ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလေးဦးသေဆုံးကာ အိမ်ပေါင်းများစွာထိခိုက်ပျက်စီးခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် မေလ ၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလေးဦးသေဆုံးကာ အိမ်ပေါင်းများစွာထိခိုက်ပျက်စီးခဲ့

၂၀၂၃  ခုနစ် ဧပြီလအတွင်းဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်ဖွဲ့များနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တို့၏တိုက်ပွဲများအပြီးတွင် စစ်ကောင်စီ၏ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါအ၀င် ပြည်သူ ၄ ဦးသေဆုံးပြ နေအိမ်ပေါင်းများ စွာထိ ခိုက်ပျက်စီးခဲ့သည်။ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး နှင့် ၄င်းတို့၏မိသားစု တစ်ဦးကိုလဲ ဖမ်းဆီးထားပြီး ဒေသခံ ၅ဦးသည်လည်းမြေမြုပ် မိုင်းကြောင့် ထိခိုက် ခဲ့သည်။

၂၀၂၃ ခုနစ် ဧပြီလ ၅ရက်နေ့တွင် နောင်ချိုဘက်မှလာသော စစ်ကောင်စီစစ်ကြောင်းနှင့် သံဘိုကျေးရွာ ပတ်၀န်းကျင်တွင် လှုပ်ရှားလျက်ရှိသော MDY-PDF တို့ထိတွေ့မှုဖြစ်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက် ကြီး အမြောက်အများအသုံးပြုခဲ့ပြီး ထိုနေ့ညနေ ၄နာရီတွင် လက်နက်ကြီးတစ်လုံးသည်သံဘို ကျေးရွာရှိ နေအိမ်တစ် လုံး ပေါ် သို့ကျရောက်ကာ မောင်နှမများဖြစ်ကျသည့် အသက် ၁၄ နှစ်အရွယ် နန်းမအေးနှင့် အသက် ၁၁ လသားအရွယ် စိုင်း၀ါ ၀ါ၀င်း ကလေးငယ်နှစ်ဦးကိုထိ မှန်ကာ သေဆုံးခဲ့သည်။

ထိုနေ့ညနေ ၅ နာရီခန့်တွင်  ရတနာသိင်္ဂီသတ္တုတွင်းအနီး တပ်စွဲ ထားသော စစ်ကောင်စီတပ်မှ ကုန်းညောင် ကျေး ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ဆယ်လုံးထက်မနည်းပစ် ခတ် ခဲ့ရာ ကျေးရွာအနီးရှိ ကြံစိုက်ခင်းများ မီး လောင် ပျက်စီးခဲ့ပြီး လမ်းပေါ်တွင် စျေးရောင်းချနေသူ အမျိုးသားကိုလက်နက် ကြီး ထိမှန်ကာ ဒဏ်ရာရခဲ့သည်။

ဧပြီလ ၁၁ ရက်နေ့မနက် ၈နာရီခန့်တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့်သည် ဟိုခို(မြောက်) ကျေးရွာအုပ်စု အင်းမရွာအတွင်းသို့ရောက်ရှိလာခဲ့ပြီး အင်းမကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့ကို PDF များကိုလက်ခံထားသည် ဟူသောအကြောင်းပြချက်ဖြင့် ရိုက်နှက်ကာဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ဧပြီလ ၁၃ ရက်နေ့တွင်လည်း ကုန်းသာ ကျေးရွာအုပ်စု ကုန်းသာရွာအုပ်ချုပ်ရေးမှူးကို နေအိမ်၌ပင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ လက်ရှိအချိန် အ ထိ ၄င်းတို့မှာမိသားစုနှင့်အဆက်အသွယ်မရသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမသိရသေးပါ။

ဧပြီလ ၁၁ ရက်နေ့ည ၈နာရီခန့်တွင် ရတနာသိင်္ဂီသတ္တုတွင်းအနီးတပ်စွဲထားသော စစ်ကောင်စီမှပစ်လိုက်သော လက်နက် ကြီး သည် သံဘိုကျေးရွာအတွင်း သို့ကျရောက်ခဲ့ပြီး အသက် ၇၀ အရွယ် လုံးစန္ဒိမာကိုထိမှန်ကာသေ ဆုံးခဲ့သည်။

တိုက်ပွဲများသည် သံဘိုကျေးရွာအုပ်စု၊ကုန်းကြီးကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအုပ်စု တို့အပါအ၀င် နောင်ချို့မြို့နယ်ရှိ ကျေးရွာအများစုတွင် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဧပြီလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ကုန်းကြီးကျေးရွာအုပ်စု ကုန်းကြီးရွာတွင် နေအိမ် ၉လုံး၊ ဟိုခဲရွာတွင် နေအိမ်အလုံး ၂၀ ခန့်ထိမှန်ပျက်စီးခဲ့ပြီး ရောင်းချရန်သိုလှောင်ထားသော တန်ဖိုးသိန်း ၂၀၀ ၀န်းကျင်ရှိ ပြောင်းဖူးများမီး လောင်ပျက် စီးခဲ့သည်။

ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးသည် ကုလားကွဲကျေးရွာအတွင်းရှိ နေ အိမ် တစ်လုံးကိုထိမှန်ခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဦးချစ်စိန်သေဆုံးခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့မနက်ပိုင်း  ၁၁ နာရီခွဲခန့်တွင် ကုန်းကြီးကျေးရွာအုပ်စု နောင်ခဲကျေးရွာမှ ရွာသား ၅ ဦးသည် ကျေးရွာ အနီးရှိ ကြံစိုက်ခင်းကိုသွားကြည့်စဥ် မြေမြုပ်မှိုင်းနင်းမိကာပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိအချိန်အထိ နောင်ချို့မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး  သံဘိုကျေးရွာ၊ ဟိုခဲကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ၀င်ရောက်နေထိုင်လျက်ရှိရာ သံဘိုကျေးရွာအုပ်စု၊ ကုန်းကြီး ကျေးရွာအုပ်စု၊ဘန့်ဘွေးကျေးရွာ အုပ်စု၊ ဒိုးပင်ကျေးရွာအုပ်စုတို့မှ ဒေသခံ ၄၀၀၀ ၀န်းကျင်သည် နောင်ချို့မြို့၊ ပြင်ဦးလွင်မြို့ အတွင်းရှိဆွေမျိုးအိမ်များနှင့် နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ဆက်လက်တိမ်းရှောင် နေရဆဲ ဖြစ်သည်။

လက်ရှိနောင်ချိုမြို့နယ်အတွင်းတွင် လှုပ်ရှားနေသော စစ်ကောင်စီတပ်များမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၇၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  ခြေလျင်တပ်မ ၁၀၁ လက်အောက်ခံ  ခလရ ၂၅၃ နှင့် ခလရ ၂၅၈ တို့ဖြစ်သည်။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696         (Signal)             (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်    +66 62 569 5220                                  (မြန်မာ)

Download PDF files:Shan Burmese English

ထုတ်ပြန်ချက်