ထိုးစစ်ဆင်နေသည်အစိုးရစစ်တပ်သည်တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသော (RCSS/SSA)နှင့်ဟိုပုံးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးနောက်အရပ်သားများကိုဖမ်းဆီးနှိပ်စက်ခြင်း ပျောက်ဆုံးခြင်းများဖြစ်ပွား

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၇ / ၁၇ )

သြဂုတ်လ ၄ ရက်နေ့ ၂၀၁၇ ခု။

ထိုးစစ်ဆင်နေသည်အစိုးရစစ်တပ်သည်တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသော (RCSS/SSA)နှင့်ဟိုပုံးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးနောက်အရပ်သားများကိုဖမ်းဆီးနှိပ်စက်ခြင်း ပျောက်ဆုံးခြင်းများဖြစ်ပွား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်အစိုးရစစ်တပ်တို့ ဇူလိုင် ၁၄ ရက်နေ့တွင်တို က်ပွဲဖြစ်ပြီးနောက် လက်တုန့်ပြန်သည့် အနေဖြင့်ဇူလိုင်လ ၁၆-၃၀ ရက် ၂၀၁၇ ခုနှစ်တွင် အစိုးရစစ်တပ် အနည်း ဆုံးတပ်ရင်း၈ တပ်ရင်း၊ အင်အား ရာချီ ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ် တွင်းရှိ ကျေးရွာအုပ်စု ၃ ခုကို ကင်း လှည့်ရာ အရပ်သားများကို ဖမ်းဆီး ခြင်း နှင့်နှိပ်စက်ခြင်းများပြုလုပ်ခဲ့သည်။ ဖမ်းဆီးထားသော ရွာသား ၇ ယောက်ထဲတွင်၁၂ နှစ် ရှိ ယောက်ျားလေး လည်းအပါအဝင်ဖြစ်ပြီး သူတို့အား ဘယ်ဆီသို့ခေါ်ဆောင်သွား သည်ကိုမသိရသေးပေ။

ဖြစ်စဉ်အကျဉ်းချုပ်ကို အောက်ပါအတိုင်းဖော်ပြထားသည်။

ရက်စွဲ အနှိပ်စက်ခံရသော

ရွာသားများ

နှိပ်စက်မှုပုံစံ ဟိုပုံးမြို့ နယ်ထဲမှ တည်နေရာ ကျူးလွန်သော အစိုးရစစ်တပ်
တပ်အင်အား တပ်ရင်းအမှတ် အမိန့်ပေးဌာန
၁၆၊ ၇၊၂၀၁၇ အမျိုးသား ၃ ယောက် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ လုယှက်ခြင်း၊ တစ်ဦးမှာ ဒဏ်ရာကြောင့်ဆေး ရုံတင်ခဲ့ရ မိုင်းပျဉ်းကျေးရွာအုပ်စု မိုင်းပျဉ်းရွာ အနီး ၁၀၀ ယောက် ခမရ ၅၀၈ တပ်မ ၅၅ (ဗထူးအခြေစိုက်)
ခမရ ၄၂၃ ၇ အမှတ် စစ်ဆင်ရေး ကွပ်ကဲမှုဌာန (ဆီဆိုင်)
၁၈၊၇၊၂၀၁၇ အသက် ၁၂နှစ် ကောင်လး နှင့် အမျိုးသား ၃ ယောက် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ နမ့်ပါချီး ကျေးရွာအုပ်စု ခုတ်လောင်း နှင့်ခိုတောင်း ကျေးရွာ အနီး ၁၀၀ ယောက် ခမရ ၄၂၄ စကခ ၇
၁၈၊၇၊၂၀၁၇ အမျိုးသား ၃ ယောက် ရိုက်နှက်ခြင်း၊ ခြေထောက် ဖြင့်ကန်ခြင်း၊ လမ်းပြရန်အ တင်းအဓမ္မစေခိုင်းခြင်း နားပုံကျေးရွာ အုပ်စု နာပုံကျေးရွာ ၆၀ ယောက် ခမရ ၅၀၈ တပ်မ ၅၅
၁၉၊၇၊၂၀၁၇ ရပ်ရွာအ တွင်းရေးမှုး၊ ရွာသူကြီး နှင့် အမျိုး သမီး ၂ ဦးအပါ အဝင် အားလုံးစုစုပေါင်း ၁၉ ယောက်

ရွာတွင်းရှိဘုန်းကြီး ကျောင်းထဲတွင် ဖမ်းဆီးထိန်းသိမ်း ထားခံရခြင်းနှင့် စစ်ဆေးမေးမြန်းမှု များခံရခြင်း

ရွာတွင်းရှိဘုန်းကြီး ကျောင်းထဲတွင် ဖမ်းဆီးထိန်းသိမ်း ထားခံရခြင်းနှင့် စစ်ဆေးမေးမြန်းမှု များခံရခြင်း ၊ လက်သီးဖြင့်ထိုးနှက်ခံ ရခြင်း၊သေနတ်ဒင် ဖြင့်ရိုက်နှက်

ခြင်း နှင့် ဓားဖြင့် ထောက်ခြင်း အပါအဝင် အမျိုးသား ၃ ယောက်ပျောက်ဆုံးခြင်း

နားပုံကျေး ရွာအုပ်စု နမ့်ခုတ် ကျေးရွာ ၁၀၀ ယောက် ခလရ ၂၂၅ တြိဂံနယ်ဒေသတိုင်းစစ် ဌာနချုပ် (ကျိုင်းတုံ)
ခလရ ၂၄၉ အရှေ့ပိုင်း စစ်ဌာနချုပ် (တောင်ကြီး)
၂၉, ၃၀၊ ၇၊ ၂၀၁၇ အမျိုးသား ၃ ယောက် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တယောက်ကို ပစ်သတ်ခြင်း နမ့်ပါ ချီးကျေး ရွာအုပ်စု ဟိုင်ခိုင်း ကျေးရွာအနီး ၅၀ ယောက် ခမရ ၄၂၁ စကခ၇
ခမရ ၄၂၃ စကခ၇
ခမရ ၄၂၅ စကခ၇

 

ဒေသအတွင္း အခြေစိုက် တပ်ဖြစ်သော ခလရ ၂၄၉ သည် ဇူလိုင်လ ၁၄ ရက်နေ့တွင် RCSS/SSA နှင့် ဟိုင်ခိုင်း ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသည်။ တခြားတပ်ရင်းများမှ လာသော တပ်အင်အား ရာချီ ကို နမ့်ပါချီး ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများ ထဲတွင်ဖြန့်ကျက်ထားသည်။RCSS/SSAသည်တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ရေးထိုးထားသောကြောင့်တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းအရင်းကို ရှမ်းပြည်ပူးတွဲစောင့်ကြည့်ရေးကော်မတီစားပွဲပေါ်တွင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းသင့်သည်။

အစိုးရစစ်တပ်သည်နှစ်ဘက်ညှိနှိုင်းဆွေးနွေးရမည့်အစားတပ်အင်အားကိုတခြားစစ်ဌာနချုပ်များမှခေါ်ယူဖြည့်တင်းကာပြန်လည် လက်တုန့်ပြန်ခဲ့သည်။ထိုတပ်ရင်းများကလည်းအရပ်သားများ ကိုပစ်မှတ်ထားပြီးအစီအစဉ်ရှိရှိအမိန့်အရဖိနှိပ်ညှင်း ပန်းကြသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ လာသော စစ်သားများက အမျိုးသမီး နှစ်ဦး အပါအဝင် ရွာသူရွာသား ၁၉ဦးကိုနမ့်ခုတ်ဘုန်းကြီးကျောင်းတွင် ချုပ်နှောင်ခါ နှိပ်စက်ညှင်းပန်းကြသည်။

အရပ်သားများကိုဥပဒေမဲ့စွာဖမ်းဆီးခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းများသည်NCAသဘောတူညီချက်ကိုတိုက်ရိုက်ချိုးဖောက် ရာရောက်သည်။ဤသို့ဗြောင်ချိုးဖောက်နေခြင်းအားဖြင့်အစိုးရစစ်တပ်သည်NCAနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးအ ပေါ်လုံးဝ မထင်မဲ့မြင်ပြုလုပ်နေခြင်းဖြစ်သည်။အရပ်သားပြည် သူလူထုအပေါ်အစီအစဉ်ရှိရှိစံနစ်တကျလူ့အခွင့်အရေး ချိုးဖောက်မှုများဆက်တိုက်ဖြစ်ပေါ်နေခြင်းကိုSHRFမှအပြင်းအထန်ရှုတ်ချလိုက်သည်။မြန်မာ့အစိုးရမှသူတို့၏စစ်တပ်ကို ဒီချိုးဖောက်မှုအပေါ်ချက်ချင်းရပ်တန့်ခိုင်းရမည့်တာဝန်ရှိသည်။နိုင်ငံတကာအဖွဲ့အစည်းများကလည်းဒီချိုးဖောက်မှုပြီးဆုံး သွားစေရန်မြန်မာ့အစိုးရကို တိုက်တွန်းဖို့လို အပ်ပါသည်။

အစိုးရစစ်တပ်၏လူ့အခွင့်အရေးချိုးဖေါက်နေမှုများကိုကာကွယ်ရန်နှင့်အားပေးရန်အတွက်မြန်မာအစိုးရသည် UN မှ အချက်လက်စုဆောင်းရေးမစ်ရှင်ကို ပိတ်ပင်ခဲ့သလိုဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည် မြန်မာနိုင်ငံကို ( ဇူလိုင် ၉ – ၂၁ ) နေ့ ရောက်နေချိန်အတော အတွင်း အရပ်သားပြည်သူလူထုများ အပေါ် အစိုးရစစ်တပ်များကရဲတင်းစွာလူအခွင့်အရေး ချိုးဖောက်မှုများအကြီးအကျယ်ပြုလုပ်ခြင်းသည် ယခုအစိုးရလက် အောက်တွင် သူတို့ကို အရေးမယူ သောကြောင့် ဖြစ်သည်။

အသက် ၁၂ အရွယ်ယောက်ျားလေး အပါအဝင် ရွာသား ၇ ယောက်၏ ကံကြမ္မာကို လွန်စွာစိုးရိမ်သောကြောင့် ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် SHRF မှ တိုက်တွန်းပါသည်။

ချိုးဖောက်မှု အသေးစိတ်

အစိုးရစစ်တပ်က ဒေသခံရွာသား သုံးဦးအား ရိုက်နက် လုယူ၊ တစ်ဦးဆေးရုံတင်ရ

ဇူလိုင်လ ၁၆၊ ၂၀၁၇ ၊ မနက် ၉ နာရီတွင် ရွာသားနှစ်ဦးဖြစ်သော စိုင်းဥတ္တရ နင့် သူ့သူငယ်ချင်းဖြစ်သူ စိုင်းစု ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းရွာ အနားရှိ ခိုလုံတံတား အနောက်ဖက် ဈေးဆိုင်တွင် ဝက်သား ဝယ်ရန်ဆိုင်ကယ် ဖြင့် သွားခဲ့ပါသည်။ ဝက်သားကို ဘယ်ဆိုင်မှာ မှရှာမရ၍ မိုင်းပျဉ်းရှိစိုင်းဥတ္တရအိမ် သို့ပြန်လှည့် လာခဲ့ပါ သည်။

ထိုအချိန်တွင် ရပ်စောက်မြို့နယ် ဗထူးမှ ခလရ ၅၀၈ နှင့် ဆီဆိုင်မှ ခလရ ၄၂၃ တို့ မှ တပ်သား အရောက် ၁၀၀ခန့်က ကင်းလှည့်နေသည်။ ဇူလိုင်လ ၁၄၊ ၂၀၁၇ တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS / SSA) နှင့် အစိုးရစစ်တပ် ခလရ ၂၄၉ ၏ ဟိုင်ခိုင်းရွာ နမ့်ပါချီးကျေးရွာအုပ်စုတွင် တိုက်ခိုက်မှုဖြစ်ပွားပြီး သည့် နောက်ပိုင်း အနားတစ်ဝိုက် တပ်စွဲထားခဲ့ခြင်းဖြစ်သည်။ (ဟိုင်းခိုင်းကျေးရွာသည် မိုင်းပျဉ်း ၏ မြောက်အရပ်ဖက်တွင်ရှိပြီး ဆိုင်ကယ်ဖြင့် တစ်နာရီကြာ မောင်းရသည်။)

အစိုးရစစ်တပ်မှ ရွာသားများမောင်းလာသော ဆိုင်ကယ်ကို ရပ်ရန် တားခဲ့သည်။ စိုင်းဥတ္တရ ဆိုင်ကယ်ကို ရပ်ခဲ့ သော်လဲ ဆိုင်ကယ်ပေါ်မှ ဆွဲချ ခံရပြီး ဦးခေါင်းကို သေနတ် ဒင်ဖြင့် သွေးထွက်ပြီး ၅ မိနစ်ခန့်သတိမေ့ သည် အထိရိုက်နက်ခဲ့သည်။

စိုင်းစုကိုလဲလက်သီးရောခြေထောက်နှင့်ပါ၅ချက်ခန့်ကန်ခံရသည်။အစိုးရစစ်တပ်က”နင်တို့ကထောက်လမ်းရေးတွေလား၊ ဘာလို့ငါတို့ကိုတွေ့တော့နောက်ပြန်လှည့်တာလဲ”ဟုမေးခဲ့သည် ။ အစိုးရစစ်တပ် မှ ကာ လပေါက်ဈေး ၁၃၀,၀၀၀ ကျပ်တန်ဖိုးရှိသော ဟန်းဖုန်း နှင့် ငွေသား ၇၀,၀၀၀ ကို ယူသွားသည်။ ငွေလက်စွပ်၊ဓားတစ်လက်နှင့်အိတ်တစ်အိတ်ကိုပါယူသွားခဲ့သည်။

စိုင်းဥတ္တရ ဆေးကုသမှုခံယူစဉ်

ထို့နောက် ထိုတပ် မှ တပ်မှုးက အခြေအနေကိုလာရောက်မေးခဲ့သည်။စိုင်းဥတ္တရ ကို ရိုက်နှက်ခဲ့ သော စစ်သား ကသူက သေနတ် ကို လုယူဖို့ကြိုးစား ခဲ့သည်ဟု တပ်မှုးကိုပြောခဲ့ပါသည်။

ထိုရွာသား နှစ်ယောက်ကို စစ်ဆေးမေးမြန်းနေစဉ် ရွာသားနောက်တစ်ဦး (စိုင်းခေး) လယ်ကွင်းမှ အလာ သူ၏ ထွန်စက်အပိုပစ္စည်း အဝယ်တွင် ထို အစိုးရစစ်တပ်နှင့် ဆုံခဲ့သည်။ ထိုနည်းအတူ အစိုးရစစ်တပ်မှစိုင်းခေး ကို တားခဲ့ပြီး မျက်နှာကို လက်သီးဖြင့် နှစ်ချက် ထိုးခဲ့သည်။

 

အစိုးရစစ်တပ်မှ ထိုရွာသားသုံးဦးကို ခိုလုံတံတား အနောက်ဖက်ရှိ ငါးကန်ထဲသို့ဆင်းနေခိုင်းပြီးသေနတ်ဖြင့် မိုးပေါ်သို့ နှစ်ချက် ထောင်ပစ်ပြီးခြောက် ခဲ့ပါသည်။ ပြီးတော့ ထိုရွားသားတွေကိုလည်း သူ တို့မပြန်မခြင်းမ လှုပ်ဖို့ ခြိမ်းခြောက်ခဲ့ သေးသည်။ ထို့နောက် သူတို့ နောင်ရဆိုုင်း လမ်းအတိုင်းပြန် လှည့်သွားကြသည်။

အစိုးရစစ်တပ်တို့ပြန် လှည့်သွားသည်နှင့် စိုင်းစု က စိုင်းဥတ္တရ ကို ဆေးခန်းသို့ချက်ချင်း ခေါ်သွားခဲ့သည် ။ ဆရာဝန် က စိုင်းဥတ္တရ အခြေအနေ စိုးရိမ်ရသော ကြော င့် ဟိုပုံးဆေးရုံးကြီး မှာ ဓာတ်မှန်ရိုက်ရန် ပြောခဲ့သည်။ ထိုနေ့ ည ၈:၃၀ တွင် စိုင်းဥတ္တ မ ၏ ယောက်ဖဟိုပုံးဆေးရုံသို့လိုက် ပို့ခဲ့သည်။ ည ၁၁ နာရီတွင် အရေးပေါ်ကု ခဲ့ရ သည်။ ဇူလိုင် ၁၉ ရက်နေ့အထိ ဆေးရုံုကြီးတွင်ရှိနေခဲ့ပြီး ထိုနေ့ တွင် စရဖမှ တပ်သား ၅ ယောက် က စိုင်းဥတ္တရ ကို တောင်ကြီးတွင် ဆက်လက် ဆေးကုသမှု့ခံယူဖို့ ခေါ်ဆောင်သွားခဲ့ သည်။ တောင်ကြီးတွင်ဇူလိုင် ၂၁ ရက် တွင် ဆေးရုံ မှ ထွက်ခွာခွင့်ပြုလိုက်ပြီးမိုင်းပျဉ်းသို့သူ၏ နေအိမ်တွင် ပြန်ရောက်ခဲ့သည်။ ဆေးကုသမှု ကာလ တွင် ကုသစရိတ် ကို ထောက်ပံ့ပေးခဲ့ သော်လည်း ၊ စားစရိတ် နှင့် အထွေထွေအသုံးစ ရိတ်ကို တော့ ကိုယ့်ပိုက်ဆံ ကိုယ်သုံးခဲ့ရသည်။

ဇူလိုင်လ၂၀, ၂၀၁၇ တွင် ခမရ ၄၂၃ မှ ဗျူဟာမှူး က စိုင်းစု ကို ဖာလိုင်းရှိသူတို့တပ်တွင် မိုင်းပျဉ်း ကျေးရွာ အုပ်စု ဥက္ကဌ ကို တွေ့ရန် ပြောခဲ့ သည်။ ပိုက်ဆံကို တော့ စိုင်းစုထံပြန် အပ်ခဲ့ပြီး ဖုန်းကိုတော့ ဘယ်တပ်သား ယူသွားလဲမသိဘူးဟု သူ ကပြောပါသည်။ ဖုန်းအစား ငွေသား ၁၃၀,၀၀၀ ကျပ်ပေးခဲ့သည်။ ကျန်သည့် ပစ္စည်း အတွက်တော့ လျော်ကြေးမရရှိခဲ့ပါ။ ထို့နောက် ဗျူဟာမှုးမှ သူ၏ တပ်သား၏ လုပ်ရပ်အပေါ် တောင်းပန်ခဲ့ပြီး သတင်းနှင့်အင်တာနက်ပေါ်လည်းမတင်ရန် တောင်းဆိုခဲ့ပါသည်။

ရိုက်နှက်ခံရသော ရွာသား၃ ယောက်၏ အသေးစိတ်ကို အောက်တွင်ဖော်ပြထားသည်။

၁။ ဟိုပုံးမြို့နယ် ဝမ်မိုင်းပျဉ်းကျေးရွာ အုပ်စု မိုင်းပျဉ်းကျေးရွာနေ လုင်းပုည နှင့် ပါနွံ တို့၏သား စိုင်းဥတ္တရ အသက် ၃၉ နှစ် နန်းဖစ်နှင့် အိမ်ထောင်ပြုပြီး ၁၁ နှစ် အရွယ်ရှိ သား တစ်ယောက်နှင့် ၂ နှစ် အရွယ်ရှိ သမီး တို့ထွန်းကားခဲ့ပါသည် ။ ပြောင်းဖူးခြံစိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။

၂။ ဝမ်မိုင်းပျဉ်းကျေးရွာ၏ အရှေ့ ဘက်ရှိ ဝမ်နားလုံ မှ လုင်းညဏ်စိန်၏သား စိုင်းစု အသက် ၃၁ နှစ်

၃။ ဟိုပုံးမြို့နယ် ဝမ်မိုင်းပျဉ်းကျေးရွာအုပ်စု မိုင်းပျဉ်းရွာ နေ စိုင်းဆန်လိတ် ၏သားဖြစ်သူ စိုင်းခေးအသက် ၂၃ နှစ်

အသက်၁၂နှစ်ကောင်လေးအပါအဝင် ရွာသား ၄ ယောက် ကို အစိုးရစစ်တပ် မှ ဥပဒေမဲ့စွာ ဖမ်းဆီးပြီးဘယ်ဆီသို့ရောက်ရှိခြင်း ကိုလိုက်ပါသိရှိခြင်းမရှိသေး။

ဇူလိုင်လ ၁၈ ၊ ၂၀၁၇နံနက်၁၀နာရီခန့်တွင်ခုတ်လောင်းကျေးရွာမှစိုင်းစံနှင့်စိုင်းပန်တအမည်ရှိ လယ်သမားမှသူ၏ယာ ခင်းမှ ရွာအနီးတွင် စိုင်းစံတွင် သေနတ်နှစ်လက် ( တောအတွင်းအ မဲလိုက်ရန် နှင့် တောရိုင်း တိရစ္ဆာန် ရန်မှကာကွယ်ရန် အသုံးပြုသော ပြောင်းအရှည် နှင့်အတို) သယ်ဆောင်လာပြီး အပြန်အစိုးရ စစ်တပ် ခမရ ၄၂၄ မှ တပ်သား ယောက်၁၀၀ခန့်နှင့်ဆုံခဲ့သည်။အစိုးရစစ်တပ်မှဖမ်းစီးစစ်ဆေးပြီးခုတ်လောင်းကျေးရွာသို့ခေါ်ဆောင်ပြီးခိုတောင်းလမ်းအတိုင်း ခေါ်ဆောင်သွားသည်ဟုမျက်မြင်သက်သေထံမှသိရပါသည်။

အစိုးရစစ်တပ်သည် အသက် ၁၂ နှစ် အရွယ်ရှိ စိုင်းဝင်း သည် သူ့အဖိုးကို ခိုတောင်း တောင်ဘက်ရှိ နမ့်ခုတ် ကျေးရွာသို့ ပို့ပေးပြီး အပြန်လမ်းတွင် တွေ့သည် ။ ထိုဧရိယာတစ်ဝိုက်တွင် ဖုန်းလိုင်းမရှိ သောကြောင့် ရွာသားအချင်းချင်း အဆက်သွယ်လုပ်ဖို့ သူသည် ဝေါ်ကီတောကီ ကိုင်ဆောင်ထားသည်။ ခိုတောင်းကျေးရွာအနီးရှိတောင်ထဲရှိ လုင်းဝဏ ပိုင်သောပြောင်းစိုက်ခင်းထဲတွင် တခြားရွာသားနှစ်ယောက်နှင့် အတူသူ့ကို ဖမ်း ဆီးလိုက်သည်။

ပြောင်းစိုက်ခင်းအနီးတွင် နောက်ထပ်ရွာသားဖြစ်သူ ထွန်ယက်နေသောစိုင်းလှထွန်းကို အစိုးရစစ်တပ်က တွေ့ သည်။ သူ့ကိုလည်း တခြားရွာသားများနှင့် အတူဖမ်းဆီးလိုက်သည်။ ထိုညတွင် လုင်းဝဏ ၏ ပြောင်းစိုက်ခင်း ထဲတစ်ည အိပ်ခဲ့သေးသည်။

လုင်းဝဏ ၏ စိုက်ခင်းထဲရှိနေချိန်တွင် အစိုးရတပ်များက ဆန်များနှင့် ဆီများကို မြေပေါ်သို့သွန်ချပြီးဆန် ၆ တင်း အပါအဝင် ၆၀,၀၀၀ ကျပ် တန်ဖိုးရှိဆန်မှုန့် ၊ ၂၀,၀၀၀ ကျပ် တန်ဖိုးခန့် ရှိသော စားသုံးဆီ နှင့် ၅၀,၀၀၀ ကျပ် တန်ဖိုးရှိ ဓာတ်ဆီ တို့ကိုပါယူသွားခဲ့သည်။ ထို့အပြင် နေ စွမ်းအင်သုံး ဆိုလာ ပြား ( ၁၀၀,၀၀၀ကျပ် )ထမင်းအိုး ၅အိုး(၃၀,၀၀၀ ကျပ်)၊ ပန်းကန် အချပ် ၃၀( ၅၀,၀၀၀ကျပ်)၊ ဇွန်းအချောင်း ၂၀ (၆,၀၀၀ ကျပ်)၊ ဓား၃လက်(၁၅,၀၀၀ ကျပ်)၊ စောင် ၅ထည် (၄၀,၀၀၀ ကျပ်)၊နှင့်ကြက် ၇ ကောင်(၃၀,၀၀၀ ကျပ်) တို့ကိုလည်းယူသွားခဲ့သေးသည်။

နောက်တစ်နေ့တွင် အစိုးရစစ်တပ်က တခြားရွာသား ၄ ယောက်ကို ခိုတောင်၏ ရွာဘုန်းကြီးကျောင်းတွင် တစ်ည ထိန်းထားသည်။ ထို့နောက် သူတို့ကို ခုတ်လောင်း ကျေးရွာသို့ခေါ်ဆောင်သွားပြီး ဘုန်းကြီးကျောင်း ထဲတွင် ၂ ည ဖမ်းဆီးထိန်းသိမ်း ထားသည်။ ခုတ်လောင်း တောင်ဘက် နမ့်ဆူ ကျေးရွာ ရှိရွာက ဘုန်းကြီး ကျောင်း တွင် တစ်ညတာထိန်း သိမ်းထား သော နေရာတွင် ခေါ်ဆောင်သွားသည်။ နောက်တစ်နေ့ တွင် စစ်ကားဖြင့် ရွာသား ၄ ယောက်ကို ခေါ်ဆောင်သွားသည် ။အစိုးရစစ်တပ်တပ်စိုက်ရာနေရာဖြစ် သော ဖာလိုင်း သို့ခေါ်ဆောင် သွားသည်ဟုကောလ ဟာလ ပြောဆိုသော်လည်း တရာဝင်ထုတ်ဖော်ခြင်း မရှိသေးပေ။ဘယ်နေရာတွင် အသက်ရှင်နေသေး လဲ ဟု သူတို့၏မိသားစု များ လွန်စွာ စိုးရိမ်ပူပန်လျက်ရှိ သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ရွာသား ၄ ယောက်၏ အသေးစိတ်ကို အောက်ပါ အတိုင်းဖော်ပြထားသည်။

၁။ ဟိုပုံးမြို့နယ် ပါချီးကျေးရွာအုပ်စု ခုတ်လောင်းရွာ လုင်းကြာ နှင့် ပါခေါင် တို့၏သား စိုင်းစံ အသက်၂၉ နှစ် နန်းဖစ်နှင့် အိမ်ထောင်ကျပြီး သူ့မိန်းမ ကိုယ်ဝန် ၉ လ ဆောင်နေသည်။

၂။ ဟိုပုံးမြို့နယ် ပါချီးကျေးရွာအုပ်စု ခုတ်လောင်းရွာနေ လုင်းအိန္တာ နှင့် ပါအွန် တို့၏သား စိုင်းပန္တ အသက် ၃၀ နှစ် နန်းယိင်းနှင့် အိမ်ထောင်ပြုပြီး ဆယ်နှစ်အောက် ကလေး ၃ ယောက်ရှိသည်။

၃။ ဟိုပုံးမြို့နယ် ပါချီးကျေးရွာအုပ်စု ခိုတောင်းရွာ နေ စိုင်းစိန္တာ နှင့် နန်းလူတို့၏သား ၁၂ နှစ်အရွယ်ဖြစ်သည့်စိုင်းဝင်း

၄။ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ် ကျေးရွာအုပ်စုမှ နားလှရွာ နေ လုင်းစန်းအောင် နှင့်ပါလူ တို့၏သား စိုင်းလှထွန်းအသက် ၂၄ နှစ်၊ ဝမ်ခိုတောင်း ရှိ လုင်းစီလိ လယ်ကိုထွန်ယက်ဖို့ရောက်လာ ခြင်း ဖြစ်သည်။

အစိုးရစစ်တပ်သည် ရွာသား ၃ ဦးကို ရိုက်နှက် ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းနှင့် အတင်းအဓမ္မ လမ်းညွန်ခိုင်း

ဇူလိုင်လ ၁၈ ရက် ၂၀၁၇ ခုနှစ် နေ့လည် ၁၂ နာရီ အချိန်တွင် နားပုံကျေးရွာ၏ မြောက်ဘက်ရှိကျိန်းခမ်း အခြေစိုက် တပ်အင်အား ၆၀ ရှိသည့် ခမရ ၅၀၈ နှင့် ၅၀၉ တို့သည် ဟိုပုံမြို့နယ်နားပုံကျေးရွာအုပ်စုမှ နားပုံရွာ ရှိ နမ့်အက် ချောင်း ၏အရှေ့ဘက်တွင်ဖြတ်သွားသည်။ထိုနေရာတွင်ချောင်းကျော်ဖို့တံတားမရှိသောကြောင့်တစ်ချိုချောင်း့ဖြတ်ကျော် ပြီး တချို့မဖြတ်ကျော်နိုင်သဖြင့် အနောက်ဘက် ကမ်းတွင်ကျန်ရစ်နေခဲ့သည် ။ ကမ်း ကူးပြီးလာသော အစိုးရစစ်တပ်သည်နားပုံရွာ၏ ချောင်းနားတွင်နေထိုင်သည့် လုင်းစိန်ကုလား အိမ်ဆီကို လာသည်။သူ့ကို ဖမ်းဆီးပြီးလက်သီးဖြင့််ထိုး ခြင်း ခြေထောက် ဖြင့် ၈ ချက်ကန်ဆောင့်ခြင်းပြုလုပ်ပြီး “ဒီတစ်ဝိုက် ဘယ်ရှမ်းစစ်တပ်မှမတွေ့ဘူးလား “ဟုမေးကာချောင်းဖြ တ်ဖို့တံတား ဘယ်မှာလည်းဟုမေး သည်။ ထို့နောက် သူ့ကို တံတားရှိသည့်နေရာပြခိုင်းဖို့ အမိန့်ပေးရာ ရွာ၏တောင်ဘက်သို့ခေါ် ဆောင် လမ်းပြပေးခဲ့ရ သည်။

အစိုးရစစ်တပ်သည် နားပုံရွာကိုဖြတ်ရာတွင် ရွာသားတို့အိမ်ထဲမှ တခြားရွာသား ၂ ယောက်ကို ထပ်ပြီးဖမ်ဆီး ကာ တစ်ယောက်မှာ အိုက်ကုလားဖြစ်ပြီး သူ့ကို လက်သီးဖြင့် ၃ ကြိမ်တိုင် ထိုးရာနောက်ထပ်တစ်ယောက်ဖြစ်သူ စိုင်းလိင်းကိုလည်း လက်သီး ဖြင့် ထိုး ကြိတ်ပြီး ခြေထောက်ဖြင့် ၉ ချက်လောက်ကန်သည်။ စစ်တပ်များကိုတံတား ဆီခေါ်ဆောင်သွားဖို့သူတို့ နှစ်ယောက်ကိုအမိန့်ပေးသည်။ တံတားကိုရောက်သည့် ချိန်တွင် အစိုးရ စစ်တပ်ကရွာသား သုံးယောက်ကို ခေါ်ပြီးနားပုံရွာသို့ပြန်ကာ ထိုနေရာသို့ရွာသူကြီးသူ၏ရွာသားဖြစ် ကြောင်းထောက်ခံပြီး နောက်ပိုင်းထိုနေ့ မွန်းလွဲ ပိုင်း၅ နာရီ အချိန်တွင်ပြန်လည်လွတ်ပေး သည်။

ရွာသားများ၏ အသေးစိတ်ကိုအောက်တွင်ဖော်ပြထားသည်။

၁။ လုင်းစိန်ကုလား အသက် ၄၅ နှစ် ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု နားပုံရွာ

၂။ အိုက်ကုလား အသက် ၃၃ နှစ် ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု မှ နားပုံရွာ နေ လုင်းမတ်၏ သားမက်

၃။ စိုင်းလိင်း အသက် ၃၂ နှစ် ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စုမှ နားပုံရွာ နေ လုင်းဆာ ပါလှဆွေတို့၏သား

 

ရပ်ရွာ ဥက္ကဌ နှှင့် အတွင်းရေးမှူး အပါအဝင် ရွာသူရွာသား၁၉ ယောက်ကို ဘုန်းကြီးကျောင်းထဲတွင် ၃ ရက် ကြာ ချုပ်နှောင်နှိပ်စက်ခံရပြီး ကျန် ရွာသား ၃ ယောက်မှာ ဘယ်ဆီသို့ ခေါ်ဆောင်သွားသည်ကို သိရှိခြင်းမရှိ။

ဇူလိုင်လ ၁၈ ရက် ၂၀၁၇ ခု မွန်းလွဲပိုင်း ၄း၀၀ နာရီ အချိန်တွင် မိုင်းတုံမှ အစိုးရစစ်တပ် ခလရ ၂၂၅ နှင့် ၂၄၉ သည် နမ့်ခုတ်ကျေးရွာ အိမ်ခြေ ၁၂၀ ရှိသည့် ရွာထဲမှ တစ်အိမ်ချင်းစီ ရှမ်းစစ်သားကို စတင်ရှာဖွေသည်။ သူတို့သံသယ ရှိသူများဖြစ်သော ရွာသူရွာသား ၁၉ ယောက်ကို (အမျိုးသား ၁၇ ဦး နှင့် အမျိုးသမီး ၂ ဦး) လက်နောက်ပြန်ကြိုး တုတ်ပြီး သူတို့နှင့်အတူ နမ့်ခုတ် ဘုန်းကြီးကျောင်းရှိတဲ ထဲတွင် ၃ ရက်ကြာဖမ်းဆီးသွားသည်။

ဖမ်းဆီးထိန်းသိမ်းထားချိန်တွင် ဖမ်းဆီးထားသောရွာသူရွာသားများကို တစ်ယောက်ချင်းဆီ ဘုန်းကြီးကျောင်းရှေ့တွင်တစ်ယောက်ချင်းဆီ ခေါ်ဆောင်လာပြီး ရှမ်းစစ်သားအကြောင်းကို စစ်ဆေးမေးမြန်းရာ တွင် ‘ ရှမ်းတပ်ဖွဲ့တွေ ဒီဘက်လာတာ ဘာဖြစ်လို့ငါတို့ကို သတင်းမပို့တာလဲ ’ ဟုမေးမြန်းသည်။

ဖမ်းဆီးသွားသောရွာသားများကိုမေးခွန်းများမေးရာတွင်ဗမာလိုမေးမြန်းသဖြင့်တစ်ချို့ရွာသားများကဗမာလိုကောင်းစွာနားမလည်ပေ။ ဖမ်းဆီးထိန်းသိမ်းထားသောရွာသူရွာသားများကို မေးမြန်းရာတွင် ဖြေသည်ဖြစ်စေ မဖြေ သည်ဖြစ်စေ ရိုက်နှက်ခံရသည်။ ရွာသားများရှမ်းဘာသာဖြင့်ဖြေဆိုရာတွင် ပိုမိုရိုက်နှက်ခံရသည်။ တစ်ချို့သော ရွာသားသည် ခေါင်းပိုင်း နှင့် ကိုယ်ခန္တာပိုင်းကို သေနတ်ဒင်ဖြင့် ရိုက်နက်ခံရသည်။ တစ်ချို့သောရွာသား မှာ ခေါင်းကိုဓားဖြင့် မူးမေ့သွားသည်ထိ ထောက်သည်။

ရွာသူကြီးဖြစ်သော စိုင်းပန်တ သည် ဖမ်းဆီး ရိုက်နှက်ခြင်းကို ပိုခံရသည်။ သူ့ကိုသေနတ်ဒင်ဖြင့် နေ့တိုင်း ရိုက်နှက်ပြီး မျက်နှာကိုဓားဖြင့်ထောက်သည်။ တခြားရွာသားဖြစ်သော စိုင်းထွန်းငွေသည်ခေါင်းတွင်ပြင်းထန်စွာရိုက်နက်ခံရသော ကြောင့် အကြားအာရုံဆုံးရှုံးခံရပြီးသေနတ်ဒင်ဖြင့်ရိုက်နက်ခံရသောကြောင့်ဘ ယ်ဘက်လက်ကြာကြာထောင်၍မရတော့ပေ။

အမျိုးသမီးနှစ်ယောက်မှာလည်းထိန်းသိမ်းခံရပြီး မျက်နှာကို လက်သီးဖြင့် အကြိမ်ပေါင်းများစွာ ထိုးနှက်သည်။

ရွာသားများကိုဖမ်းဆီးထိန်းသိမ်းထားချိန်တွင်မိသားစုများထံမှအစားအသောက်ရယူစားသောက်နိုင်သည်။သို့သော်လည်းမိသားစုများမှာအနားကပ်ခွင့်မပြုဘဲ အစိုးရစစ်သားမှတစ်ဆင့် အစားသောက်ပို့ပေးရသည်။

ဖမ်းဆီးထိန်းသိမ်းထားသောရွာသူရွာသားများထဲမှ ၁၆ ယောက်ကို ဇူလိုင် ၂၁ ရက်နေ့တွင် လွှတ်ပေးလိုက် သည်။ ကျန် ၃ ယောက်ဖြစ်သော စိုင်းကို၊ စိုင်းသောန နှင့် စိုင်းစိန္ဒာ တို့ကို ပြန်လည် လွတ်ပေးခြင်း မရှိသေးပါ။ထိုသုံးယောက်ကို ဇူလိုင် ၂၁ ရက်နေ့အစိုးရတပ်ပြန်လည်ဆုတ်ခွာရာတွင်သူတို့၏ လက်နှစ်ဘက်ကို နှီးဖြင့် ဝါးမှာ ချီပြီး သူတို့နှင့် အတူ နမ့်ခုတ်ရွာမှ ဆုတ်ခါကြီးတော်ရွာနှင့်ပါသြရွာသို့ဦးတည်သွားကြသည်။သူတို့၏အခြေအနေကိုမသိရှိရသည့်အပြင်ဘယ်သို့ခေါ်ဆောင်သွားသည် ကိုလည်းမသိရသောကြောင့်သူတို့၏မိသားစုနှင့်ရွာသူ ရွာသားများကအရမ်းစိုး ရိမ် နေပါသည်။

ဘုန်းကြီးကျောင်းတွင် ရိုက်နှက်ပြီးထိန်းသိမ်းခံထားရသော ရွာသူကြီးဖြစ်သည့် စိုင်းပန်တ နှင့် ရပ်ရွာ အတွင်းရေးမှူး ဖြစ်သော စိုင်းဝိလိယ တို့ကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့တွင် အစိုးရတပ်နှင့် အတူဖမ်းဆီးခေါ်ဆောင်သွားသည်။ သူတို့နှင့် အတူ ကြီးတော်ရွာ နားရှိတောထဲတွင် တစ်ညထားပြီး ပြန်လည်လွတ်မြောက်ခဲ့သည်။

အစိုးရတပ်မှ ဘုန်းကြီးကျောင်းထဲသို့ ဖမ်းဆီးနှိပ်စက်ခံရသောရွာသူရွာသားများ၏ အသေးစိတ်ကို အောက်ဇယား တွင်ဖော်ပြထားသည်

 

စဉ်။ အမည် အသက် မိဘ ဇာတိရွာ ထိန်းသိမ်းမှုကြာချိန်
၁။ စိုင်းပန်တ

(ရွာသူကြီး)

၃၃ လုင်ဆန်တိမှာ +ပါငွေ ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်၁၈-၂၂ရက်၂၀၁၇(ဘုန်းကြီးကျောင်းတွင်၃ည၊တောထဲတွင်၁ည)
၂။ စိုင်းဝိလိယ

(ကျေးရွာအတွင်းရေးမှူး)

၃၃ လုင်းဝါလိင်တ + ပါမွန်း ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စုဝမ်နမ့်ခုတ်ရွာ ဇူလိုင်၁၈-၂၂ရက်၂၀၁၇ ( ဘုန်းကြီးကျောင်းတွင်၃ည၊တောထဲတွင်၁ည)
၃။ လုင်းတက်ထွန်း ၆၂ လုင်းကံန ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၎။ လုင်းကျော်

(ရွာသူကြီးဟောင်း)

၆၀ လုင်းပန် ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၅။ လုင်းထွန်းဆာ ၅၃ ပူအုမ်+ပါမြ ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စုဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၆။ စိုင်းထွန်းငွေ ၄၀ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၇။ စိုင်းအင်တာ ၃၉ လုင်းမူး ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၈။ စိုင်းမောင် ၂၀ လုင်းဝိစ + ပါတွန် ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၉။ ပါဆိုင်မိုင်

( အမျိုးသမီး)

၄၂ လုင်းလိတ် ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၀။ နန်းပွန်

(အမျိုးသမီး)

၂၂ လုင်းလူ+ပါမြနု ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၁။ စိုင်းလင်းခမ်း ၂၀ လုင်းဆကျော်+ ပါငင်း ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၂။ စိုင်းနန္ဒီ ၃၅ လုင်းမေထာ+ပါလှ ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၃။ စိုင်းသြ ၄၀ လုင်းစိုင်း ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၄။ လုင်းပုံည ၄၄ လုင်းညို ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၅။ လုင်းကိန် ၄၅ ဇူလိုင်လ၁

၈-၂၁၊၂၀၁၇

၁၆။ စိုင်းလောဝ်လီ ၂၂ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇

၁၇။ စိုင်းကို ၃၅ ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု.၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁ ၊၂၀၁၇၊ဘယ်ဆီသို့ဖမ်းသွားခြင်းမသိ

၁၈။ စိုင်းသြန ၄၀ လုင်းသြ+ပါလှ ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇၊ဘယ်ဆီသို့ဖမ်းသွားခြင်းမသိ

၁၉။ စိုင်းစိန်တာ ၂၈ လုင်းလူ+ပါမြနု ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စု၊ဝမ်နမ့်ခုတ်ရွာ ဇူလိုင်လ

၁၈-၂၁၊၂၀၁၇၊ဘယ်ဆီသို့ဖမ်းသွားခြင်းမသိ

 

မှတ်ချက် ။။ ဂျွန်လ ၆ ရက်နေ့ ၂၀၁၅ ခု ယခင်ချိုးဖောက်မှုဖြစ်သည့်ခလရ ၂၄၉ (SHRF ၏ မှတ်တမ်းမှ)ဟိုပုံး မြို့နယ်၏မြောက်ဘက်ပိုင်းတွင်ဖြစ်ပွားခဲ့သော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးကို အုပ်စုလိုက် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်သည့် တပ်ဖြစ်သည်။

အစိုးရတပ်မတော်မှ ရွာသားနှစ်ဦးကို ဖမ်းဆီး နှိပ်စက်ခြင်းနှင့် စိတ်ရောဂါရနေသူတစ်ဦးကို ပစ်သတ်ပစ်ခြင်း

ဇူလိုင်လ ၂၉ ရက် ၂၀၁၇ မွန်းလွဲပိုင်း ၅ နာရီအချိန်တွင် ရွာသားဖြစ်သော လုင်းပ သည် နမ့်ပါချီး ကျေးရွာအုပ်စု ဟိုင်ခိုင်း ၏မြောက်ဘက်ပိုင်း မိုက်နင်အနီးရှိ သူ့လယ်တောနားက တောထဲတွင် ကြက်ယူရန် သွားချိန်တွင် အင်အား ၅၀ ယောက်ရှိ အစိုးရစစ်တပ် ဖြစ်သော ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ ၊ ခမရ ၄၂၃ နှင့် ခမရ ၄၂၅ (ဆီဆိုင်ရှိ ဘန်းယဉ် အခြေစိုက်) နှင့်ဆုံသည်။ထိုနေရာတွင်ဇူလိုင်လ၁၄ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အစိုးရစစ်တပ်က သူ့ကို ဘယ်သွားမှာ လည်း၊ ဘယ်သူက သွားခွင့်ပြုလည်း အစရှိသည်ကို စစ်ဆေးမေးမြန်းသည်။သူ့လယ်တောဆီကိုသွားခြင်းဖြစ်သည့်အတွက်လုင်းပ ကဘယ်သူ့ခွင့်ပြုချက်မှမတောင်းဘူးဟုဖြေဆိုသည်။အကယ်၍သူ့ရွာဘက်ကနေသေနတ်သံနောက်ထပ် ကြားမည်ဆိုပါကတစ်ရွာလုံးမီးရှို့ပစ်မည်ဟု အစိုးရစစ်တပ်က သူ့ကိုပြောသည်။ အစားသောက်ပေးခြင်းမရှိဘဲ လုင်းပ ၏လယ်ထဲ တွင် သူ့ကို တစ်ညတာ ဖမ်းဆီးထိန်းသိမ်းထားသည်။ နောက်တစ်ရက်အချိန်တွင် လုင်းပ၏ ဇနီးဖြစ်သူ နန်းလိုင် သည် သူ့ယောကျာၤး လယ်ထဲတွင် အစိုးရစစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားခံရသည်ဟု သတင်းကြားသောကြောင့် သူမရောက်လာ သည်။ ဟိုင်းကိုင်နေကျွန်မယောကျာၤးဖြစ်သည်ဟုသူတို့ကို ပြောသောကြောင့်သူ့ကိုမွန်းလွဲပိုင်း ၄နာရီအချိန်တွင်သူ့ကို ပြန်လည်လွတ် ပေးခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နက်ပိုင်း ၉ နာရီ အချိန်တွင် တစ်ခြားတစ်ယောက်ဖြစ်သော ဟိုင်ခိုင်းရွာသား စိုင်းဝမ်းသည် မိုက်နင် ရှိ သူ၏လယ်တောဘက်က စားကျက်မြေကို ကျွဲနွား အစာကျွေးရန် သွားရာ အစိုးရစစ်တပ် ခမရ ၄၂၁၊ ၄၂၃ နှင့် ၄၂၅ နှင့် ဆုံသည်။ သူ့၏ခေါင်းကို ပလပ်စတစ် ဖြင့် စွပ်ပြီး အကြိမ်ပေါင်းများစွာရိုက်နက်သည်။ သူတို့နှင့် အတူသူ့ကို ခေါင်းတွင်စွပ်ထားသော ပလပ်စတစ် ဖြုတ်ပေးခြင်းမရှိဘဲ ခေါ်ဆောင်သွားပြီး ၄ နာရီ အကြာမှ တစ်ခြားနေရာတွင် သူ့ကိုပြန်လည်လွတ်မြောက်ပေးခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ အချိန်လောက်တွင် လယ်ယာ အလုပ်သမားတစ်ဦးဖြစ်သော စိတ်ရောဂါဖြစ်နေသူ လုင်းဆွေ သည် လည်း အစိုးရစစ်တပ် ခမရ ၄၂၅ သည် သူ့ကို ဖမ်းဆီးပြီး ရိုက်နှက်ကာ မိုက်နင် တွင် သေနတ်ဖြင့် ပစ်သတ်လိုက်သည်။ သြဂုတ်လ ၁ ရက်နေ့တွင် ရွာသားတစ်ယောက်က မီးလောင်နေသော သူ့အလောင်းကိုသွားတွေ့ပြီး ရွာထဲသို့ အလောင်းကို ပြန်လည်မသယ်ယူရဲပေ။ အလောင်းကို သယ်ယူခြင်းမရှိဘဲ သြဂုတ်လ ၂ ရက်နေ့တွင် ဟိုင်ခိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လုင်းဆွေ၏ အသုဘ အခမ်းနားကို ကျင်းပ ပေးခဲ့ သည်။

ရွာသား ၃ ယောက်၏ အသေးစိတ်ကို အောက်တွင်ဖော်ပြထားသည်။

၁။ နမ့်ပါချီးကျေးရွာအုပ်စု ဟိုင်ခိုင်းရွာ နေ လုင်းပ အသက် ၄၈ နှစ် လုင်းပန်တ နှင့် ပါလွတ်တို့၏သား နန်းလိုင်း နှင့်အိမ်ထောင်ကျသူ။

၂။ နမ့်ပါချီးကျေးရွာအုပ်စု ဟိုင်ခိုင်းကျေးရွာနေ စိုင်းဝမ်းအသက် ၃၀ နှစ် လုင်းကော နှင့် ပါမိုင် တို့၏သား။

၃။ လုင်းဆွေ အသက် ၄၅ နှစ် မိဘ နှင့် မွေးဇာတိ မသိရှိသေး။

 

ဆက်သွယ်ရန်

 

နန်းစံတောင်း + ၆၆ (ဝ) ၈၁-၆၀၃-၆၆၅၅ ( ရှမ်း၊ အင်္ဂလိပ်၊ ထိုင်း)

စိုင်းဟော်ရှဲန် + ၆၆ (ဝ) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း၊ အင်္ဂလိပ် )

စိုင်းကွန်းလျောင်း + ၆၆ (ဝ) ၆၅-၀၂၆-၆၁၀၄ ( ဗမာ၊ အင်္ဂလိပ်)

 

pdf files >> Shan Burmese English

ထုတ်ပြန်ချက်