ဖယ်ခုံမြို့နှင့်ပင်လောင်းမြို့တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အမျိုးသမီး၂ ဦးနှင့်ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ၁၈ဦးဒဏ်ရာရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် မေလ ၃၀ ရက်

ဖယ်ခုံမြို့နှင့်ပင်လောင်းမြို့တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အမျိုးသမီး၂ ဦးနှင့်ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ၁၈ဦးဒဏ်ရာရ

ဖယ်ခုံမြို့နှင့်ပင်လောင်းမြို့တို့တွင် ဧပြီလနောက်ဆုံးအပတ်မှ မေလဒုတိယပတ်အထိ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြာင်းတိုက်ခိုက်မှုတို့ကြောင့် မီးဖွားရန်ရှိသောကိုယ်၀န်သည်အမျိုးသမီးတစ်ဦးအပါအ၀င် အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးသေဆုံးကာ ပြည်သူ (၁၈)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့သည်။

၂၀၂၃ ခုနစ်ဧပြီလ ၂၄ ရက်နေ့တွင်  ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော  မိုင်း နောင် မြို့နယ် အခြေစိုက် စကခ(၂) စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ရှမ်း-ကရင်နီနယ်စပ်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်သည် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိသော ဖယ်ခုံမြို့နယ်ဆောင် ဖွေးကျေးရွာ တွင် စစ်ဘေးရှောင်ပြည်သူများခိုလှုံနေသော ဆောင်ဖွေးဆေးပေးခန်းကို လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အဆိုပါဆေးခန်းတွင် မီးဖွားရန်ရောက်ရှိနေသောကိုယ်၀န်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးကာ သူနာပြုတစ်ဦးအပါအ၀င် ၃ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဆောင်းဖွေးကျေးရွာဆေးခန်း
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ဆောင်းဖွေးကျေးရွာဆေးခန်း

ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် မိုးဗြဲမြို့နယ် ညောင်၀ိုင်းရပ်ကွက်အနီး၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နောက် ထိုနေ့ညနေပိုင်း ၅နာရီခန့်မှစတင်ကာ ဖယ်ခုံမြို့အခြေစိုက် ခမရ-၃၃၆၊ အမြောက်တပ်၊မိုးဗြဲရေကာတာ အ နီးရှိ ခမရ (၄၂၂) နှင့်လွိုင်ကော် အမြောက်တပ်တို့မှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့နယ်အတွင်းသို့ ဆက်တိုက် ပစ်ခတ်ခဲ့ရာ အရပ်သားနေအိမ်များကိုထိမှန်ခဲ့ပြီး လက်နက်ကြီးအချို့မှာ ညောင်၀ိုင်းရပ်ကွက်ရှိ စစ်ရှောင် ၆၀ ခန့်ခိုလှုံနေသော ညောင်၀ိုင်းဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ခဲ့ရာ ဖယ်ခုံမြို့နယ်အနောက်ဘက်ကမ်းမှ စစ် ရှောင်လာသော သံဃာတစ်ပါးကိုထိမှန်ကာ ဦးခေါင်းဒဏ်ရာရရှိခဲ့သည်။

ဧပြီလ ၂၇ ရက်နေ့တွင်ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု တောင်ပို့ကြီးရွာအတွင်းသို့ ဖယ်ခုံအမြောက်တပ်မှ ပစ် ခတ် လိုက်သောလက်နက်ကြီးကျရောက်ခဲ့ပြီးနေအိမ်တစ်လုံးပေါ်တွင် ပေါက်ကွဲကာ အဆိုပါနေအိမ်ရှိ ဦးစံ (၃၉နှစ်) ၊ဦးမျိုးမင်းခန့် (၃၁နှစ်)၊ ဦးအောင်စိုးမိုး(၃၆နှစ်)၊ ဦးမြာရယ်(၅၂နှစ်) တို့ဒဏ်ရာရရှိခဲ့ပြီး လွိုင်ကော်ဆေးရုံ၌ ကုသမှုခံ ယူခဲ့ရသည်။

မေလ ၂ရက်နေ့ မနက် ၁၀ နာရီ၀န်းကျင်တွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအမြောက်တပ်မှပင် ဖယ် ခုံ မြို့အနောက်ဘက်ကမ်း ရီနွဲ့ကျေးရွာအုပ်စု လအိကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ  နေအိမ် ၅ လုံး ထက်မနည်းမီးလောင်ပျက်စီးခဲ့သည်။

မေလ ၅ ရက်နေ့မှ မေလ ၈ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့သည် ဖယ်ခုံမြို့နယ်နှင့်ပင်လောင်းမြို့နယ် နယ်စပ်တစ် လျောက်ကို လေကြာင်းတိုက်ခိုက်မှု  ၁၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေး ရွာနှင့် ရီနွဲ့ကျေးရွာအုပ်စုတို့မှ နေအိမ်အလုံး ၃၀ထက်မနည်းမီးလောင်ပျက်စီးခဲ့ပြီး ၄င်းမှာ မေလ ၆ရက်နေ့ နံနက် ၃ နာရီခွဲကျော်တွင် တိုက်ပွဲများဖြစ်ပွားမှုမရှိသော ဖယ်ခုံအနောက်ဘက်ခြမ်း ရီနွဲ့ကျေးရွာ အုပ်စု လန်းကောကျေးရွာကို လေကြာင်းမှတစ်ဆင့်ဗုံးကြဲခဲ့ရာမှ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် ပြည်သူ ၃ ဦး ထိမှန်ကာ ကက်သလစ်ဘုရားကျောင်းတစ်ခုအပါအ၀င် နေအိမ် အချို့ မီးလောင်ပျက်စီးခဲ့မှုလဲ ပါ၀င်သည်။

မေလ ၂၇ ရက်နေ့တွင် မနက် ၇နာရီခန့်မှစတင်၍ စစ်ကောင်စီတပ်သည် ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်ဖြင့်၄င်း၊ တန် ၅၀၀ ရှိဗုံးသီးများဖြင့်၄င်း မိုးဗြဲ မြို့ပေါ်ရှိ ညောင်၀ိုင်းရပ်ကွက်၊ စျေးကုန်းရပ်ကွက်များကိုဦးတည်ပြီး ပစ်ခတ်ခဲ့ရာ ပေါ်ဦးရပ်ကွက်နှင့် ညောင်၀ိုင်းရပ်ကွက်တို့မှ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပေါ်ှဦးရပ်ကွက်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ထိုနေ့ညနေ၌ပင် မိုးဗြဲအခြေစိုက် ခမရ (၄၂၂) မှလာသော လက်နက်ကြီး သည် စည်ကား ၃ရပ်ကွက်အတွင်းသို့ကျရောက်ကာ အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး သေ ဆုံးခဲ့သည်။ ထိုနေ့တွင်မိုးဗြဲမြို့ပေါ်မှ အဆောက်အဦး ၁၀လုံးထက် မနည်းမီးလောင်ပျက်စီးခဲ့ရသည်။

မေလ ၂၈ ရက်တွင် မနက် ၃နာရီခန့်မှစတင်ကာ ခမရ (၄၂၂) နှင့်လွိုင်ကော်အမြောက်တပ်တို့မှ မိုးဗြဲအနောက်ခြမ်းရှိ စစ်ရှောင်စခန်းများကို လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခဲ့ရာ ၂ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိအချိန်၌ ပင်လောင်း၊ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တို့တွင် မိုင်းနောင်အခြေစိုက် စကခ (၂) နှင့် တပ်မ ၆၆ လက် အောက် ခံတပ်များမှ စစ်ကောင်စီတပ်သားများလှုပ်ရှားလျက်ရှိပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိ ကာ လေကြောင်းတိုက်ခိုက်မှုများလည်းဆက်လက်ပြုလုပ်နေသဖြင့် ဒေသခံ ရာပေါင်းများစွာတို့သည် မိမိတို့ကျေးရွာ အနီး အနားရှိ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696          Signal (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်    +66: 98-118-3767                  (မြန်မာ)

Download PDF files:

Shan Burmese English

ထုတ်ပြန်ချက်