နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေသည့် ရေကာတာစီမံကိန်းများ ရပ်တန့်ရန် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ သီပေါမြို့နယ်မှ ဦးဆောင်သူ ၄ ဦးကို စုံစမ်းစစ်ဆေးမေးမြန်းသည့်ကိစ္စ

နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေသည့် ရေကာတာစီမံကိန်းများ ရပ်တန့်ရန် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ သီပေါမြို့နယ်မှ ဦးဆောင်သူ ၄ ဦးကို စုံစမ်းစစ်ဆေးမေးမြန်းသည့်ကိစ္စ သဘောထားထုတ်ပြန်ချက်

ရက်စွဲ ၂၆/၁/၂၀၂၁

၂၇/အောက်တိုဘာလ/၂၀၂၀ ခုနှစ်တွင် သီပေါ၊ နမ္မတူ၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်ဒေသခံများ ၂၀၀၀ ခန့် နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေသည့် ရေကာတာစီမံကိန်းများ အားလုံး ရပ်တန့်ရန် လက် မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ အိတ်ဖွင့် စာပေးပို့ခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာစီမံကိန်း ၃ ခုရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုဖြင့် ၇၃၅ မီကာဝပ် ထွက်ရှိမည့် အလယ်ရဲရွာစီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွဇ်ဆ လန်နှင့် ပြင်သစ်နိုင်ငံ ကုမ္ပဏီများမှ ပါဝင်ဆောက်လုပ်လျှက်ရှိသော ၂၈၀ မီကာဝပ် အထက်ရဲရွာ ရေကာ တာစီမံကိန်းနှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာစီမံကိန်းများဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ သီပေါမြို့နယ်မှ ကျွန်ုပ်တို့ဦးဆောင်သူ ၄ ဦးကို ၂၅/၁/၂၀၂၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးရန်အတွက် သီပေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထံ ခေါ် ဆောင်ခဲ့ပါသည်။

၎င်းကော်မတီမှ ကျွန်ုပ်တို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်စာပေး ပို့ သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ကိုယ်ရေးအချက်အလက်များ၊ ရေကာတာအသီးသီး၏ အချက် အ လက်များ၊ အကျိုးအပြစ်များ၊ ဒေသခံများ၏သဘော ထားအမြင်များကို စစ်ဆေးမေးမြန်းခဲ့ ပါသည်။ ကျွန်ုပ် တို့မှဖြေးကြားသော အချက်အလက်များကို ဌာနဆိုင်ရာအဆင့်ဆင့်ဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံးသို့ ပေးပို့ သွားပါမည် ဟုကြားသိရပါသည်။

သိုသော် ကျွန်ုပ်တို့၏ နမ္မတူမြစ်ပေါ်ရေကာတာတည်ဆောက်ရေး ရပ်တန့်ရန် တောင်းဆိုထားသည့် တောင်း ဆို ချက်အပေါ် ပြောကြားပေးခြင်းမရှိခဲ့ပေ။

ထိုစုံစမ်းစစ်ဆေးမေးမြန်းသည့်အစီအစဉ်အတွင်း ကျွန်ုပ်တို့မှုလတောင်းဆိုချက်အတိုင်း နမ္မတူမြစ် ပေါ်ရေကာ တာတည်ဆောက်ရေးလိုလားမှုမရှိခြင်း၊ ရပ်ရွာပြောင်းရွှေ့ပေးဖို့ သဘောမတူခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်း ရေးကိုသာလိုလားခြင်း စသည့်သဘောထားများကို မှတ်ချက်ပေးခဲ့ပါသည်။

စိုင်းဖုန်းမြင့်       ၀၉ ၄၅၃၁၃၂၇၅၅

နန်းလောဝ်ခမ်း   ၀၉ ၇၇၃၁၆၄၅၄၁

စိုင်းသိန်းမြင့်     ၀၉ ၆၆၇၃၅၆၄၇၄

စိုင်းကျော်စောဟန် ၀၉ ၆၉၆၄၅၆၈၄၈

PDF files: >>> Shan Burmese English 

ထုတ်ပြန်ချက်