ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု များ ကြောင့်အရပ်သား ၁၂ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိ
ဒီဇင်ဘာလ ၆ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီသည် မိုးမိတ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀ အကွာ၊ ရွှေလီမြစ်ပေါ်ရှိ မြစ်ဆုံရွာအား Y-12 လေယာဉ်ဖြင့် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဒေသခံများက ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို သယ်ယူ နေ့စဉ်စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဤလေကြောင်းတိုက်ခိုက်မှုနှစ်ခုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး အပါအဝင် အရပ် သား ၁၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးထိခိုက်သူအများစုမှာ စစ်ကောင်စီတပ်များ မြို့ထဲသို့ ပြန် လည် ဝင်ရောက်လာမည်ကို စိုးရိမ်၍ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် များ (IDPs) ဖြစ်ကြသည်။
စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၏ နောက်ဆုံးပတ်တွင် မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မိုးမိတ်မြို့နယ်မှ သပိတ်ကျင်းမြို့နယ်သို့သွားသော အဓိကလမ်းမပေါ်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သော်လည်း ဗုံးကြဲခံရသည့် ကျေးရွာအနီးတွင် တိုက်ပွဲ လုံးဝဖြစ်ပွားခြင်း မရှိခဲ့ပါ။ စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှု များပြုလုပ်ခဲ့သည့် မြစ်ဆုံရွာနှင့် ၃ ကီလိုမီတာအကွာ နမ့်မိတ်မြစ်တစ်ဖက်တွင် တရုတ်နိုင်ငံသားများ အဓိကလုပ် ကိုင်သော ရွှေတွင်းများစွာ တည်ရှိသည်။
မြစ်ဆုံရွာသည် ရွှေလီ ၃ ရေကာတာ တည်ဆောက်မည့်နေရာ၏ မြစ်အောက်ပိုင်း ၈ကီလိုမီတာခန့်တွင် တည်ရှိ သည်။ ၆၇၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ဤရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြင်သစ်နိုင်ငံပိုင် Electricite de France (EDF) မှ ၂၀၂၁ ခုနှစ် မတ်လတွင် ဆိုင်းငံ့ခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီသည် ရေကာတာစီမံကိန်းကို ပြန်လည်စတင်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါရ လဒ်များကို ထုတ်ပြန်ခြင်းမရှိသေးပါ။
ဒီဇင်ဘာလ (၁၁) ရက်နေ့ မနက်ပိုင်းတွင် မိုးမိတ်-သပိတ်ကျင်း လမ်းမပေါ်၌ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုနေ့ နံနက် (၁၁) နာရီခန့်တွင် မိုးမိတ်မြို့၏ အနောက်ဘက် ကီလိုမီတာ(၂၀)အကွာရှိ မန်ကျည်းပင်ရွာ၌ အခြေစိုက်ထားသော စစ်ကောင်စီတပ်များက အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေတံခွန်ရွာအနီးရှိ လယ်ကွင်းပြင်တွင် ကျွဲများကျောင်းနေသော အသက် (၄၀) အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
Download PDF Files:



