ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရလူ့အခွင့်အရေးချိုးဖေါက်မှုထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်
ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုများဖြစ်စေနိုင်သော လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၈,၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်၌ စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ ထိခိုက်သေဆုံးစေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးကာ အများစုမှာ ဘုန်းကြီးကျောင်းများတွင် ဖြစ်ပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ရာ အရပ်သားပြည်သူ ၈,၆၀၀ ကျော် မှာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။
လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများမှာ ကျောက်မဲမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ နောင်ပိန်ကျေးရွာအုပ်စုကို အဓိက ပစ်မှတ်ထားခဲ့သည်။ ထိုနေရာတွင် နောင်ချိုမှ ချီတက်လာသော စစ်ကောင်စီတပ်များက မူဆယ်-မန္တလေး ကားလမ်းမပေါ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဗုံးများနှင့် လက်နက်ကြီးကျည်များသည် နောင်ပိန် ကျေးရွာအုပ်စုကို ဖြတ်သန်းသွားသည့် တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအနီး အန္တရာယ် ရှိလောက်အောင် ကျရောက်ပေါက်ကွဲခဲ့သည်။
ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဂုတ်ထိပ်တံတားရှိ စစ်ကောင်စီတပ်များက နောင်ပိန်နှင့် အနီးတဝိုက် ကျေးရွာများသို့ လက်နက်ကြီးကျည်များနှင့် ဒရုန်းဗုံးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၇၀၀ ခန့်သည် (နောင်ပိန်၏ အရှေ့တောင်ဘက် လေးကီလိုမီတာအကွာ) ထန်း တပင်ကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက နောင်ပိန်ဒေသသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ နံနက် ၁၀:၃၀ နာရီတွင် တိုက်လေယာဉ်တစ်စင်းက အနီးအနားကျေးရွာများမှ စစ်ဘေးရှောင် ၃၀၀ ခန့် ခိုလှုံနေသည့် ပင်တီးဘုန်းကြီးကျောင်းပေါ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ရိုက်ကျဲချခဲ့သည်။ ထိုဗုံးကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီးခဲ့ကာ ၁၀ ဦးမှာနေရာတွင်သေဆုံးခဲ့ပြီး တစ်ဦးမှာ စက်တင်ဘာ ၄ ရက်နေ့တွင် လားရိူးဆေး ရုံ၌ သေ ဆုံးခဲ့ကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများကို လားရှိုးနှင့် ကွတ်ခိုင်မြို့များရှိ ဆေးရုံများသို့ ပို့ဆောင် ခဲ့သည်။ မကြာမီတွင် အနီးရှိ လုပ်ပါကျေးရွာပေါ်သို့ နောက်ထပ် ပေါင် ၅၀၀ ဗုံးတစ်လုံး ကျဲချခဲ့ရာ အရပ်သားနှစ်ဦး သေ ဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်းရှိ လေကြောင်းတိုက်ခိုက်မှုများသည် ဘုန်းကြီးကျောင်းများကို တိုက်ရိုက်ပစ်မှတ် ထား ကာ နောင်ပိန်ရှေ့တန်းစစ်မျက်နှာ တစ်ဝိုက်တွင်သာမက ကျောက်မဲနှင့် မိုင်းငေါ့မြို့များပေါ်သို့ပါ စက်တင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်ဆက်တိုက် ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ ကွန်းစလမ်းကျေးရွာဘုန်းကြီးကျောင်းအတွင်းသို့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ ယောက်ျားလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ရဟန်းနှစ်ပါး၊ ကိုရင်တစ်ပါးအပါအဝင် အခြားအရပ်သား ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက် အတွင်းသို့ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ ဝါဆိုကျောင်းတိုက်ရှိ ကိုရင်သုံးပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ သည်။
ဒေသခံကျေးရွာများရှိ နေအိမ်များသို့ ဝင်ရောက်လုယက်သည့် စစ်ကောင်စီတပ်များ၏ အနီးကပ်ပစ်ခတ်မှုကြောင့် အရပ်သားများလည်း သေဆုံးခဲ့ရသည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင် နောင်ပိန်ကျေးရွာရှိ နေအိမ်တစ်လုံးကို လု ယက်နေစဉ် စစ်ကောင်စီတပ်များက ထိုအိမ်တွင် တွေ့ရှိသည့် မိသားစုကို ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် ဖခင်ဖြစ်သူမှာ နေရာတွင်ပင် သေဆုံးပြီး ဇနီးနှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့သည်။ နောက်တစ်နေ့တွင် စစ်ကောင် စီတပ်များက ထန်းတပင်ကျေးရွာရှိ အခြားနေအိမ်တစ်လုံးတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဇနီးမောင်နှံကို ပစ် သတ်ခဲ့သည်။
လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် နောင်ပိန်နှင့် အနီးတဝိုက်ကျေးရွာများမှ သက်ကြီးရွယ်အို၊ အမျိုး သမီးနှင့် ကလေးသူငယ်အများစု ပါဝင်သော ကျေးရွာသား ၈,၀၀၀ ကျော်သည် ကျောက်မဲမြို့နယ်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၄၀ ကျော်နှင့် အချို့မှာ သီပေါမြို့အရှေ့ မြောက် ဘက်ရှိကျေးရွာများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ စစ်ဘေးရှောင်အများစုသည် ကျေးရွာဘုန်းကြီး ကျောင်း များတွင် ခိုလှုံနေကြပြီး သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနှင့် အခြားအခြေခံလိုအပ်ချက်များ ပြတ်လပ်မှု နှင့် ရင်ဆိုင်နေရသည်။ နောင်ပိန်မှ ထွက်ပြေးလာသော ကျေးရွာသားများသည် ဩဂုတ်လ ပထမပတ်အတွင်း ရေ ကြီး မှုဒဏ်ကိုလည်း ခံစားခဲ့ကြရပြီး ဖြစ်သည်။
ဩဂုတ်လ ၉ ရက်မှ စက်တင်ဘာလ ၄ရက်နေ့အတွင်း ကျောက်မဲမြို့နယ်တိုက်ခိုက်မှုများအပြင် စစ်ကောင်စီသည် မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၂၉ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊ သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ မြို့အတွင်းတိုက်ခိုက်မှု၌ အရပ်သား သုံးဦး ဒဏ်ရာရ ရှိခဲ့ပြီး ဘော်ကြိုကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ဘော်ကြိုကျေးရွာ ကို လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးမှာ တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းမှ ၂၀၀ မီတာခန့်သာ၀ေး သော နေရာ ကို ကျရောက်ခဲ့ပြီး သမိုင်း၀င်ဘော်ကြိုဘုရားလဲထိခိုက်ခဲ့ကာ နေအိမ် ၃ လုံးပျက်စီးခဲ့သည်
မိုးကုတ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် အရပ်သား ထိခိုက်သေဆုံး/ပျက်စီးမှုများ ဖြစ်စေခဲ့သည့် စစ်ကောင်စီ ၏ လေကြောင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်မှုများအချိန်မှတ်တမ်း(ဩဂုတ်လ ၉-၆ စက်တင်ဘာလ ၂၀၂၅)
- ဩဂုတ်လ ၉ ရက်၊ နံနက် ၈:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက မိုးကုတ်မြို့၊ ကျောက် နဂါးဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကျဲချခဲ့ရာ ကိုရင်တစ်ပါးအပါအဝင် အရပ်သား ငါးဦးသေ ဆုံးပြီး တစ်ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၀:၃၀ နာရီ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက ကျောက်မဲမြို့နယ်၊ ပန် ပေါင်း ကျေးရွာကို ဗုံးနှစ်လုံးကျဲချခဲ့ရာ နေအိမ် ဆယ်လုံး ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၁၄ ရက်၊ ည ၈:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေဂူ ရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကျဲချခဲ့သည်။ ဗုံးကြောင့် ဘုန်းကြီး ကျောင်းနှင့် နေအိမ် ဆယ်လုံး ပျက်စီးကာ မိသားစု ငါးစုမှ အရပ်သား ၂၁ ဦး သေဆုံးခဲ့သည်။ သေဆုံးသူ များတွင် အမျိုးသမီး ၁၆ ဦး (ကိုယ်ဝန်ဆောင် သုံးဦးနှင့် မိန်းကလေး သုံးဦးပါဝင်) နှင့် အမျိုးသား ၅ ဦး ပါဝင် သည်။ အခြားအရပ်သား ဆယ်ဦး ဒဏ်ရာရရှိခဲ့သည်။
- ဩဂုတ်လ ၁၇ ရက်၊ နံနက် ၉ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပတ္တမြားငမောက်ဟိုတယ်နှင့် မြန်မာ့စီးပွားရေးဘဏ်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကျဲချခဲ့ရာ ဟိုတယ်၊ ဘဏ် နှင့် နေအိမ်အများအပြား ပျက်စီးခဲ့သည်။ ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးပြီး အခြား တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
- ဩဂုတ်လ ၁၈ ရက်၊ နံနက် ၉:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက သီပေါမြို့ကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကျဲချခဲ့သည်။ တစ်လုံးမှာ တောင်မြို့ရပ်ကွက်နှင့် တစ်လုံးမှာ အနောက်ရပ်ကွက်ပေါ်သို့ ကျ ရောက် ခဲ့ပြီး အမျိုးသား သုံးဦး ဒဏ်ရာရကာ နေအိမ် ဆယ်လုံး ပျက်စီးခဲ့သည်။
-
သီပေါမြို့ အနောက်ရပ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ပျက်စီးမှုများ သီပေါမြို့ အနောက်ရပ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ပျက်စီးမှုများ
- ဩဂုတ်လ ၁၈ ရက်၊ နံနက် ၉ နာရီ – ဂုတ်ထိပ်တံတားမှ စစ်ကောင်စီတပ်များက ကျောက်မဲမြို့နယ်၊ နောင်ပိန်လုံကျေးရွာအုပ်စု၊ အမှတ် ၅ ရပ်ကွက်သို့ လက်နက်ကြီးကျည် ခြောက်လုံးပစ်ခတ်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး၊ ကိုရင်တစ်ပါး (အသက် ၆ နှစ်) ဒဏ်ရာရပြီး ဘုန်းကြီး ကျောင်း တစ်ကျောင်းနှင့် နေအိမ် ဆယ်လုံး ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၁၈ ရက်၊ ညနေ ၃ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက မိုးကုတ်မြို့၊ ကျပ်ပြင်ရပ် ကွက်ကို ဗုံးကျဲချခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၁၈ ရက်၊ နေ့လယ်ပိုင်း – နောင်ချိုမှ စစ်ကောင်စီတပ်များက ကျောက်မဲမြို့နယ်ရှိ နောင်ပိန်၊ လုံကျိန် (ကျောင်းကုန်း)ကျေးရွာများသို့ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ဆယ်လုံး ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၁၉ ရက်၊ နေ့လယ် ၁ နာရီ – နောင်ချိုမှ စစ်ကောင်စီတပ်များက ထန်တပင်ကျေးရွာသို့ လက် နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး၊ ကိုရင်တစ်ပါး ဒဏ်ရာရပြီး နေအိမ် အများ အပြား ပျက်စီးခဲ့သည်။ ထို့နောက် တပ်များသည် ထန်တပင်ကျေးရွာမှတစ်ဆင့် ကျောက်မဲမြို့နယ်၊ နောင် ပိန် ကျေးရွာသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။
- ဩဂုတ်လ ၂၀ ရက်၊ နံနက် ၁၀:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုရှိ ပင်တီးကျေးရွာသို့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကျဲချခဲ့သည်။ စုစုပေါင်းအရပ်သား ၁၁ ဦးသေဆုံးခဲ့ရာ အရပ်သား ဆယ်ဦး (သက်ကြီးရွယ်အို အမျိုးသမီး ခြောက်ဦး၊ မိန်းကလေး နှစ်ဦး၊ ယောက်ျားလေး တစ်ဦးနှင့် သက်ကြီးရွယ်အို အမျိုးသား တစ်ဦး) မှာနေရာတွင် သေဆုံးပြီး သက်ကြီး အမျိုး သား ၁ ဦးမှာ စက်တင်ဘာလ ၄ ရက်နေ့တွင်လားရှိုးဆေးရုံ၌သေဆုံးခဲ့ကာ ၃၁ ဦး (အမျိုးသား ၁၅ ဦး နှင့် အမျိုးသမီး ၁၆ ဦး) ဒဏ်ရာရရှိခဲ့သည်။
- မကြာမီတွင် – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက လုပ်ပါကျေးရွာသို့ နောက်ထပ် ပေါင် ၅၀၀ ဗုံးတစ် လုံး ကျဲချခဲ့ရာ မိန်းကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦးသေဆုံး၊ အခြားတစ်ဦး ဒဏ်ရာရပြီး နေအိမ် အများအပြား ပျက်စီးခဲ့သည်။
- ထိုနေ့မှာပင် – ဂုတ်ထိပ်တံတားနှင့် ထန်တပင်ကျေးရွာရှိ စစ်ကောင်စီတပ်များက ကျောက်မဲမြို့နယ်ရှိ ပန်မ ခေါ်(ဇီးပင်)၊ ပန်ပေါင်း၊ ပန်တိင်း၊ ကျောင်းကုန်း၊ ခေးနင်းနှင့် လွယ်ကုန်းကျေးရွာများအပြင် ကျောက်မဲမြို့ ထဲသို့ပါ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည်။ ကျောက်မဲမြို့၊ အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၂၁ ရက်၊ ည ၇ နာရီ – စစ်ကောင်စီ Y-12 တိုက်လေယာဉ်တစ်စင်းက နောင်ပိန်ကျေးရွာနှင့် ကျောက်မဲမြို့ရှိ နာမ်မိန်းဘုန်းကြီးကျောင်းကို ဗုံး ၄၀လုံး ကျော် ကျဲချခဲ့သည်။ နေအိမ်အများအပြားနှင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၂၂ ရက်၊ ညနေ ၅ နာရီ – စစ်ကောင်စီတပ်များက ကျောက်မဲမြို့၊ အမှတ် ၁၊ ၂ နှင့် ၄ ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ငါးလုံး မီးလောင်ခဲ့သည်။ ထို့နောက် တိုက်လေ ယာဉ်တစ်စင်းရောက်လာပြီး ကျောက်မဲမြို့ထဲသို့ ဗုံး ၃၀ ကျဲချခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၂၃ ရက်၊ နံနက် ၉:၃၀ နာရီ – ထန်တပင်ကျေးရွာမှ နောင်ပိန်ကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်များက အရပ်သားများ၏ နေအိမ်များကို လုယက်ပြီး နေအိမ်အတွင်းရှိ မိသားစုဝင် သုံးဦး ကို ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် ဖခင်ဖြစ်သူ နေရာတွင်ပင် သေဆုံးပြီး ဇနီးနှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့သည်။
- ဩဂုတ်လ ၂၃ ရက်၊ ညနေ ၃:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့နယ်၊ မိုင်းငေါ့ မြို့နယ်ခွဲရှိ ကွန်းစလမ်းကျေးရွာဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကျဲချခဲ့သည်။ ဗုံး ကြောင့် ယောက်ျားလေးတစ်ဦး (အသက် ၁၀ နှစ်) သေဆုံးပြီး ကိုရင်တစ်ပါး၊ ရဟန်းနှစ်ပါး၊ အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံး၊ စာကြည့်တိုက် ၁ ခု၊ ဆေးခန်း ၁ ခု၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ဆွမ်းစားဆောင် ၁ ဆောင်နှင့် သိမ်ကျောင်း ၁ ခု ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်း – စစ်ကောင်စီတပ်များက နောင်ပိန်ကျေးရွာကို လက်နက်ကြီးနှင့် ဒရုန်းဗုံး များဖြင့် ပစ်ခတ်ခဲ့သည်။ နောင်ပိန်ဈေးရှိ နေအိမ် ခုနစ်လုံးနှင့် ဆိုင် ရှစ်ဆိုင် မီးလောင်ခဲ့သည်။
- ဩဂုတ်လ ၂၄ ရက်၊ နေ့လယ်ပိုင်း – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့နယ်၊ လုံကိန် ကျေးရွာကို ဗုံးကျဲချခဲ့ရာ အမျိုးသား နှစ်ဦးသေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့သည်။
- ထိုနေ့၊ နေ့လယ်ပိုင်းမှာပင် – စစ်ကောင်စီတပ်များက ကျောက်မဲမြို့နယ်၊ ထန်တပင်ကျေးရွာရှိ နေအိမ်တစ် လုံးတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဇနီးမောင်နှံ (ကိုဝင်းလွင်၊ အသက် ၄၀ နှစ် နှင့် မချော၊ အသက် ၃၇ နှစ်) ကို ပစ်သတ်ခဲ့သည်။
- ဩဂုတ်လ ၂၅ ရက်၊ နံနက် ၁၁:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက်သို့ ပေါင် ၂၅၀ ဗုံး နှစ်လုံးကျဲချခဲ့ရာ ဝါဆိုကျောင်းတိုက်ရှိ ကိုရင် သုံးပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာ ရပြီး နေအိမ် ၂၂ လုံးကျော်၊ ဝါဆိုကျောင်းတိုက်ဝင်းအတွင်းရှိ အဆောက်အအုံ လေးလုံးနှင့် ကားနှစ် စီး ပျက်စီးခဲ့သည်။
- ဩဂုတ်လ ၂၅ ရက်၊ ည ၁၁ နာရီ – စစ်ကောင်စီလေယာဉ်တစ်စင်းက မိုးကုတ်မြို့၊ စည်ပင်သာ ယာရပ် ကွက် ကို ဗုံးကျဲချခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်အများအပြားနှင့် စိန်တောင်ဘုရား ပျက်စီးခဲ့ သည်။
- သြဂုတ်လ ၂၉ ရက် နေ့လည် ၂ နာရီ – ဂုတ်ထိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက် ကြီးပစ်ခတ်သဖြင့် နားအိုက်ခန့်ကျေးရွာအုပ်စု ခိုက်တုန်ဟုန်းကျေးရွာမှ ဦးစိုးမောင် သေဆုံးခဲ့သည်။
- ဩဂုတ်လ ၂၉ ရက်၊ ည ၁၁:၃၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့နယ်၊ ပန်သပြေ ကျေးရွာကို ပေါင် ၂၅၀ ဗုံး လေးလုံးကျဲချခဲ့ရာ အရပ်သား သုံးဦး (မိန်းကလေး နှစ်ဦးနှင့် ယာ အေးအသက် ၄၄နှစ်အမည်ရှိ သီလရှင် ၁ပါး) သေဆုံးပြီး အခြား ခြောက်ဦး (ရဟန်းနှစ်ပါး၊ ကိုရင် သုံးပါးနှင့် အမျိုးသားတစ်ဦး) ဒဏ်ရာရကာ နေအိမ် လေးလုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ သည်။
- ဩဂုတ်လ ၃၀ ရက်၊ ည ၁၀ နာရီ – စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့နယ်၊ လွယ်ခေါ် ကျေးရွာကို ဗုံးကျဲချခဲ့ရာ နေအိမ် ငါးလုံး ပျက်စီးခဲ့သည်။
- စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီ– သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ တရုတ်ရေနံနှင့် သဘာ ၀ဓာတ်ငွေ့ပိုက်လိုင်းမှ ၂၀၀မီတာခန့်သာ၀ေးသောနေရာကို စစ်ကောင်စီ တိုက်လေယာဉ်တစ် စင်း က ဗုံးနှစ်လုံးကြဲချခဲ့သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သမိုင်း၀င်ဘော်ကြိုဘုရားလဲ ထိခိုက်ခဲ့ ကာ နေအိမ် ၃ လုံးပျက်စီးခဲ့သည်
- စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီ– ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာသို့ စစ်ကောင် စီတိုက်လေယာဉ်တစ်စင်းက ပေါင် ၂၅၀ ရှိ ဗုံးနှစ်လုံး ကြဲချခဲ့ရာ အသက် ၁၄အရွယ်ကိုရင်တပါးဒဏ်ရာရပြီး ကျောင်းဝင်းအတွင်းရှိ စေတီအချို့ ပျက်စီးခဲ့သည်။
- စက်တင်ဘာလ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ– ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုရှိ ပန်သပြေ ကျေး ရွာကို စစ်ကောင်စီတိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်။
- စက်တင်ဘာ ၄ ရက်နေ့၊ ည ၉ နာရီကျော်- ကျောက်မဲမြို့နယ်၊ခေးနင်းကျေးရွာအုပ်စု မက်မန်း ကုန်း ကော် ရွာကို စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်ရာ အရပ်သား ဇနီးမောင်နှံနှစ်ဦး (လုံးဝါယမနှင့်ပါလှခင်) တို့သေဆုံးခဲ့သည်။
- စက်တင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း- စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းမှ ကျောက်မဲမြို့နယ်ရှိ ကောင်းမူး လျှန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ပျက်စီးခဲ့သည်။ ထိုနေ့ ညနေ ၃ နာရီတွင် လည်း စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းသည် ဖီးတစ်ကျေးရွာထဲသို့ ဗုံးတစ်လုံး ကြဲချခဲ့ရာ အသက် (၅၆) နှစ်အရွယ် လုံးနန္ဒိယနှင့် အသက် (၅၄) နှစ်အရွယ် ပါလူ တို့ နှစ်ဦး သေဆုံးပြီး သံဃာတစ်ပါး နှင့်အမျိုး သားတစ်ဦးဒဏ်ရာရခဲ့ကာ နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။
- စက်တင်ဘာလ ၆ ရက်နေ့၊ ည ၇ နာရီ- ကျောက်မဲမြို့နယ်၊ ရပ်ကွက် ၇ အတွင်းသို့ စစ်ကောင်စီတိုက် လေ ယာဥ်ကက ဗုံးနှစ်လုံး ကြဲချခဲ့ရာ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့သည်။
ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၅ တွင် ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော ပြည်သူ ၁၁ ဦး စာရင်း
စဉ် | သေဆုံးခဲ့သော ပြည်သူ၏အမည် | ကျား/မ | အသက် |
၁ | ပါအိန် | မ | ၆၄ |
၂ | ပါ့လှ | မ | ၇၀ |
၃ | နန်းရွှေကြာ | မ | ၅၀ |
၄ | ပါပု | မ | ၆၀ |
၅ | ပါ့ငင်းစိန် | မ | ၆၂ |
၆ | ပါ့ထွန်း | မ | ၅၅ |
၇ | နန်းလွမ့်ဦး | မ | ၁၄ |
၈ | အမည်မသိ(မိန်းကလေး) | မ | ၂ |
၉ | စိုင်းလျန်း | ကျား | ၄ |
၁၀ | လုံးအောင်မြင့် | ကျား | ၆၀ |
၁၁ | လုံးမာလာ | ကျား | ၈၆ |
ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၅ တွင် ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သော ပြည်သူ ၃၁ ဦး စာရင်း
စဉ် | ဒဏ်ရာရခဲ့သော ပြည်သူများ၏အမည် | ကျား/မ | အသက် |
၁ | စိုင်းကျော်လင်း | ကျား | ၃၇ |
၂ | စိုင်းလောဝ်ခမ်း | ကျား | ၂ |
၃ | စိုင်းနွန်ခွမ်း | ကျား | ၅ |
၄ | နန်းလောဝ်ခမ်း | မ | ၅ |
၅ | နန်းစွဲ့ဟွမ် | မ | ၁၁ |
၆ | နန်းဟွမ်လိန် | မ | ၁၇ |
၇ | နန်းကြိမ်ငင်း | မ | ၂၄ |
၈ | ပါ့ထွေး | မ | ၃၀ |
၉ | နန်းစိုးကျော် | မ | ၃၃ |
၁၀ | ပါ့ခင်တောင်း | မ | ၄၀ |
၁၁ | ပါ့အွမ် | မ | ၅၇ |
၁၂ | ဖူးသဇင်ဦး | မ | n.a |
၁၃ | ဆိုင်ဝမ်း | ကျား | n.a |
၁၄ | ဒေါအေးခမ်း | မ | n.a |
၁၅ | အောင်ချစ်ခန့် | ကျား | n.a |
၁၆ | အောင်ယုံ | ကျား | n.a |
၁၇ | ဒေါ်ညို | မ | n.a |
၁၈ | အိုက်လေး | ကျား | n.a |
၁၉ | ဦးကျော်စိန် | ကျား | n.a |
၂၀ | အိုက်မြင့် | ကျား | n.a |
၂၁ | မွေလျန်း | မ | n.a |
၂၂ | ဟေမာကျော်လင်း | မ | n.a |
၂၃ | ကိုယဉ် | ကျား | n.a |
၂၄ | မင်းထွန်း | ကျား | n.a |
၂၅ | ဦးအိုက်လျန်း | ကျား | n.a |
၂၆ | ဦးကျော်သန့် | ကျား | n.a |
၂၇ | ဒေါခင်မာအေး | မ | n.a |
၂၈ | ခင်ဦး | မ | n.a |
၂၉ | စံဟိန်း | ကျား | n.a |
၃၀ | ခင်ထုံ | ကျား | n.a |
၃၁ | အေးခမ်း | မ | n.a |
ကျောက်မဲတွင် စစ်ဘေးရှောင်ပြည်သူများ ခိုလုံရာနေရာနှင့် လူဦးရေ
စဉ် | စစ်ဘေးရှောင်ပြည်သူများခုံလုံရာတည်နေရာ | စစ်ရှောင်ဦးရေ |
၁ | ခိုင်းလုံဘုန်းကြီးကျောင်း၊ ပန်းပေါင်းရွာ | ၈၃ |
၂ | ထန်းတစ်ပင်ဘုန်းကြီးကျောင်း | ၉၅ |
၃ | ခေးနင်း | ၅၀ |
၄ | ကုန်းညောင် | ၈၃ |
၅ | နမ့်မော်ဘီလူး | ၂၈၉ |
၆ | နမ့်ဟန်ခိန် | ၂၁၆၂ |
၇ | ဟိုပိုင်း | ၁၆၅ |
၈ | နမ့်ဝါ | ၂၃၇ |
၉ | ရေဆန် | ၂၁ |
၁၀ | ပန်ကျိန် | ၂၀ |
၁၁ | လွယ်ပေါရွာ | ၁၂ |
၁၃ | ဟိုင်းကွီရွာ | ၁၀၄၇ |
၁၃ | နားဆောင်း | ၃၀၇ |
၁၄ | နားခေါ် | ၄၂ |
၁၅ | လေလွယ် | ၄၇ |
၁၆ | နားဖွန် | ၂၉ |
၁၇ | ၀မ်ခိုက်ရွာ | ၂၇ |
၁၈ | ပုံ၀ိုး | ၇၁၃ |
၁၉ | တော်လေ | ၁၇ |
၂၀ | နမ့်ကျင်လီ | ၅၁ |
၂၁ | ကွမ်ဟင် | ၄၇ |
၂၂ | ကုန်းညောင် | ၂၁ |
၂၃ | မန်ထမ် | ၁၈ |
၂၄ | ပိန်းထွန် | ၁၁ |
၂၅ | တောင်ခြေ | ၄၀ |
၂၆ | လွိုင်ကုန် | ၄၁၅ |
၂၇ | နောင်မိန်း | ၃၀၆ |
၂၈ | ခွန်ညု | ၉၈ |
၂၉ | နမ့်ဟူး | ၈၈ |
၃၀ | လွိုင်စောင့် | ၆၉ |
၃၁ | ပန်းစုံ | ၁၂၁ |
၃၂ | နောင်ကွမ် | ၁၉၂ |
၃၃ | ခေါက်၀ိုးလုံ | ၁၈ |
၃၄ | အက်ကီးရွာ | ၂၅ |
၃၅ | ပန်လော့ | ၆၅ |
၃၆ | နမ့်ပြင်ရွာ | ၆၀ |
၃၇ | ရွှေကျောင်းရွာ | ၁၅၄ |
၃၈ | ဖီတစ် | ၉၂ |
၃၉ | ပြိန်းဆော့ | ၆၇ |
၄၀ | ကောင်းလင်းရွာ | ၂၅ |
၄၁ | ဗူးခါးရွာ | ၁၄ |
၄၂ | ခိုတင့်ရွာ | ၁၁၀ |
၄၃ | ဟုန်းလိုင်းရွာ | ၉ |
၄၄ | တောထဲနှင် လယ်ထဲရှိတဲများ | ၇၀၀ |
စုစုပေါင်း | ၈၆၆၃ |
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)
ယိင်းလျန်းဟန် +1 825 425 4099 Signal (မြန်မာ)
စိုင်ဟတ်စစ် +1 343 304 5332 Signal (အင်္ဂလိပ်၊ ရှမ်း)
Download PDF files: