မြန်မာစစ်တပ်မှမိဘများရှေ့မှာသားကိုပစ်သတ်ပြီးရွာသား၁၂၀၀ကိုရွာသားများအားသတ်ဖြတ်သည့်သောင်းကျန်းသူဆန့်ကျင်ရေးဆန္ဒပြရန်မိုင်းယော်တွင်အဓမ္မစေခိုင်း

ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ၏ထုတ်ပြန်ချက်

ဇန်နဝါရီလ ၇ ရက်နေ့ ၂၀၁၅

မြန်မာစစ်တပ်မှမိဘများရှေ့မှာသားကိုပစ်သတ်ပြီးရွာသား၁၂၀၀ကိုရွာသားများအားသတ်ဖြတ်သည့်သောင်းကျန်းသူဆန့်ကျင်ရေးဆန္ဒပြရန်မိုင်းယော်တွင်အဓမ္မစေခိုင်း။

ဒီဇင်ဘာ၁၂ရက်ကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းယော်မြို့နယ်ဝမ်ထင်ကျေးရွာတွင်အသက်၃၂နှစ်အရွယ်စိတ်ဝေဒနာရှင်စိုင်းဆမ်တစ်ကိုမြန်မာစစ်တပ်ခလရ၅၇၃မှစစ်သားများကအိမ်ပေါက်ဝ၌မိဘများရှေ့တွင်ပစ်သတ်လိုက်သည်။စစ်သားများစိုင်းဆမ်တစ်ကိုအိမ်ပြင်သို့ခေါ်ထုတ်ရာ၎င်းထွက်လာစဥ်အိမ်ပေါက်ဝလှေခါးထစ်တွင်ပစ်သတ်လိုက်ခြင်းဖြစ်သည်။

နောက်နှစ်ရက်ကြာဒီဇင်ဘာ၁၄ရက်၌မိုင်းယောင်းမြို့နယ်ရှိကျေးရွာ၆၆ရွာနှင့်မြို့ပေါ်ရှိရပ်ကွက်၉ခုလုံးမှရွာသား၁၂၀၀ကျော်ကိုမိုင်းယော်အားကစားကွင်းတွင် “ သောင်းကျန်းသူအဖွဲ့” ဆန့်ကျင်ရေးဆန္ဒပြရန်မြန်မာစစ်တပ်မှအဓ္ဓမစေခိုင်းခဲ့သည်။တအိမ်တယောက်လာခိုင်းပြီးကြိုတင်ရေးထားသည့်သောင်းကျန်းသူဆန့်ကျင်ရေးမိန့်ခွန်းကိုကျေးရွာကိုယ်စားလှယ်တို့အားတယောက်၅၀၀၀၀ကျပ်ပေး၍ဖတ်ခိုင်းသည်။ရွာသားများကို“သောင်းကျန်းသူချေမှုန်းရေး” ကြွေးကြော်သံများအားဗမာလိုအော်ခိုင်းသည်။မိုင်းယောင်းတွင်အဓိကလုပ်ရှားနေသောအဖွဲ့မှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS ) ဖြစ်ပြီးမြန်မာအစိုးရနှင့်၂၀၁၁ဒီဇင်ဘာလကအပစ်ရပ်သဘောတူထားသောအဖွဲ့ဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှဤသို့ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းကိုရှုတ်ချပါသည်။ဤအမှုနှင့်ပတ်သက်၍တာဝန်ရှိသူတို့ကိုအရေးယူပေးရန်တောင်းဆိုသည်။

မြန်မာစစ်တပ်မှကျူးလွန်သည့်ပြစ်မှုအတွက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တခုကိုအပစ်ဖို့ခါမြန်မာစစ်တပ်အရာရှိတို့ကလူထုဆန္ဒပြမှုအဖြစ်ကျေးရွာသားများအားစေခိုင်းခြင်းကိုလည်းကျွန်ုပ်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှရှုတ်ချပါသည်။ရွာသားများကိုဤသို့စေခိုင်းခြင်းသည်လူ့အခွင့်အရေးကိုချိုးဖောက်ရာကျပြီး၊အသိဥာဏ်နှင့်ဂုဏ်သိက္ခာကိုစော်ကားရာရောက်သည်။အစိုးရကတိုင်းပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်နေပါသည်ဟုဆိုသော်လည်းမြန်မာစစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားဤသို့ဆန့်ကျင်ရေးလုပ်ရှားမှုလုပ်နေသည်မှာအလွန်ဆိုးဝါးသောလုပ်ရပ်ဖြစ်သည်။

ဒီဇင်ဘာလ၁၂ရက်နေ့စိုင်းဆမ်တစ်ကိုတရားမဲ့သတ်ဖြတ်ပုံအသေးစိပ်

အောက်ပါအချက်လက်များမှသတ်ဖြတ်မှုကိုကိုယ်တိုင်မြင်တွေ့ခဲ့သည်စိုင်းဆမ်တစ်၏ဖခင်ဖြစ်သူလုမ်းနံအုမ်း၏ပြောပြချက်ဖြစ်သည်။သတ်ဖြတ်ပြီးနောက်မြန်မာစစ်တပ်သည်မိုင်းယောင်းရဲကိုအခင်းဖြစ်ပွါးရာသို့ဆင့်ခေါ်လိုက်သည်။ရဲကဖြစ်စဥ်ကိုလုမ်းနံအုမ်းနှင့်သူ၏ဇနီးအားလုံးမေးမြန်းခြင်းမလုပ်သည်မှာလည်းမှတ်သားထားစရာြဖစ်ပါသည်။

လုမ်းနံအုမ်း၏ပြောပြချက်

ကျနော်ကတိုင်းလိရှမ်းပါ။လယ်သမားတစ်ဦးပါ။မိုင်းယော်မြို့နယ်ဝမ်တပ်ကျေးရွာအုပ်စုဝမ်ထင်မှာနေပါတယ်။ကျတော်တို့ရွာမှာအိမ်၁၃အိမ်ရှိပြီးလူ၆၃ဦးရှိပါတယ်။ကျတော်ဇနီးကပါရှံအင်းလို့ခေါ်တယ်။ကျတော်တို့မှာသားသမီးသုံးယောက်ရှိပါတယ်။အကြီးဆုံးသားကတရုတ်ပြည်ရှစ်ဆောင်ပနားမှာရဟန်းဝတ်ပါတယ်။သမီးကအိမ်ထောင်ကျပြီးသူ့ယောကျာ်းနဲ့တခြားရွာမှာနေပါတယ်။အငယ်ဆုံးသားစိုင်းဆမ်တစ်ကကျတော်တို့နဲ့နေပါတယ်။သူကအသက်၃၂နှစ်ရှိပါပြီ။ယခင်ကလယ်လုပ်ပြီး၊၂၀၁၁ခုမှာအက်စ်အက်စ်အေတောင်ပိုင်းအဖွဲ့မှာတနှစ်သွားလုပ်ပါတယ်။နောက်ထွက်လာတယ်။ထွက်လာတဲ့အကြောင်းကိုလည်းမိုင်းယော်ရှိမြန်မာစစ်တပ်ခမရ၃၃၄မှာ၂၀၁၂ခုနှစ်ကသတင်းပို့ထားပါတယ်။နောက်တနှစ်လောက်ကြာတော့သူကစိတ်မမှန်တော့ပါဘူး။

ဒီဒေသရဲ့လူတွေကစိုင်းဆမ်တစ်စိတ်မမှန်ဘူးဆိုတာသိကြပါတယ်။ဒေသခံတွေကစိုးရိမ်ပြီးရဲတိုင်လို့မိုင်းယောင်းထောင်မှာ၄၅ရက်ထောင်ကျခံရဖူးပါတယ်။သူဘယ်သူကိုမှထိခိုက်အောင်မလုပ်ဘူးပါ။လွန်ခဲ့တဲ့သုံးလကကျန်တော်ကားတစီးဝယ်ပါတယ်။သူလည်းကားမောင်းပြီးလျောက်လည်တတ်ပါတယ်။အိမ်ထဲမှာကားထားပါတယ်။သူကကားထဲမှာအိပ်တာကြိုက်တယ်။

၂၀၁၄နိုဝင်ဘာ၁၈ရက်နေ့အိမ်ရှေ့မှာရပ်ထားတဲ့ကားပေါ်မှာစိုင်းဆမ်တစ်ကအိပ်နေပါတယ်။သူကတခြားရွာသားတွေလည်းဝတ်တတ်ကြသလိုစစ်ဘောင်းဘီကိုဝတ်ထားပါတယ်။ခမရ၃၃၅ကစစ်သားတချို့လည်းကင်းလှည့်လာကြတယ်။သူ့ကိုတွေ့တော့ကားထဲကနေထွက်လာခိုင်းတယ်။သူကမထွက်လာဘဲမောင်းပြေးတယ်။စစ်သားတွေလည်းသေနတ်နဲ့ပစ်လို့ကားကိုရှစ်ချက်မှန်တယ်။စစ်သားတွေကသူတို့အရာရှိခင်မောင်သန်းကိုဖုန်းဆက်အကြောင်းကြားတော့ခင်မောင်သန်းကစကားပြန်နဲ့အတူကျန်တော်အိမ်ကိုရောက်လာတယ်။ကျန်တော်ကကျန်တော်သားစိတ်မမှန်တာကိုရှင်းပြတော့သူတို့ကဘာမှအရေးမယူကြပါဘူး။

ဒီဇင်ဘာလ၁၂ရက်နေ့ည၉း၃၀မှာခမရ၅၇၃ကရဲထွန်းအောင်လို့ခေါ်တဲ့မြန်မာစစ်တပ်အရာရှိနဲ့သူ့တပ်သား၁၂ယောက်ရောက်လာပြီးအိမ်မှာရှိတဲ့လူကိုစစ်ပါတယ်။သူတို့နဲ့အတူစကားပြန်ကျန်တော်တို့ရွာကနန်းမွန်း၊ရွာလူကြီးနွင်းလီ၊ကျေးရွာအုပ်စုလူကြီးနွင်းအိမ်တို့ပါတယ်။သူတို့ကကျတော်သားစိုင်းဆမ်တစ်ဘယ်မှာလဲလို့မေးတယ်။ကျန်တော်တို့ကလည်းအိမ်မှာရှိတဲ့ကားထဲမှာအိပ်နေတယ်လို့ပြောပြတယ်။သူတို့ကားထဲကထွက်လာဖို့သူတို့ကခေါ်ထုတ်တယ်။ဒါပေမဲ့သားကမထွက်လာဘူး။စစ်သားအုပ်လည်းရွာထဲကတခြားအိမ်တွေကိုလှည့်ပြီးလူစစ်ကြတယ်။

ည၁၀း၃၀မှာကျန်တော်တို့အိမ်ကိုပြန်လာကြပြီးဝိုင်းလိုက်တယ်။ကျန်တော့်ဇနီးနဲ့ကျန်တော်တို့ကအိပ်ပျော်နေကြပြီ။စစ်သားတွေငကျန်တော်တို့ကိုနှိုးတယ်။မီးဖွင့်ဖို့ပြောတယ်။စိုင်းဆမ်တစ်ကိုလည်းကားထဲကထွက်လာဖို့ပြောတယ်။သူကမထွက်လာဘူး၊ “ကျန်တော်ဘာအပြစ်မှမရှိဘူး” လို့ပြောတယ်။စစ်သားတွေကကားမောင်းမပြေးနိုင်အောင်ကားဘီးကိုလေလျော့တာကျန်တော်တွေ့တယ်။သေနတ်တွေနဲ့လည်းသူ့ကိုချိန်ထားကြတယ်။သူတို့ကပစ်သတ်မှာစိုးလို့ကျန်တော်ကသားကိုကားထဲကထွက်လာဖို့ပြောလိုက်တယ်။

သားကကားထဲကထွက်လာပါတယ်။သူကသူအမြဲဆောင်ထားလေ့ရှိတဲ့သစ်သားအိမ်နဲ့ဒါးမြှောင်းရယ်၊လက်လုပ်သေနတ်တို့ကိုလက်ဝါးနှစ်ဘက်ထဲမှာထားပြီးလက်ဆန့်ထွက်လာပါတယ်။သေနတ်ကဒါးမြောင်းအိမ်ပေါ်မှာတင်လျက်ပါ။ဘယ်သူကိုမှချိန်ရွယ်ထားခြင်းမရှိပါဘူး။သူကကားထဲကနေ အိမ်ထဲက သူ့ခန်းထဲကိုဝင်သွားပါတယ်။ စစ်ဗိုလ်ရဲ့အနား တပေလောက်ကဖြတ်သွားတာပါ။ စစ်ဗိုလ်တောင် တိမ်းပေးလိုက် ရတယ်။ စိုင်းဆမ်တစ်က ဘယ်သူ့ကိုမှ ရန်မမူတာထင်ရှားပါတယ်။ စစ်ဗိုလ်ကလွှဲလို့ စစ်သားတွေ အားလုံးက သူ့ကိုသေ နတ်နဲ့ချိန်ထားကြတယ်။

စိုင်းဆမ်တစ်က သူ့အခန်းထဲ သူဝင်ပြီးတံခါးကို ပိတ်ထားလိုက်တယ်။ ဆယ်မိနစ်လောက်ကြာတယ်။ စစ်ဗိုလ်က သူ့ကိုထွက်လာခိုင်းတယ်။ ကျန်တော်လည်းသူ့ကို “ ထွက်လာ သားမထွက်လာရင် သူတို့မင်းကို အိမ်ထဲပစ်သတ်လိမ့်မယ်။ ဗိုလ်ကြီးနဲ့စကားလာပြောပါ” လို့ပြောတယ်။

နောက်ဆုံးတော့ စိုင်းဆမ်တစ် သူ့အခန်းထဲကနေ ထွက်လာတယ်။ အရင်တုန်းကလိုဘဲ ဆန့်ထားတဲ့ လက်ဝါးနှစ်ဘက် ပေါ်မှာ ဒါးမြောင်းနဲ့ ဒါးအိမ်ပေါ်မှာ သေနတ်က တင်လျှက်။ အိမ်ပေါက်ဝလှေခါးကို အဆင်း သူ့ခြေညှပ် ဖိနပ်တစ်ဘက် ကို အစီးမှား စစ်သားများသူ့ကို စပစ်လိုက်ကြတယ်။ စစ်သားနှစ်ယောက် က လေးချက်ပစ်တယ်။ သူတို့က အိမ်အဝင်ဝ အပြင်ဘက်မှ ရပ်နေကြတာ။ သူတို့နောက်မှာ စစ်ဗိုလ် နဲ့တစ်ခြားစစ်သားတွေ ရပ်နေတယ်။ ကျွန်တော် နဲ့ ကျွန်တော့် ဇနီးလည်း စစ်သားတွေနောက်မှာ ရပ်နေပါသည်။ ဘယ်သူမှ ပစ်မိန့်ပေးတာလည်းမရှိပါဘူး။ သားအိမ်ထဲက ထွက်လာတာနဲ့ ပစ်တော့တာဘဲ။

သေနတ်မှန်တော့ အော်တာနဲ့ ကျွန်တော်လည်းသူ့ကိုသွားပွေ့တယ်။ ကျန်တော်လက်ထဲ နှစ်မိနှစ်လောက်မှာ သူဆုံးသွားတယ်။ “ငါ့သားသေပါပြီ၊ မပစ်ကြပါနဲ့တော့” လို့အော်လိုက်တယ်။ ကျတော်က သူ့ခန္ဓာကို မြေပေါ်ချလိုက်တယ်။

စစ်သွားတွေက သူသေမသေလာစစ်တယ်။ သေနတ်ဒဏ်ရာနှစ်ချက်တွေ့တယ်။ တချက်ကလက်မောင်းမှာ နောက်တစ်ချက်က ဆီးစပ်မှာ။ စစ်သားတယောက်က သားရဲ့ အင်ကျီကိုလှန်ကြည့်တယ်။ ကျန်တော်တော့ တင်ပါးက ဒဏ်ရာဘဲတွေ့တယ်။ တခြားဒဏ်ရာတွေလည်း ရှိမှာပါ။ သူ့ကိုယ်ထဲက သွေးတွေက စီးကျနေတယ်။

စိုင်းဆမ်တစ်က သူ့အခန်းထဲကို ဝင်သွားချိန်မှာ စစ်ဘောင်းဘီကို ဝတ်ထားပေမဲ့ သူပြန်ထွက်လာချိန်မှာ ဘောင်းဘီ အနက်ကို ပြောင်းဝတ်လာတယ်။ စစ်သားတယောက်က ကားထဲမှာ အင်ကျီတွေ့တယ်လို့ဆိုတယ်။ ကားထဲမှာ စစ်အင်းကျီတထည်၊ ကားထဲမှာ သူအမြဲတမ်းထားတဲ့ ဒါးမြောင်းတလက်ကိုယူလာကြတယ်။ ကျတော်ကို အိမ်ထဲက စစ်ဘောင်းဘီသွားယူခိုင်းတယ်။ သူတို့က စိုင်းဆမ်တစ်ရဲ့ စစ်ဝတ်တွေကို ခေါက်လိုက်တယ်။ ဒါးမြှောင်း သုံးလက် ( စိုင်းဆမ်တစ်ခါးတွင် ဒါးအိမ်နဲ့ တလက်ရှိနေ )၊ လက်လုပ်သေနတ်တို၊ တို့ကို စားပွဲတခု ပေါ်တင်ပြီး လက်ကိုင်ဖုန်းတွေက ကင်မရာနဲ့ ဓါတ်ပုံတွေရိုက်တယ်။

စစ်ဗိုလ်က အထက်အရာရှိ ခင်မောင်သန်းကို ဖုန်းဆက်တယ်။ စစ်သား ၃/၄ ယောက်နဲ့ ခင်မောင်သန်း စစ်ထရပ်ကားစီးပြီး ည ၁၁ နာရီလောက်မှာ ရောက်လာတယ်။ ဓါတ်ပုံတွေ ရိုက်တယ်။ သူက ရဲကို ခေါ်လိုက် တယ်။ ရဲ နှစ်ယောက် မိနစ် ၃၀ လောက်မှာ ရောက်လာပြီး မိုင်းယောင်းက ဆရာဝန်ကို လှမ်းခေါ်တယ်။ ရဲက စိုင်းဆမ်တစ်အလောင်းစစ်ဆေးတယ်။ ဘယ်လိုသေသလဲ ဆိုတာကိုတော့ မမေးဘူး။ တနာရီလောက် မကြာခင် ဆရာဝန်နှစ်ယောက် ရောက်လာတယ်။ သူတို့လည်းလက်အိပ်တွေစွပ် အလောင်းကို စစ်ဆေးတယ်။ သူတို့ဘာတွေတွေ့သလဲ ဆိုတာ အနီးကပ်မနေရတော့ ကျန်တော်လည်းမသိရဘူး၊ ဆရာဝန်တွေကလည်း ဘာကြောင့် သေရသလဲဆိုတာမမေးကြဘူး။

“ခင်ဗျားတို့ကိစ္စပြီးပြီလား၊ ကျန်တော့်သားကို သဂြိုလ်လို့ရပြီလား” လို့ရဲကို ကျန်တော်ကမေးလိုက်တယ်။

ရဲက “ ပြီးပြီ၊ သဂြိုလ်လို့ရပြီ” လို့ပြောတယ်။

 

ဆရာဝန်တွေ၊ ရဲတွေနဲ့ စစ်ဗိုလ် ကြီးတွေ ပြန်တော့ စစ်သားတွေက ဝမ်တင်းရွာ ဘုန်းကြီးကျောင်းမှာ သုံးညနေခဲ့ ကြတယ်။

စစ်သားအားလုံးကျန်တော်အိမ်က ထွက်သွားကြတော့ ကျေးရွာအုပ်စု လူကြီးက တခြားဝမ်တင်းရွာသားတွေကို ခေါ်လိုက်တယ်။ နာရေးကိစ္စတွေမှာ တာဝန်ယူတဲ့ ပူဂျန်က အလောင်းကို ချက်ချင်း သဂြိုလ်ရမယ်။ သူကရိုးရိုးသေတာမဟုတ်လို့ ချက်ချင်းမချရင် ရွာထိခိုက်နိုင်တယ်လို့ ဆိုတယ်။ ကျန်တော့ယောက်ဖက မော်တော်ဆိုင်ကယ်စီးပြီး တခြားရွာကလူတွေ လာကူသဂြိုလ်ဖို့ လိုက်ခေါ်ရတယ်။ ကိုယ့်ရွာကလူတွေက ကြောက်လို့မလုပ်ရဲကြဘူး။ တခြားရွာက လူလေးယောက်ကို ၃၀၀၀၀ ကျပ်ပေးပြီး အလောင်းကို ပိတ်ဖြူပတ်၊ ဖျာနဲ့ လိပ်၊ ထော်လာဂျီ နှစ်စီး၊ တစီးငှားခ ၂၀၀၀၀ နဲ့ ရွာသုဿန်ကို ပို့၊ မီးရှို့ဖို့ထင်း ၃၀၀၀၀ ကျပ် ဖိုးဝယ်ပေးရ တယ်။

သဂြိုလ်တဲ့ အလုပ်ကို ဒီဇင်ဘာ ၁၃ ရက်နံနက် ၄ နာရီ မှာလုပ်လိုက်တယ်။ လူ ၂၀ ယောက်လာကြတယ်။ ပူဂျန်က ဆုတောင်းပေးတယ်။

ပူဂျန်က ဘုန်းကြီးကျောင်းကိုသွားတော့ ဘုန်းကြီးက မကောင်းဆိုးဝါးတွေကင်းအောင် သွေးမြေကျတဲ့နေရာက မြေတွေတူးပြီး အလောင်းနဲ့ အတူ မီးရှို့ရမယ်ဆိုလို့ စိုင်းဆမ်တစ်သေတဲ့နေရာက မြေတွေတူးပြီး သုဿန်မှာမီးရှို့ရသေးတယ်။ တငွေ့ငွေ့လောင်နေသေးတယ်။ ဒေသအယူအဆအရ တပတ်ကြာတဲ့ အချိန်မှာ မြေတူးထားတဲ့ အိမ်ပေါက်ရှေ့ကနေရာကို အင်္ဂ​တေလောင်းဖြည့်လိုက်ရတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ ရဲနဲ့ ကျွန်တော်ဝယ်တဲ့ ကားပိုင်ရှင်ဟောင်းစိုင်းဌေး တို့ကျွန်တော့အိမ်ကို ရောက်လာကြတယ်။ ဥပဒေအကြောင်းအရ ကားကို သိမ်းရမယ်လို့ဆိုတယ်။ စာရွက်တရွက် မှာ ရွာလူကြီးရော၊ ကျန်တော်ပါ ရဲက ကားယာယီ သိမ်းတာကို လက်မှတ်ရေးထိုးပေးလိုက်ရတယ်။

အသေးစိတ်သိရှိလိုပါက။

စိုင်းဟော်ရှဲန်      + 66: (0) 93-264-9487 ( Shan, English )

နန်းခွမ်လိတ်       + 66: (0) 84-668-0984 (Burmese, English )

PDF File >>>  Shan Burmese English

ထုတ်ပြန်ချက်