မိုင်းတုံရေကာတာနှင့်ပတ်သတ်ပြီး ကွန်ဟိန်းလူထု ၃၀၀ ဆန္ဒပြမည့်သတင်းကြောင့် သြစတြေးလျ ကုမဏီမှ အတိုင်ပင်ခံပုဂ္ဂိုလ်များ လူထုနှင့်တွေ့ဆုံပွဲရုပ်သိမ်းလိုက်ရ

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ ထုတ်ပြန်ကြေငြာချက်

မေလ ၁ ရက်နေ့ ၂၀၁၅ ခုနှစ်

မိုင်းတုံရေကာတာနှင့်ပတ်သတ်ပြီး ကွန်ဟိန်းလူထု ၃၀၀ ဆန္ဒပြမည့်သတင်းကြောင့် သြစတြေးလျ ကုမဏီမှ အတိုင်ပင်ခံပုဂ္ဂိုလ်များ လူထုနှင့်တွေ့ဆုံပွဲရုပ်သိမ်းလိုက်ရ

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ပြည်သူလူထု ( ၃၀၀ ) ကျော်နှင့် အတူကွန်ဟိန်းမြို့ရှမ်းလွတ်တော်ကိုယ် စားလှယ်မှ သံလွင်မြစ်ပေါ် အကြီးမားဆုံး မိုင်းတုံရေကာတာတည်ဆောက်မည့်လုပ်ငန်းအား ဆန့်ကျင်ဆန္ဒပြ မည်ဟု စီစဥ်ထားမှုကြောင့် ဧပြီလ (၃၀ ) ရက်နေ့က ပြည်သူလူထုနှင့် တွေ့ဆုံရန် ပြင်ဆင်သည့် သြစတြေးလျ အတိုင်ပင်ခံပုဂ္ဂိုလ် များကလူထုနှင့် တွေ့ဆုံမည့်အစီအစဥ်ကိုဖျက်သိမ်းလိုက်ရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်မြို့နယ် ကာလိ၊ ကွန်ဟိန်း၊ ကျိုင်းလွန်း၊ ကျိုင်းခမ်း၊ နောင်ချို၊ ဝိန်းဖွေး၊ ဟိုပန်၊ ဆိုင်ခေါင်၊ ဝမ်လောင်း၊ ခုံးပေါင်း၊ ဆိုင်ခေါင်ဂျမ်း၊ နားပေါင်း၊ ဝမ်ပတ်၊ နမ့်လမ့်၊ နားလိန်းလျန် မှ ပြည်သူလူထု ၃၀၀ ကျော်နှင့် အတူ ကွန်ဟိန်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်က Australian, Snowy Mountains Engineering Corporation ( SMEC ) အား နမ့်ပန်ခန်းမ တွင်စုဆုံကာ ဧပြီလ ၃၀ ရက်နေ့ မွန်းလွှဲပိုင်း ၁း၀၀ နာရီမှ ၃း၃၀ ထိ ဆန္ဒပြမည်ဟုသတင်းများထွက်ပေါ်ခဲ့ပါသည်။

ပြည်သူလူထုမှ ဆန့်ကျင်ဆန္ဒပြမည့်အတွက်ကြောင့် SMEC မှ လူထုနှင့် တွေ့ဆုံရေးအစီစဥ်ကို ရုတ်တရက်ဖျက် သိမ်းလိုက်ရ ပါသည်။

ထို့ကြောင့်ဆန္ဒပြ ပြည်သူလူထု နှင့် ရှမ်းပြည်နယ်ကွန်ဟိန်မြို့နယ် ကျားဖြူပါတီ၏ ပြည်သူ့လွတ်တော်ကိုယ်စား လှယ် နန်းဝါနုတို့သည် ကြေငြာချက်တစောင်ကို ထုတ်ပြန်လိုက်ပါသည်။

ထို့ကြောင့် ဆန္ဒပြ ပြည်သူလူထုနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုအပါအဝင် သမိုင်းဝင်နေရာများပျက်စီး ပျောက်ကွယ် မည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ငြိမ်းချမ်းရေးပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ် ကြောင်း ပါရှိပါသည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသတခုလုံး၊ လူထုမှ ယုံကြည်ကိုးကွယ်သည့် ရှေးဟောင်းဘုရားပုထိုးများ၊ သမိုင်း ဝင်နေရာများ၊ ရွာပေါင်း ၁၀၀ ကျော်၊ နမ့်ပန်မြစ်လက်တက်တစ်လျှောက် ရေအောက်ရောက်ရှိမည်ဖြစ်သည့်အ ပြင် သျှမ်းပြည်တွင်းအလှဆုံးနေရာဖြစ်သည့်နမ့်ပန်ချောင်းအတွင်းမှ ကျွန်းပေါင်း တထောင် ( ကွန်ဟိန် ) သည်လည်း လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်သည်။

ကွန်ဟိန်မြို့နယ်အတွင်းမှ ကျိုင်းခမ်းအုပ်စုတွင် လယ်ယာမြေဧကပေါင်း ( ၁၅၀၀၀ ) ပါရှိသည်။ သို့သော်လူသား မဆန်သော လက်နက်ကိုင် လိုင်စင်ရ သောင်းကျန်းသူများ၏ အတင်းနေရာရွေ့ပြောင်းခိုင်းမှူ ကြောင့် ၁၉၉၆-၁၉၉၈ ခုနှစ်တွင် ဒေသခံများ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုစဥ်က ကျိုင်းခမ်းဒေသခံများအပါအဝင် သျှမ်းပြည်နယ်အလယ်ပိုင်း မှ လူထု သုံးသိန်းကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း SMEC သည် မိုင်းတုံမြို့နယ် ပြည်သူလူထုတို့နှင့် တွေ့ဆုံကာ ရေကာတာ ဆောက်လုပ်ပါက ရရှိမည့် ကောင်းကျိုးဆိုးကျိုးများကို ရှင်းလင်းပြသခဲ့ပါသေးသည်။

မိုင်းတုံပြည်သူလူထုပေါင်း ၁၅၀ သည် မိုင်းတုံ ရေကာတာအား အလိုမရှိကြောင်း ဆန္ဒပြသပိတ် မှောက်ခဲ့ကြသည်။

အကယ်၍ မိုင်းတုံရေကာတာ တည်ဆောက်ခဲ့မည်ဆိုပါက အဆိုပါ ရေကာတာသည် အရှေ့တောင်အာရှ တွင် အကြီးမားဆုံးရေကာတာ ဖြစ်လာမည်သည်။ ရေအားလျှပ်စစ် ၇၀၀၀ မီ ဂါဝပ် ထုတ်လုပ်နိုင်မည့် ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ ကိုတင်ပို့ရောင်းချ မည်ဖြစ်ပါသည်။

မိုင်းတုံရေကာတာ ကို China Three Gorges Corporation, China Southern Power Grid, Sinohydro, The Electricity Generation Authority of Thailand နှင့် the International Group of Entrepreneurs Co. ( Myanmar) တို့ အကျိုးတူပူးပေါင်းတည်ဆောက်ကြမည်ဖြစ်ပါသည်။

 

သတင်းအချက်အလက် အပြည့်အစုံတွေကိုတော့ www.shanhumanrights.org တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

For further information, please contact:

Nang Hseng Hom (Kunhing) (+95) 09-250486512

Nang Mya Lay (Hsai Moan) (+95) 09-32343472

Nang Kham Naung (Wan Lao) (+95) 09-428367849

Sai His Ha (Karli) (+95) 09-428367956

Sai Kham Lu (Karli) (+95) 09-428367625

Sai Lao Mong (ask) Sai Pee (Kunhing) (+95) 09-250252588

SHRF contact persons

Sai Hor Hseng             66: (0) 93-264-9487   (Shan, English)

Sai Kheun Mai             66: (0) 94-638-6759    (Burmese, English)

Office                          66: (0) 9-329-77754

PDF >>> Shan Burmese English

ထုတ်ပြန်ချက်