နောင်ချိုမြို့၊ကျောက်မဲမြို့နှင့်သီပေါမြို့များတွင် တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတစ်လျောက်၌ စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရ ကာ အဆောက်အဦး ၁၅၀ ကျော်ပျက်စီးခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်

နောင်ချိုမြို့၊ကျောက်မဲမြို့နှင့်သီပေါမြို့များတွင် တရုတ်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတစ်လျောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရကာ အဆောက်အဦး ၁၅၀ ကျော်ပျက်စီးခဲ့

TNLA၊ MNDAA နှင့် PDF တပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းစတင်သည့် ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နှစ်ပတ်တာကာလအတွင်း နောင်ချိုမြို့၊ကျောက်မဲမြို့နှင့်သီပေါမြို့များတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့်အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရကာ အဆောက်အဦး ၁၅၀ ကျော်ပျက်စီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့်အလားတူစွာ စစ်ကောင်စီသည် တရုတ်ရေနံနှင့်သဘာဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိမြို့များတွင် သေဆုံးထိခိုက်မှုများစေသော ပေါင် ၅၀၀ ဗုံးများအသုံးပြုခြင်းအပါအ၀င် အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများကို မြို့များနှင့်ရွာများအပေါ် ပိုမိုစုစည်းပစ်မှတ်ထားလုပ်ဆောင်ခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအချက်အလက်များ (၂၀၂၄ ဇွန် ၂၅-၃၀)

၂၀၂၄ ခုနစ် ဇွန်လ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများကို TNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့က၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မြို့အတွင်းသို့တိုက်ရိုက် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အမျိုးသမီးနှစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦးဒဏ်ရာရရှိပြီး ဘူတာရပ်နှင့် စျေးရပ်တွင်းရှိ နေအိမ်များစွာပျက်စီးခဲ့သည်။

ထိုနေ့၌ပင် အုမ္မသီးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သည် တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းကိုဖြတ်ကာ ဆမ္မဆယ် ကျေးရွာဘက်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့သည်။ လက်နက်ကြီးတစ်လုံးသည်ပိုက်လိုင်းမှ ၈၀ မီတာသာကွာ၀ေးသော ချိုခမ်းဘုန်းကြီး ကျောင်း၀င်းအတွင်းကျရောက်ကာ သံဃာတစ်ပါး ဒဏ် ရာရရှိခဲ့ပြီး ကျောင်းအဆောက် အဦးပျက်စီးခဲ့ သည်။

စစ်ကောင်စီ၏လက််နက်ထိမှန်သော ချိုခမ်းဘုန်းကြီးကျောင်းမှသံဃာ

ဇွန်လ ၂၆ ရက်နေ့တွင် TNLA/PDF ပူးပေါင်းတပ်ဖွဲ့ သည် စစ်ကောင်စီတပ် ခလရ ၁၁၅ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းကိုထိန်းချုပ်နိုင်ခဲ့သည်။

ဇွန်လ ၂၇ ရက်နေ့တွင် TNLA/PDF ပူးပေါင်းတပ်ဖွဲ့ သည် ခလရ ၁၁၅ အနီးရှိ စစ်ကောင်စီတပ်ခလရ ၁၁၄ နှင့် မူဆယ်-မန္တလေးလမ်းပေါ်မှမြို့၏အနောက် ဘက်ရှိစစ်ကောင်စီတပ်၏ အုမ္မသီးကျေးရွာရှိတပ်စခန်းနှင့် အုမ္မခါး တပ်စခန်းတို့ကို သိမ်းပိုက်နိုင် ခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့မှ  ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သည်နောင်ချိုမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနောက်ပိုင်း ရှိ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ ဆက်တိုက်ပြုလုပ်ခဲ့ရာ နေအိမ် ၁၂ လုံးခန့် ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအချက်အလက်များ (၂၀၂၄ ဇွန် ၁၉-ဇူလိုင် ၂)

၂၀၂၄ ခုနစ် ဇွန်လ၁၉ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ SHRF မှ ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အရပ်သား ၄၄ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိပြီး နေအိမ်အလုံး ၁၀၀ ကျော်ပျက်စီးခဲ့သည်ကို မှတ်တမ်းပြုစုနိုင်ခဲ့ပါသည်။ သို့သော် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ ဇူ လိုင်လအစောပိုင်းတွင် အရပ်၀တ်ဖြင့်ရုပ်အလောင်း ၆၀ ကိုကောက်ယူခဲ့ရသော မှတ်တမ်းများ အရပ်သားထိခိုက်သေဆုံးမှုမှာ အမှန်တကယ်တွင်ပိုမိုများပြားနိုင်ပါသည်။

ဇွန်လ ၁၉ရက်နှင့် ၂၄ ရက်နေ့တို့တွင် စစ်ကောင်စီသည် ကျောက်မဲမြို့နယ် အနောက်မြောက်အရပ်ရှိ ကျေးရွာ ၂ ရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ၃ဦးထိခိုက်ခဲ့ပြီး နေအိမ်များလဲပျက်စီးခဲ့သည်။

၂၀၂၄ ဇွန်လ ၂၅ ရက် မနက် ၆နာရီခန့်မှစတင်ကာ TNLA/PDF တို့သည် ကျောက်မဲမြို့နေရာအနှံ့ရှိ စစ်ကောင်စီတပ် စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ ကျောက်မဲမြို့ ခမရ ၅၀၁၊ ၅၀၂ စစ်ကောင်စီတပ်၊ငြိမ်းချမ်းရေးကုန်း၊နားအိုက်ခန့်၊စခန်းသာရွာနှင့် လုံ၀ယ်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုနေ့၌ပင် ကျောက်မဲမြို့ပေါ်ရှိ အရပ်သား ၈ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များမှနေအိမ်အများအပြား ပျက်စီးခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့တွင် TNLA ပူးပေါင်းတပ်ဖွဲ့သည် ကျောက်မဲမြို့ရပ်ကွက် ၁ရှိ စစ်ကောင်စီအမြောက်တပ် ၃၅၂ နှင့် စစ်ကောင်စီတပ်များတပ်စွဲခဲ့သော ကျောက်မဲဆေးရုံ၊ရဲစခန်း၊အထွေထွေအုပ်ချုပ်ရေးမှုရုံးနှင့် မီးသတ်ဌာနတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရာ  ညနေပိုင်းတွင် အိမ်ရှေ့၌ထိုင်နေသော ပြည်သူ ၆ဦးအပါအ၀င် အရပ်သား ၇ ဦးထိမှန်ကာ သေဆုံးခဲ့သည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ပေါင်၅၀၀ ဗုံးကြဲခံရသောကြောင့် ပျက်စီးသွားသောဟော်တယ်

ဇွန်လ ၂၇ ရက်မှ၂၉ ရက်အထိ စစ်ကောင်စီ တပ်မှ ကျောက်မဲမြို့ပေါ်နှင့်အနီးတစ်၀ိုက် ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား ၂၁ ဦးသေ ဆုံး ပြီး ၇ ဦးဒဏ်ရာရခဲ့သည်။

ဇွန်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင် စီ တပ် သည် ပေါင် ၅၀၀ ဗုံး ၃ လုံးကို မြို့အ တွင်း ကြဲချခဲ့ရာ ဟော်တယ်၊ ဘုန်း ကြီးကျောင်း အပါအ၀င် အနည်းဆုံး နေအိမ် ၂၀ ပျက်စီးပြီး အရပ်သား ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ သည်။.

ဇူလိုင်လ ၂ရက်နေ့တွင် စစ်ကောင်စီတပ်မှ မြို့အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား  ၄ ဦးသေဆုံးခဲ့သည်။

သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုအချက်အလက်များ (၂၀၂၄ ဇွန် ၂၇-ဇူလိုင် ၄)

၂၀၂၄ ခုနစ်ဇွန်လ ၂၄ ရက်နေ့ညသန်းခေါင်ယံ၌ သီပေါမြို့နယ် အရှေ့ဘက် ၆ ကီလိုမီတာကွာ၀ေးစော ဆွတ်လန်းကျေးရွာ သို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတပ်ဖွဲ့များ ၀င်ရောက်လာခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းတွင် သီပေါမြို့ ဒုဌ၀တီမြစ်ကူးတံတားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ဆွတ်လန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ရာမှ သီပေါမြို့နယ်အတွင်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် ဇွန်လ  ၂၅ ရက်နေ့ညပိုင်းမှစတင်ကာ ၂၇ရက်နေ့အထိ တိုက်ပွဲကြီးကြီးမားမားမရှိဘဲ စစ်ကောင်စီတပ်များ တပ်စွဲထာသော ဒုဌ၀တီမြစ်ကူးတံတားအနီးရှိတပ်စခန်းနှင့်ခလရ ၂၃ တပ်များဘက်မှနေ၍ TNLA တပ်ဖွဲ့၀င်များရှိရာ ဆွတ်လန်းကျေးရွာဘက်သို့ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့သည်။

ဇွန်လ ၂၇ ရက်နေ့ညနေ ၃နာရီခွဲ၀န်းကျင်တွင် ဒုဌ၀တီမြစ်ကူးတံတားအနီးရှိတပ်စခန်းမှ ပစ်လိုက်သောလက်နက် ကြီးသည် TNLA တပ်ဖွဲ့၀င်များမရှိသော သီပေါမြို့ပန်းတိမ်တောင်ရပ်ကွက်အတွင်းသို့ကျရောက်ခဲ့ပြီး အရပ်သားနေအိမ်တလုံးထိခိုက်ပျက်စီးခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့တွင် သီပေါမြို့နယ်အရှေ့ဘက်ကီလိုမီတာ ၃၀ ကွာ၀ေးသော မူဆယ်-မန္တလေးလမ်းမပေါ်ရှိ စဥ့်အင်ကျေးရွာသို့ MNDAA တပ်ဖွဲ့၀င်များရောက်ရှိလာခဲ့သည်။ထို့နောက်၄င်းတို့သည် အနောက်ဘက်သို့ ဆက် လက် ထွက်ခွာခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ညပိုင်း ၇နာရီ၀န်းကျင်တွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု စံလှိုင်ရွာအနီးတွင် TNLA/PDF  ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အရပ်သား ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံးပျက်စီးခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့ညပိုင်းတွင် TNLA/MNDAAပူးပေါင်းတပ်ဖွဲ့သည် ဒုဌ၀တီမြစ်ကူးတံတားအနီးရှိ စစ်ကောင်စီ တပ်စခန်းကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထိုနေ့ည ၈နာရီ၀န်း ကျင်ခန့်တွင် စစ်ကောင်စီတပ်ခမရ ၂၃ မှပစ်လိုက်သောလက်နက်ကြီးသည် ပန်းတိမ်တောင်ရပ်ကွက် အတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရကာ နေအိမ် ၃လုံးပျက်စီးခဲ့သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်              66 99 246 5673/66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်           66 99 289 6080                                          Signal (မြန်မာ)

PDF Files >>> Shan  Burmese English

ထုတ်ပြန်ချက်