စစ်ကောင်စီတပ်သားများကိုတင်ဆောင်ရန် အဓမ္မခိုင်းစေခံခဲ့ရသည့် လူငယ်နှစ်ဦး လမ်းတွင် ခြုံခိုတိုက် ပွဲကြောင့်သေဆုံး

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် မေလ ၉ ရက်

စစ်ကောင်စီတပ်သားများကိုတင်ဆောင်ရန် အဓမ္မခိုင်းစေခံခဲ့ရသည့် လူငယ်နှစ်ဦး လမ်းတွင် ခြုံခိုတိုက် ပွဲကြောင့်သေဆုံး

၂၀၂၂ မေလ ၄ ရက်နေ့ လားရိူး-မူဆယ် လမ်းမကြီးပေါ်တွင် ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူနှစ်ဦးသည် စစ်ကောင်စီတပ်မှ ၄င်းတို့ကိုကားဖြင့်တင်ဆောင်သွားရန် အဓမ္မခိုင်းစေခံခဲ့ရကာ လမ်းတွင်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လူငယ်နှစ်ဦးမှာ လက်နက်ထိမှန်သေဆုံးခဲ့သည်။

ထိုနေ့ညနေ၅နာရီ၀န်းကျင်တွင် လူငယ်နှစ်ဦးဖြစ်သော စိုင်းစံလှ(၃၂ နှစ်)နှင့်စိုင်းဆိုင်ဟန်(၂၂ နှစ်) တို့သည် ၄င်းတို့၏ ပစ်ကပ်ကားဖြင့် ကွတ်ခိုင်မြို့မှမူဆယ်သို့ခရီးထွက်လာရာ မူဆယ်မြို့မှ ၁၆ မိုင်ခန့်ကွာ၀ေးသော နမ့်ပေါ်တံတားအရောက်တွင် ခြေလျင်တပ်မ ၉၉ မှစစ်ကောင်စီတပ်သား ၁၅ ဦး၏ တားဆီးခြင်းကိုခံခဲ့ရသည်။ စစ်ကောင်စီတပ်သားများသည် လူငယ်နှစ်ဦးအား ၄င်းတို့ကိုယာဥ်ပေါ်တွင် တင်ဆောင်သွားရန် အဓမ္မခိုင်းစေခဲ့သည်။

ညနေ ၅နာရီ ၂၀ မိနစ်၀န်းကျင်တွင် နားမွန်းကျေးရွာအုပ်စု မော်တောင်းရွာအနီးသို့ရောက်ရှိခဲ့ရာ  ၄င်းတို့ယာဥ်သည် တောင်ကုန်းပေါ်မှနေရာယူထားသော TNLA တပ်သားများ၏ ပစ်ခတ်ချင်းခံခဲ့ရသည်။

လက်နက်ကြီးသည် စိုင်းစံလှ၏ ရင်ဘတ်၊ခြေထောက်နှင့်လက်တို့ကိုထိမှန်ခဲ့ပြီး စိုင်းဆိုင်ဟန်မှာမူ ၀မ်းဗိုက်၊ ဦးခေါင်းနှင့် လက်ကောက်၀တ်တို့ကိုထိမှန်ခဲ့သည်။ ၄င်းတို့၏ယာဥ်သည် လမ်းမပေါ်တွင် ပက် လက်လှန်လဲ တိမ်းမှောက်သွားခဲ့သည်။ အဆိုပါတိုက်ခိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦး အထက်သေဆုံးခဲ့သည်။

၄င်းတို့နောက်တို့အခြားကားတစ်စီးကိုမောင်းနှင်လိုက်လာသော လူငယ်နှစ်ဦးတို့၏ သူငယ်ချင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုနေရာသို့ရောက်ရှိခဲ့သည်။ ၄င်းသည် လမ်းပေါ်တွင်တိမ်းမှောက်လျက်ရှိ သော စိုင်းစံလှ၏ ယာဥ် ကိုတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများမှာလဲ အပျက်အစီးများအနီးတွင် ရှိနေသည်ကို တွေ့ခဲ့ရသည်။

၄င်းလည်းကားကိုရပ်တန့်ခဲ့ပြီး မည်သို့ဖြစ်ပျက်နေသည်ကိုသိရှိရန် ကြိုးစားခဲ့သော်လည်း အခြားကားတစ်စီးဖြင့် ရောက်လာသောစစ်ကောင်စီတပ်သားများက ၄င်းကို ကားဆက်မောင်းသွားရန် ပြောဆိုခဲ့သည်။

၄င်းလည်း မိုင်းယု ၁၀၅ မိုင် ကျေးရွာသို့မောင်း နှင်ကာ ၄င်း၏သူငယ်ချင်းနှစ်ဦးကိုဆေး ရုံသို့ပို့ဆောင်ရန် ဒေသခံလူမှုကူညီရေး အသင်းကိုအကူအညီတောင်းခဲ့သည်။ လူမှုကူညီရေးအသင်းမှယာဥ်ဖြင့်တိုက်ပွဲဖြစ် ပွားခဲ့ရာသို့ သွားရောက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရုပ်အလောင်း များကိုသယ်ဆောင်သွားရန် တားမြစ်ခဲ့သည်။ ၄င်းတို့လည်း မူဆယ်မြို့သို့သွားရောက်ခဲ့ပြီး အခြားလူမှု ရေးအသင်းများမှ ယာဥ်အများအပြားဖြင့် အခင်းဖြစ်ရာ နေရာသို့ပြန် သွားခဲ့ကာ ည ၇နာရီမိနစ် ၃၀ တွင် ရုပ်အလောင်း များကိုသယ်ယူခွင့်ရခဲ့သည်။ ရုပ်အလောင်းများကို မူ ဆယ် မြို့ စယ်အူတွင်ထား ရှိကာ မေလ ၅ ရက်နေ့ ညနေ ပိုင်းတွင် မီးသင်္ဂြိုလ်ခဲ့သည်။

သေဆုံးသူလူငယ်နှစ်ဦးလုံးမှာ ကျောက်မဲမြို့မှဖြစ်ပြီး စိုင်းစံလှမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ယက် (TYN)မှဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်ပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏အ တွင်းရေးမှူးအဖွဲ့၀င်တစ်ဦးဖြစ်သည်။ စိုင်းဆိုင်ဟန် မှာလည်း ၄င်းဒေသ၏ လူမှုရေးလုပ်ငန်း အများ အ ပြား တွင်ပါ၀င်ဆောင်ရွက်ခဲ့သူဖြစ်သည်။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696           (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်     +66: 88 680 4913          (ရှမ်း၊ မြန်မာ)

PDF files:Shan Burmese English

Exit mobile version