နမ္မကျောက်မီးသွေးတွင်းဒေသတွင် ကျေးရွာခေါင်းဆောင် တစ်ဦးကိုအမည်မသိ သေနတ်သမား ပစ်သတ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၂ / ၁၇ )

မတ်လ ၆ ရက် ၂၀၁၇

နမ္မကျောက်မီးသွေးတွင်းဒေသတွင် ကျေးရွာခေါင်းဆောင် တစ်ဦးကိုအမည်မသိ သေနတ်သမား ပစ်သတ်

၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၇ တွင် သီပေါမြို ့နယ်ထဲရှိနမ္မသတ္တုတွင်းဒေသကျေးရွာအုပ်စု အထွေထွေအတွင်ရေးမှူးကိုသူ့တောင်ယာအနီးတွင် အမည်မသိသေနတ်သမားများ ကသေနတ်ဖြင့်ပစ်သတ် သောကြောင့် ကျန်ရွာသူ၊ ရွာသားများထိတ်လန့်၊ ကြောက်ရွံနေကြသည်။

အတွင်းရေးမှူးလုင်းစံဖေ သည်အသက်၅၇ နှစ် ရှိပြီးနမ္မကျေးရွာအုပ်စုနားကွန်ရွာတွင် နေထိုင်သည်။  နားကွန်ရွာ ၏ အနောက်ဘက် သတ္တုတွင်းအနီးတောင်ခြေရှိလမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ သေနတ်အမျိုးအစား ၂ မျိုးနှင့် ကျည်ဆံလေးတောင့် ဖြင့် ပစ်ကာသူ့ ခေါင်း၊ ဝမ်းဗိုက် ၊ ရင်အုပ် နှင့် လက်ဝဲဘက် တွင်ထိမှန်သည်။ သူ့ကိုအရှေ ့နှင့် ကျောဘက်တွင် အပစ်ခံရသည်။

သူ့အလောင်းကိုမွန်းလွှဲပိုင်း ၄း၃၀ မိနစ်အချိန်တွင် ကုန်းပေါင်းရွာမှ အိမ်ပြန်လာသော နားကွန်ရွာသားစိုင်းအေးမှ လမ်းတွင်တွေ့သည်။ သူကရွာမှ လုင်းစံဖေ ၏ သမီး၊ကျောင်းထိုင်ဘုန်းကြီးနှင့် နမ္မကျေးရွာအုပ်စုဥက္ကဌနှင့် တချို့ရွာသားများကို ခေါ်ပြီးအလောင်းကို သွားကြည့်သည်။

အခင်းဖြစ်ချိန်တွင်လုင်းစံဖေ၏ ယာမှ ၂ဝဝ မီတာအကွာရှိသည့် တခြားရွာသားကတစ်ဦးက သူ့ယာထဲမှသေနတ်ပစ်သံ ၃-၄ ချက်ကိုလုင်းစံဖေယာဘက်ကနေကြားသော် လည်းသွားကြည် ့မ ရဲဟုပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သီပေါ မြိို့   က ရဲနှင့် ဆေးဘက်ဆိုင်ရာများနှင့် အတူထိုအဖြစ်ပျက် ကိုလာရောက်စစ်ဆေး ပြီးသွေးစိုနေသည့် လုင်းစံဖေ၏အကျီ နှင့် ကျည်ဆံများကိုယူသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လုင်းစံဖေအတွက် ကျန်ရစ်သူမိသားစုများကစျာပန ကျင်းပပြီးမြေမြှပ်သဂြိုလ်လိုက်သည်။

လုင်းစံဖေသည် ကျေးရွာအုပ်စုအထွေထွေအတွင်းရေးမှူး အဖြစ် သေဆုံးသည့်အထိ အနှစ် ၃၀ ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ရွာသူရွာသားတို့၏ ကြည်ညိုလေးစားခံရသောပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်သည်။ သူ့ ဇနီးပါဆိုင်ဦးနှင့်အတူကလေး ၅ ယောက်ကျန်ရစ်သည်။ သူတို့မှာနန်းမြလေး၊ နန်းမြဌေး၊ နန်းမြခင်၊ စိုင်းညဏ် နှင့် နန်းမြစိန် တို့ဖြစ်သည်။ လုင်းစံဖေသည် မည်သူ့ကိုမှ ထိခိုက်စေသူမဟုတ်ကြောင်းရွာသားများကပြောပြသည်။

နမ္မနယ်နိမိတ်သည် သတ္တုတူးဖော်သည့် နေရာဟုလူသိများခဲ့သည်။ အဓိက သတ္တု တူးဖော်နေသည် ကုမ္ပဏီမှာငွေရည်ပုလဲကုမ္ပဏီဖြစ်ပြီး ၂၀၀၄ ခုနှစ် ကတည်း ကစတင်တူးဖော် လုပ်ကိုင်လျက်ရှိသည်။ နားကွန်ရွာ၏ မြောက်ဘက် ၁ ကီလိုမီတာအကွာတွင် ကြီးမားလှ သည့် မြေအောက်သတ္တုတူးဖော်မှုများလုပ်သည်။ ထိုသတ္တုတွင်းကြောင့် လယ်ယာမြေများ ပျက်ဆီးခြင်းနှင့် ရေထုနှင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၆ အစောပိုင်းကာလတွင် ဒသခံပြည်သူလူထုများ ကသူတို့နယ်မြေအတွင်းတူးဖော် နေသည့်သတ္တုတွင်းများ အားလုံးရပ်ဆိုင်းပေးရန် ပွင့်ပွင့်လင်းလင်းတောင်းဆိုသည်။ သို့သော် မေလ ၂၀၁၆ တွင် ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ကိုတိုက် ရန်အစိုးရတပ်က  ခြေလျင်တပ်နှင့် အတူလေတပ်ဖြင့် နမ္မ ထဲတွင် တိုက်ခိုက်ခဲ့ပြီးအစိုးရတပ်က သတ္တုတွင်းလုပ်ငန်းများကိုကာကွယ်ပေးခဲ့သည်။ ထိုချိန်တွင် ရွာသားများဖမ်းဆီးနှိပ်စက် ခံရခြင်းနှင့် လူမဆန်စွာသတ်ဖြတ်ခြင်းများကိုခံခဲ့ရသည်။အစိုးရတပ်ဖွဲ့ ခလရ ၃၂၅ နှင့် ဝမ်ပန် ပြည်သူ့စစ် ပူးပေါင်းအင်အား ၁ဝဝခန့်သည်ခိုနန်းဖတွင် တပ်စွဲခါ ကင်းလှည့်နေကြသည်။ထိုနေရာသည် SSPP/SSA ၏ တပ်စိုက်ရာနေရာဟောင်းလည်း  ဖြစ်သည်။ ခိုနန်းဖသည် နားကွန်ရွာ၏ တောင်ဘက် ၄ မိုင် အကွာတွင်တည်ရှိသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလဦးပိုင်းတွင် ငွေရည်ပုလဲကုမ္မဏီ၏ ကိုယ်စားလှယ် ဖြစ်သောဦးသိန်းမြင့် သည် လုင်းစံဖေ၏ အိမ်ထိလာရောက်တွေ့ဆုံပြီးနားကွန်၏ အရှေ့ဘက် ၂ ကီလိုမီတာအကွာရှိဟိုနမ့်ဖ ရေအရင်းမြစ်ထွက်သည့်နေရာတွင် သတ္တုတွင်းအစမ်းတူးခွင့် ပေး ရန် တောင်းဆိုခဲ့သည်။ ဟိုနမ့်ဖ သည် နမ္မတွင်နေထိုင်သူအားလုံးအတွက် အဓိကမရှိ မဖြစ် လိုအပ်သည့် ရေအရင်းအမြစ်ဖြစ်သည်။ ဆွေးနွေးသည့် အတောအတွင်းမည်သည့် သဘောတူညီမှု မရရှိခဲ့ချေ။ ငွေရည်ပုလဲကုုမ္မဏီသည် ၂၀၀၉ ခုနှစ်ကတည်းကပင် စတင်တူး ဖော်ရန်ကြိုးစားခဲ့  သော်လည်း SSPP/SSA တားဆီးမှုကြောင့် လုပ်ငန်းစဉ်ရပ် လိုက်ရသည်။

လုင်းစံဖေကိုသေနတ်ဖြင့်ပစ်သတ်် ခြင်းကြောင့် ဒေသခံများကိုကြောက်လန့်စေသည်။ ကျေးရွာ၏ အတွင်းရေးမှူးနေရာကိုဆက်ခံရန်မည်သူမှ တာဝန်ယူရဲတော့မည် မဟုတ်တော့ပါ။

ကျေးရွာအုပ်စု၏ အတွင်းရေးမှူးကိုဥပဒေမဲ့စွာသတ်ဖြတ်သည့်အတွက် ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင် မှ ပြင်းထန်စွာရှံ ့ချပါသည်။ နမ္မဒေသတွင် လက်ရှိတူးဖော်နေသည့် အကျိုးယုတ် သည့် သတ္တုတူးဖေါ်ခြင်းလုပ်ငန်းများကိုရှုံ့ချသည့် အပြင် ၎င်းသတ္တုတွင်း၏လုံခြုံ ရေးအတွက် အစိုးရတပ်မှ ဆက်လက်ကာကွယ် ပေးနေခြင်းသည် ရှေ ့ဆက်ပဋိပက္ခများဖြစ်ပွါးရန် ဦးတည် ခြင်းသာဖြစ်ပေသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်   +(၆၆) ၀၆၂၉၄၁၉၆၀၀  ( အင်္ဂလိပ်၊ ရှမ်း)

ယိင်လွန့်လှိုင်း +(၆၆) ၀၆၃၈၃၈၉၀၂၉  ( ဗမာ ၊ ရှမ်း )

PDF files >>> Shan Burmese English

ထုတ်ပြန်ချက်