စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျောက်မဲ၊ မိုးကုတ်နှင့် နောင်ချိုမြို့ များတွင် အရပ်သား ၈ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျောက်မဲ၊ မိုးကုတ်နှင့် နောင်ချိုမြို့ များတွင် အရပ်သား ၈ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ၂၀၂၄ နှစ်လယ်ပိုင်းမှစ၍ ထိန်းချုပ်ထားသော ကျောက်မဲ၊ မိုးကုတ်နှင့် နောင်ချိုမြို့များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၈ဦးသေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့ကာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၇ကျောင်း၊ ဗုဒ္ဓဘာသာစာသင်ကျောင်း ၁ ကျောင်းနှင့် ဗလီတစ်လုံးအပါအဝင် အဆောက်အအုံ ၅၀ ကျော်ပျက်စီးခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ကျောက်မဲမြို့ရှိစံပြစားသောက်ဆိုင်

ဇွန်လ ၂၄ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ကျောက်မဲမြို့၊ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၇ တို့ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာ အရပ်သား ၄ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိကာ စားသောက်ဆိုင်တစ်ဆိုင်၊ ဗလီတစ်လုံးနှင့် ဘုန်းကြီး ကျောင်း တစ်ကျောင်း အပါအဝင် အဆောက် အအုံ ၁၀လုံး ပျက်စီးခဲ့သည်။ သေဆုံးသူ လေးဦးမှာ ဗုံးကြဲ ခံရ ချိန်တွင် စံပြစားသောက်ဆိုင်အတွင်း၌ ရှိနေခဲ့ကြသော သက်ကြီးရွယ်အို အမျိုးသမီး သုံးဦးနှင့် လူငယ်တစ်ဦး ဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။ ၎င်းတို့မှာ ဒေါ်လှရီ (အသက် ၆၀ နှစ်)၊ ဒေါ်လှလှထော် (အသက် ၅၃ နှစ်)၊ ဒေါ်လှတင် (အသက် ၅၅ နှစ်) နှင့် ကိုသီ ဟနိုင် (အသက် ၂၂ နှစ်) တို့ဖြစ်ကြ သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသောသက်ကြီးအမျိုးသမီး

ဇွန်လ ၂၅ ရက်နေ့တွင် ၎င်းတို့၏ရုပ်အလောင်းများကို ကျောက်မဲသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ဖြစ်စဥ်တွင် ကျောက်မဲမြို့မှ ဒဏ်ရာရရှိသူ ဆယ့်လေးဦးတွင် ခုနစ်ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့မှာ ဒေါ်ခင်ရီ (အသက် ၆၀ နှစ်)၊ ဒေါ်လှလှသိန်း (အသက် ၅၅ နှစ်)၊ ဒေါ်လှလှရီ (အသက် ၅၂ နှစ်)၊ ဖြိုးဝေဝေကျော် (အသက် ၃၃ နှစ်)၊ အေးစံမိုး (အသက် ၂၅ နှစ်)၊ ပေါက်ဘဲ (အသက် ၂၂ နှစ်) နှင့် မရွှန်းလဲ့ရည် (အသက် ၁၇ နှစ်) တို့ဖြစ်ကြသည်။ ဒဏ်ရာရသူများထဲမှ အမျိုးသားသုံးဦးမှာ ဦးလှဌေး (အသက် ၆၃ နှစ်)၊ ဦးအောင် ထွန်း (အသက် ၅၅ နှစ်) နှင့် မောင်ကျော်ဇောဟိန်း (အသက် ၁၉ နှစ်) တို့ဖြစ်ကြပြီး ငါးနှစ်အ ရွယ်ယောက်ျား လေး တစ်ဦးဖြစ်သူ စောစောလည်းပါဝင်သည်။ ကျန်သုံးဦး၏အသေးစိတ် အချက်အလက် များကို မသိရှိရသေးပေ။ ဒဏ် ရာ ရရှိသူများမှာ ကျောက်မဲမြို့ရှိဆေးရုံများတွင်ကုသမှုခံယူနေသည်။

ယခင်က ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စစ်ကောင်စီက ကျောက်မဲမြို့ကို အလားတူ ဗုံးနှစ်လုံးကြဲချတိုက် ခိုက်ခဲ့ဖူးသော်လည်း အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ပေ။

ဇွန်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက မိုးကုတ်မြို့ရှိအုံးကိုင်းဘုန်း ကြီး ကျောင်း ကို ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချခဲ့ရာ အရပ်သားလေးဦးဒဏ်ရာရရှိပြီး အုံးကိုင်းဘုရားနှင့် နေအိမ်ငါးလုံးပျက် စီးခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့၊ ည ၁၀ နာရီတွင် စစ်ကောင်စီတပ်များက ကံကြီးကျေးရွာမှ နောင်ချိုမြို့၊ စျေးရပ်ကွက်အတွင်းသို့ လက်နက်ကြီးရှစ်လုံးပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးများကြောင့် စျေးရပ်ကွက်ရှိ နေအိမ်နှစ်လုံးပျက်စီးခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်များက စျေးရပ်ကွက်အတွင်းသို့ (ဟောင်ဝစ်ဇာ) လက် နက်ကြီးလေးလုံး ထပ်မံပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦးဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

ဇွန်လ ၂၇ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီမထိုးမီ ၁၀-၂၀ မိနစ်အလိုတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ ရပ်ကွက် ၇ ရှိ လျှပ်စစ်ဓာတ်အားပေးရုံ (EPC) အနီးသို့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာ မမိုးနှောင်း (အသက် ၅၀ နှစ်) သေဆုံးပြီး ဖြိုးသန်းကျော် (အသက် ၁၉ နှစ်) နှင့် စောထူးလင်း (အသက် ၁၇ နှစ်) လူငယ် နှစ်ဦးတို့ဒဏ်ရာရရှိခဲ့သည်။ ခရိုင်ဆောက်လုပ်ရေးဧည့်ဂေဟာနှင့် နေအိမ်နှစ်လုံးပျက်စီးခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ ရပ်ကွက် ၁ သို့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးဒဏ်ရာရရှိပြီး ကမ္ဘောဇဘုန်းကြီးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းနှင့် နေအိမ်ဆယ့်ငါးလုံးပျက်စီးခဲ့သည်။ ည ၈:၃၀ မှ ၉:၀၀ နာရီအ တွင်း စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ ရပ်ကွက် ၇ သို့ ပေါင် ၅၀၀ ဗုံးနှစ်လုံးနှင့် Cluster ဗုံး တစ်လုံးကြဲချခဲ့ရာ နေအိမ်လေးလုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နောင်ချိုမြို့စျေးရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ ချခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့သည်။လေကြောင်းတိုက်ခိုက်မှုအပြီး ည ၁၁ နာရီတွင် နောင်ချို့ မြို့အနီး တစ် ၀ိုက်ရှိ စစ်ကောင်စီတပ်သည် မြို့အတွင်းသို့လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့ သုံးဆယ်ကျေးရွာကို ဂျက်ဖိုက်တာ များဖြင့် လေကြောင်းမှ ဗုံး ၁၁လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ဦးသေဆုံးကာ ၁ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံး နှင့် ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့သည်

ဇွန်လအတွင်း နောင်ချိုမြို့နယ်ရှိ ပြင်ဦးလွင်-မိုးကုတ်လမ်းတလျှောက်တွင် စစ်ကောင်စီတပ်များနှင့် မန္တလေး ပြည် သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) နှင့် TNLA တို့၏ ခုခံတော်လှန်ရေးတပ်ဖွဲ့များကြား နေ့စဉ်နီးပါးတိုက် ပွဲ များဖြစ်ပွားခဲ့သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                +1 825 425 4099         Signal (မြန်မာ)

Download PDF >>> Shan Burmese English

ထုတ်ပြန်ချက်