အထက်ရဲရွာရေကာတာဆောက်လုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တာလုံရွာသူရွာသားများ ပြင်းပြင်း ထန်ထန် ဆန့်ကျင်(ကန့်ကွက်)

တာလုံရွာသူရွာသားများ၏ သဘောထားထုတ်ပြန်ကြောဌာချက်

၈ ရက်၊ မတ်လ၊ ၂၀၁၈

အထက်ရဲရွာရေကာတာဆောက်လုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တာလုံရွာသူရွာသားများ ပြင်းပြင်း ထန်ထန် ဆန့်ကျင်(ကန့်ကွက်)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာစီမံကိန်းအတွက် Myanmar Environment Institute (MEI) ဦးဆောင်ကျင်း ပမည့်ညှိနှိုင်း ဆွေးနွေး ခြင်းအစီအစဉ်ကို သီပေါမြို့နယ် တာလုံကျေးရွာသူရွာသားများမှ ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်သည်။ ယင်းရေကာတာကြောင့် ၎င်းတို့၏ရွာတစ်ရွာလုံးကို ရေလွှမ်းစေမည် ဖြစ်သည်။

အဆိုပါ ဒေသခံပြည်သူလူထုများနှင့် ညှိနှိုင်းဆွေးနွေးအစည်းအဝေးကို ယနေ့ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် MEI အဖွဲ့မှ ဦးဆောင်ကျင်းပနေပါသည်။ MEI သည် ဒေသခံပြည်သူလူထုများမှ အထက်ရဲရွာစီမံကိန်းကို ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်နေကြသော်လည်း ၎င်း၏စီမံကိန်းအတွက် ဆက်လက် မြင့်တင်ဆောက်ရွက်နေဆဲဖြစ်သည်။ ရေကာတာဆောက်လုပ်ပြီး မြောက်ခဲ့မည်ဆိုပါက အိမ်ခြေ (၆၅၃) အိမ်ရှိ သော တာလုံကျေးရွာတစ်ရွာလုံး၊ သီးနှံစိုက်ခင်း (၆၃၇)ဧက၊ လယ်ယာမြေ(၁၄၀)ဧက၊ ရေတွက်၍မရနိုင်သော တောင်ယာ စိုက်ခင်းအများအပြား တင်သာမက ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့်စာသင်ကျောင်း များကိုပါ ရေလွှမ်းသွားပါမည်။

“ဒီအရပ်သားအစိုးရဟာ ဒေသခံပြည်သူများရဲ့ အသံကို ဘာကြောင့်များ အာရုံစိုက်မှုမရှိတာလဲ ဆိုတာ ကျွန်မတို့ နားမလည်ကြတော့ဘူး။ ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့အတွက်လည်း ကျွန်မတို့အကြိမ်ပေါင်းများစွာတောင်း ဆိုခဲ့ကြပါ တယ်။ ဒီရေကာတာစီမံကိန်းကို ဆက်လက် လုပ်ဆောင်နေခြင်းဟာ ကျွန်မတို့ကို အန္တရာယ်ချောက်တွင်းထဲ တွန်းချနေတာနဲ့ အတူတူပါဘဲ။ အစိုးရက ကျွန်မတို့အသံနားထောင် ပေးသင့်တယ် ကျွန်မတို့ရဲ့ ကျေးရွာများ အ ဖျက်ဆီးမခံရဖို့ ကာကွယ်ပေးသင့်တယ်။ ဒီရေကာဆောက် လုပ်ရေးစီမံကိန်းတွေကို ကျွန်မတို့ ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ် “ လို့ တာလုံကျေးရွာနေ နန်းလောဝ်ခမ်း ကပြောဆိုခဲ့ပါတယ်။

၎င်းစီမံကိန်းစတင်အကောင်အထည်ဖော်ခဲ့သော ၂၀၀၈ ခုနှစ်ကတည်းကပွင့်လင်းမြင်သာမှုမရှိခဲ့ပေ။ စီမံကိန်း အကောင်အထည်မဖော်မည်ကာလတွင် ဒေသခံများနှင့်ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုပြုလုပ်ခဲ့ခြင်းမရှိပဲဆောက်လုပ် ရေး စံချိန်စံညွန်းမှာလည်း ရေကာတာကျိုးပြိုပျက်စီးမည့်ဆိုးကျိုးကိုစိုးရိမ်ကြောက်ရွံ့မှုများရှိနေပါသည်။ လွန်ခဲ့ သော လအတွင်းတွင် ဆောင်လုပ်ရေးဆိုက်၌ မြေပြိုမှုများ တွေရှိခဲ့ပါသည်။

Landslide at dam construction site in February 2018

နမ္မတူမြစ်ပေါ်တွင် အငြင်းဖွယ်ရှိ ရေကာတာစီမံကိန်း လေးခုအနက် အထက်ရဲရွာစီမံကိန်း တစ်ခုဖြစ်ပြီး ပဋ္ဋိပက္ခ များ ဖြစ်ပေါ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပါသည်။ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် နှင့် ဂျာမဏီနိုင်ငံ ကုမ္ပဏီများသည် ယင်းစီမံကိန်းတွင် ပါဝင်ပတ်သက်နေ-ပါသည်။

ဆက်သွယ်ရန်

စိုင်းထမ်အိုက်                +95(0) 9-453-132-755

နန်းလောဝ်ခမ်း              +95(0) 9-262-108-062

စိုင်းကွန်ဆိုင်                  +66(0) 62-941-9600

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်