ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သတင်းထုတ်ပြန်ချက်
ဇွန်လ ၅ ရက် ၊ ၂၀၁၄
အချက်အချာကျရာ နယ်စပ်ဒေသက ထိန်းချုပ်ရန် စစ်ရေးဆင်ရာလှူပ်ရှားမှုများပြုလုပ်ရာတွင် မြန်မာစစ်တပ်မှ ဒေသခံပြည်သူများကို ဦးတည်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိ
( ၂၀၁၄ ဧပြီလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ ထိ)
၂၀၁၄ ဧပြီလ ၁၀ ရက်နေ့တွင် မြန်မာစစ်တပ်မှ တရုတ်ပြည်အနီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်ပေါ်ရှိကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ထိန်းချုပ်ရာ နေရာများအားပစ်မှတ်ထား ထိုးစစ်ဆင်တိုက်ခိုက်မူများ– ကြီးမားကျယ်ပြန့်စွာပြုလုပ်ခဲ့သည်။ ထိုသို့ KIA အား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် နမ့်ခမ်းမြို့နယ် အနောက်ဖက်ရှိ ရှမ်းပြည်သူလူထုများစွာ စိုက်ပျိုးရာလယ်ယာမြေနေရာဖြစ်သည် ထွန် ့လိွုင်ဟိုဆေ အတွင်းသို မြန်မာစစ်တပ်မှ စစ်အင်အား ၁၀၀၀ ခန့် ဝင်ရောက်ကာ ရာနှင့်ချီသည် မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ထိုသို ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းများ၊ အိမ်များ၊ ယာဉ်များ ဆိုင်ကယ်များနှင့် အခြားသော ဥစ္စာပစ္စညး်များ ထိခိုက်ဆုံးရှုံးသည့်အပြင် ပြည်သူလူထုများလညး် ထိခိုက်ဒါဏ်ရာရရခဲ့ကြသည်။ ထို ့အပြင် မြန်မာစစ်တပ်မှ ရွာများ အတွင်းသို ့ဝင်ရောက်ကာ အစားအသောက်များ၊ ဥစ္စာပစ္စည်းများ ကိုလုယူစားသောက်ခြင်း နှင့် လယ်သမားများ၏ကောက်ပဲသီးနှံများကို မီရှို ့ဖျက်ဆီးခြငး်များ ပြုလုပ်ခဲ့ရာ ရှမ်း ရွာပေါင်း ၁၅ ရွာမ ရွာသားပေါင်း ၁၀၀၀ ခန့်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း နီးစပ်ရာမြို့များ နှင့် တရုတ်ပြည်နယ်စပ်အတွင်းသို့ ထွက် ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ထိုသို ့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး တစ်ပတ်အကြာ ၄င်းရှမ်းရွာသူရွာသားများစုမှာ မိမိရွာများ အတွင်းသိုပြန်ခဲ့ကြသော်လညး်၊ နယ်စပ် ကူးသန်းရောင်းဝယ်ရေးနှင် အချက်အချာကျပြးှီ အမြတ်အစွနး်ရနိုင်သည် ယင်း
နေရာဒေသအား မြနမာစစ်တပ်မှ ထိန်းချုပ်လိုက်သဖြင် ထိုအချိန်မှစပြီး ဒေသခံပြည်သူများမှာ တင်းကြပ်သည့် ထိန်း ချုပ်မှု များ ဖြင့်ရင်ဆိုင်နေကြရသည်။ အဓိကနယ်စပ် ဖြတ်ကျော်ရာနေရာ ဖြစ်သည် ပန်ခမး်ဂိတ် ကိုလည်း ချဲ့ထွင်ခဲ့ပြီး၊ ယင်းနှင့် ကပ်ရက်တရုတ်ပြည် နယ်စပ်ဖက်ခြမ်းအတွင်း အဝေးပြေးလမ်းမကျယ်ကြီး ကိုလည်းဆောက်လုပ် လျက်ရှိသည်။ ထို့အပြင် နမ့်ခမ်းမြို့အနီး နယ်စပ်ဖြတ်ကျော်ရာနေရာတွင် တံတား အသစ်ကိုလည်းဆောက်လုပ်လျက်ရှိသည်။ ယင်းတိုက်ပွဲနောက်ပိုငး် ကျွန်းသစ်များအား တရုတ်ပြည်အတွင်းသို တရားမဝင်ပြန်လည်တင်ပို့ခြင်းများလည်းရှိလာသည်။
ပြီးခဲသည့်ဧပြီလ စစ်ဆင်တိုက်ခိုက်ခဲချိန်မှစ၍ နမ့်ခမ်းမြို ့နယ်အတွငး် စစ်ဖက်ဆိုင်ရာ လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့ပြီး မြန်မာစစ်တပ်များမှ အပြစ်မဲ ့ဒေသခံပြည်သူများအား ပစ်ခတ်ခဲ့သည် အဖြစ်အပျက်များလည်းရခဲ့သည်။ မကြာသေးခင်က ရွာသား ၅ ဦးသည် နမ့်ခမး်မြို ့အနောက်ဖက်ရိှ တရုတ် ဓါတ်ငွေ ့ပိုက်လိုင်းကို စောင့်ကြပ်သည်မြန်မာစစ်သားများမ ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ဒါဏ်ရာ ရရှိခဲ ့ကြပြီး၊ ပြီးခဲ ့သည် ရက်သတ္တပတ်ကလည်း နမ့်ခမ်းမြို ့အရှေ ့ဖက်ရှိ စစ်ဆေးရေး ဂိတ်ကို ဆိုင်ကယ်ဖြင့်ဖြတ်သွားရာ ပစ်ခတ်ခံခဲ ့ရခြငး်ကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားခဲ့သည်။
သို့ပါ၍ ပဋိပက္ခကို ပိုမိုကြီးထွားတောက်လောင်စေရုံမျှမက ဒေသခံပြည်သူလူထုများ၏ အသက်ရှင် နေထိုင်မူအရေး ကို အန္တရာယ်ပြုနေသည် ဤကဲ့သို ့သောစစ်ဆင်တိုက်ခိုက်မှုများအား မြန်မာစစ်တပ်မှ လုပ်ဆောင်နေခြင်း ကို ရှမ်း လူ ့အခွင့်အရေးမဏ္ဍိုင်မှ ပြငး်ထန်စွာ ရှုတ်ချလိုက်သည်။
မြန်မာနိုင်ငံမှကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အသေးစိပ် (ဧပြီင်္လ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ)
၂၀၁၄ ဧပြီလ ၁၀ ရက်
မော်တာများဖြင့် ပစ်ခတ်ခြင်း နှင့် ရွာသားပိုင် ပစ္စည်းဥစ္စာများ လုယူခြင်းကြောင့် ရွာသားပေါင်း ၁၀၀၀ ကျော်ခန့်ထွက် ပြေး တိမ်းရှောင်ခဲ့ရ
စစ်တပ်အင်အား ၁၀၀၀ ခန် ့ဖြင့် ခြေလျင်တပ်မ ၈၈ မ ၄ငး်တို ့တပ်စွဲရာ မန်စီမြို ့နယ် မန်ဝန်းလုံ(မန်ဝန်းကြီး) မြောက်ဖက်သို ့ချီတက်ကာ တပ်စွဲရာ ကောငး်ခန် မှနေ၍—- တရုတ်ပြည်နယ်စပ်အနီး ပန်ခမ်း တွင်တပ်စွဲ ထားသည် KIA အား မော်တာလက်နက်များဖြင်ဦးတည်ပစ်ခတ်ခဲ ့သည်။ မော်တာအချက် ၁၀၀ ကျော် ခန် ကို မနက် ၈ နာရီ ၃၀ မှ ည ၇ နာရီအထိ ပစ်ခတ်ခဲ့သည်။ မော်တာကျည်ဆံများ ကျရောက်ထိမှန်ခဲသည် ရွာများ မှာ အောက်ပါရွာများဖြစ်သည်။
1. မန်ဇန်
2. နောင်ကျွမ်း
3. စွန်ခါး
4. နားလုံ
5. ကွတ်လုံ
6. ကွန်းခမ်း
7. ပန်ခမ်း
8. နောင်လွန်း
9. မန်ဆွမ်း
ယင်းကဲ့သို ့ပစ်ခတ်ခဲ့ခြင်းကြောင့် (ကချင်ပြည်နယ်) ထွန့်လွယ်ဟိုဆေ ဒေသအတွင်း ရှမ်းရွာ ၁၅ ရွာမ ရွာသား ၁၀၀၀ ကျော်ခန့်တို့မှာ အနီးရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ့နယ်အတွင်းနှင့် တရုတ်ပြည်နယ်စပ်ဖက်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ယင်းသို ထွက်ပြေး တိမ်းရှောင် ခဲ့သည့် ရွာများမှာ
1. မန်ဇန်
2. ဟိုဟင်
3. ကောင်းနောင်
4. ကွန်ကျနး်
5. မန်ဆွမး်
6. မန်အိုင်တိုင်း
7. နမ့်ဟီး
8. စွန်ခါး
9. နားလုံ
10. နောင်မွန်း
11. ကွတ်လုံ
12. ကွန်းခမ်း
13. ပန်ခမ်း
14. နောင်ကျွမ်း
15. နောင်လွန်း တို ့ဖြစ်ကြသည်။
ယင်းတိုက်ပွဲဖြစ်သည် ရက် ည ၈ နာရီ ၂၀ မိနစ် ခန် ့တွင် မြန်မာစစ်တပ်များမှ နောင်လွန်း ရွာအတွင်း ဝင်ရောက်ကာရွာသားပိုင် ပစ္စည်းဥစ္စာများ အစားသောက်များအား လုယူခဲ့ကြရာ ဆုံးရံှုးသွားသည် ပစ္စည်းအချို့မှာ အောက်ပါအ တိုင်းဖြစ်သည်။
1. စိုင်းအန်း ပိုင်ပစ္စည်းများဖြစ်သည့် ဗီဒီယို ကင်မရာတစ်လုံး နှင့် အဝတ်အစားများ
2. စိုင်းယီမွနး် ပို်င် ကြက် ၃ ကောင်
3. ခင်းဆိုင်ရွက်ဟိန်း ပို်င် ကြက် ၂ ကောင်
4. စိုင်းအိုက်လင်း ထံမှ ဆာလာအိိတ်တစ်အိတ်စာ အပြည့် မုန့်များ
၂၀၁၄ ခ ဧပြီလ ၁၁ ရက်နေ
ဘုန်းကြီးကျောင်းများ၊ ရွာများအား မော်တာ–များဖြင့်ပစ်ခတ်ခြင်း၊ ရွာသားများအား ထိခိုက် ဒါဏ်ရာရရှိစေခြင်း၊ နှင့် ရွာသားပိုင်ပစ္စညး်ဥစ္စာများအား လုယူခြင်း မီးရှို့ဖျက်ဆီးခြင်းများ
မြန်မာစစ်တပ်များမှ ဆက်လက်ကာမော်တာကျည် (120 mm) ၁၀၀ ကျော်ခန့် ကို ကောင်းလွယ်ဟိုဆေဘုန်းကြီးကျောင်း ရှိရာတောင်ကုန်းသို ့ပစ်ခတ်ခဲ့သည်။ ယင်းမော်တာကျည်များမှ နောင်လွန်းရွာအတွင်း သို ကျရောက်ထိမှန်ခဲ ့ရာ အိမ်တစ်လုံး နှင် စိုင်းအင်သန်း ပိုင်ထရက်ကားကြီး ပျက်ဆီးဆုံးရးသွားသည်အပြင် ၄င်း၏ အိမ်နီးချငး်ပိုင်ဆိုင်သော ဥစ္စာပစ္စညး်အချို ့မှာလည်းပျက်ဆီး သွားခဲ ့သည်။
ထို ့ပြင် နောင်လွနး်မနေ၍ နောင်ကျောင်းရွာသို ့ မြန်မာစစ်တပ်များမှ မော်တာကျည် ၁၀ကျော်ခန့် ပစ်ခတ်ခဲ့ရာ သက်ကြီးအမျိုးသမီးတစ်ဦး ဖြစ်သည် နိုငး်မောက်ဟေးအိုင်အိမ်နှင့် အခြား ပိုင်ဆိုင်ပစ္စည်းများမှာ ပျက်ဆီး သွား ခဲ ့သည်။ ယင်းမော်တာကျည်မှ အပိုင်းအစများကလည်း အသက် ၃၀ ရှိ စိုင်းစစ်၏ ခြေထောက်အားထိမှန်သဖြင့် စိုင်းစစ်အား တရုတ်ပြည်ဖက်ရှိ ဆေးရုံသို ့ဆေးကုသရန် ပို ့ဆောင်ခဲ ့ရသည်။
ယင်းတစ်ရက်ထဲ၌ပင် ည ၉ နာရီ ၃၀ ခန် ့တွင် မြန်မာစစ်တပ်များမ မန်နောင်လွန်ရွာနေ စိုင်းလှဝန်း ပိုင်ဆိုင်သော ကြံခင်း အားမီရှို ့ဖျက်ဆီးခဲ ့ကြသည်။ ထို ့ပြင် ယင်းမြန်မာစစ်တပ်သည် နားလုံကျေးရွာမှ ရွာသားပို်င် ပစ္စည်းများ အစား အသောက်နှင့်အရက်များကို လုယူခဲ ့ကြရာ ဆုံးရှုံးသွားသည့် ပစ္စညး်အချို ့မှာအောက်ပါ ပစ္စညး်များ လည်း ပါဝင်သည်။
1. လွန်းစင်းဆမ် ပို်င် ကြက် ၃ ကောင်
2. နိုင်းဆိုင်ဟွာ ပိုင် ကြက် ၁ ကောင်
3. နိုင်းမောက်ခမး်တင် ပို်င် ကြက် ၁ ကောင်
၂၀၁၄ ခုနှစ် ဧပြီလ ၁၂ ရက်ဘုန်းကြိးကျောင်းအား လုယက်ခြင်းနှင့် ရွာသားများအား အကြောင်းမဲ့ဖမ်းဆီးခြင်း
မြန်မာစစ်တပ်မှ ကောင်းလွယ်ဟိုဆေ ဘုန်းကြီးကျောင်းသို ့သွားရောက်ကာ ဘုန်းကြီးကျောင်း တံခါးအား ဖျက်ဆီး၍ဘုန်းကြီး ကျောငး်အတွင်း ဒေသခံပြည်သူလူထုများမှ လှူဒါန်းထားသော သိုလှောင်ထားသည် အစားအသောက်များ အား လုယူခဲ ့ကြသည်။
ပန်ခမ်းရွာမ သက်ကြီးရွာသားနှစ်ဦးသည် ယင်း ကောင်းလွယ်ဟိုဆေဘုနး်ကြီးကျောင်းသို ့ ပျက်စီးဆုံး ရှုံးသွား သည်များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးအပြန် ၄င်းတို ့နှစ်ဦးမှာ မြန်မာစစ်တပ်များမ ဖမ်းယူကာ စစ်ဆေးမေး မြန်း မူများပြုလုပ်ခြင်းကိုခံခဲ့ကြရသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၂၀ မှ၂၉ ရက်နေ ့အတွင်း
ဒေသခံရွာသားများ၏ လက်ကိုင်ဖုန်းများအား စစ်သားများ၏ ဓါတပ်များပါမပါစစ်ဆေးမှုများပြုလုပ်
မြန်မာစစ်တပ်များမှ မူဆယ်မြို ့၊ နမ့်ခမ်းမြို ့နယ်နှင့် မန်ဝိန်းလုံ အတွင်း စစ်ဆေးရေး ဂိတ်များချထားခဲ ့သည်။ ယင်းစစ်ဆေးရေးဂိတ်များမ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော ဒေသခံရွာသူရွာသားများ၏ ဖုန်းများအား စစ်သားပုံများ တိုက်ပွဲနှင့်ပက်သက်သော ဓါတ်ပုံများ ပါမပါကို စစ်ဆေးမူများပြုလုပ်ခဲ့ကြသည်။ အကယ်၍ယင်းသို တိုက်ပွဲနှင့် ပက်သက်သည် ဓါတ်ပုံများ တွေ ့ရှိပါက ယင်းဖုန်းအတွင်းမှ ဆင်းကဒ် (sim cards) များအား မြန်မာစစ်သားများမှ သိမ်းယူထားလိုက်ကြသည်။ တစ်ချို ့ဖုန်းများမှ ဘက်ထရီများကိုလညး် ဓါတ်ပုံမရိုက်နိုင်ရန် ဖြုတ်ယူထား ခြင်းများ ခံခဲ ့ရသည်။
၂၀၁၄ ဧပြီလ ၂၅ ရက်
ရှမ်းရွာသားများအား ကချင်စစ်ပြေးဒုက္ခသည်များကမောင်းထုတ်ရန် ဖိအားပေးခြင်း
မြန်မာစစ်တပ်မှ နမ့်ဟီးရွာ ( ကချင်စစ်ပြေးဒုက္ခသည်စခန်း လဂျက်ယန် တည်ရှိရာနေရာ) မှ ရွာလူကြီးများအားခေါ်ယူကာ “ ကချင်ဒုက္ခသည်တွေကို ခင်ဗျားတို ့ရွာထဲမှာ မနေစေချင်ရင် ကျွန်တော်တို ့စစ်တပ်ဆီကို စာရေးပြီးတောင်း ခံလို့ရတယ်။ ခင်ဗျားတို ့အဲလိုစာရေးရင် စစ်တပ်ကနေပြီးတော့ ဒုက္ခသည်စခနး်ကို မီးရှို ့ဖျက်ဆီးပေးလို ့ရတယ်၊ အဲဒါဆို သူတို ့နာရီပိုင်း တွင်းမှာဘဲ ပြောင်းသွားကြလိမ့်မယ်” ဟုပြောသည်။ သို ့သော်လည်း ယင်း ရှမ်းရွာလူကြီးများမှာ ယင်းသို ့ုပြုလုပ်ရန်သဘောမတူခဲ ့ပေ။
၂၀၁၄ ဧပြီလ ၂၅
တရုတ် ဓါတ်ငွေ ့ပိုက်လိုငး်အနီး ပစ်ခတြ်ခငး်ကြောင် မီးသေးွ ရောငး်သမား ၄ ယောက်ဒါဏ်ရာရ မနက် ၄ နာရီ ၃၀ ခန့်တွင် နမ်ခမ်းမြို ့ အနောက်မြောက်ဖက် ၆ မိုင်အကွာ၊ တရုတ် ဓါတ်ငွေ ့ပိုက်လိုင်းနှင့် မိုင်
ဝက်အကွာ ကွန်းကတ်ရွာအနီးရှိ လွိုင်ဇက် ဒေသအား လူ ၆ ဦးပါသည် မီးသွေးများတင်ဆောင်လာသော ထရပ်ကား သည် တောထဲမှ နမ့်ခမ်းမြေ ့သို ့သွားရန်ဖြတ်သန်း သွားသည်။ ——– လွိုင်ဇက်သို ့ရောက်သော ၄င်းတို ့ကားအား လမ်းဘေးသို ့ရပ်ရန် မြန်မာစစ်သား များမှတားခဲ ့သည်။ လမ်ဘေးတွင် ဆိုင်တစ်ဆိုင်ရှိရာ ယင်းဆိုင်အတွငး် အရပ်သား ဝတ်စုံဝတ်ဆင် ထားသော မြန်မာစစ်သားများအချို ့မှာ လမ်းအား ကင်းစောင့််ရန်နေရာယူထားသည်။
ယင်းသို့ တားရာ ကားအားရပ်ပြီးနောက် အနီးရ တောင်ကုန်းပေါ်မှ မြန်မာစစ်သားများ အုပ်စုနောက်တစ်စုမှ ရုတ်တ ရက် သေနတ်များ မော်တာလက်နက်များဖြင့် ၄င်းတို ့ထရက်ကားအား ပစ်ခတ်ခဲ ့ရာ၊ ကားပေါ်တွင်ပါလာသော ရွာ သား ၄ ယောက်မှာ ဒါဏ်ရာပြင်းထန်စွာ ရရခဲ ့သဖြင့် နမ့်ခမ်းဆေးရုုံကြီးသို ့ပို ့ဆောင်ခဲ ့ကြသည်။ ယင်းသို ့ထိ ခိုက်ဒါဏ်ရာရခဲ ့သူများမှာ
1. မိုင်းဝီးမြို့နယ် မန်လုံကျေးရွာနေ အသက် ၂၀ အရွယ် မိုင်အိုက်ယိန်းဖြစ်ပြီး ၄င်းမှာ ခြေသလုံးတွင် ထိ ခိုက်ဒါဏ်ရာ ရခဲ့သည်။
2. မိုင်းဝီးမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အိုက်ကွန် မှာ ပေါင်တွင် ထိခိုက်ဒါဏ်ရာရရခဲ့သည်။
3. ပိန်းကန်ရွာမ အသက် ၃၀ အရွယ် စိုင်းအိုက်ကမ်မှာလည်း ပေါင်တွင် ဒါဏ်ရာရရခဲ့ပြီး
4. မိုင်းဝီးမြို ့နယ်မှ အသက် ၃၅ နှစ်အရွယ် ဦးရောထွန်း မှာ ဦးခေါင်း၊ လည်ဂုတ် နှင့် ခြေထောက်နှစ်ဖက်တွင်
ပြင်းထန်စွာထိခိုက်ဒါဏ်ရာ ရရှိခဲ ့ရာ ၄င်းအား တရုတ်ပြည်အတွင်းရှိ ဆေးရုံသို ့အထူးကုသ ရန်ပို ့ဆောင်ခဲ့ ရသည်။
ထို့အပြင် လမ်းအားစောင့်ကြပ်နေသည် မြန်မာစစ်သား တစ်ဦးဖြစ်သည် ကရင်လူမျိုးဖြစ်သူ အသက် ၂၇ နှစ်
အောင်ဗိုဗို မှာလညး် ဦးခေါငး်တွင် သေနတ်ဒါဏ်ရာထိမှန်ခဲ့သည်။
၂၀၁၄ ခု မေလ ၇ ရက်
တရုတ် ဓါတ်ငွေ့ပိုက်လိုင်းအား လုံခြုံရေးယူကင်းစောင့်နေသည် မြန်မာစစ်သားများက ရွာသားတဦးကိုလက်ပစ်ဗုံးဖြင့် ပစ်
ညနေခင်း ၂ နာရီ ၃၀ ခန့် အချိန်တွင် အောင်မေတ္တာရွာနှင့် ကွန်လုံ ဒေသ ကြားရ တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်းအား
မြန်မာစစ်တပ်များမှ လုံခြုံရေးယူကငး်စောင့်နေကြသည်။ ထိုအချိန်တွင် ယင်းစစ်သားများက ယာခင်းသို ့သွားနေသော
အောင် မေတ္တာရွာမှ အသက် ၅၂ အရွယ် အောင်ညွန် ့ကို လက်ပစ်ဗးုံဖြင့် ပစ်ရာ ပေါက်ကွဲပြီး ယင်းရွာသားအား ထိမှန်ခဲသည်။ အောင်ညွန် ့မှာ ပြင်းထန်စွာဒါဏ်ရာရသဖြင့် ၄င်းအားမူဆယ်ဆေးရုံသို ့ပို ့ဆောင်ခဲ ့ရသည်။
၂၀၁၄ ခု မေလ ၉ ရက်
ပန်ခမ်းရွာအနီးမော်တာမျာဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသားတစ်ဦးထိခိုက်ဒါဏ်ရာရ
မြန်မာစစ်တပ်မ မော်တာကျည်နှစ်လုံးနှင့် သေနတ်များဖြင့် ပန်ခမ်းရွာ အနီးပစ်ခတ်ခဲ့ရာ ပန်ခမ်းရွာသား ဖြစ်သူ အသက် ၂၀ ရ စိုင်းအိုင်ကွန်း အားထိမှန်ခဲ့သည်။ ဤဖြစ်ရပ်ကြောင့်ဒေသခံပြည်သူများမှာ ရွာအနီးရှိတောများ အတွင်း သို့သွားရောက်ရန်ကြောက်ရွံ့နေကြသည်။
၂၀၁၄ မေလ ၂၉ ရက်
နမ့်ခမ်းမြို့အနီး မြန်မာစစ်တပ်မှပစ်ခတ် သဖြင့်အမျိုုးသမီးတစ်ဦး သေဆုံး
ပြီးခဲ့သည် မေလ ၂၉ ရက်နေ ့တွင် နမ့်ခမ်းမြို ့နယ်အနီး စစ်ဆေးရေးဂိတ်အား ဆိုင်ကယ်ဖြင့် ဖြတ်သွားသော လင်မယားနှစ်ဦးအား တပ်မ ၈၈ မှ မြန်မာစစ်သားများ ပစ်ခတ်ခြင်းကြောင့်် ဇနီးဖြစ်သူမှာ သေနတ်ဒါဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
ဖြစ်ပျက်ခဲ့သည်မှာ နမ့်ခမ်းမြို့နယ် နမ်ဇန့်ရွာမ ခင်ပွန်းသည်ဖြစ်သူ ဦးအားရင် နှင့် ဇနီးအေးထေး တို့သည် နမ့်ခမ်းသို့ ဆိုင်ကယ်ဖြင့်သွားရာ ကောင်းဝိန်းရွာအဖြတ် မြန်မာစစ်သားများမှ၄င်းတို ့အား လက်ပစ်ဗုံးတစ်လုံး နှင့် သေနတ်များဖြင့် ၁၀ ချက်ကျော်ပစ်ခတ်ခဲ ့ရာ လင်မယားနှစ်ဦးစလုံး ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့သည်။ ထို ့နောက်ဇနီးဖြစ်သူ အေထေးမှာ ပြင်းထန်သည့်ဒါဏ်ရာ များကြောင် မေလ ၃၀ ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည်။
၂၀၁၄ ဇွန် လ ၂ ရက်နေ့
နမ့်ခမ်းမြို ့ အရှေ့ ဘက်ခြမ်းရှိတောင်ကူန်းများ အတွင်း မော်တာများဖြင့်ပစ်ခေတ်ခြင်းကြောင့် ရွာသားများ လယ်ယာစိုက်ပျိုးမှုများပြုလုပ်ရန် အနှောက်ယှက်ဖြစ် ဇွန်လ ၂ ရက်နေ ့မနက် ၁၁ နာရီခန် ့တွင် မြနမာစစ်တပ်မ M79 မော်တာဖြင့် ၄ ကြိမ် ခန့် နမ့်ခမ်းမြို ့အရှေ ့ဖက် ၂ မိုင်ခန် ့ရှိ တောင်ကုန်းများပေါ်သို ့ပစ်ခတ်ခဲ့ရာ၊ ယင်းတောင်ကုနး်တစ်ဝိုက် သစ်တောများအတွင်း ထင်းခွေရန် နှင် ့၄င်း သို ့ခြံများယာများသို ့သွားရန် ကြောက်ရွံ ့နေကြသည်။
ယင်းတစ်ရက်ထဲ၌ပင် နမ့်ခမ်းနှင့် မိုငး်၀းီမြို ့ကြားရှိ တရုတ် ဓါတ်ငွေ ့ပိုက်လိုငး်ကို လုံခြုံရေးယူရန် မြန်မာစစ်သား ၇၀-၈၀ ခန် ့အားတငေ်ဆာင်သည့် စစ်ထရပ်ကား ၃ စီးမှာ နမ်ခမး်မြို့ မှထွက်ခွာသွားသည်။
ဧပြီလ တိုက်ပွဲနှင့်ပတ်သက်ပြီးရွာသားများအမြင် ( ၂၀၁၄ မေလ အတွင်းမေးမြန်းခဲ့သည်)
နားဟီးရွာမ ရွာသားတစ်ဦးမ “ မြန်မာအာဏာပင်တွေကပြောတယ် သူတို ့ဒီဒေသထဲမှာ သန်းခေါင် စားရင်းကောက်မယ်၊ ဒါပေမဲ KIA ကခွင့်မပြုဘူး။ အဲဒီနောက် မြန်မာစစ်တပ် တပ်မ ၈၈ က တပ်ရင်းမူးကနေပြီးတော ကျွန်တောတို ့ကို ပန်ခမ်းမှာ ရှိတဲ KIA တပ်ရငး်မှူး ဆီကိုပို ့ဖို ့စာပေးတယ်။ စာထဲမှာ တစ်ကယ်လို့ KIO/KIA ကနေပြီး
တော့ ဒီဒေသအတွငး်မှာ သန်းခေါင်စားရင်းကောက် တဲ ့အဖွဲ ့ကို ပေးမဝင်ဘူး ဆိုလို ့ရှိရင် သူတို ့အနေနဲ စစ်တပ်က
လုံခြုံရေး နဲ ့ဘယ်လိုနည်းဖြင့်မဆို ဝင်မှာဖြစ်တယ်လို ့ပြောထားတယ်။ ကျွန်တော်တို ့လဲ KIA ဆီကို အဲဒီစာယူ သွား
ပေးပြီး KIAကနေ ပြီးတော့ အထက်နဲ ဆွေးနွေးမယ်လို ့ပြောတယ်။ အဲဒီနောက် KIA ကနေပြးတော့မှ မြန်မာစစ်တပ် တပ်ရငး်မှူးဆီပြန်ပြောတယ်၊ KIA အနေနဲ့ သန်းခေါင်စားရင်းကောက် တာကို ခွင့်ပြုတယ် ဒါပေမဲ သူတို (KIA) ထိန်း ချုပ် နယ်မြေထဲမှာမဟုတ်ဘူး။ ပြီးတော့သနး်ခေါင်စားရင်းကို မန်ဝိနး်မြို့ ( မြန်မာစစ်တပ်ထိန်းချုပ်ရာနေရာ) ထဲမှာဘဲပြု လုပ်ရမယ်လို ့ပြောတယ်။ ကျွန်တော်တို့ ထင်တာ ကတော တိုက်ပွဲဖြစ်တာက မြန်မာစစ်တပ်ကနေပြီးတော ဒီနေရာ
ဒေသကို အကျိုးစီးပွား အတွက် ထိန်းချုပ်ချင်တာဖြစ်တယ်။ အခုဆိုရင် (ကချင်ပြည်နယ် ပန်ခမး် မှ) တရုတ်ပြည်နယ်စပ် ဖက်ပိုငး်မှာ အဝေးပြေးလမး်မကြီးလဲ ဆောက်နေတယ်” ဟုပြောသည်။
ပန်ခမ်းမှ ရွာသားတစ်ဦးပြောကြားချက်အရ မြန်မာစစ်တပ်များသည် ပန်ခမး်အတွငး် နေထိုင်သည် ဒေသခံများအားပြည်သူ ့စစ်ဖွဲ ရန်အားပေးလျှက်ရရာ ယခုအချိန်အထိ ဒေသခံများမှာ လက်မခံ သေးကြောင်းပြောသည်။
PDF File >>>