ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ် ၁၀ ရက်
နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးကြဲမှုများကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ အဆောက် အဦး ၈၅ လုံး ပျက်စီး
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှ ၂၈ ရက်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးကြဲမှုများကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၂ကျောင်း၊ ဆေးရုံ ၁ ရုံးနှင့် ကျောင်း ၁ ကျောင်း အပါအဝင် အဆောက်အဦး ၈၅ လုံး ထိခိုက် ပျက်စီးခဲ့သည်။
စစ်ကောင်စီက ဖေဖော်ဝါရီလလယ်တွင် နောင်ချိုမြို့နယ်တောင်ပိုင်း တောင်းခမ်းအနီးရှိ ၎င်းတို့၏စခန်း များကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုဒေသကို အပြင်းထန်ဆုံးသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် ခဲ့ပြီး ကူမင်းတွင် တရုတ်ဦးဆောင်ပြီး TNLA နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့် အချိန်မှာ ပင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုသည် ရလာဒ်မထွက်ပဲ ပြီးဆုံးခဲ့ပြီးနောက် ရက် အနည်းငယ်အကြာ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စစ်ကောင်စီက နောင်ချိုမြို့ကို ဗုံးကြဲခဲ့သဖြင့် ဆေးရုံ ၁ရုံထိခိုက်ပျက်စီးပြီး အရပ်သား ၃ ဦးသေဆုံးကာ အခြား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ နောင်ချိုကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အနီးတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် စစ်ကောင်စီက ပိုက်လိုင်းနှင့် ၁ကီလိုမီတာအကွာတွင်ရှိသော အုန်းမောက်ဒီကျေးရွာကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် အုမ္မသီးဘုန်းကြီးကျောင်း မီးလောင်ပြာကျခဲ့သည်။ ထိုနေ့မှာပင် စစ် ကောင်စီက ပိုက်လိုင်းအနီးတွင်ရှိသော ဆမ္မဆယ်နှင့် ဘန့်ဘွေးကျေးရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဖေဖော်ဝါရီလ ၂၄ရက် နေ့လည်ပိုင်းတွင် စစ် ကောင်စီက အုမ္မသီးကျေးရွာရှိ ပြည့်ဖြိုးစားသောက်ဆိုင်ကို ဗုံး၂လုံး ကြဲချခဲ့သဖြင့် ထိုစား သောက်ဆိုင်နှင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့သည်။ မတ်လ ၅ ရက်နေ့မှ ၇ရက်နေ့အတွင်း စစ်ကောင်စီက အုမ္မသီး ကျေးရွာကို လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲခဲ့သဖြင့် နေအိမ် ၁၀လုံး မီးလောင် ပြာကျခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် နောင် ချိုမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး မိုးမိတ် နှင့် မိုး ကုတ်မြို့နယ်ရှိ သတ္တုတူးဖော်ရာဒေသ များကို ပစ်မှတ်ထားသော လေကြောင်းတိုက် ခိုက်မှု ၂ကြိမ် ရှိခဲ့သည်။ ဖေ ဖော် ဝါရီလ ၁၀ ရက် နံနက် ၁နာရီတွင် စစ်ကောင်စီက မိုးကုတ်မြို့ အနောက်မြောက်ဖက် ၃ကီလိုမီတာ အကွာ တွင်ရှိသော ကျောက်တွင်းကို Y-12 ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးအလုံး ၂၀ကျော် ကြဲချခဲ့သဖြင့် အရပ်သား ၅ ဦးသေဆုံးပြီး အခြား ၂၀ဦးဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် စစ်ကောင်စီက မိုးမိတ် မြို့အနီး ၀ဲပေါင်း ကျေး ရွာရှိ ရွှေတွင်းကို ဂျက်ဖိုက်တာလေ ယာဉ် ဖြင့်ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့သဖြင့် ကျေးရွာသား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးနှင့် ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် 66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)
ယိင်းလျန်းဟန် 1 825 425 4099 Signal (မြန်မာ)
Download PDF files >>>>>