ငြိမ်းချမ်းရေးဆွေးနွေးမှုများပိတ်ဆို့နေချိန်နှင့် ပဋိပက္ခမြင့်တက်နေချိန် တောင်ကြီးမြို့တွင် IFC မှ ရေကာ တာဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခြင်းသည် ရှမ်းပြည်သူပြည်သားများအား မကျေမနပ်မှုများဖြစ်ပေါ်စေသည်

ရှမ်းပြည်နယ်တွင်းရှိ မြစ်ချောင်းများအတွက် လုပ်ရှားမှု ကွန်ယက်မှ ထုတ်ပြန်ကြေငြာချက် (ASSR)

ဇန်နဝါရီလ ၁၅ ရက် ၂၀၁၈

ငြိမ်းချမ်းရေးဆွေးနွေးမှုများပိတ်ဆို့နေချိန်နှင့် ပဋိပက္ခမြင့်တက်နေချိန် တောင်ကြီးမြို့တွင် IFC မှ ရေကာ တာဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခြင်းသည် ရှမ်းပြည်သူပြည်သားများအား မကျေမနပ်မှုများဖြစ်ပေါ်စေ သည်။

၂၀၁၆ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation (IFC) ) မှ ရေလှောင်တံမံ ဖွံံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကျင်းပခဲ့သော မြန်မာတစ််နိုင်ငံ လုံးဆိုင်ရာ ပတ်ဝန်းကွပ်ကဲရေး (SEA) ၏နောက်ဆုံးအဆင့် ဆွေးနွေးသည့်အပို်င်းဖြစ်သည်။ ယနေ့ တောင်ကြီးတွင်ကျင်းပလျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာသက်ဆိုင်သူများ ဆွေးနွေးမည့်ကိစ္စ ကို ရှမ်းပြည်နယ်ရှိ မြစ်ချောင်းများအတွက် လုပ်ရှားမှုကွန်ယက်မှ ပြင်းထန်စွာကန့်ကွက်သည်။

ဤ SEA သည် ဒေသခံပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး ကြီးမားသောရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးနေသည့်အတွက် နေပြည်တော်အစိုးရအတွက်သာ အကျိုးကျေးဇူးများ ကိုခံစားရမည့် လှည့်ကွက်ဖြစ်နေပါသည်။

တရုတ်ပြည်သို့ တင်ပို့မည့် နောင်ဖာရေကာတာမှ လျပ်စစ်ဓါတ်အား အပါအဝင် သံလွင်မြစ်အပေါ်တည်ဆောက် မည့် ရေကာတာများကို ရှမ်းပြည်တစ်ခွင်မှ လယ်သမားများနှင့် ဆိုးကျိုးများတိုက်ရိုက်ထိခိုက်မည့် ဒေ သခံ ပြည်သူလူထုများ အင်အား ၁၀၀၀ ခန့်သည် ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၇ တန့်ယန်းမြို့နယ်တွင် ဆန္ဒပြ ဆန့်ကျင်ခဲ့ ကြသည်။

နောင်ဖာရေကာတာနှင့်အခြားရေကာတာစီမံကိန်းများသည် ရှမ်းပြည်နယ်အတွင်းရှိ  တိုင််းရင်းသားတော်လှန် ရေးအဖွဲ့များ တန်းတူအခွင့်အရေးအတွက်တိုက်ပွဲဝင် စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့်နေရာဖြစ်သည်။ အစိုး ရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ သဘာဝသယံဇာတစီမံခန့်မှုဆိုင်ရာအတွက် ဆွေးနွေးညှိနိုင်းနေသည့်အချိန် ပဋိပက္ခဖြစ်ပွားနေသည့်နယ်နိမိတ်၌ အစိုးရက တစ်ဖက်သတ်ရေကာတာများတည်ဆောက် နေခြင်းသည် အန္တရာယ်ကို လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။

ရေကာတာများတည်ဆောက်ဖို့အကဲဖြတ်ခြင်းဆိုင်ရာများအား IFC မှ လုံးဝရပ်ဆိုင်းသင့်သည်။ ယခုလက်ရှိ အချိန်ထိ အဆက်မပြတ် ဖြစ်အပွားနေသည့် တိုက်ပွဲများလည်းပိုမိုုပြင်းထန်လာသည့်အပြင် ငြိမ်ချမ်း ရေးဆွေးနွေးပွဲများလည်း အရာထင်လိမ့်မည်မဟုတ်သောကြောင့်ဖြစ်သည်။ ဒီဇင်ဘာလအတွင်း  ရှမ်းပြည်နယ်တွင်အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည်သူ့သဘောထားကို ကောက်ခံနေစဉ် အစိုးရစစ်တပ်ဘက်မှ ဟန့်တားမှု ပြုလုပ်ခြင်းကြုံတွေ့ ခဲ့ရသည်။ IFC အစီးအဝေးကို တောင်ကြီးမြို့တွင် ပြုလုပ်မည်ဆိုပါက စက်ဆုတ် ဖွယ်ဖြစ်ခဲ့ရသည်။

‘တောင်ကြီးမှာ သဘာဝ သံယံဇာတ ပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့ ရဲ့ အစည်းအဝေး ကို ဟန့်တာပြီး IFC အစည်းအဝေး ကို ခွင့်ပြုခြင်းဟာ သမရိုးကျ မဖြစ်ပါ’  ဟု ရှမ်းသဘာဝ အဖွဲ့ စိုင်းခေးဆိုင် မှဆိုသည်။

အကဲဖြတ်ခြင်းဆိုင်ရာကို သြစတေးလျ အစိုးရမှ အထောက်အပံ့ ပြုခဲ့သည် ဖြစ်သောကြောင့် ASSR မှ လွန်စွာ စိတ်မကောင်းမိပါသည်။ ထိုင်းမြန်မာနယ်စပ်တွင် ခိုကိုးနေသည့် ရှမ်းပြည်မှထွက်ပြေးလာသည့်စစ်ဘေးဒုက္ခ သည် များ ကို AusAID မှ ထောက်ပံံ့ခဲ့ပြီး ယခုချိန်တွင် ထောက်ပံံ့မှုများကို လည်းဖြတ်တောက်ခဲ့သည်။

စစ်ဘေးဒုက္ခသည်များတော်တော်များများသည် သံလွင်မြစ်ပေါ်ရှိ မိုင်းတုံရေကာတာစီမံကိန်းအနီးပတ်ဝန်းကျင်မှ ထွက်ပြေးလာခဲ့ရပြီး အကယ်၍ မိုင်းတုံရေကာတာ တည်ဆောက်မည်ဆိုပါက ရေလွှမ်းမည်ဖြစ်ပြီးထို စစ်ဘေးဒုက္ခသည်များသည် အိမ်ပြန်နိုင်တော့မည်မဟုတ်ပါ။ ၁၉၉၆-၁၉၉၈ ခုနှစ် ရှမ်းပြည်အလယ်ပိုင်းတွင် အစိုးရစစ်တပ်၏ တိုက်ခိုက်ပစ်သတ်ဖျက်ဆီးမှုများကြောင့် ဒေသခံ ရှမ်းပြည်သူပြည်သားများ  အမြောက် များစွာထွက်ပြေးခဲ့ရသည့်နေရာလည်းဖြစ်သည်။

 

ဆက်သွယ်ရန်

စိုင်းခေးဆိုင်                   +95 92 6436 2973

စိုင်းထမ်းအိုက်                +95- 99- 7187- 9982

စိုင်းဟော်ရှဲန်                  +66- 62- 941- 9600

PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်