ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် အရက်မူးနေသောစစ်ကောင်စီယာဥ်မောင်းမှ ပြည်သူတစ်ဦးအား ကားဖြင့်တိုက်ကာ သေဆုံးမှုဖြစ်ပွား

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

၂၀၂၂  ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် အရက်မူးနေသောစစ်ကောင်စီယာဥ်မောင်းမှ ပြည်သူတစ်ဦးအား ကားဖြင့်တိုက်ကာ သေဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် ဇန်န၀ါရီလ ၂၉ ရက်နေ့က အရက်မူးနေသောစစ်ကောင်စီ တပ်သားမောင်းလာသည့် စစ်ကောင်စီကားတစ်စီးသည် အသက် ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦးကို ၀င်တိုက်ကာ အသက်သေဆုံးစေခဲ့မှုဖြစ်ပွားခဲ့ပါသည်။

 

သေဆုံးသူအသက်၂၈ နှစ်အရွယ် ရှိ စိုင်းမောင်ညိုသည် မိုင်းရှူးမြို. အစွန်ရှိ ပန်စွဲ ကျေးရွာတွင် ၎င်းမိတ်ဆွေ ၏မင်္ဂလာ ပွဲအား သွား ရောက်ကူညီပြီး အပြန်ကား ပေါ်သို့ တက်မည့် အချိန်တွင် အရှိန်ပြင်းစွာ မောင်းလာသော စစ်ကောင်စီထရပ်ကားမှ အနောက်သို့ပြင်း ပြင်း ထန်ထန် ၀င်တိုက်ခဲ.ခြင်းဖြစ်သည်။ ထိုသို့၀င် တိုက် မှုကြောင့်စိုင်းမောင်ညို၏ ခန္ဓာကိုယ်မှာ ၁၅ မီတာ အထိလွင့်စဥ်သွားခဲ့ပြီး အသံမှာ အလွန် ကျယ် လောင် သော ကြောင့် အနီးတ ၀ိုက်ရှိ ဒေသ ခံများမှာ အမှိုက် သိမ်း ယာဥ်မှ အမှိုက်များ လာ ရောက် ပစ်ချ သည်ဟု ထင်မှတ်ခဲ့ကြ သည်။ ယာဥ် တိုက်မှုဖြစ်ပွား ပြီးနောက် စစ်ကောင်စီ ယာဥ် မောင်း သည် ကားကိုရပ်တန့်ခြင်း မရှိဘဲမောင်း ပြေးသွားခဲ့သည်။

စိုင်းမောင်ညိုအားမိုင်းရှူးဆေးရုံသို့အမြန်ခေါ်ဆောင်သွားခဲ့သော်လည်း ဒဏ်ရာအလွန်ပြင်းထန်သဖြင့် တာ၀န်ကျ ဆရာ၀န်မှ ၎င်းအနေဖြင့်မကုသနိုင်သောကြောင့် ခိုလမ်သို့မဟုတ်တောင်ကြီးဆေးရုံသို့ လွဲပြောင်းကုသ ရန်ပြောဆိုခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့မရွေ့ပြောင်းနိုင်သေးမီ စိုင်းမောင်ညို၏အခြအနေမှာပိုမိုဆိုးရွားလာခဲ့ကာ မျှော်လင့်ချက်မရှိတော့သဖြင့် မိသားစုမှနေအိမ်သို့ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ယာဥ်တိုက်မှုဖြစ်ပြီး ၂နာရီအကြာ နေ့လည်၁နာရီခွဲတွင် သေဆုံးခဲ့ရသည်။

Sai Maung Nyo

ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ၀င်တိုက်ခဲ့သောစစ် ကောင်စီထရပ်ကားမှာ ပန်စွဲကျေးရွာ အခြေစိုက် ခလရ ၁၄၉ တပ်ရင်းတွင်းသို့မောင်းနှင် ၀င်ရောက်သွားခဲ့ရာ သေဆုံးသူ၏မိတ်ဆွေများမှာ အဆိုပါတပ်ရင်းသို့ သွားရောက်ကာ ကျူးလွန်သူယာဥ်မောင်း အားအရေးယူပေး ရန်တောင်းဆိုခဲ့သည်။ ၎င်းတို့မှာထိုစစ်ကောင်စီတပ်ရင်းမှ ဗျူဟာမူးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းမှ“ယာဥ်မောင်းမှာအရက်မူးနေပြီး ၎င်း တို့မှထိုယာဥ်မောင်းအား အရေးယူသွားမည်၊ သို့သော်ထိုယာဥ်မောင်းမှာ မိမိတို့တပ်မှမဟုတ်ဘဲ နမ့်စန် အခြေစိုက်တပ်မှဖြစ်သည် “ဟုပြောဆိုခဲ့သည်။

ထိုနေ့ညနေ ၈ နာရီတွင် ခလရ ၁၄၉ တပ်မှ စစ်ကောင်စီအရာရှိ ၁၀ ဦးခန့်သည် မိုင်းရှူးမြို့ရပ်ကွက် ၃ ရှိ စိုင်းမောင်ညိုနေအိမ်သို့လာရောက်ကာ စိုင်းမောင်ညိုဇနီးနှင်.သူမ၏မှတ်ပုံတင်တို့ အားဓာတ်ပုံရိုက်ယူခဲ့သည်။ စိုင်းမောင်ညိုဇနီးမှ အိမ်ထောင်ဦးစီးတစ်ဦးဆုံးရှူံးခဲ့ရသော သူမနှင့်သူမ၏အသက် ၂ နှစ်အရွယ် သမီးငယ်အတွက် မည်ကဲ့သို့တာ၀န်ယူပေးမည်နည်းဟု ၎င်းတို.ကိုမေးမြန်းခဲ့သည်။ စိုင်းမောင်ညိုသည် ကုန်တင်ယာဉ်မောင်းအဖြစ် အသက်မွေး၀မ်းကျောင်းပြုသူဖြစ်သည်။ စစ်ကောင်စီအရာရှိများနှင့်အတူလိုက်လာသောမြို့နယ်စည်ပင်ဦး စီးမှူးမှငွေ ကြေးကူညီပေးသွားမည်ဟုပြောဆိုခဲ့သော်လည်းယနေ့အချိန်အထိမည်သည့်အထောက်အပံ့ကိုမှ လက်ခံရရှိ ခြင်း မရှိသေးကြောင်းသိရသည်။

ကျန်ရစ်သူမိသားစုမှ စိုင်းမောင်ညို၏စျာပနအား ဇန်န၀ါရီ ၃၁ ရက် ၂၀၂၂ ခုနစ်တွင်ပြုလုပ်ခဲ့ပြီး ငွေသိန်း ၁၀၀ ကျော်ခန့်ကုန်ကျခဲ့သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်    +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်   +66: 88 680 4913                 (ရှမ်း၊ မြန်မာ)

 

PDF Files:

Shan Burmese English

 

 

ထုတ်ပြန်ချက်