အထက်ရဲရွာရေကာတာတည်တံ့ခိုင်ခံ့မှု မရှိသည့်သတိပေး အရိပ်လက္ခဏာအပေါ် မြန်မာ့လျှပ်စစ်ဝန် ကြီးဌာန ၏ လျစ်လျူရှုမှုပြုနေခြင်းမှ ရပ်တန့်ရန်

တာလုံရွာသူရွာသားများ၏ ထုတ်ပြန်ချက်

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်

အထက်ရဲရွာရေကာတာတည်တံ့ခိုင်ခံ့မှု မရှိသည့်သတိပေး အရိပ်လက္ခဏာအပေါ် မြန်မာ့လျှပ်စစ်ဝန် ကြီးဌာန ၏ လျစ်လျူရှုမှုပြုနေခြင်းမှ ရပ်တန့်ရန်

အထက်ရဲရွာရေကာတာ အထူးသဖြင့် ရေကာတာခိုင်ခံ့မှုမရှိသည်ကို ရှင်းလင်းသည့် အရိပ်လက္ခဏာ များ ကို လွှတ်တော်သို့ တင်ပြတင်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လျစ်လျူရှုမှုပြု နေပါ သည်။ ထိုလျစ်လျူရှုမှုကို ရပ်တန့်ရန်နှင့် ၄င်းစီမံကိန်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် တိုက်တွန်း တောင်း ဆိုပါသည်။

ရွာသူရွာသားများထံမှ ရေကာတာကျိုးပဲ့ပျက်စီးမည့်အလားအလားအပါအဝင် လူမှုရေးနယ်ပယ်နှင့် သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှု ဖျက်ဆီးစေသောကြောင့် အထက်ရဲရွာရေကာတာ စီမံ ကိန်း ကိုဖျက်သိမ်းပေးရန် တိုက်တွန်းတောင်းဆိုသည့်တင်ပြချက်ကို နေပြည်တော်အောက်လွှတ် တော် သို့ စက်တင်ဘာလ ၃ ရက် ၂၀၁၈ ခုနှစ်တွင် သီပေါမှ SNLD လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့် စင်က လက် ဆင့်ကမ်းတင်ပြခဲ့သည်။

ရေကာတာတည်ဆောက်မှု အရည်အသွေးနိမ့်သည့်အထောက်အထားကို စိုင်းသန့်စင်က အစီအရင် ခံခဲ့ပါ သည်။ ၂၀၁၅ခုနှစ်တွင် ကြီးကျယ်စွာ ရေကြီးသဖြင့် ရေကာတာအုတ်မြစ်များ ရေတိုက်မှုများဖြစ်ခဲ့သည်။ ဤနှစ်တွင် ရေကာတာဘေးက ကွန်ကရစ်ဆင်ခြေလျှောကျားကန်ပြိုကျမှုဖြစ်ပွားခဲ့သည်။

သို့သော် လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဦးထွန်းနိုင်က စက်တင်ဘာလ ၆ ရက်နေ့ လွှတ် တော်တွင် စိုင်းသန့်စင်၏ တင်ပြချက်များကိုလျစ်လျူရှုမှုဖြင့် တုံ့ပြန်ခဲ့သည်။ ဧရာဝတီမြစ်ဝှမ်း ရေစုန် တစ်လျှောက် ရေကြီးမှုပြဿနာများကို ဟန့်တားနိုင်သည့် အတွက် အဆိုပ်ရေကာတာသည် ရှေ့ဆက် ဆောက်လုပ်ရန်သာ အခိုင်အမာပြောခဲ့သည်။ ဤကိစ္စသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရေကာတာ များ အတွက် ပါလီမန် လွှတ်တော်မှ ဘတ်ဂျက်ငွေများထပ်မံအတည် ပြုပေးခဲ့သည်။

ရေကာတာကျိုးပဲ့ပျက်စီးနိုင်ခြေကိုလျစ်လျူရှုနေသည့် ဒုတိယဝန်ကြီးဟာ လွန်စွာတာဝန်ယူခြင်း မရှိပါ။ မြန်မာနိုင် ငံတစ် လျှောက်တွင် မကြာသေးမီက မကြုံစဖူးရေကြီးသည့်ဖြစ်ရပ်က ဆွာချောင်းရေကာတာ ကြောင့် ဘေးဒုက္ခများရင်ဆိုင်ခဲ့ရပြီး လူဦးရေ (၆၀,၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အထက်ရဲရွာရေကာတာတွင် ပါဝင်သက်နေသည့် ဂျာမနီအင်ဂျင်ယာကုမ္ပဏီ Lahmeyer International သည် ကျိုးပြိုပျက်စီးခဲ့သည့် လာအိုနိုင်ငံက Xe-Pian Xe-Namnoy ရေကာတာ အကြံဦးဉာဏ် ရအင်ဂျင်နီ ယာ Belgian company Tractebel ENGIE ၏လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်ကို လျှပ်စစ်ဝန်ကြီး ဒုတိယ ဝန်ကြီးအနေဖြင့်လည်း ကောင်းစွာသိရှိနားလည်ပြီးဖြစ်သည်။

ဒါဟာကြိုတင်သတိပေးနေသည့်လက္ခဏာတစ်ရပ်အဖြစ် ရှင်းလင်းထင်ရှားပါတယ်။ ဒီအထက်ရဲရွာ ရေ ကာ တာဟာ ဘေးအန္တရာယ်တစ်ခုအဖြစ်ဖန်တီးနေပါတယ်။ ထိုကြောင့် အမြန်ဆုံးဖျက်သိမ်းမှဖြစ်မှာ ဟု တာလုံရွာမှ နန်းလောဝ်ခမ်းက ဆိုပါသည်။

အဆိုပါရေကာတာသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ္မတူမြစ် (ခေါ်) မြစ်ငယ် မြစ် ပေါ်တွင် ဆောက် လုပ်နေဆဲဖြစ်သည်။ အဆိုပါ စီစဥ်ထားတဲ့ရေလှောင်ကန်သည် (၆၀) ကီလိုမီ တာ ကျော်ရှည်လျားပါသည်။ ထို့ကြောင့် လူဦးရေ (၆၅၃) နေထိုင်သော တာလုံကျေးရွာ တစ်ရွာလုံး၊ ဘုန်းကြီး ကျောင်းများ၊ ဘုရားပုထိုး စေတီ များ၊ စာသင်ကျောင်းများ၊ သစ်သီးဥယျာဥ် (၆၃၇) ဧက၊ စပါးလယ်ကွင်း (၁၄၀) ဧကနှင့် မရေမတွက်နိုင်တဲ့ တောင်ယာစိုက်ခင်းများ ရေမြှုပ် သွားမည်ဖြစ်ပါသည်။

ဘေးဒဏ်သင့်မည့်ဒေသခံရွာသားများ ဆက်သွယ်ရန်

နန်းလောဝ်ခမ်း             +95 (0)92 653 409 83

စိုင်းထမ်းအိုက်              +95 (0) 99 718 799 82

PDF Files:>>> Shan Burmese English

ထုတ်ပြန်ချက်