အသစ်ထပ်လုပ်မည့် EIA/SIA ကြောင့် ကျောက်မီးသွေးတိုးချဲ့တူးဖော်လာမည်ကိုနမ္မဒေသခံများစိုးရိမ်နေ

ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက်မှထုတ်ပြန်ချက်

 ဇွန်လ ၂ ရက်နေ့ ၂၀၁၇

 အသစ်ထပ်လုပ်မည့် EIA/SIA ကြောင့် ကျောက်မီးသွေးတိုးချဲ့တူးဖော်လာမည်ကိုနမ္မဒေသခံများစိုးရိမ်နေ

မြန်မာသဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြံပေးရေးကုမ္ပဏီ၏ ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ် နမ္မရွာ သို့သွားရောက်လည်ပတ်ခဲ့ခြင်းအပေါ် ဒေသခံများက ကျောက်မီးသွေးတိုးချဲ့တူးဖော်လာမည်ဟု စိုးရိမ်နေ ကြပါသည်။

မေလ၂၈၊၂၀၁၇တွင်မြန်မာ့သယံဇာတနှင့်ပတ်ဝန်းကျင်/ လူမှုရေးစီးပွားရေးစစ်တမ်း Resource & Environment Myanmar/ Social Economic Survey (REM) မှဒေါက်တာသီဟစိုးနှင့်ဒေါက်တာစန္ဒာလှိုင်တို့၁၀ယောက်အဖွဲ့နမ္မသို့ရောက်ရှိခဲ့သည်။နမ္မတွင်ငွေရည်ပုလဲ၏၂၀၀၄မှစ၍တူးဖော်နေသောကျောက်မီးသွေးလုပ်ငန်းခွင်ရှိသည်။မနက်ပိုင်းတွင်ပန်ငါး၊ဟူးမီ၊တိန်းဟိုင်းနှင့်ဟိုနားဖစသည့်ပန်ငါးကျောက်မီးသွေးလုပ်ငန်းခွင်နှင့်နီးသောနေရာများမှဒေသခံများကိုတွေ့ဆုံခဲ့ပါသည်။

နေ့လည်ပိုင်းတွင် နမ္မဘုန်းကြီးကျောင်းဆီသို့ သွားခဲ့ပြီး ဝမ်လုံ၊ ပိန်းဆိုင်း၊ ကုန်းပေါင်း၊ နားကွန်မှ နားကွန် ကျောက်မီးသွေးလုပ်ငန်းခွင် နှင့်နီးသောရွာမှ ဒေသခံရွာသူရွာသား ၇၉ ယောက်နှင့် တွေ့ဆုံ ခဲ့ပါသည်။ တစ်နာရီ မှ နှစ်နာရီအတွင်း ဒေသခံ ၃၆ ယောက်ကို မေးမြန်းခဲ့ပြီး အများစုမှာ နားကွန်နှင့် ကုန်းပေါင်း ရွာမှဖြစ်သည်။

ထိုအဖွဲ့က စစ်တမ်းမေးခွန်းလွှာ နှင့်ရွာသူရွာသားများ၏ အသက်မွေးဝမ်းကျောင်း၊ လယ်ယာမှ ရသည့် တစ်နှစ်စာဝင်ငွေ တို့ကို မေးမြန်းခဲ့ပါသည်။ ကျောက်မီးသွေးတူးဖော်ရေးမှ ဒေသခံအပေါ် ဘယ်လို အ ကျိုးသက်ရောက်လဲ ဆိုတာကိုလည်း မေးမြန်းခဲ့ပါသည်။

REM မှဒေသခံများကိုတွေ့ဆုံမေးမြန်းနေချိန်

ရွာသူရွာသား အများစုကတော့ ဆိုးကျိုးများစွာ သက်ရောက်သောကြောင့် ကျောက်မီးသွေးတူးဖော်ရေး နှင့် ပတ်သက်ပြီး သဘောမတူဘူးဟု ဖြေကြားခဲ့ပါသည်။ ဒေသခံများက ပိန်းဆိုင်းကျောက်မီး သွေး တွင်း ဟောင်းမှာ ဖြစ်ပေါ်လာသော သဘာဝမဟုတ်သည့် ရေကန်အကြောင်းလဲ ပြောခဲ့သည်။ ထိုရေ ကန် ကြောင့် အနားရှိမြေများ ကျွံဝင်ပြီး ဘေးပတ်ဝန်းကျင်ရှိ လယ်ထဲသို့ဝင်ပြီး အနီးအနားရှိ ချောင်များ သို့စီးဝင်ကာ ရေညစ်ညမ်းမှု ကိုဖြစ်ပေါ်စေသည် ဟုဖြေကြားခဲ့သည်။ ထို့အပြင် ကျောက်မီးသွေးလုပ်ငန်းမှ ထွက်ပေါ်လာသော စွန့်ပစ်အညစ်အကြေးများကို လယ်ကွင်းများထဲ အမှိုက်ပုံသလိုလာပုံ ထား ကြောင်း၊ ရေအရင်းအမြစ်ကို ညစ်ညမ်းစေကြောင်းနှင့်မြေပြိုသည့် အန္တရာယ်ကို စိုးရိမ်နေကြောင်း ကို လည်း ဖြေကြားခဲ့သည် ဟုသိရပါသည်။

မကြာသေးခင်က နားကွန်ကျောက်မီးသွေးတွင်း ၏အရှေ့မြောက်ဖက်တွင် အရှည် ၂၀၀ ပေခန့် ရှိသော အက်ကွဲပေါ်ထွက်လာသည် ကိုလည်းပြောခဲ့သည်။

ဒေသခံရွာသူရွာသားများကကျောက်မီးသွေးတူးဖော်နေသည့်ကုမ္မဏီကိုနမ္မဧရိယာမှထွက်ခွာသွားရန်လိုလားကြောင်းပြောသည်။လျော်ကြေးပေးအပ်မှုများကိုလည်းလိုအပ်မှုမရှိကြောင်းနှင့်သတ္တုတူးဖော်မှုများရပ်တန့်ရန်သာလိုအပ်ကြောင်းပြောသည်။

နမ္မရွာသူရွာသားများ

ဒေသခံများက မှတ်တမ်းကောက်သူများ လက်ရှိတူးဖော်နေသော ကျောက်မီးသွေး အကြောင်း သာ မေးမြန်းပြီး ငွေရည်ပုလဲမှ ဟိုနားဖရေအရင်းအမြစ် နေရာကို ကျောက်မီးသွေးတိုးချဲ့ တူးဖော်ရန် အတွက် ဒေသခံများကို စည်းရုံးနေသည့်အကြောင်း မမေးသည့်အတွက် မသင်္ကာသံသယဖြစ်နေသည်။

ဒေသခံလူငယ်များကမေးခွန်းလွှာပုံစံမိတ္တူပေးဖို့တောင်းဆိုပြီးမှတ်တမ်းကောက်သူများမှပေးဖို့သဘောမတူခြင်းအပေါ်စိတ်ပျက်နေကြသည်။မှတ်တမ်းကောက်ယူသူထဲမှတစ်ဦးက “နင့်ကိုနင်ဘာထင်နေသလဲ၊ငါတို့ကမေးဖို့ပဲလာတာဖြေမှာသာဖြေ” ဟုပြောခဲ့ကြောင်းသိရှိရပါသည်။

ပြီးခဲ့သည့်အပတ်မေလ၂၀၊၂၀၁၇တွင် REM အဖွဲ့ကသီပေါရပ်ကွက်အုပ်ချုပ်ရေးရုံးတွင်အစည်းအဝေးလုပ်ခဲ့ပြီးနမ္မအပါအဝင်တခြားသီပေါမြို့နယ်အတွင်းရှိကျောက်မီးသွေးလုပ်ငန်းခွင်နှင့်နီးသောနေရာများမှဒေသခံ၈၀ကျော်တက်ရောက်ခဲ့ပါသည်။ Shan Nationalities League for Democracy မှလွတ်တော်အမတ်၂ဦးအပါအဝင်ဖြစ်သည်။အစည်းအဝေးတွင် REM က၂၈ရက်နေ့၂၀၁၇တွင်နမ္မသို့ EIA/SIA ကိစ္စဆောင်ရွက်ဖို့သွားမည်ဟုပြောခဲ့ပြီးအစိုးရ၊ကုမ္ပဏီဖက်ပါမည်မဟုတ်ဟုပြောခဲ့သည်။

သို့သော် ထိုအကြံပေးပုဂ္ဂိုလ်၏ပွင့်လင်းမြင်သာမှု မရှိသည့် EIA/SIA လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း နှင့် ဒေသခံရွာသူရွာသားများအပေါ် မရိုသေပဲ ရိုင်းပျစွာ ဆက်ဆံခြင်းက ကုမ္ပဏီဖက်တွင် သာရှိနေခြင်း ကို သက်သေပြနေသည်။ ဒေသခံနမ္မရွာ သူရွာသားများက ကျောက်မီးသွေးတွင်း၏ လှုမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် အပေါ်ဆိုးကျိုးသက်ရောက်ခြင်းကြောင့် ကျောက်မီးသွေးတူးဖော်ခြင်းကို ရပ်တန့်ရန် လိုလားနေသည်။ ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက်မှ ဒေသခံကို လုံးဝထောက်ခံပြီး ငွေရည်ပုလဲ ကုမ္ပဏီ၏ နမ္မကျောက်မီးသွေးတူးဖော်ခြင်း ရပ်တန့်ရန်နှင့် နောက်ထပ်တူး ဖော်ဖို့ နေရာ တိုး ချဲ့ခြင်း မကြိုးစားဖို့ သတိပေးနှိုးဆော်သည်။

 

ဆက်သွယ်ရန်

နန်းဟွမ်ခမ်း            +၉၅(ဝ)၉၄၄-၀၇၇-၆၆၇၂            နမ္မဒေသခံ

စိုင်းဖှ                   +၆၆(ဝ)၆၅-၀၂၆-၆၁၀၄                ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက်

 

PDF Files>> Shan Burmese English 

 

ထုတ်ပြန်ချက်