စစ်ကောင်စီ ခရိုနီပိုင် ငွေရည်ပုလဲ သတ္တုတူးဖေါ်ရေးလုပ်ငန်းက သီပေါမြို့နယ် ‌‌ဒေသခံပြည်သူတို့ပိုင်သည့် နမ့်မရေဝေကြောတွင် ကျောက်မီးသွေးစမ်းသပ်တူးဖေါ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

2021 ခုနှစ် ဒီဇင်ဘာလ 13 ရက်

စစ်ကောင်စီ ခရိုနီပိုင် ငွေရည်ပုလဲ သတ္တုတူးဖေါ်ရေးလုပ်ငန်းက သီပေါမြို့နယ် ‌‌ဒေသခံပြည်သူ တို့ပိုင်သည့် နမ့်မရေဝေကြောတွင် ကျောက်မီးသွေးစမ်းသပ်တူးဖေါ်

ဒေသခံတို့က ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ စစ်ကောင်စီခရိုနီပိုင် မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီက သီပေါမြို့နယ် နမ့်မဒေသ၏ ပင်မရေဝင်ကြောဧရိယာတွင် နိုဝင်ဘာလ 23 ရက်နေ့ကတည်းက ကျောက်မီးသွေး စမ်းသပ်တူးဖေါ်ရေးများစတင်နေသည်။

ကုမ္ပဏီအလုပ်သမားများက မြေတူးစက် တစီးဖြင့် တောရိပ်ထူထပ်သည့် ဟိုနားဖာ့ ရေဝင်ကြော ဧရိယာ ၅ ဧကတွင် သတ္တုစမ်းသပ်တူးဖေါ်ရန် စီစဉ်ထားသည့်နေရာတွင် သစ်ပင်များနှင့် အပေါ်ယံမြေဆီလွှာများကို ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ဤအချက်တစ်ခုပင်လျှင် နမ့်မမြစ် နှင့် ကျေးရွာသားတို့၏ စိုက်ပျိုးသော စပါး နှင့် ပြောင်းခြံသို့ စီးဆင်းသွားသည့် ပင်မရေစီးချောင်း လမ်းကြောင်းအား ပိတ်ဆို့ထားပြီး ဖြစ်သည်။

အလုပ်သမား ၁၂ ယောက်က လုပ်ငန်းခွင်မှာ နေထိုင်ပြီး တွင်းတူးခြင်း တွင်းမှရေများစုပ်ထုတ်ခြင်း စသည်ဖြင့် တနေကုန် လုပ်နေကြသည်။

စမ်းသပ်တူးဖေါ်ရာ/ရေဝင်ကြော
ရေဝင်ကုန်းတန်း‌ဒေသတွင် အလုပ်သမားများ ကျောက်မီးသွေး စမ်းသပ်တူးဖေါ်စဥ်

အလုပ်သမားတို့က ငွေရည်ပုလဲ၏ လက်ရှိ နားကုန်ကျောက်မီးသွေးတွင်း အနောက်ဘက် နှင့် ဝမ်လုံကျေးရွာ မြောက်ဘက်မှ တွင်းအသစ်ဆီသို့သွားရန် လမ်းဖေါက်ထားပြီးဖြစ်သည်။ ဤလမ်းသစ်က သစ်တောဖုံးလွှမ်း သည့်ရေဝင်ကြောကိုဖြတ်တောက်ယုံသာမက ကျေးရွာသားတို့၏ တောင်ယာတောကို လည်း ဖြတ်သွားသေးသည်။

ဟိုနားဖာ့ ရေဝင်ကြောက ဆည်မြောင်းသည် ဆန်စပါး ပြောင်း စသည့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းမှု ပြုကြသည့် နမ့်မ ကျေးရွာသားတို့၏ အသက်သွေးကြောသဖွယ် ဖြစ်သည်။ သစ်တောဖုံးလွှမ်းသည့် ရေဝင်ကုန်းတန်းသည် ဆွေစဉ်မျိုးဆက် ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေဖြင့် ထိန်းသိမ်း စောင့် ရှောက်လာတာဖြစ်ပြီးသစ်ပင်များ ခုတ်လှဲခြင်း၊ တောင်ယာ လုပ်ခြင်းများကို တားမြစ်ပိတ်ပင် ထားသည်။

ကျောက်မီးသွေး စူးစမ်းရှာဖွေရာ ရေဝင်ကုန်းတန်းအား အပေါစီးမှ တွေ့မြင်ရပုံ
ကျောက်မီးသွေး စူးစမ်းရှာဖွေရာ ရေဝင်ကုန်းတန်းတွင်းသို့ သွားရန် လမ်းသစ်

ငွေရည်ပုလဲက ဟိုနားဖာ့ဒေသတွင် တိုးချဲ့သတ္တုတူးဖေါ်ရေးများ လုပ်ကိုင်ရန် ကြိုးစားလာခဲ့တာ နှစ်အလွန်ကြခဲ့သော် လည်း ‌ဒေသခံတို့က ဆန့်ကျင်ပိတ်ဆို့နိုင်ခဲ့ကြသည်။ ဟိုနားဖာ့တွင် တူးဖေါ်ရေးများ လုပ်ကိုင်နိုင်ရန် 2012 ခုနှစ်က နောက်ဆုံးကြိုးစားခဲ့သည်။ ထိုစဉ်က ထရပ်ကား 25 စီးစာ တူးဖေါ်ပြီး ကျောက် မီးသွေးများကို ဒေသခံလူထုတို့က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အား တိုင်တန်း အကူအညီတောင်းသဖြင့် ရပ်တန့်စေခဲ့သည်။

2017 ခုနှစ်တွင် ‌ဒေသခံ ဆရာတော် 15 ပါးတို့က ဦးဆောင်ပြီး 600 ကျော်ခန့်ရရှိသော ကျေးရွာသားတို့စုပေါင်းကာ ဟိုနားဖာ့ သစ်တောရေဝေကုန်းတန်းအား အကာအကွယ်ပေးရန် ဆုတောင်းမင်္ဂလာမေတ္တာသုတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ အခမ်းအနားကို ယင်းငွေရည်ပုလဲ ကုမ္ပဏီက တူးဖေါ် နေသည့်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဟိုနားဖာ့ ရေဝေကုန်းတန်းအား အကာအကွယ်ပေးရန် ဆုတောင်းပွဲအခမ်းအနား

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က နောက်ကျဆုံး  သတင်းထုတ်ပြန် ခဲ့သည့်အတိုင်း ငွေရည်ပုလဲက 2021 ဇန်န ဝါရီ 2 ရက်နေ့တွင် ရွာသားများနှင့် လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ် ဝန်ခံချက်အား ချိုး ဖေါက်ခဲ့သည်။ ယင်းစာချုပ်တွင် တူးဖေါ်ရေးများအားလုံး 2021 ခုနှစ် ဇွန်လကုန်တွင် ရပ်ဆိုင်းမည်၊ ရေဝင် ကုန်းတန်းဒေသကိုလည်း ထိခိုက်ပျက်စီးမှု မရှိစေရ (ရှိခဲ့လျှင် ကျပ်ငွေ 1 ဘီလီလျံ လျော်ကြေးပေး ဆောင် မည်) ဟုပါရှိသည်။ လယ်ယာမြေများ ပျက်စီးခြင်း ရေထု လေထု အဆက်ဆက် ညစ်ညမ်းခြင်းတို့ကြောင့် ဒေသတွင်းနေထိုင်သူ ပြည်သူလူထုပေါင်း 3,000 ကျော်တို့က ငွေရည်ပုလဲအား ကျောက်မီးသွေး တူးဖေါ် ရေးများအားလုံး ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခဲ့သည်မှာ နှစ်ပေါင်းရှည်ကြာခဲ့ပြီ။

ငွေရည်ပုလဲ ကုမ္ပဏီသည် အစကတည်းက မြန်မာစစ်တပ်နှင့် ဖက်စပ်လုပ်ကိုင်ခဲ့သည်။ 2004 ခုနှစ် နမ့်မ တွင် တူးဖေါ်ရေးများ စတင်ချိန်က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမူးက သုံးပုံ တစ်ပုံ အစု ရှယ်ယာ ဝင်ထားသည်။ လတ်တလောတွင် ထုတ်လုပ်ရေးမှ အစုအစပ် ပါဝင်မှုပမာဏကို မသိရသော်လည်း စစ်ကောင်စီက ယင်းတူးဖေါ်ရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိမှာ သေချာသည်သာမက တရား ဝင်မှု ရှိ-မရှိ အဓိက မဟုတ်ပဲ တူးဖေါ်ရေးများ တိုးချဲ့လုပ်ကိုင်နိုင်ရန် တိုက်ရိုက်လုပ်ကိုင်ခွင့် ပေးထားသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာရယူချိန်မှ စ၍ နမ့်မဒေသရှိ နားကုန် နှင့် ကုန်းပေါင်း တူးဖေါ်ရေး စခန်းနှစ်ခုလုံး တူးဖေါ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ရရှိသည့် ကျောက်မီးသွေးများကို တစ်နေ့လျှင် ထရပ်ကား အစီး 100 ခန့် တင်ဆောင်ပြီး နောင်ချိုမြို့နယ်ရှိ ရှင်းရွှေလီသကြားစက်ရုံများ နှင့် ခ ရောင်း ဘိလပ်မြေစက်ရုံသို့ တင်ပို့သည်၊ မန္တလေးနှင့် အခြားမြို့များသို့လည်း တင်ပို့သည်။ မနှစ်က တရား ဝင် ထုတ်ပြန်ထားသည့် ရှမ်းပြည် မြောက်ပိုင်းမှ ထုတ်လုပ်သည့်ကြောက်မီးသွေး၏ တဝက်မှာ ငွေရည် ပုလဲမှ ထုတ်လုပ်ခြင်းဖြစ်သည်။

ငွေရည်ပုလဲ ကုမ္ပဏီက ရှမ်းပြည် ‌ဒေသခံပြည်သူလူထုတို့၏ အခွင့်အရေး ကျန်းမာရေး နှင့် ပတ်ဝန်းကျင် စောင့်ရှောက်ရေးကို ပမာမထားပဲ သဘာဝ သယံဇာတများအား ဆက်လျက်ခိုးထုတ်ခြင်းအတွက် ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်က ပြင်းထန်စွာရှုတ်ချသည်။ ဤအချက်သည် ၎င်းတို့ကုမ္ပဏီ၏ ဝဘ်က်ဆိုဒ်တွင် ကိုယ် တိုင် ဖေါ်ညွှန်းသည့် CSR ကတိကဝတ် ကိုတိုက်ရိုက် ချိုးဖေါက်ရာရောက်ကြောင်း ထင်ရှားလှသည်။ ၎င်းတို့ လုပ်ဆောင်သည့် တူးဖေါ်ရေးလုပ်ငန်းများသည် ယင်းကုမ္ပဏီ နှင့် စစ်ကောင်စီတို့အတွက် အကျိုး အမြတ် သာဖြစ်ပြီး နိုင်ငံ့တဝှမ်း ပြည်သူလူထု နိုင်ငံသားများအဖို့တော့ လူသတ်ပွဲအားပေးသလို ဖြစ်နေသည်။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံသူ/သား များအားလုံးတို့အား ရှင်းရွှေလီသကြား နှင့် ခရောင်းဘိလပ်မြေ အပါအဝင် ငွေရည်ပုလဲ ကုမ္ပဏီ၏ ထုတ်ကုန်များအားလုံး ဝယ်ယူအသုံးမပြုဘဲ သပိတ်မှောက်ကြရန် နှိုးဆော်အပ်ပါသည်။

 

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်      +66: 97-173-1530                        (ရှမ်း၊ မြန်မာ)

PDF files:

Shan Burmese English

 

ထုတ်ပြန်ချက်