွေထဲဝင်စားကြပါတယ်။အခုတော့တာဖာဆောင်ရွာဟာလုံးဝပျက်စီးသွားလို့နေပါပြီ။ရွာသားတွေကသူတို့ပစ္စည်းပြန်သိမ်းဖို့တောင်စစ်သားတွေကအခွင့်မပေးတော့ပါ။

ထွက်ပြေးလာတဲ့ရွာသူရွာသား၃၀၀လောက်ကဝမ်ဝပ်ဘုန်းကြီးကျောင်းမှာခိုအောင်းနေကြရပါတယ်။စေတနာရှင်တွေလှူတန်းပေးကမ်းတဲ့အစားအစာတွေအပေါ်မှာဘဲမှီခိုကြရတယ်။စစ်သားတွေကတော့ရွာထဲရှိမူလတန်းကျောင်းမှာတပ်စွဲပြီးရွာသားတွေကိုစောင့်ကြပ်နေပါတယ်။ကျောင်းတက်နေတဲ့ခလေးငယ်၁၀၀ကျော်ကိုလည်းကြောက်ရွံ့နေစေခဲ့သည်။

အပစ်ခတ်ရပ်စဲထားတဲ့ရှမ်းနယ်မြေမှာစစ်ရေးအရတိုးချဲ့တာ၊ရွာသားတွေကြောက်ရွံ့ပြီးနေရပ်စွန့်ခွာထွက်ပြေးစေတာကြောင့်တိုင်းရင်းသားနယ်မြေကပဠိပက္ခတွေကိုငြိမ်းချမ်းစွာအဖြေရှာနေတယ်ဆိုတဲ့မြန်မာအစိုးရရဲ့ပြောဆိုချက်ကို   ပိုပိုသံသယရှိလာနေကြပါတယ်။ထိုးစစ်ကြောင့်တနေ့တည်းမှာပင်ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေရဲ့တန်ဖိုးကဒေါ်လာသိန်းချီကုန်တဲ့နိုင်ငံတော်ဘတ်ဂျတ်ကိုလည်းကျွန်ုပ်တို့ပြည်သူလူထုဆီကဘဲကျခံရတာဖြစ်ပါတယ်။

လူကြီးမင်းခင်ဗျားနေပြည်တော်ရောက်လာတုန်းကာလမှာငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ်ယုံကြည်မှုရရှိလာရေးအတွက်ဒီစစ်ဆင်ရေးအကြောင်းနဲ့၊သမ္မတဦးသိန်းစိန်ကိုလည်းဤရှမ်းပြည်ဒေသနဲ့တခြားတိုင်းရင်သားဒေသတွေမှာထိုးစစ်ဆင်တာတွေကိုအမြန်ရပ်တန့်ပြီးတပ်တွေဆုတ်ခွာပေးစေရေးပြောဆိုပေးဖို့ကျွန်ုပ်တို့တောင်းဆိုပါတယ်။

တိုင်းရင်းသားတွေအပေါ်ထိုးစစ်ဆင်ခြင်းကိုကန့်ကွက်သည့်အနေဖြင့်အမေရိကန်အစိုးရနဲ့မြန်မာအစိုးရတို့စစ်ရေးအရပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်းရပ်ဆိုင်းဖို့ကျွန်ုပ်တို့အနေနဲ့တိုက်တွန်းပါတယ်။

ရိုသေလေးစားစွာဖြင့်

ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများ

–             Migrant Students Group

–             Migrant Workers Federation

–             Shan Human Rights Foundation

–             Shan Sapawa Environmental Organization

–             Shan State Development Foundation

–             Shan State Organization

–             Shan Students Union (Thailand)

–             Shan Women’s Action Network

–             Shan Youth Network Group

–              Shan Youth Organization (Taunggyi)

–             Shan Youth Power

–             Tai Literature and Culture Society

–             Tai Youth Network

–             Workers Solidarity Association

 

အသေးစိတ်အချက်အလက်များမေးမြန်းလိုပါကအောက်ပါပြောခွင့်ရပုဂ္ဂိုလ်များနှင့်ဆက်သွယ်နိုင်ပါသည်။

ယိင်းဟန်ဖ၆၆၈၉၂၆၂၇၈၄၈

စိုင်းဆိုင်မိန်း  ၉၅၉၃၃၅၇၇၇၆၇

စိုင်းဟော်ရှဲန်၆၆၉၃၂၆၄၉၄၈၇

ပူးတွဲစာ –

(၁) “ ရှမ်းပြည်နယ်မြောက်ပိုင်းအပစ်ရပ်ဒေသ၌မြန်မာစစ်အစိုးရ၏ထိုးစစ်အသစ်များကိုရပ်” – ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၊ဇူလိုင်လ၁၀၊၂၀၁၄။

PDF File  >>> Shan Burmese English

ကျေးသီးမြို့နယ်ဝမ်ဝပ်ရွာ၌မြန်မာစစ်တပ်အသစ်များချထားပုံ-မြေပုံ။

(၃) ကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်၏လက်ရှိထိုးစစ်အတွင်းမှဓါတ်ပုံများ။

 

ထုတ်ပြန်ချက်