နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ အတွက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ သတင်း
ရှမ်းပြည်နယ်တွင် အပစ်ရပ်စဲရေးလုပ်ထားသော်လည်း မြန်မာအစိုးရစစ်တပ်မှ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက် မှုများ ဆက်ဖြစ်နေ
“အပစ်ရပ် ဒေသ” ဟုခေါ်သော ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၂၀၁၅ ခု ဧပြီလ မှစ၍ မြန်မာအစိုးရစစ်တပ်မှ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု ၈ ခုကို မှတ်တမ်းရရှိခဲ့ပါသည်။ အပစ်ရပ်ထား သော်လည်း မြန်မာစစ်တပ်မှ ထိုးစစ်ဆင်ခြင်း၊ စစ်ရှိန်မြှင့်ခြင်း များပြုလုပ်နေ ခြင်း၊အပြစ်ကျူးလွန်သူတို့ကို အရေးမယူခြင်းတို့ကြောင့် ပြစ်မှုများ ဆက်လက်ဖြစ်နေသဖြင့် တိုင်းရင်းသားဒေသများတွင် နေထိုင်ကြသော အမျိုးသမီးများဘဝလုံခြုံရေးကို ခြိမ်းခြောက်နေမှုသည့် အဓိက အချက်တခုဖြစ် ပါသည်။
မကြာခင်က ပြစ်မှုမှာ၊ နိုဝင်ဘာ ၅ ရက်နေ့ ကျေးသီး မြို့နယ်မှ ကျေးရွာတခုတွင် ဖြစ်ခဲ့သည်။ လင်ယောက်ျားဖြစ်သူကို လယ်တဲအောက်တွင် ကြိုးနှင့်ချည်ထားခါ၊ တဲပေါ်တွင် အသက် ၃၂ နှစ်ရှိ ဇနီးကို မြန်မာစစ်သား ၁၀ ယောက်တို့က ၀ိုင်းမုဒိမ်းကျင့်ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်သည် မြန်မာစစ်တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကို လက်ရှိထိုးစစ်ဆင်နေသည့်ကာလတွင် ဖြစ်ခြင်းဖြစ်သည်။ အပစ်ရပ်သဘောတူညီချက် တည်ဆဲဖြစ်သော်လည်း အစိုးရက မြောက်ပိုင်း ရှမ်းပြည်တိုးတက် ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)ဒေသတွင် တပ်ရင်း ၂၀ ရင်း၊ လက်နက်ကြီးတပ်၊တို့ကို ဖြန့်ကျက်ထားပြီး တိုက်လေယာဉ်တို့ကိုအသုံးပြုနေသည်။ အရပ်သူအရပ်
သားများကို ဖိနှိပ်သဖြင့် ရွာသူရွာ သား( ၁၀၀၀၀ ) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင်မှ စုဆောင်းရရှိသည့် ယခင် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု (၇) ခုမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်တော ခေါင်သည့်ဒေသများတွင် ဖြစ်ခဲ့ သည်။ ထိုဒေသမှာ ၂၀၁၁ ခုနှစ်အစိုးရနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ် မတော်(RCSS/SSA )နှစ်ဖက်အပြစ်ရပ် သဘောတူထားခဲ့ပြီး နောက်မြန်မာအစိုးရ စစ်တပ်မှ စစ်စခန်း စိုက်လာသည့်ဒေသများဖြစ်သည်။
ပြစ်မှုကျူးလွန်သူတို့အနေဖြင့် အရေးယူမခံရကြောင်း ယူဆနေသည်မှာ ရရှိထားသည့် အထောက် အထားတို့က အထင်အရှားပြသ နေ သည်။ တချို့ မုဒိမ်းမှုတို့မှာ စစ်သားများ အစုလိုက် ကျူးလွန်ခြင်း ဖြစ်ပြီး၊ တချို့ မုဒိမ်းမှုတို့မှာ မျက်စိရှေ့တွင် သို့မဟုတ်ကြားသိနိုင်သည့် နေရာတွင်ဖြစ်ပွါးခြင်းဖြစ်သည်။ မုဒိမ်းလူသတ်မှု တခုမှာ ကျူးလွန်သူ၏ တပ်စခန်းအနီးတွင် ကျူးလွန်ခြင်းဖြစ်သည်။
ပြစ်မှုနှစ်ခုတွင်သာ ရပ်ရွာလူကြီတို့က ဖိအားပေးတောင်ဆိုသောကြောင့် ကျူးလွန်သူတို့အား မြန်မာ အစိုးရ စစ်တပ်က ဖမ်ဆီးသည်ကိုမြင်တွေ့ခဲ့ရသည်။ သိုသော် မပွင့်လင်းသော စစ်တရားရုံးများကြောင့် မည်သို့ အပြစ်ပေးသည်ကို မသိရချေ။ နောက်တမှုမှာ အမှုကို ပလပ်လိုက်ရန် စစ်တပ်က ငွေပေးခြင်းသို့မဟုတ် ဒေသခံတာဝန်ရှိ သူတို့က စစ်တပ်အပေါ် စွဲချက်တင်ခြင်းကို မလိုလား၊ မလက်ခံသောကြောင့်ဖြစ်သည်။
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုုင်က ထိုသို့ အရေးမယူသည့် ဖြစ်စဉ်တို့ကို များစွာ ဝမ်းနည်းပါသည်။ ဤနှစ် ဇန်နဝါရီလက ရှမ်းပြည်မြောက်ပိုင်းကောင်းခါရွာတွင် ကချင်ဆရာမနှစ်ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ် မှုအတွက် အပြစ်ကျူးလွန်သူတို့ကို မြန်မာအစိုးရတပ်မှ အကာအကွယ်ပေးခါ အမှုကို ပိတ်စေခဲ့သည်။ ထိုအမှုတွင် စစ်တပ်သည် ရဲ၏ လူပုဂ္ဂိုလ်စုံစမ်းစစ်ဆေးမှုကို တားဆီးရုံသာမက အမှုတင်စွဲဆိုသူတို့ကို်ပါ တရားပြန်စွဲမည်ဟု ခြိမ်းခြောက်ခဲ့သည်။
မြန်မာပြည်တွင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုများကို အဆုံးသတ်လိုပါက ပြုကျင့်မှုတို့၏ အရင်းအမြစ် ပြဿ နာကို စတင်ကိုင်တွယ်ဖို့အရေးတကြီးလိုအပ်နေပေသည်။ နေပြည်တော်၏ စစ်တပ်ဖြန့်ကျက်ခြင်းနှင့် တိုင်းရင်းသားလူမျိုးများအပေါ် ကျူးကျော်ခြင်း၊စစ်တပ်သည် အရပ်ဖက်အုပ်ချုပ်ရေး အပြင်ဘက်တွင် ရှိနေ ခြင်း တို့ ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇွန်လ က ယူကေ (UK) မှ ကြီးမှူးလုပ်ခဲ့သည့် စစ်ပွဲဖြစ်ရာဒေသများတွင် လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး ကြေညာချက်ကို မြန်မာပြည်က လက်မှတ်ထိုးခဲ့သည်။ ထိုကြောင့် နိုင်ငံတကာအနေနှင့် အလေးထား ကိုင်တွယ်ရန် လိုအပ်ပါသည်။ သို့သော်လည်း ဗြိတိန် အပါအဝင်နိုင်ငံများက နေပြည်တော်မှ တိုင်းရင်းသားပြည်နယ်များအပေါ် ထိုးစစ်ဆင်နေပြီး လိင်အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို ဆတ်ဆိတ်နေနေကြသည်။
ထို့ကြောင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင်က တိုက်ပွဲဖြစ်ရာဒေသရှိ အမျိုးသမီးများ၊ မိန်းခလေးများလိင် အကြမ်း ဖက်ခံရခြင်းမှ အကာအကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို “ အပြောအတိုင်းလုပ်ဖို့” တိုက်တွန်း ပါသည်။ နိုင်ငံတကာသည် နေပြည်တော်၏ လက်ရှိ တိုက်ခိုက်နေမှုကိုလူသိရှင်ကြား စတင်အပြစ် တင်ရမည်။ တိုင်းရင်းသားဒေသများအတွင်း စစ်တပ်ဖြန့်ကျက်ခြင်း၊ ထိုးစစ်ဆင်ခြင်းကို နေပြည် တော်မှ မရပ်တန့်ပါက ဆက်လက်ဆက်ဆံမှုကို မလုပ်ဆောင်သင့်ပေ။
၂၀၁၅ ခု (ဧပြီ – နိုဝင်ဘာ) အတွင်း မြန်မာအစိုးရစစ်တပ်မှ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသိသမျှမှတ်တမ်း အကျဉ်းချုပ်။
မှတ်ချက် – ဟိုပုံးသတ်မှုနှင့်ပတ်သက်၍ အသေးစိတ်သိလိုက ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အစီရင်ခံစာတွင်ကြည့်ပါ။
http://www.shanhumanrights.org/images/stories/pdf/July20_2015/Update%20by%20Shan%20Human%20Rights%20Foundation_Ho%20Pong%20rape%20case%20_Burmese%20Version.pdf
သြဂုတ်လ ၂၆ ရက်၂၀၁၅ခုနှစ်။ မြန်မာအစိုးရ စစ်တပ်မှ စစ်သား တာချီလိတ်တွင် မုဒိမ်းမှု အသေးစိပ်။
ဤအမှုသည် တာချီလိတ်အရှေ့ဘက် ၂၅ ကီလိုမီတာအကွာ ဆမ်ပူးရွာ အပြင်ဘက် မဲခေါင်မြစ်အနီးတွင် ဖြစ်ခဲ့သည်။ သြဂုတ်လ ၂၆ ရက် ညနေ၅နာရီခန့်တွင် “နန်းဝမ်” (အမည်လွှဲ) ၃၂ နှစ်သည် သူမ၏လယ်ကို တဦးတည်းစောင့်နေသည်။ သူ့ယောက်ျားက မြက်ရိတ်စက် သွားပြန်ပို့နေစဉ်။ဆမ်ပူးရွာအခြေစိုက် တပ်စခန်းမှ တပ်သားဝင်းနိုင်က ထိုနေရာတွင် ထင်းရှာလာသည်။ နန်းဝမ်ကို သူ့ဒါးဖြင့်ခြိမ်းခြောက်ခါ မုဒိမ်းကျင့်တော့သည်။
ထိုနောက်နမ်းဝမ်က သူမရွာသို့ ငိုပြန်သွားသည်။လမ်းတွင် သူမကိုကြိုရန်လာသည့် မော်တော်ဆိုင်ကယ်စီး လာသော သူ့ယောက်ျားနဲ့ တွေ့သည်။ဖြစ်စဉ်ကို ယောက်ျားအားပြောပြပြီးနောက် ရွာလူကြီးအိမ်သို့ တိုက်ရိုက်သွားခါတိုင်ကြားတော့သည်။ရွာလူကြီးက ဆမ်ပူးစခန်းတာဝန်ခံကို ဖန်းဆက်ပြောရာ ထိုတာဝန်ခံ က နန်းဝမ်ကို စခန်းသို့လာပြီး မုဒိမ်းကျင့်သူကို ပြရန်ခေါ်သည်။
နန်းဝမ်နှင့်သူခင်ပွန်းတို့ စခန်းကိုသွားရာ တရားခံဝင်းနိုင်ကိုရှာတွေ့ခဲ့သည်။ ဝင်းနိုင်ကို တာဝန်ခံက နန်းဝမ်တို့ရှေ့မှာပင် ပါးရိုက်၊ ကန်ကျောက်ပြီးသူ့ကိုအပြစ်ပေးမယ်ဟုဆိုသည်။နောင်နေ့နံက်တွင်ဝင်းနိုင်ကို သူ့မိခင်တပ်ရင်းရှိရာ မိုင်းဖြတ် စစ်ဆင်ရေးကွပ်ကဲမှု အမှတ် ၁၈ သို့ပို့လိုက်သည်။
နန်းဝမ်တို့ က ဝင်းနိုင်အားအရေးယူပုံကို မကျေနပ်ကြပေ။ သူတို့က သြဂုတ်လ ၂၇ ရက်နေ့တွင် တာချီလိတ်သွားခါ နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်တို့နှင့်တိုင်ပင်သည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ သူတို့ကို ဘတ် ၃၀၀၀ ပေးသော်လည်း တရားစွဲရန်မကူညီပေ။
စက်တင်ဘာလ ဒုတိယပတ်တွင် ကြိဂံတိုင်းဒေသအရာရှိ အောင်ဇော်အေးက ကားသုံးစီး၊ စစ်သား၂ဝဖြင့် ဆမ်ပူးရွာသို့ရောက်လာသည်။ သူကရွာလူကြီးနှင့် နန်းဝမ်ကို ရွာသူရွာသား ၃၀ လောက်ရှေ့တွင် ဆင့်ခေါ်လိုက်သည်။ သူက နန်းဝမ်တို့ ဘာလိုချင်လဲမေးတယ်။ ဒါပေမဲ့ နန်းဝမ်တို့ကသူတို့ရွာမှာ အခြေစိုက်သည့် စစ်တပ်ကိုကြောက်လွန်းသဖြင့် မုဒိ်မ်းမှုအတွက်တရားစွဲပေး ရန်မပြော ဝံ့ကြချေ။ အောင်ဇော်အေးက နန်းဝမ်ကို ဘတ် ၅၀၀၀ ပေးခဲ့သည်။
ထိုမုဒိမ်းမှုဖြစ်ပြီးနောက် ဆမ်ပူးရှိ အမျိုးသမီးတို့သည် လယ်ထဲသို့ တစ်ဦးတည်း မသွားဝံ့ကြတော့ပေ။ နောက်နောင် မုဒိမ်းမှုဖြစ်ပါက ကျူးလန် သူကို မဖေါ်ထုတ် နိုင်ရန်အတွက် တျူးလွန်သူကတခါတည်း သတ်မည်ကို တွေးကြောက်ကြသည်။
ဆမ်ပူးစခန်းတွင် မိုင်းဖြတ် စစ်ဆင်ရေးကွပ်ကဲမှု အမှတ် ၁၈ လက်အောက်ခံ မြန်မာအစိုးရ စစ်သား၄၀ ခန့်ရှိသည်။ ထိုနေရာတွင်တပ်စွဲထားသည်မှာ ၉ နှစ်ခန့်ကြာပြီဖြစ်သည်။ တပ်စခန်းက ဘုန်းကြီးကျောင်းဘေး မှာဖြစ်သဖြင့် အထွဋ်အမြတ်ထားရာနေရာနှင့် နီးနေသဖြင့် ရွာလူထုကမနှစ်သက်ကြပေ။ စစ်သားများက ရွာလူထုထံမှ ကားများကိုချောဆွဲခြင်း၊ ဓါတ်ဆီထည့်ခိုင်းခြင်းများ မကြာခဏလုပ်ခိုင်းလေ့ရှိသည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း/ အင်္ဂလိပ်)
နန်းစံတောင်း + ၆၆ (၀) ၈၁-၆၀၃-၆၆၅၅ (အင်္ဂလိပ်/ ထိုင်း)
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ/ အင်္ဂလိပ်)
PDF File >>>